Friday, February 7, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (နောက်ဆုံးအပိုင်း)

ဖါသာပေါလ်ဇိန်ထုန်းဂရောင်
င်္Fr.Paul  Zinghtung Grawng
    ဖါသာရ်ပေါလ် ဇိန်ထုန်းဂရောင်သည် (၁၉၃၉)ခု မတ်လ (၂၀)ရက်နေ့တွင် ဗန်းမော်ခရိုင် မန်စီမြို့နယ် လုံခပ်ရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဇိန်ထုန်းဂန်နှင့် ဒေါ်လဇုမ်ထုတို့ဖြစ်သည်။
စတုတ္ထတန်းအောင်သည် အထိ ဗန်းမော်မြို့ စိန်ကော်လန်ဘန်ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၅၃)ခု မေလ (၅)ရက်နေ့တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့သည်။ (၁၉၅၇)ခုနှစ်တွင် ကျင်းပသော တက္ကသိုလ်ဝင် စာမေးပွဲကို စိန်အဲလ်ဘက် အထက်တန်းကျောင်းမှ ၀င်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ထိုနောက် (၁၉၅၇)ခုနှစ် မှ (၁၉၅၈) မတ်လ အထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် လက်တင်စာ တနှစ်သင်ကြားခဲ့သည်။

    (၁၉၅၈) ခု မတ်လ (၁၅)ရက်နေ့တွင် ရန်ကုန်မြို့ ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီသို့ ၀င်ရောက်၍ ရဟန်းတို့ တတ်အပ်သော ပညာရပ်များကို ဂျေဇွိတ်အထိကများ ထံမှ (၁၉၆၅)ခု မတ်လ(ရ)ရက်နေ့ အထိ သင်ယူခဲ့သည်။ (၁၉၆၅)ခု မတ်လ (၂၇)ရက်နေ့တွင် ဗန်းမော်မြို့၌ ဆရာတော် ဂျွန်ဟောင်းလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မိုးမောက်မြို့တွင် လက်ထောက်အဖြစ်နှင့် သာသနာအမှုတော်ကို ထမ်းရွက်ခဲ့သည်။ (၁၉၆၆) ခု မတ်လမှ (၁၉၆၈) ခုနှစ် မတ်လအထိ ဗန်းမော်မြို့ ဘော်ဒါကျောင်းတွင် (၂)နှစ် တာဝန် ထမ်းဆောင်ခဲ့သည်။

(၁၉၆၈) ခုနှစ် မေလမှ (၁၉၇၄)ခုနှစ် မတ်လအထိ ရန်ကုန်မြို့ မေဂျာ ရဟန်းဖြစ်တက္ကသိုလ်တွင် ၀ိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၇၄)ခုနှစ် မတ်လမှ (၁၉၇၆)ခု ဧပြီလအထိ မြစ်ကြီးနားတွင် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် (၂)နှစ် တာဝန် ထမ်းဆောင်ခဲ့သည်။

    (၁၉၇၆) ခု ဧပြီလ (၃)ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ဆရာတော်သိက္ခာ ခံယူခဲ့သည်။ (၁၉၇၇)ခုနှစ် ဇူလိုင်လတွင် မြစ်ကြီးနား ကက်သလစ်သာသနာကို တာဝန်ယူ အုပ်ချုပ်ရန် ဆရာတော်ဂျွန်ဟောင်းမှ တာဝန် လွဲအပ်ခဲ့သည်။ (၂၀၀၃)ခုနှစ် မေလ (၂၄)ရက်နေ့တွင် မန္တလေး ကက်သလစ် သာသနာဂိုဏ်းချုပ် ဆရာတော်အဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း ရောမမြို့ ဗါတီကန်မှ ကြေငြာသည်။ (၂၀၀၃)ခုနှစ် ဂျွန်လ (၁၄)ရက်နေ့တွင် မန္တလေးကက်သလစ်သာသနာ၏ တာဝန်များကို ဆရာတော်ချားလ်စ်ဘိုထံမှ ရဟန်းမင်းကြီး ကိုယ်စားလှယ် ဂိုဏ်းချုပ် ဆရာတော် Adriano Bernardini ရှေ့မှောက်တွင် လွဲပြောင်း ယူခဲ့သည်။


ဖါသာရ်ဝင်းညို
င်္Fr. Hubert U Win Nyo
    ဖါသာရ် ဦးဝင်းညိုသည် (၁၉၆၉)ခု ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရွာတော်ရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးစတီဗင်းနှင့် ရိုဇားဒေါ်တင်ရီတို့ ဖြစ်သည်။ စတုတ္ထတန်း အောင်မြင်သည်အထိ ရွာတော်ရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၅တန်းနှင့်
၆တန်းကို ပရံရွာ တွဲဘက်အလယ်တန်းကျောင်းတွင် ပညာသင်ကြားပြီး (၁၉၈၄)ခုနှစ်တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့ အမှတ်(၃)အထက်တန်းကျောင်းတွင် (၇)တန်းမှ (၁၀)တန်းအထိ ဆက်လက် ပညာသင်ကြားခဲ့ရာ (၁၉၉၁)ခုနှစ်တွင် (၁၀)တန်း အောင်ခဲ့သည်။
 
    (၁၉၉၁)မှ (၁၉၉၇)ခုနှစ် အထိ မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးခဲ့သည်။ (၁၉၉၇)ခုနှစ်မှ (၁၉၉၉)ခုနှစ် အထိ မေမြို့ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဒဿနိကဗေဒ ပညာရပ်ကို သင်ကြားခဲ့သည်။ (၁၉၉၉) ခုမှ (၂၀၀၃) ခုနှစ် အထိ ရန်ကုန် မေဂျာရဟန်းဖြစ်သင် တက္ကသိုလ်တွင် သီအိုလိုဂျီ ပညာ ဆက်လက်သင်ကြားခဲ့ပြီးနောက် (၂၀၀၃) ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့တွင် ရေဦးမြို့၌ ဦးပဉ္စင်းကြီး သိက္ခာ ခံယူခဲ့သည်။ (၂၀၀၃)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်တွင် ဂိုဏ်းချုပ် ဆရာတော် ပေါလ်ဇိန်တုန်းဂရောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ဟံလင်းနှင့် ကံကြီးတော ဘာသာဝင်များကို ကြည့်ရှုရသည်။

