Friday, February 7, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (နောက်ဆုံးအပိုင်း)

ဖါသာပေါလ်ဇိန်ထုန်းဂရောင်
င်္Fr.Paul  Zinghtung Grawng
    ဖါသာရ်ပေါလ် ဇိန်ထုန်းဂရောင်သည် (၁၉၃၉)ခု မတ်လ (၂၀)ရက်နေ့တွင် ဗန်းမော်ခရိုင် မန်စီမြို့နယ် လုံခပ်ရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဇိန်ထုန်းဂန်နှင့် ဒေါ်လဇုမ်ထုတို့ဖြစ်သည်။
စတုတ္ထတန်းအောင်သည် အထိ ဗန်းမော်မြို့ စိန်ကော်လန်ဘန်ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၅၃)ခု မေလ (၅)ရက်နေ့တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့သည်။ (၁၉၅၇)ခုနှစ်တွင် ကျင်းပသော တက္ကသိုလ်ဝင် စာမေးပွဲကို စိန်အဲလ်ဘက် အထက်တန်းကျောင်းမှ ၀င်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ထိုနောက် (၁၉၅၇)ခုနှစ် မှ (၁၉၅၈) မတ်လ အထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် လက်တင်စာ တနှစ်သင်ကြားခဲ့သည်။

    (၁၉၅၈) ခု မတ်လ (၁၅)ရက်နေ့တွင် ရန်ကုန်မြို့ ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီသို့ ၀င်ရောက်၍ ရဟန်းတို့ တတ်အပ်သော ပညာရပ်များကို ဂျေဇွိတ်အထိကများ ထံမှ (၁၉၆၅)ခု မတ်လ(ရ)ရက်နေ့ အထိ သင်ယူခဲ့သည်။ (၁၉၆၅)ခု မတ်လ (၂၇)ရက်နေ့တွင် ဗန်းမော်မြို့၌ ဆရာတော် ဂျွန်ဟောင်းလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မိုးမောက်မြို့တွင် လက်ထောက်အဖြစ်နှင့် သာသနာအမှုတော်ကို ထမ်းရွက်ခဲ့သည်။ (၁၉၆၆) ခု မတ်လမှ (၁၉၆၈) ခုနှစ် မတ်လအထိ ဗန်းမော်မြို့ ဘော်ဒါကျောင်းတွင် (၂)နှစ် တာဝန် ထမ်းဆောင်ခဲ့သည်။

(၁၉၆၈) ခုနှစ် မေလမှ (၁၉၇၄)ခုနှစ် မတ်လအထိ ရန်ကုန်မြို့ မေဂျာ ရဟန်းဖြစ်တက္ကသိုလ်တွင် ၀ိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၇၄)ခုနှစ် မတ်လမှ (၁၉၇၆)ခု ဧပြီလအထိ မြစ်ကြီးနားတွင် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် (၂)နှစ် တာဝန် ထမ်းဆောင်ခဲ့သည်။

    (၁၉၇၆) ခု ဧပြီလ (၃)ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ဆရာတော်သိက္ခာ ခံယူခဲ့သည်။ (၁၉၇၇)ခုနှစ် ဇူလိုင်လတွင် မြစ်ကြီးနား ကက်သလစ်သာသနာကို တာဝန်ယူ အုပ်ချုပ်ရန် ဆရာတော်ဂျွန်ဟောင်းမှ တာဝန် လွဲအပ်ခဲ့သည်။ (၂၀၀၃)ခုနှစ် မေလ (၂၄)ရက်နေ့တွင် မန္တလေး ကက်သလစ် သာသနာဂိုဏ်းချုပ် ဆရာတော်အဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း ရောမမြို့ ဗါတီကန်မှ ကြေငြာသည်။ (၂၀၀၃)ခုနှစ် ဂျွန်လ (၁၄)ရက်နေ့တွင် မန္တလေးကက်သလစ်သာသနာ၏ တာဝန်များကို ဆရာတော်ချားလ်စ်ဘိုထံမှ ရဟန်းမင်းကြီး ကိုယ်စားလှယ် ဂိုဏ်းချုပ် ဆရာတော် Adriano Bernardini ရှေ့မှောက်တွင် လွဲပြောင်း ယူခဲ့သည်။