ဖါသာရ် ဦးဝင်းကျော်
Fr.William U Win Kyaw
    ဖါသာရ် ဦးဝင်းကျော်သည် (၁၉၇၂)ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးကျော်သောင်း ဒေါ်လူစီတို့ ဖြစ်သည်။ ပြင်ဦးလွင်မြို့ အမှတ် (၁) မူလတန်းကျောင်းတွင် (၄)တန်းအောင်သည် အထိ ပညာသင်ကြားခဲ့သည်။ ၅တန်း မှ ၆တန်းအထိ ပြင်ဦးလွင် အထက(၁)တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ၇တန်းမှ ၈တန်းအထိ လားရှိုး အ.လ.က(၄)တွင် ဆက်လက် ပညာသင်ကြားပြီးနောက် (၁၉၈၉)ခု မေလတွင် စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ ၉တန်းနှင့် ၁၀တန်းကို မေမြို့ အမှတ်(၃)အ.ထ.က တွင် ဆက်လက် ပညာ သင်ကြားခဲ့ရာ (၁၉၉၂)ခုနှစ်တွင် (၁၀)တန်း အောင်မြင်ခဲ့သည်။ (၁၉၉၂) မှ (၁၉၉၇)ခုနှစ်အထိ မန္တလေးမြို့ စိန်သောမတ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၉၇)တွင် သိပ္ပံဘွဲ့ ရရှိခဲ့သည်။

    (၁၉၉၇) မှ (၁၉၉၉) အထိ မေမြို့် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဒသနိက ပညာသင်ကြားခဲ့သည်။ (၁၉၉၉) ခုနှစ်မှ (၂၀၀၃)ခုနှစ် အထိ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်တွင် သီအိုလိုဂျီပညာ ဆက်လက်သင်ကြားခဲ့ပြီးနောက် (၂၀၀၃)ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့တွင် ရေဦးမြို့၌ ဦးပဉ္စင်းကြီး သိက္ခာခံယူခဲ့သည်။ (၂၀၀၃)ခု ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်၌ ဂိုဏ်းချုပ်ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။

ဖါသာရ်ဒင်းနစ် ဦးမင်းဇော်(ပုသိမ်သာသနာ)
င်္Fr. Denis U Min Zaw
    ဖါသာရ်ဒင်းနစ် ဦးမင်းဇော်သည် (၁၉၇၂)ခုနှစ် မေလ (၁၅)ရက်နေ့တွင် ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ် ကနစိုးကုန်းကျေး၇ွာတွင် မွေးဖွားခဲ့ပါသည်။ မိဖနှစ်ပါးမှာ မန်းစတီးနှင့် ဒေါ်ခင်စန်းတို့ဖြစ်သည်။ မွေးချင်း (၇)ယောက်အနက် အကြီးဆုံး သားကြီးဖြစ်သည်။ မူလတန်းနှင့် အလယ်တန်း ပညာရပ်များကို ကနစိုးကုန်းကျေးရွာ အလယ်တန်းကျောင်းတွင် (၁၉၇၇)ခုနှစ်မှ (၁၉၈၈)အထိ သင်ကြားခဲ့သည်။ (၁၉၈၉)တွင် ပုသိမ်-မရမ်းချောင်း ရွှေနှလုံးတော် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ ထိုကျောင်းတွင် (၁၉၈၉)ခုနှစ်မှ (၁၉၉၇)ခုနှစ်အထိ ရဟန်းဖြစ် အခြေခံပညာရပ်များ သင်ကြားရင်း (၁၉၉၄)ခုနှစ်တွင် (၁၀)တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။

    ထိုနောက် မေမြို့ ပြင်ဦးလွင် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် (၁၉၉၇)ခုနှစ်မှ (၁၉၉၈)ခုနှစ်အထိ ပညာ ဆက်လက် သင်ကြားခဲ့သည်။ (၁၉၉၉)ခုနှစ်မှ (၂၀၀၂)ခုနှစ် အထိ ရန်ကုန်မေဂျာရဟန်းဖြစ် တက္ကသိုလ်တွင် ရဟန်းတို့ တတ်အပ်သော ပညာရပ်များ ဆည်းပူး လေ့လာ သင်ကြား အောင်မြင်ခဲ့ပါသည်။ (၂၀၀၂)ခုနှစ်တွင် မိဖများနေထိုင်ရာ ကနစိုးကုန်းကျေးရွာတွင် မိသားစုနှင့်အတူ ပြန်လည်နေထိုင်ရင်း မိသားစုဘ၀ တသက်တာ လေ့လာခဲ့ရသည်။ (၂၀၀၂)ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် ဦးပဉ္စင်းကြီးသိက္ခာ ခံယူပြီး (၂၀၀၃) ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် ပုသိမ်ကက်သလစ် သာသနာ အကူ လက်ထောက်ဆရာတော်ကြီး ဂျွန်မန်းဆိန်းတို့၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် မန္တလေးမြို့ စိန်ဇေးဗီးယားအုပ်စုတွင် လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်။

ဖါသာရ်ဘရူးနိုး (ပုသိမ်သာသနာ)
င်္Fr.Bruno
    ဖါသာရ် ဘရူးနိုးသည် (၁၉၇၃)ခု ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် အိမ်မဲမြို့နယ် ငုချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးချစ်ပု ခေါ် ဦးစိန်မောင် ဒေါ်မှတ်တင်တို့ဖြစ်သည်။ အသက် (၆)နှစ်အရွယ်မှ စ၍ ငုချောင်းရွာ မူလတန်းကျောင်းတွင် စတုတ္ထတန်းအောင်သည် အထိ ပညာ သင်ကြားခဲ့သည်။ (၅) တန်းမှ (၈)တန်းအထိ ၀ါးတလုတ် ကမ်းနေ အလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ (၉)တန်းနှင့် (၁၀)တန်းကို မြောင်းမြမြို့ အမှတ်(၃) အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ရာ (၁၉၉၄) ခုနှစ်တွင် (၁၀)တန်းအောင်ပြီး မရမ်းချောင်း ရဟန်းဖြစ်ကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၉၆) မှ (၁၉၉၈) အထိ မေမြို့ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဖီလော်ဆော်ဖီ ပညာ သင်ကြားခဲ့သည်။ (၁၉၉၈)ခုနှစ်မှ (၂၀၀၂) အထိ ရန်ကုန် မေဂျာ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် သီအိုလိုဂျီပညာ သင်ကြားတတ်မြောက်ပြီးနောက် (၂၀၀၃)ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၌ ဆရာတော်မန်းဆိန်ဟှီ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းတွင် ၀ိညာဉ်လမ်းညွှန်အဖြစ် အမှုထမ်းရသည်။

ဖါသာရ်ဂျွန်(ပုသိမ်သာသနာ)
င်္Fr. John
    ဖါသာရ်ဂျွန်သည် (၁၉၇၁)ခုနှစ် ဂျွန်လ (၁၂)ရက်နေ့တွင် မြောင်းမြမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးအောင်ကျော်ငွေနှင့်ဒေါ်အေးငွေ တို့ဖြစ်သည် အသက် (၆)နှစ်အရွယ် မြောင်းမြမြို့ အမှတ် (၃)အထက်တန်းကျောင်းတွင် သူငယ်တန်းမှ စ၍ ပညာသင်ကြားခဲ့ရာ (၁၉၉၄)ခုနှစ်တွင် (၁၀)တန်း အောင်ခဲ့သည်။ (၁၉၉၄)ခုနှစ်မှ (၁၉၉၆)အထိ မရမ်းချောင်း ရဟန်းဖြစ်သင်ကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။