ဖါသာရ်ဝင်းညို
င်္Fr. Hubert U Win Nyo
    ဖါသာရ် ဦးဝင်းညိုသည် (၁၉၆၉)ခု ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရွာတော်ရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးစတီဗင်းနှင့် ရိုဇားဒေါ်တင်ရီတို့ ဖြစ်သည်။ စတုတ္ထတန်း အောင်မြင်သည်အထိ ရွာတော်ရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၅တန်းနှင့်
၆တန်းကို ပရံရွာ တွဲဘက်အလယ်တန်းကျောင်းတွင် ပညာသင်ကြားပြီး (၁၉၈၄)ခုနှစ်တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့ အမှတ်(၃)အထက်တန်းကျောင်းတွင် (၇)တန်းမှ (၁၀)တန်းအထိ ဆက်လက် ပညာသင်ကြားခဲ့ရာ (၁၉၉၁)ခုနှစ်တွင် (၁၀)တန်း အောင်ခဲ့သည်။
 
    (၁၉၉၁)မှ (၁၉၉၇)ခုနှစ် အထိ မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးခဲ့သည်။ (၁၉၉၇)ခုနှစ်မှ (၁၉၉၉)ခုနှစ် အထိ မေမြို့ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဒဿနိကဗေဒ ပညာရပ်ကို သင်ကြားခဲ့သည်။ (၁၉၉၉) ခုမှ (၂၀၀၃) ခုနှစ် အထိ ရန်ကုန် မေဂျာရဟန်းဖြစ်သင် တက္ကသိုလ်တွင် သီအိုလိုဂျီ ပညာ ဆက်လက်သင်ကြားခဲ့ပြီးနောက် (၂၀၀၃) ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့တွင် ရေဦးမြို့၌ ဦးပဉ္စင်းကြီး သိက္ခာ ခံယူခဲ့သည်။ (၂၀၀၃)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်တွင် ဂိုဏ်းချုပ် ဆရာတော် ပေါလ်ဇိန်တုန်းဂရောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ဟံလင်းနှင့် ကံကြီးတော ဘာသာဝင်များကို ကြည့်ရှုရသည်။

ဖါသာရ် ဦးဝင်းကျော်
Fr.William U Win Kyaw
    ဖါသာရ် ဦးဝင်းကျော်သည် (၁၉၇၂)ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးကျော်သောင်း ဒေါ်လူစီတို့ ဖြစ်သည်။ ပြင်ဦးလွင်မြို့ အမှတ် (၁) မူလတန်းကျောင်းတွင် (၄)တန်းအောင်သည် အထိ ပညာသင်ကြားခဲ့သည်။ ၅တန်း မှ ၆တန်းအထိ ပြင်ဦးလွင် အထက(၁)တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ၇တန်းမှ ၈တန်းအထိ လားရှိုး အ.လ.က(၄)တွင် ဆက်လက် ပညာသင်ကြားပြီးနောက် (၁၉၈၉)ခု မေလတွင် စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ ၉တန်းနှင့် ၁၀တန်းကို မေမြို့ အမှတ်(၃)အ.ထ.က တွင် ဆက်လက် ပညာ သင်ကြားခဲ့ရာ (၁၉၉၂)ခုနှစ်တွင် (၁၀)တန်း အောင်မြင်ခဲ့သည်။ (၁၉၉၂) မှ (၁၉၉၇)ခုနှစ်အထိ မန္တလေးမြို့ စိန်သောမတ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၉၇)တွင် သိပ္ပံဘွဲ့ ရရှိခဲ့သည်။

    (၁၉၉၇) မှ (၁၉၉၉) အထိ မေမြို့် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဒသနိက ပညာသင်ကြားခဲ့သည်။ (၁၉၉၉) ခုနှစ်မှ (၂၀၀၃)ခုနှစ် အထိ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်တွင် သီအိုလိုဂျီပညာ ဆက်လက်သင်ကြားခဲ့ပြီးနောက် (၂၀၀၃)ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့တွင် ရေဦးမြို့၌ ဦးပဉ္စင်းကြီး သိက္ခာခံယူခဲ့သည်။ (၂၀၀၃)ခု ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်၌ ဂိုဏ်းချုပ်ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။