    (၁၉၉၆) ခုနှစ်မှ (၁၉၉၈)ခုနှစ် အထိ မေမြို့ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဖီလော်ဆော်ဖီပညာရပ် သင်ကြားခဲ့ပြီး (၁၉၉၈) ခုနစ်မှ (၂၀၀၂) အထိ ရန်ကုန် မေဂျာရဟန်းဖြစ်သင် တက္ကသိုလ်တွင် သီအိုလိုဂျီပညာ သင်ကြားခဲ့သည်။ (၂၀၀၃)ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၏ ဆရာတော် ဂျွန်မန်းဆိန်ဟှီ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာ ခံယူပြီးနောက် မေလ(၁၅)ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။ စိန်ဂျိုးဇက် လဖုန်းကျောင်းတွင် (၃) ပါတ်၊ အမရပူရတွင် တစ်ပါတ်၊ ဆရာတော်ကြီးကျောင်းတိုက်တွင် ဇွန်လ (၁၅)ရက်မှ ဒီဇင်ဘာလအထိ နေထိုင်ခဲ့ပြီး (၂၀၀၄)ခုနှစ် ဇန်န၀ါရီလမှ စ၍ ကျောက်ဆည်မြို့နယ် ဆင်ဖြူရွာတွင် တာဝန်ခံ ဘုန်းတော်ကြီးအဖြစ် အမှုထမ်းရသည်။

ဖါသာရ် ဟင်နရီ စိန်ကိုကို(ပုသိမ်သာသနာ)
Fr. Henary Sein Ko Ko
    ဖါသာရ် ဟင်နရီစိန်ကိုကိုသည် (၁၉၇၄)ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်၊ ကနစိုကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ မန်းစပိန့် ဒေါ်မန်အကျုံနှင့် ဂါမူနန်းတို့ဖြစ်သည်။ မွေးချင်း (၁၁)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ မူလတန်းနှင့် အလယ်တန်းပညာရပ်များကို ကနစိုကုန်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် တက်ရောက်
သင်ကြား အောင်မြင်ခဲ့သည်။ (၁၉၉၁)ခုနှစ်တွင် ပုသိမ်-မရမ်းချောင်း ရွှေနှလုံးတော် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ ထိုကျောင်းတွင် (၁၉၉၁)ခုနှစ်မှ (၁၉၉၆)ခုနှစ် အထိ ရဟန်းဖြစ် အခြေခံပညာရပ်များ သင်ကြားရင်း (၁၉၉၅)ခုနှစ်တွင် (၁၀)တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ ထိုနောက် မေမြို့(ပြင်ဦးလွင်) ရဟန်းဖြစ်သင် တက္ကသိုလ်တွင် (၁၉၉၆)ခုနှစ်မှ (၁၉၉၈)ခုနှစ် အထိ ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၉၉)ခုနှစ်မှ (၂၀၀၂)ခုနှစ်အထိ ရန်ကုန်မြို့ မေဂျာ ရဟန်း ဖြစ်သင် တက္ကသိုလ်တွင် ရဟန်းတို့တတ်အပ်သော ပညာရပ်များ သင်ကြား အောင်မြင်ခဲ့သည်။ (၂၀၀၂) ခုနှစ်တွင် မိဘများနေထိုင်ရာ ကနစိုကုန်း ကျေးရွာတွင် မိသားစုနှင့် အတူပြန်လည်နေထိုင်ရင်း မိသားစုဘ၀တသက်တာကို လေ့လာခဲ့ရပါသည်။ (၂၀၀၂) ခု အောက်တိုဘာလ (၂၂)ရက်နေ့တွင် ဦးပဉ္စင်းကြီး သိက္ခာခံယူပြီး (၂၀၀၃)ခု မတ်လ (၂၃)ရက်နေ့တွင် ပုသိမ် ကက်သလစ်သာသနာ အကူ လက်ထောက် ဆရာတော်ကြီး ဂျွန်မန်းဆိန်ဟှီး လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ရသည်။

ဖါသာရ်ခရစ္စတိုဖါ ဦးဝင်းနိုင်(ပုသိမ်သာသနာ)
Fr. Christopher U Win Naing
    ဖါသာရ်ခရစ္စတိုဖါ ဦးဝင်းနိုင်သည် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ ရှားတောကျေးရွာတွင် (၁၉၇၃)ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့တွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးမောင်နုနှင့် ဒေါ်မွှေးတို့ဖြစ်သည်။ ရှားတောကျေးရွာ မူလတန်းကျောင်းတွင် စတုတ္ထတန်းအောင်သည် အထိ သင်ကြားခဲ့သည်။ အလယ်တန်းပညာကို ပန်းတောကြီးကျေးရွာတွင် သင်ကြားခဲ့ပြီး အထက်တန်းပညာကို ဟင်္သာတမြို့ အိုင်သပြုကျောင်းတွင် သင်ကြားခဲ့သည်။ (၁၉၉၃) ခုနှစ်တွင် (၁၀)တန်း အောင်သည်။

    (၁၉၉၃) ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် ပုသိမ် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်၍ ပညာသင်ကြားသည်။ (၂၀၀၂)ခုနှစ် အောက်တိုဘါလ(၂၇)ရက်နေ့တွင် ပုသိမ်၌ ဦးပဉ္စင်းကြီးသိက္ခာ ခံယူခဲ့သည်။ (၂၀၀၃)ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၌ ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ သိက္ခာခံယူပြီးနောက် မန္တလေးသာသနာ၊ မြစ်ငယ်နှင့် မြောက်ကိုင်း ဘာသာဝင်များကို ကြည့်ရှုရသည်။


ဖါသာရ်ဂျော်ကင်းဦးရွှေဖုန်း(ပုသိမ်သာသနာ)
င်္Fr. Joachim U Shwe Phone
    ဖါသာရ်ဂျော်ကင်း ဦးရွှေဖုန်းသည် (၁၉၇၂)ခု မတ်လ (၁၅)ရက်နေ့တွင် မေရီလန်း၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဂျူးလီးယက် အမောင်နှင့် ကင်ဒီဒါကျင်ရွှေတို့ဖြစ်သည်။ (၁၉၉၄)ခု ဇူလိုင်လ (၁)ရက်နေ့မှ (၁၉၉၆)ခု ဧပြီလ (၁)ရက်နေ့အထိ ပုသိမ် ရဟန်းဖြစ်သင်ကျောင်းတွင် ပညာသင် ကြားခဲ့သည်။ (၁၉၉၆)ခု မေလ (၁၆)မှ (၁၉၉၈)ခု မတ်လ (၁၆)ရက်နေ့အထိ မေမြို့ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဒဿနိက ပညာသင်ကြားခဲ့သည်။ (၁၉၉၈)ခု မေလ (၁၆)ရက်မှ (၂၀၀၂)ခု မတ်လ (၁၆)ရက်အထိ ရန်ကုန် မေဂျာရဟန်းဖြစ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး၊ (၂၀၀၂) ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ပုသိမ်မြို့ စိန်ပီတာ ကာသီဒရယ်ကျောင်းတွင် ဦးပဉ္စင်းကြီး သိက္ခာခံယူခဲ့သည်။ (၂၀၀၃)ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၌ ဆရာတော်ကြီး မန်းဆိန်းဟှီလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မန္တလေးသာသနာ ရေဦးမြို့တွင် သာသနာ အမှုတော်ကို ထမ်းဆောင်ရသည်။

ဖါသာရ်အီစီဒို စောအယ်(ပုသိမ်သာသနာ)
Fr. Isidore Sowal
    ဖါသာရ် အီင်္စီဒို စောအယ်သည် ၁၉၇၅-ခု မတ်လ ၂၂-ရက်နေ့တွင် ပုသိမ်သာသနာ မေရီလန်းတွင် မွေးဖွားခဲ့သည်။ ၁၉၉၁-ခု မေလ (၁၅) ရက်မှ ၁၉၉၆ ဧပြီလ (၁)ရက်နေ့အထိ ပုသိမ် ရဟန်းဖြစ်သင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၉၆-ခု မေလ (၁၆)ရက်မှ (၁၉၉၈) မတ်လ (၁၆) ရက်နေ့အထိ ပြင်ဦးလွင် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဖီလော်ဆော်ဖီပညာ သင်ကြားပြီး (၁၉၉၈)ခု မေလ (၁၆)ရက်မှ ၂၀၀၂-ခုနှစ် မတ်လ (၁၆) ရက်နေ့ထိ ရန်ကုန်မြို့ ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ပညာ ဆက်လက်သင်ကြားခဲ့သည်။ ၂၀၀၂-ခု အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဦးပဉ္စင်းကြီး သိက္ခာရခဲ့သည်။ ၂၀၀၃-ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ပုသိမ်မြို့၌ ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် မန္တလေးသာသနာ ရွှေဘိုနယ်တွင် အမှုထမ်းရသည်။

ဆရာအောင်ညွှန့်-မန္တလေး

ကျမ်းကိုးစာရင်း
  • သန်းထွန်း-ဒေါက်တာ ခေတ်သစ်ရာဇ၀င်
            ရန်ကုန်၊မဟာဒဂုံစာပုံနှိပ်တိုက်၊
            အမှတ်၇၂-ရေတာရှည်လမ်းဟောင်း ဗဟန်း
            ရန်ကုန်မြို့
  • ခင်မြကြူ-ဒေါက်တာ ကုန်းဘောင်ခေတ်ပြင်သစ်မြန်မာဆက်ဆံရေး သမိုင်း
            ပထမနှိပ်ခြင်း ဒီဇင်ဘာ(၁၉၇၆)
            စာပေဗိမာန်ပုံနှိပ်တိုက်၊ရန်ကုန်။
  • ဘသန်း-ဦး ကျောင်းသုံးမြန်မာရာဇ၀င်
            စာပေဗိမာန်ပုံနှိပ်တိုက်၃၆၀.ပြည်လမ်း
            ရန်ကုန်မြို့။
  • မြင့်ဆွေ-ဦး မြန်မာစာအုပ်သမိုင်းနှင့်သမိုင်းအတွေ့အကြုံ
         ပထမအကြိမ်၊၁၉၇၂ ဇွန်လ
         ကာယသုခပုံနှိပ်တိုက်
         ရန်ကုန်မြို့။
  • မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အခြေပြမြန်မာနိုင်ငံရေး သမိုင်း၊ ပထမတွဲ
         စာပေဗိမာန်ပုံနှိပ်တိုက်
         ပထမအကြိမ်၊၁၀၇၀။
  • မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အခြေပြမြန်မာနိုင်ငံရေးသမိုင်း၊ဒုတိယတွဲ ပထမပိုင်း
         ပထမနှိပ်ခြင်း၊သြဂုတ်လ၊၁၉၇၇။
        
  • အောင်သိန်းဟန်-ဦး
         မြန်မာနိုင်ငံသမိုင်းသစ်
         အစာမွေ့သူစာအုပ်တိုက်။
 
  • ကက်သလစ်အသင်းတော်ရာဇ၀င်အကျဉ်းချုပ်
         ကက်သလစ်ပုံနှိပ်တိုက်၊တောင်ငူ။
 
  • စွယ်စုံကျမ်းအတွဲ(၈)
         ဒုတိယနှိပ်ခြင်း၊၁၉၇၉။
         စာပေဗိမာန်ပုံနှိပ်တိုက်
  • ခင်ထွေးရီ-ဒေါ်
         အထက်မြန်မာနိုင်ငံခရစ်ယာန် သာသနာပြု သမိုင်း(၁၈၈၅-၁၉၁၈) 
         မဟာဝိဇ္ဇာဘွဲ့အတွက် မန္တလေးဝိဇ္ဇာ 
         သိပံ္ပတက္ကသိုလ်သမိုင်းဌာနသို့၁၉၆၉ တွင် တင်သွင်းသည်ကျမ်း။
  • မောင်မောင်တင်-ဦး
         အတွေးအမြင်စာစဉ်(၄၅)         မဟာဝိဇ္ဇာ ၁၉၈၉ ဇူလိုင်လ။
 
  • မေတ္တာရောင်ခြည်ကက်သလစ်မဂ္ဂဇင်း
         အတွဲ-၄.အမှတ်(၁)ပထမအကြိမ်
         ၁၉၉၅-စက်တင်ဘာလ၊ါ်အယ်မလီပုံနှိပ်တိုက်
         ရန်ကုန်မြို့။
 
  • မျိုးကြဲသူစာစောင်
         ၁၉၆၄၊သြဂုတ်လ။၁၉၆၉၊အောက်တိုဘာလ 
         ၁၉၉၅၊နိုဝင်ဘာလ၊၁၉၉၆၊ဇန်န၀ါရီလ
 
  • ချမ်းသာရွာဘုရားကျောင်းရာပြည့်အထိမ်း
         အမှတ်သမိုင်းစာစောင်။(၁၈၉၄-၁၉၉၄)
 
  • စိန်အာလောရှက်အခြေခံရဟန်းဖြစ်သင် ကျောင်း
         စိန်ရတုမဂ္ဂဇင်း၊(၁၉၁၄-၁၉၈၉)

  • တောင်တွင်းကြီးကက်သလစ်သာသနာ နှစ်(၅၀)ပြည့်ရွှေစင်ဂျူပလီအထိမ်းအမှတ်
         စာစောင်(၁၉၃၅-၁၉၈၅)
  • ချောင်းရိုးရွာ ခရစ္စယာန်တို့အားမှိုင်းမသောသခင်မ ဘုရားကျောင်းရာပြည့် အထိမ်းအမှတ်စာစောင်
         (၁၈၉၈-၁၉၉၈)
  • ရွှေလက်ဝဲ အစုဘုရင်ဂျီတပ်မှုးနေမျိုးရွှေတောင် ကျော်သူဘွဲခံဆရာဝဲ အထုပတ္တိစာစောင်