ဖါသာရ်ဒင်းနစ် ဦးမင်းဇော်(ပုသိမ်သာသနာ)
င်္Fr. Denis U Min Zaw
    ဖါသာရ်ဒင်းနစ် ဦးမင်းဇော်သည် (၁၉၇၂)ခုနှစ် မေလ (၁၅)ရက်နေ့တွင် ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ် ကနစိုးကုန်းကျေး၇ွာတွင် မွေးဖွားခဲ့ပါသည်။ မိဖနှစ်ပါးမှာ မန်းစတီးနှင့် ဒေါ်ခင်စန်းတို့ဖြစ်သည်။ မွေးချင်း (၇)ယောက်အနက် အကြီးဆုံး သားကြီးဖြစ်သည်။ မူလတန်းနှင့် အလယ်တန်း ပညာရပ်များကို ကနစိုးကုန်းကျေးရွာ အလယ်တန်းကျောင်းတွင် (၁၉၇၇)ခုနှစ်မှ (၁၉၈၈)အထိ သင်ကြားခဲ့သည်။ (၁၉၈၉)တွင် ပုသိမ်-မရမ်းချောင်း ရွှေနှလုံးတော် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ ထိုကျောင်းတွင် (၁၉၈၉)ခုနှစ်မှ (၁၉၉၇)ခုနှစ်အထိ ရဟန်းဖြစ် အခြေခံပညာရပ်များ သင်ကြားရင်း (၁၉၉၄)ခုနှစ်တွင် (၁၀)တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။

    ထိုနောက် မေမြို့ ပြင်ဦးလွင် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် (၁၉၉၇)ခုနှစ်မှ (၁၉၉၈)ခုနှစ်အထိ ပညာ ဆက်လက် သင်ကြားခဲ့သည်။ (၁၉၉၉)ခုနှစ်မှ (၂၀၀၂)ခုနှစ် အထိ ရန်ကုန်မေဂျာရဟန်းဖြစ် တက္ကသိုလ်တွင် ရဟန်းတို့ တတ်အပ်သော ပညာရပ်များ ဆည်းပူး လေ့လာ သင်ကြား အောင်မြင်ခဲ့ပါသည်။ (၂၀၀၂)ခုနှစ်တွင် မိဖများနေထိုင်ရာ ကနစိုးကုန်းကျေးရွာတွင် မိသားစုနှင့်အတူ ပြန်လည်နေထိုင်ရင်း မိသားစုဘ၀ တသက်တာ လေ့လာခဲ့ရသည်။ (၂၀၀၂)ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် ဦးပဉ္စင်းကြီးသိက္ခာ ခံယူပြီး (၂၀၀၃) ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် ပုသိမ်ကက်သလစ် သာသနာ အကူ လက်ထောက်ဆရာတော်ကြီး ဂျွန်မန်းဆိန်းတို့၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် မန္တလေးမြို့ စိန်ဇေးဗီးယားအုပ်စုတွင် လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်။

ဖါသာရ်ဘရူးနိုး (ပုသိမ်သာသနာ)
င်္Fr.Bruno
    ဖါသာရ် ဘရူးနိုးသည် (၁၉၇၃)ခု ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် အိမ်မဲမြို့နယ် ငုချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးချစ်ပု ခေါ် ဦးစိန်မောင် ဒေါ်မှတ်တင်တို့ဖြစ်သည်။ အသက် (၆)နှစ်အရွယ်မှ စ၍ ငုချောင်းရွာ မူလတန်းကျောင်းတွင် စတုတ္ထတန်းအောင်သည် အထိ ပညာ သင်ကြားခဲ့သည်။ (၅) တန်းမှ (၈)တန်းအထိ ၀ါးတလုတ် ကမ်းနေ အလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ (၉)တန်းနှင့် (၁၀)တန်းကို မြောင်းမြမြို့ အမှတ်(၃) အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ရာ (၁၉၉၄) ခုနှစ်တွင် (၁၀)တန်းအောင်ပြီး မရမ်းချောင်း ရဟန်းဖြစ်ကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၉၆) မှ (၁၉၉၈) အထိ မေမြို့ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဖီလော်ဆော်ဖီ ပညာ သင်ကြားခဲ့သည်။ (၁၉၉၈)ခုနှစ်မှ (၂၀၀၂) အထိ ရန်ကုန် မေဂျာ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် သီအိုလိုဂျီပညာ သင်ကြားတတ်မြောက်ပြီးနောက် (၂၀၀၃)ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၌ ဆရာတော်မန်းဆိန်ဟှီ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းတွင် ၀ိညာဉ်လမ်းညွှန်အဖြစ် အမှုထမ်းရသည်။