  • မစ္စတာတရေဇားဒေါ်စောရှင်(၁၈၉၅-၂၀၀၁) (ချမ်းသာရွာ)၏မှတ်တမ်း။

  • ဆရာကြီးဦးသိန်း(၁၈၉၅-၁၉၈၁) (ချမ်းသာရွာ)၏မှတ်တမ်း။

  • ဦးဂျိုးဇက်(ရွာတော်)၏ မှတ်တမ်း။

  • ဆရာချို(နဘက်)၏ မှတ်တမ်း။

  • ဆရာဦးမြမောင်(မုံလှ)၏ မှတ်တမ်း။

  • ဦးဘိုးသိန်း(မုံရွာ)၏ပြောပြချက်။

  • ဦးပု(မုံရွာ)၏ မှတ်တမ်း။

  • မစ္စတာလော်ရီပေါလ် (မန္တလေး-စိန်ဇေးဗီးယားအုပ်စု)၏ မှတ်တမ်း။

  • မနော်ယမံသင်္ချိုင်းစာ။

  • Bigandet        An outline of the History of the catholic Burmese mission from the year 1720 to 1887,Printed at Hanthawaddy press 1887.

  • Vivian Ba        The early catholic missionaries in Burma . 
  • The Guardian, Magazine
         1962,1961.May. August, September, October,
         November, December.

         1963 February, March, April, May.
         1964, April, May, September.
  • Maung Kaung        Beginning of christian Missionary in Burma(1600-1824)Jour Research Society.

  • Fernandez        History of the catholic church in Burma

  • Usher Bishop        The History of the catholic church in Burma.
  • Mandalay District Gazetteer Volum A.
         Compilied by Mr.H.F.Searle Settlement office No.111 party 1928.
  • The little messenger 1950 Sept.Nov. 
 
  • 1954.Sept,Nov,printed at Rangoon.

  • The Voice
         1918 July, December.         1919 Feb         1920 May, July.         1924 Feb,October.         1925 Jan, March, Oct.         1926 March,April,May,June, July, August, September, Oct, Dec.
  • The list of missionaries of the society of foreign mission Pqaris in nothem Burma (1856-1926)

  • Baptism Record Chaung U.Ywa Daw.

Read More...

Thursday, February 6, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၃၀)

ဖါသာရ်ဂျိုးဇက်ဦးသက်လွင်
Fr. Joseph U Thet Lwin

    ဖါသာရ်ဂျိုးဇက် ဦးသက်လွင်သည် (၁၉၆၅)ခု ဇန်န၀ါရီလ (၂၉)ရက်နေ့တွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးညွှန့်မောင် ဒေါ်ခင်အေးတို့ဖြစ်သည်။ ချောင်းဦးမြို့ အထက်တန်းကျောင်းတွင် (၁၀)တန်းအောင်သည် အထိ သင်ကြားခဲ့သည်။ (၁၉၈၆) မှ (၁၉၈၈) အထိ မုံရွာတက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၈၈-၈၉) ခုနှစ်များတွင် ရှမ်းပြည်နယ် ကျေးသီမန်စန်ကျေးရွာ မူလတန်းကျောင်းတွင် မူလတန်းပြဆရာအဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၀)ပြည့်နှစ်တွင်
မန္တလေးတက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့ရာ (၁၉၉၁)ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ (၁၉၉၂)ခုနှစ်တွင် ကိုရင် သင်္ကန်းရခဲ့သည်။ (၁၉၉၂-၁၉၉၄) နှစ်များတွင် မေမြို့ ရဟန်းဖြစ်သင်တက္ကသိုလ် ဖီလော်ဆော်ဖီဌာနတွင် ဖီလိုဆိုဖီ ပညာသင်ကြားခဲ့ပြီးနောက် (၁၉၉၄) မှ (၁၉၉၈) အထိ ရဟန်းဖြစ် တက္ကသိုလ်တွင် သီအိုလိုဂျီပညာ သင်ကြားခဲ့သည်။(၁၉၉၉) ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် ချောင်းရိုးရွာ ဘုရားကျောင်း ရာပြည့်ပွဲတော်တွင် ဦးပဉ္စင်းကြီးသိက္ခာ ခံယူခဲ့သည်။ (၁၉၉၉)ခု အောက်တိုဘာလ(၈)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ဘုရားရှိခိုးကျောင်း၌ ဆရာတော်အေ ဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် လက်ထောက်အဖြစ် အမှုထမ်းခဲ့သည်။ (၂၀၀၂)ခုနှစ် ဂျွန်လမှ စ၍ တောင်တွင်းကြီးမြို့နယ် ချင်းညောင်ပင်သာရွာ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။ (၂၀၀၃)ခုနှစ် ဂျွန်လတွင် အီတလီနိုင်ငံ ရောမမြို့သို့ ပညာ ဆက်လက်ဆည်းပူးရန် သွားရောက်ရသည်။

ဖါသာရ်ဖီးလစ် ဦးတင်ထွန်း
Fr. Philip U Tin Tun
    ဖါသာရ် ဖီးလစ် ဦးတင်ထွန်းသည် (၁၉၆၂)ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် အမရပူရမြို့၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးသန်းဆောင် ဒေါ်ပုဖြစ်သည်။ အမရပူရမြို့ အလယ်တန်းကျောင်းတွင် သူငယ်တန်းမှ (၈)တန်းအထိ သင်ကြားခဲ့သည်။ (၉)တန်းမှ (၁၀)တန်းအထိ အမရပူရမြို့ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့ရာ (၁၉၈၁) ခုနှစ် (၁၀)တန်း အောင်မြင်ခဲ့သည်။ (၁၉၈၁)ခုနှစ်မှ စ၍ မန္တလေးဝိဇ္ဇာ သိပ္ပံတက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့ရာ (၁၉၈၅)ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။

    (၁၉၈၅) ခုနှစ်တွင် မေမြို့ရဟန်းဖြစ်သင်ကျောင်း တနှစ်ဝင်ရောက်ပြီး (၁၉၈၅)ခုနှစ်မှ (၁၉၉၁)ခုနှစ် အထိ မန္တလေးမြို့ ချမ်းမြသာစည်တွင် အစိုးရမူလတန်း ဆရာအဖြစ် (၅)နှစ် အမှုထမ်းခဲ့သည်။ (၁၉၉၁)ခုနှစ်တွင် မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင်တက္ကသိုလ် ပြန်ဝင်ပြီး (၁၉၉၂) မှ (၁၉၉၄) အထိ မေမြို့ ရဟန်းဖြစ်သင်တက္ကသိုလ် ဖီလော်ဆော်ဖီဌာနတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၉၄)ခုနှစ်မှ (၁၉၉၈)ခုနှစ် အထိ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၉၉) မတ်လ (၁၈)ရက်နေ့တွင် ကျင်းပသော ချောင်းရိုးရွာ ဘုရားကျောင်း ရာပြည့်ပွဲတွင် ဘရာသာဂျိုးဇက်သက်လွင်နှင့် အတူ ဦးပဉ္စင်းကြီး သိက္ခာခံယူခဲ့သည်။ (၁၉၉၉) ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ဘုရားရှိခိုးကျောင်းတွင် ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် လက်တော်မှ ရဟန်း သိက္ခာခံယူခဲ့သည်။

    ရဟန်းသိက္ခာ ခံယူပြီးနောက် စိန်သောမတ်အကြို ရဟန်းဖြစ်တက္ကသိုလ်တွင် လက်ထောက် ဘုန်းတော်ကြီးအဖြစ် (၂၀၀၂)ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ရသည့် အပြင် စိန်ဂျွန်းဘာသာဝင်များကိုလည်း ကြည့်ရှုရသည်။ (၂၀၀၂)ခုနှစ် ဂျွန်လမှစ၍ တောင်တွင်းကြီး သရက်ခုန် ကျောင်းထိုင်ဘုန်းကြီးအဖြစ် အမှုထမ်းရသည်။ (၂၀၀၃) ဧပြီလမှစ၍ တောင်တွင်းကြီး၊ ညောင်ပင်သာ၊ သရက်ခုန်၊ သဲဖြူတို့ကိုပါ ကြည့်ရှုရသည်။ (၂၀၀၃)ခုနှစ် မတ်လတွင် တောင်တွင်းကြီး၌ ဘော်ဒါကျောင်းဆောင် ဆောက်ရန် စီစဉ်ခဲ့သော်လည်း အစိုးရ၏ ခွင့်ပြုချက်မရသဖြင့် ရပ်ဆိုင်းထားရသည်။(၂၀၀၃) ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၌ မြေငလျင် ပြင်းထန်စွာလှုပ်သဖြင့် တောင်တွင်းကြီး၊ ညောင်ပင်သာ၊ သဲဖြူ သရက်ခုန် ဘုရားကျောင်းများ ပြိုကျ ပျက်စီးယိုယွင်းသွားသဖြင့် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေရသည်။

ဖါသာရ်လူးဝစ် ဦးစိုးလွင်
Fr. Louis U Soe Lwin
    ဖါသာရ် လူးဝစ်ဦးစိုးလွင်သည် (၁၉၆၈)ခု သြဂုတ်လ (၁၈)ရက်နေ့တွင် ရေဦးမြို့၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးတစ်ကူး - ဒေါ်မှုံတို့ဖြစ်သည်။ (၁၉၇၃) ခုနှစ်မှ စ၍ ရေဦးမြို့ အမှတ်(၁) မူလတန်းကျောင်းတွင် တတိယတန်းအထိ ပညာသင်ကြားပြီး ချမ်းသာရွာ အစိုးရမူလတန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ ချမ်းသာရွာ အစိုးရမူလတန်းကျောင်းမှ စတုတ္ထတန်း အောင်မြင်ခဲ့သည်။ (၅) တန်းမှ (၇)တန်းအထိ ရေဦးအမှတ်(၁) အစိုးရ အထက်တန်းကျောင်းတွင် ပညာသင်ကြားပြီး (၁၉၈၃)ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ မေမြို့ အမှတ်(၃) အ.ထ.ကတွင် (၈)တန်းမှ စတင် သင်ကြားရာ (၁၉၈၆)ခုနှစ်တွင် (၁၀)တန်း အောင်မြင်ခဲ့သည်။ (၁၉၈၇)ခုနှစ်တွင် မန္တလေး တက္ကသိုလ် စာပေးစာယူသင်တန်း တက်ရောက်ခဲ့သည်။ (၁၉၉၀) မှ (၁၉၉၁)တွင် မေမြို့ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဖီလိုဆိုဖီ ပထမနှစ် ပညာရပ် သင်ကြားခဲ့သည်။ (၁၉၉၁) ခုနှစ်မှ စ၍ တက္ကသိုလ် စာပေးစာယူသင်တန်း ဆက်လက်တက်ရောက်ခဲ့ရာ (၁၉၉၄)ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ (၁၉၉၄)ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင် တက္ကသိုလ် ဖီလော်ဆော်ဖီ ဒုတိယနှစ်သင်ကြားခဲ့သည်။

    (၁၉၉၅) ခုနှစ် သြဂုတ်လတွင် အီတလီပြည် ရောမရှိ (Mary Mother Of The Church) အပြည်ပြည်ဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားပြီး (၁၉၉၉)ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ရောမမြို့၌ ဦးပဉ္စင်းကြီးသိက္ခာ ခံယူခဲ့သည်။(၂၀၀၀)ပြည့်နှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်ကျောင်း၌ ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် လက်တော်မှ ရဟန်း သိက္ခာခံယူခဲ့သည်။

    ရဟန်းသိက္ခာခံယူပြီးနောက် အီတလီနိုင်ငံ ရောမမြို့ လက်တေရန်တက္ကသိုလ်၌ (Pastoral Theology) ပညာရပ်ကို ဆက်လက်လေ့လာ သင်ကြားခဲ့ရာ (၂၀၀၃)ခုနှစ်တွင် (Ph.D) ပါရဂူဘွဲ့ ရရှိခဲ့သည်။ (၂၀၀၃)ခုနှစ် ဇွန်လ (၂၄)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး တောင်တွင်းကြီးခရိုင် သရက်ခုန်ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် သရက်ခုန်၊ ကုက္ကိုကုန်း၊ ပတ်လည်ကြီးရွာများရှိ ဘာသာဝင်များကို ကြည့်ရှုရသည်။

ဖါသာရ်အန်ထော်နီ ဦးအောင်မျိုးဝင်း
င်္Fr. Anthony U Aung Myo Win
    ဖါသာရ်အန်ထော်နီ ဦးအောင်မျိုးဝင်းသည် (၁၉၆၉)ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးအောင်သိန်း ဒေါ်သောင်းတို့ဖြစ်သည်။ မန္တလေးမြို့ အမှတ်(၅)ဘုံကျော် အလယ်တန်းကျောင်းတွင် သူငယ်တန်းမှ အဌမတန်းအထိ သင်ကြားပြီးနောက် မန္တလေးမြို့ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့၍ န၀မတန်းမှ စတင်သင်ကြားခဲ့ရာ (၁၉၈၇)ခုနှစ်တွင် (၁၀)တန်း အောင်ခဲ့သည်။ (၁၀)တန်းအောင်ပြီးနောက် မန္တလေးမြို့ ရတနာပုံကောလိပ်တွင် ပထမနှစ် တက်ရောက်သင်ကြားခဲ့ရာ (၁၉၈၈)အရေးအခင်းနှင့် ကြုံခဲ့ရသည်။ (၁၉၈၈) ခုနှစ်တွင် မေမြို့ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၉၀)ပြည့်နှစ်တွင် တက္ကသိုလ် ပထမနှစ်စာမေးပွဲ ပြန်လည် ဖြေကြားခဲ့ပြီး၊ ဒုတိယနှစ်မှစ၍ တက္ကသိုလ် စာပေးစာယူသင်တန်းတက်ခဲ့ရာ (၁၉၉၄)ခုတွင် သိပံ္ပဘွဲ့ရရှိခဲ့သည်။ (၁၉၉၅-၉၆)တွင် မေမြို့တွင် (၂)နှစ် ပညာသင်ကြားခဲ့သည်။