ဖါသာရ်ဂျွန်(ပုသိမ်သာသနာ)
င်္Fr. John
    ဖါသာရ်ဂျွန်သည် (၁၉၇၁)ခုနှစ် ဂျွန်လ (၁၂)ရက်နေ့တွင် မြောင်းမြမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးအောင်ကျော်ငွေနှင့်ဒေါ်အေးငွေ တို့ဖြစ်သည် အသက် (၆)နှစ်အရွယ် မြောင်းမြမြို့ အမှတ် (၃)အထက်တန်းကျောင်းတွင် သူငယ်တန်းမှ စ၍ ပညာသင်ကြားခဲ့ရာ (၁၉၉၄)ခုနှစ်တွင် (၁၀)တန်း အောင်ခဲ့သည်။ (၁၉၉၄)ခုနှစ်မှ (၁၉၉၆)အထိ မရမ်းချောင်း ရဟန်းဖြစ်သင်ကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။

    (၁၉၉၆) ခုနှစ်မှ (၁၉၉၈)ခုနှစ် အထိ မေမြို့ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဖီလော်ဆော်ဖီပညာရပ် သင်ကြားခဲ့ပြီး (၁၉၉၈) ခုနစ်မှ (၂၀၀၂) အထိ ရန်ကုန် မေဂျာရဟန်းဖြစ်သင် တက္ကသိုလ်တွင် သီအိုလိုဂျီပညာ သင်ကြားခဲ့သည်။ (၂၀၀၃)ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၏ ဆရာတော် ဂျွန်မန်းဆိန်ဟှီ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာ ခံယူပြီးနောက် မေလ(၁၅)ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။ စိန်ဂျိုးဇက် လဖုန်းကျောင်းတွင် (၃) ပါတ်၊ အမရပူရတွင် တစ်ပါတ်၊ ဆရာတော်ကြီးကျောင်းတိုက်တွင် ဇွန်လ (၁၅)ရက်မှ ဒီဇင်ဘာလအထိ နေထိုင်ခဲ့ပြီး (၂၀၀၄)ခုနှစ် ဇန်န၀ါရီလမှ စ၍ ကျောက်ဆည်မြို့နယ် ဆင်ဖြူရွာတွင် တာဝန်ခံ ဘုန်းတော်ကြီးအဖြစ် အမှုထမ်းရသည်။

ဖါသာရ် ဟင်နရီ စိန်ကိုကို(ပုသိမ်သာသနာ)
Fr. Henary Sein Ko Ko
    ဖါသာရ် ဟင်နရီစိန်ကိုကိုသည် (၁၉၇၄)ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်၊ ကနစိုကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ မန်းစပိန့် ဒေါ်မန်အကျုံနှင့် ဂါမူနန်းတို့ဖြစ်သည်။ မွေးချင်း (၁၁)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ မူလတန်းနှင့် အလယ်တန်းပညာရပ်များကို ကနစိုကုန်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် တက်ရောက်
သင်ကြား အောင်မြင်ခဲ့သည်။ (၁၉၉၁)ခုနှစ်တွင် ပုသိမ်-မရမ်းချောင်း ရွှေနှလုံးတော် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ ထိုကျောင်းတွင် (၁၉၉၁)ခုနှစ်မှ (၁၉၉၆)ခုနှစ် အထိ ရဟန်းဖြစ် အခြေခံပညာရပ်များ သင်ကြားရင်း (၁၉၉၅)ခုနှစ်တွင် (၁၀)တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ ထိုနောက် မေမြို့(ပြင်ဦးလွင်) ရဟန်းဖြစ်သင် တက္ကသိုလ်တွင် (၁၉၉၆)ခုနှစ်မှ (၁၉၉၈)ခုနှစ် အထိ ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၉၉)ခုနှစ်မှ (၂၀၀၂)ခုနှစ်အထိ ရန်ကုန်မြို့ မေဂျာ ရဟန်း ဖြစ်သင် တက္ကသိုလ်တွင် ရဟန်းတို့တတ်အပ်သော ပညာရပ်များ သင်ကြား အောင်မြင်ခဲ့သည်။ (၂၀၀၂) ခုနှစ်တွင် မိဘများနေထိုင်ရာ ကနစိုကုန်း ကျေးရွာတွင် မိသားစုနှင့် အတူပြန်လည်နေထိုင်ရင်း မိသားစုဘ၀တသက်တာကို လေ့လာခဲ့ရပါသည်။ (၂၀၀၂) ခု အောက်တိုဘာလ (၂၂)ရက်နေ့တွင် ဦးပဉ္စင်းကြီး သိက္ခာခံယူပြီး (၂၀၀၃)ခု မတ်လ (၂၃)ရက်နေ့တွင် ပုသိမ် ကက်သလစ်သာသနာ အကူ လက်ထောက် ဆရာတော်ကြီး ဂျွန်မန်းဆိန်ဟှီး လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ရသည်။