    (၁၉၉၇) ခုနှစ်တွင် အီတလီနိုင်ငံ ရောမမြို့ရှိ စိန်ဂျွန်လက်တေရန် တက္ကသိုလ်တွင် ဖီလိုဆိုဖီ (၂)နှစ် သီအိုလိုဂျီ (၃)နှစ်သင်ကြားပြီး (၂၀၀၂) ခုနှစ် ဇွန်လ (၂၂)ရက်နေ့တွင် အီတလီပြည် ရောမမြို့၌ ဦးပဉ္စင်းကြီးသိက္ခာ ခံယူခဲ့သည်။ (၂၀၀၂)ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် မန္တလေးမြို့ ကာသီဒရယ်ဘုရားကျောင်း၌ ဆရာတော် ချားစ်လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ချောက်မြို့ လက်ထောက် ဘုန်းကြီးအဖြစ် အမှုထမ်းရသည်။

ဖါသာရ်ဘော်စကိုဦးကျော်ထွန်းမြင့်
င်္Fr. Bosco U Kyaw Tun Myint
    ဖါသာရ်ဘော်စကို ဦးကျော်ထွန်းမြင့်သည် (၁၉၇၀)ပြည့်နှစ် မေလ (၁၆)ရက်နေ့တွင် မုံလှရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးနီ ဒေါ်သိန်းကြည်တို့ ဖြစ်သည်။ အသက် (၅)နှစ်အရွယ်တွင် ချောင်းဦးမြို့ ဘုရင်ဂျီရပ်ရှိ အစိုးရမူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ (၅)တန်းမှ (၁၀)တန်းအထိ ချောင်းဦးမြို့ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ရာ (၁၉၉၀)ပြည့်နှစ်တွင် (၁၀)တန်း အောင်မြင်ခဲ့သည်။ (၁၉၉၂)ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့သည်။ (၁၉၉၃)ခုနှစ်တွင် မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်ကျောင်းမှ တက္ကသိုလ် စာပေးစာယူသင်တန်း တက်ရောက်ဖြေဆိုခဲ့ရာ (၁၉၉၆)ခုနှစ်တွင် သမိုင်းဘာသာရပ် အဓိကဖြင့် ၀ိဇ္ဇာဘွဲ့ရရှိသည်။

    (၁၉၉၆) ခုနှစ်မှ (၁၉၉၈)ခုနှစ် အထိ မေမြို့ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဖီလော်ဆော်ဖီ ပညာရပ်သင်ကြားခဲ့ပြီး (၁၉၉၈) ခုနှစ်မှ (၂၀၀၂) ခုနှစ် အထိ ရန်ကုန် မေဂျာရဟန်းဖြစ်သင် တက္ကသိုလ်တွင် သီအိုလိုဂျီ ဘာသာရပ် သင်ကြားခဲ့ရသည်။ (၂၀၀၂)ခု ဧပြီလ (၅)ရက် နဘက်ရွာ ဘုရားရှိခိုးကျောင်း ရာပြည့်ပွဲတော်တွင် ဦးပဉ္စင်းကြီး သိက္ခာခံယူခဲ့သည်။ (၂၀၀၂)ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်ဘုရားရှိခိုးကျောင်း၌ ဆရာတော်ချားစ်ဘို၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ချမ်းသာရွာ လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်။

ဖါသာရ်ပီတာ ဦးစိန်လှိုင်ဦး
Fr. Peter U Sein Hlaing U
           ဖါသာရ်ပီတာ ဦးစိန်လှိုင်ဦးသည် (၁၉၇၃)ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးစိန်မောင်နှင့် ဒေါ်ခင်လေးတို့ဖြစ်သည်။ နောင်လှိုင် အစိုးရမူလတန်းကျောင်းတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ (၅)တန်းမှ(၈)တန်းအထိ မန္တလေးမြို့ အမှတ်(၇) အလယ်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့ပြီး န၀မတန်းတွင် အမှတ်(၁၄) အထက်တန်းကျောင်းသို့ ပြောင်းရွှေ့၍ သင်ကြားခဲ့သည်။ (၁၉၈၉) ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်၍ မေမြို့ အမှတ်(၃)အစိုးရအထက်တန်းကျောင်းတွင် (၁၀)တန်းပညာ ဆက်လက်သင်ကြားရာ ထိုနှစ်မှာပင် (၁၀)တန်း အောင်မြင်ခဲ့သည်။(၁၉၉၀) ပြည့်နှစ်တွင် မန္တလေးမြို့ အကြိုရဟန်းဖြစ်သင် တက္ကသိုလ် စိန်သောမတ်စ်ရဟန်း ဖြစ်သင်ကျောင်းမှ စာပေးစာယူသင်တန်း တက်ရောက်ခဲ့ရာ (၁၉၉၅)ခုနှစ်တွင် သိပ္ပံဘွဲ့ ရရှိခဲ့သည်။

    (၁၉၉၆) ခုနှစ်မှ (၁၉၉၈)ခုနှစ် အထိ မေမြို့ရဟန်းဖြစ်သင်တက္ကသိုလ် ဖီလိုဆိုဖီပညာ သင်ကြားခဲ့သည်။ (၁၉၉၈) ခုနှစ်မှ (၂၀၀၂)ခုနှစ် အထိ ရန်ကုန် မေဂျာရဟန်းဖြစ်သင် တက္ကသိုလ်တွင် သီအိုလိုဂျီပညာ ဆက်လက် သင်ကြားခဲ့သည်။ (၂၀၀၂) ဧပြီလ (၅)ရက်နေ့ နဘက်ရွာ ရာပြည့်ပွဲတော်တွင် ဦးပဉ္စင်းကြီးသိက္ခာ ရရှိခဲ့သည်။ (၂၀၀၂) ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် မန္တလေးမြို့ ကာသီဒရယ်ဘုရားကျောင်းတော်တွင် ဆရာတော် ချားစ်ဘို၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့များရှိ ဘာသာဝင်များကို ရွှေဘိုကျောင်းထိုင် ဘုန်းတော်ကြီး၏ လက်ထောက်အဖြစ် တာဝန်ယူ ကြည့်ရှုခဲ့ရသည်။ (၂၀၀၃)ခုနှစ် မေလ (၁၆)ရက်နေ့တွင် ရွှေဘိုကျောင်းထိုင် ဘုန်းတော်ကြီး၏ လက်ထောက်အဖြစ် မုံလှရွာသို့ ပြောင်းရွှေ့ပြီး ဘာသာဝင်များကို ကြည့်ရှုရသည်။