ဖါသာရ်ခရစ္စတိုဖါ ဦးဝင်းနိုင်(ပုသိမ်သာသနာ)
Fr. Christopher U Win Naing
    ဖါသာရ်ခရစ္စတိုဖါ ဦးဝင်းနိုင်သည် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ ရှားတောကျေးရွာတွင် (၁၉၇၃)ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့တွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးမောင်နုနှင့် ဒေါ်မွှေးတို့ဖြစ်သည်။ ရှားတောကျေးရွာ မူလတန်းကျောင်းတွင် စတုတ္ထတန်းအောင်သည် အထိ သင်ကြားခဲ့သည်။ အလယ်တန်းပညာကို ပန်းတောကြီးကျေးရွာတွင် သင်ကြားခဲ့ပြီး အထက်တန်းပညာကို ဟင်္သာတမြို့ အိုင်သပြုကျောင်းတွင် သင်ကြားခဲ့သည်။ (၁၉၉၃) ခုနှစ်တွင် (၁၀)တန်း အောင်သည်။

    (၁၉၉၃) ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် ပုသိမ် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်၍ ပညာသင်ကြားသည်။ (၂၀၀၂)ခုနှစ် အောက်တိုဘါလ(၂၇)ရက်နေ့တွင် ပုသိမ်၌ ဦးပဉ္စင်းကြီးသိက္ခာ ခံယူခဲ့သည်။ (၂၀၀၃)ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၌ ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ သိက္ခာခံယူပြီးနောက် မန္တလေးသာသနာ၊ မြစ်ငယ်နှင့် မြောက်ကိုင်း ဘာသာဝင်များကို ကြည့်ရှုရသည်။


ဖါသာရ်ဂျော်ကင်းဦးရွှေဖုန်း(ပုသိမ်သာသနာ)
င်္Fr. Joachim U Shwe Phone
    ဖါသာရ်ဂျော်ကင်း ဦးရွှေဖုန်းသည် (၁၉၇၂)ခု မတ်လ (၁၅)ရက်နေ့တွင် မေရီလန်း၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဂျူးလီးယက် အမောင်နှင့် ကင်ဒီဒါကျင်ရွှေတို့ဖြစ်သည်။ (၁၉၉၄)ခု ဇူလိုင်လ (၁)ရက်နေ့မှ (၁၉၉၆)ခု ဧပြီလ (၁)ရက်နေ့အထိ ပုသိမ် ရဟန်းဖြစ်သင်ကျောင်းတွင် ပညာသင် ကြားခဲ့သည်။ (၁၉၉၆)ခု မေလ (၁၆)မှ (၁၉၉၈)ခု မတ်လ (၁၆)ရက်နေ့အထိ မေမြို့ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဒဿနိက ပညာသင်ကြားခဲ့သည်။ (၁၉၉၈)ခု မေလ (၁၆)ရက်မှ (၂၀၀၂)ခု မတ်လ (၁၆)ရက်အထိ ရန်ကုန် မေဂျာရဟန်းဖြစ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး၊ (၂၀၀၂) ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ပုသိမ်မြို့ စိန်ပီတာ ကာသီဒရယ်ကျောင်းတွင် ဦးပဉ္စင်းကြီး သိက္ခာခံယူခဲ့သည်။ (၂၀၀၃)ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၌ ဆရာတော်ကြီး မန်းဆိန်းဟှီလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မန္တလေးသာသနာ ရေဦးမြို့တွင် သာသနာ အမှုတော်ကို ထမ်းဆောင်ရသည်။

ဖါသာရ်အီစီဒို စောအယ်(ပုသိမ်သာသနာ)
Fr. Isidore Sowal
    ဖါသာရ် အီင်္စီဒို စောအယ်သည် ၁၉၇၅-ခု မတ်လ ၂၂-ရက်နေ့တွင် ပုသိမ်သာသနာ မေရီလန်းတွင် မွေးဖွားခဲ့သည်။ ၁၉၉၁-ခု မေလ (၁၅) ရက်မှ ၁၉၉၆ ဧပြီလ (၁)ရက်နေ့အထိ ပုသိမ် ရဟန်းဖြစ်သင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၉၆-ခု မေလ (၁၆)ရက်မှ (၁၉၉၈) မတ်လ (၁၆) ရက်နေ့အထိ ပြင်ဦးလွင် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဖီလော်ဆော်ဖီပညာ သင်ကြားပြီး (၁၉၉၈)ခု မေလ (၁၆)ရက်မှ ၂၀၀၂-ခုနှစ် မတ်လ (၁၆) ရက်နေ့ထိ ရန်ကုန်မြို့ ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ပညာ ဆက်လက်သင်ကြားခဲ့သည်။ ၂၀၀၂-ခု အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဦးပဉ္စင်းကြီး သိက္ခာရခဲ့သည်။ ၂၀၀၃-ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၌ ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် မန္တလေးသာသနာ ရွှေဘိုနယ်တွင် အမှုထမ်းရသည်။

ဆရာအောင်ညွှန့်-မန္တလေး

ကျမ်းကိုးစာရင်း
  • သန်းထွန်း-ဒေါက်တာ ခေတ်သစ်ရာဇ၀င်
            ရန်ကုန်၊မဟာဒဂုံစာပုံနှိပ်တိုက်၊
            အမှတ်၇၂-ရေတာရှည်လမ်းဟောင်း ဗဟန်း
            ရန်ကုန်မြို့
  • ခင်မြကြူ-ဒေါက်တာ ကုန်းဘောင်ခေတ်ပြင်သစ်မြန်မာဆက်ဆံရေး သမိုင်း
            ပထမနှိပ်ခြင်း ဒီဇင်ဘာ(၁၉၇၆)
            စာပေဗိမာန်ပုံနှိပ်တိုက်၊ရန်ကုန်။
  • ဘသန်း-ဦး ကျောင်းသုံးမြန်မာရာဇ၀င်
            စာပေဗိမာန်ပုံနှိပ်တိုက်၃၆၀.ပြည်လမ်း
            ရန်ကုန်မြို့။
  • မြင့်ဆွေ-ဦး မြန်မာစာအုပ်သမိုင်းနှင့်သမိုင်းအတွေ့အကြုံ
         ပထမအကြိမ်၊၁၉၇၂ ဇွန်လ
         ကာယသုခပုံနှိပ်တိုက်
         ရန်ကုန်မြို့။
  • မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အခြေပြမြန်မာနိုင်ငံရေး သမိုင်း၊ ပထမတွဲ
         စာပေဗိမာန်ပုံနှိပ်တိုက်
         ပထမအကြိမ်၊၁၀၇၀။
  • မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အခြေပြမြန်မာနိုင်ငံရေးသမိုင်း၊ဒုတိယတွဲ ပထမပိုင်း
         ပထမနှိပ်ခြင်း၊သြဂုတ်လ၊၁၉၇၇။
        
  • အောင်သိန်းဟန်-ဦး
         မြန်မာနိုင်ငံသမိုင်းသစ်
         အစာမွေ့သူစာအုပ်တိုက်။
 
  • ကက်သလစ်အသင်းတော်ရာဇ၀င်အကျဉ်းချုပ်
         ကက်သလစ်ပုံနှိပ်တိုက်၊တောင်ငူ။
 
  • စွယ်စုံကျမ်းအတွဲ(၈)
         ဒုတိယနှိပ်ခြင်း၊၁၉၇၉။
         စာပေဗိမာန်ပုံနှိပ်တိုက်
  • ခင်ထွေးရီ-ဒေါ်
         အထက်မြန်မာနိုင်ငံခရစ်ယာန် သာသနာပြု သမိုင်း(၁၈၈၅-၁၉၁၈) 
         မဟာဝိဇ္ဇာဘွဲ့အတွက် မန္တလေးဝိဇ္ဇာ 
         သိပံ္ပတက္ကသိုလ်သမိုင်းဌာနသို့၁၉၆၉ တွင် တင်သွင်းသည်ကျမ်း။
  • မောင်မောင်တင်-ဦး
         အတွေးအမြင်စာစဉ်(၄၅)         မဟာဝိဇ္ဇာ ၁၉၈၉ ဇူလိုင်လ။
 
  • မေတ္တာရောင်ခြည်ကက်သလစ်မဂ္ဂဇင်း
         အတွဲ-၄.အမှတ်(၁)ပထမအကြိမ်
         ၁၉၉၅-စက်တင်ဘာလ၊ါ်အယ်မလီပုံနှိပ်တိုက်
         ရန်ကုန်မြို့။
 
  • မျိုးကြဲသူစာစောင်
         ၁၉၆၄၊သြဂုတ်လ။၁၉၆၉၊အောက်တိုဘာလ 
         ၁၉၉၅၊နိုဝင်ဘာလ၊၁၉၉၆၊ဇန်န၀ါရီလ
 
  • ချမ်းသာရွာဘုရားကျောင်းရာပြည့်အထိမ်း
         အမှတ်သမိုင်းစာစောင်။(၁၈၉၄-၁၉၉၄)
 
  • စိန်အာလောရှက်အခြေခံရဟန်းဖြစ်သင် ကျောင်း
         စိန်ရတုမဂ္ဂဇင်း၊(၁၉၁၄-၁၉၈၉)

  • တောင်တွင်းကြီးကက်သလစ်သာသနာ နှစ်(၅၀)ပြည့်ရွှေစင်ဂျူပလီအထိမ်းအမှတ်
         စာစောင်(၁၉၃၅-၁၉၈၅)
  • ချောင်းရိုးရွာ ခရစ္စယာန်တို့အားမှိုင်းမသောသခင်မ ဘုရားကျောင်းရာပြည့် အထိမ်းအမှတ်စာစောင်
         (၁၈၉၈-၁၉၉၈)
  • ရွှေလက်ဝဲ အစုဘုရင်ဂျီတပ်မှုးနေမျိုးရွှေတောင် ကျော်သူဘွဲခံဆရာဝဲ အထုပတ္တိစာစောင်

  • မစ္စတာတရေဇားဒေါ်စောရှင်(၁၈၉၅-၂၀၀၁) (ချမ်းသာရွာ)၏မှတ်တမ်း။

  • ဆရာကြီးဦးသိန်း(၁၈၉၅-၁၉၈၁) (ချမ်းသာရွာ)၏မှတ်တမ်း။

  • ဦးဂျိုးဇက်(ရွာတော်)၏ မှတ်တမ်း။

  • ဆရာချို(နဘက်)၏ မှတ်တမ်း။

  • ဆရာဦးမြမောင်(မုံလှ)၏ မှတ်တမ်း။

  • ဦးဘိုးသိန်း(မုံရွာ)၏ပြောပြချက်။

  • ဦးပု(မုံရွာ)၏ မှတ်တမ်း။

  • မစ္စတာလော်ရီပေါလ် (မန္တလေး-စိန်ဇေးဗီးယားအုပ်စု)၏ မှတ်တမ်း။

  • မနော်ယမံသင်္ချိုင်းစာ။

  • Bigandet        An outline of the History of the catholic Burmese mission from the year 1720 to 1887,Printed at Hanthawaddy press 1887.

  • Vivian Ba        The early catholic missionaries in Burma . 
  • The Guardian, Magazine
         1962,1961.May. August, September, October,
         November, December.

         1963 February, March, April, May.
         1964, April, May, September.
  • Maung Kaung        Beginning of christian Missionary in Burma(1600-1824)Jour Research Society.

  • Fernandez        History of the catholic church in Burma

  • Usher Bishop        The History of the catholic church in Burma.
  • Mandalay District Gazetteer Volum A.
         Compilied by Mr.H.F.Searle Settlement office No.111 party 1928.
  • The little messenger 1950 Sept.Nov. 
 
  • 1954.Sept,Nov,printed at Rangoon.

  • The Voice
         1918 July, December.         1919 Feb         1920 May, July.         1924 Feb,October.         1925 Jan, March, Oct.         1926 March,April,May,June, July, August, September, Oct, Dec.
  • The list of missionaries of the society of foreign mission Pqaris in nothem Burma (1856-1926)

  • Baptism Record Chaung U.Ywa Daw.