ဦးပဉ္စင်းကြီးအာလိုက်ဆီ ဦးမောင်မောင်ဌေး
Brother Alexis U Mg Mg Htay
    ဦးပဉ္စင်းကြီး ဦးမောင်မောင်ဌေးသည် (၁၉၆၁)ခုနှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် ချောင်းရိုးရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဒီနုူး ဒေါ်တင်တင်တို့ဖြစ်သည်။ တန့်ဆည်တွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ (၁၉၇၂) ခုနှစ်တွင် မေမြို့ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၆) တန်းမှ (၈)တန်းအထိ မေမြို့ အမှတ်(၁)အ.လ.ကတွင် ပညာသင်ကြားပြီး န၀မတန်းနှင့် ဒဿမတန်းကို အမှတ်(၂)အထကတွင် သင်ကြားခဲ့ရာ (၁၉၇၈) ခုနှစ်တွင် (၁၀)တန်းအောင်သည်။ (၁၉၇၉)ခု မှ (၁၉၈၂)အထိ ရန်ကုန် မေဂျာဆေမီနာရီတွင် ဖီလော်ဆော်ဖီ သင်ကြားရင်း တက္ကသိုလ် စာပေးစာယူ တက်ရောက်ခဲ့ရာ သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ဆက်လက်ပြီး သီအိုလိုဂျီ ပညာသင်ကြားခဲ့ရာ (၁၉၈၆)တွင် ပြီးဆုံးခဲ့သည်။

    (၁၉၉၂) ခုနှစ်တွင် ဦးပဉ္စင်းကြီး သိက္ခာယူပြီးနောက် (၁၉၉၂) မှ (၂၀၀၁)အထိ စိန်ဇေးဗီးယားကျောင်းထိုင် ဘုန်းတော်ကြီးကို ကူညီခဲ့သည်။ (၂၀၀၂) ခု မေလမှ စ၍ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် တာဝန် ထမ်းဆောင်ရသည်။

ဖါသာရ်ချားလ်စ်ဘို
င်္Fr. Charles Bo
    ဖါသာရ် ချားလ်စ်ဘိုသည် (၁၉၄၈)ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မုံလှရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဂျွန်နှင့် ဒေါ်အေးတင်တို့ဖြစ်သည်။ မူလတန်းပညာကို မုံလှရွာ မူလတန်းကျောင်းတွင် သင်ကြားပြီးနောက် (၁၉၆၂)ခုနှစ် မှ (၁၉၇၆)ခုနှစ် အထိ အနီးစခန်းရှိ
နာဇရက်ဆလေးရှင်း ရဟန်းဖြစ်သင်ကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၇၆) ခု ဧပြီလ (၉)ရက်နေ့တွင် လာရှိုးမြို့၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၇၆)ခု မှ (၁၉၈၁)ခုနှစ်အထိ Loikhan တွင်ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၈၅) မှ (၁၉၈၆) အထိ Apostolic Administrator Lashio လားရှိုး သာသနာအုပ်ချုပ် စီမံခန့်ခွဲရေးမှုး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသည်။ (၁၉၈၆) မှ (၁၉၉၀) အထိ (Prefeat Apostolic of Lashio) လားရှိုးသာသနာ တာဝန်ခံ အကြီးအမှုး မွန်ဆီညော်အဖြစ် တာဝန်ယူရသည်။ (၁၉၉၀) ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် လားရိုးသာသာနာ ဆရာတော်အဖြစ် လားရိုးမြို့တွင် ဆရာတော်သိက္ခာခံယူခဲ့သည်။ (၁၉၉၆) ခု သြဂုတ်လ (၂)ရက်နေ့ မှ စ၍ ပုသိမ်ဆရာတော် တာဝန် ထမ်းဆောင်ရသည်။ (၂၀၀၂)ခုနှစ် ဧပြီလ (၃)ရက်နေ့မှ စ၍ (၂၀၀၃)ခုနှစ် ဂျွန်လ (၁၄)ရက်နေ့အထိ မန္တလေးဂိုဏ်းချုပ် သာသနာအုပ်ချုပ် စီမံခန့်ခွဲရေးတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။

    ဆရာတော်ချားလ်စ်ဘိုသည် မန္တလေးဂိုဏ်းချုပ်သာသနာကို အုပ်ချုပ်စီမံနေရစဉ် ဆရာတော် အဆက်ဆက် သီတင်းသုံးနေထိုင်ရန် အတွက် မန္တလေးမြို့ ၈၁x၂၅လမ်း၊ ၈၁လမ်းကို မျက်နှာမူလျက် သုံးထပ် ဆရာတော်ကျောင်းတိုက်သစ်ကို (၂၀၀၂)ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် အင်ဂျင်နီယာ ဦးမောင်မောင်ဦးစီး၍ အုတ်မြစ်ချ တည်ဆောက်ခဲ့ရာ (၂၀၀၃)ခု ဂျွန်လတွင် ပြီးစီးခဲ့သဖြင့် (၂၀၀၃)ခုနှစ် ဂျွန်လ (၁၄)ရက်နေ့တွင် ဆရာတော် ကျောင်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပနိုင်ခဲ့သည်။ ဆရာတော်ကျောင်းတိုက်သစ် ဖွင့်ပွဲကို ရဟန်းမင်းကြီးကိုယ်စားလှယ်တော် ဂိုဏ်းချုပ် ဆရာတော် Adriano Bernardini ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ဆရာတော်ကျောင်းတိုက်သစ်၏ ကုန်ကျငွေ စုစုပေါင်းမှာ ကျပ် (၈၄၄၄၆၆၀၇) (ကျပ်ရှစ်ရာလေးဆယ့်လေးသိန်းလေးသောင်းခြောက်ထောင်ခြောက်ရာ ခုနှစ်ကျပ်တိတိ) ဖြစ်ပါသည်။ ဆရာတော် ချားလ်စ်ဘိုသည်(၂၀၀၃) ဂျွန်လမှစ၍ ရန်ကုန်ကက်သလစ် သာသနာဂိုဏ်းချုပ် ဆရာတော်အဖြစ် တာဝန်ယူ အမှုထမ်းဆောင်လျက်ရှိသည်။

ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (နောက်ဆုံးအပိုင်း)

Read More...

Monday, February 3, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၉)

ဖါသာရ်ပီတာဦးမျိုးအောင်
Fr. Peter U Myo Aung
    ဖါသာရ် ပီတာ ဦးမျိုးအောင်သည် (၁၉၆၀) ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် တန့်ဆည်မြို့နယ် ချောင်းရိုးရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဗေဒါနှင့် ဒေါ်အေးရီတို့ဖြစ်သည်။ သားသမီး (၁၀)ယောက်အနက် သားဦး ရတနာဖြစ်သည်။ ချောင်းရိုးရွာ မူလတန်းကျောင်းတွင် သင်ပြီးနောက် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ မေမြို့ အမှတ်(၃) အထက်တန်းကျောင်းမှ (၁၀)တန်း အောင်ပြီးနောက် (၁၉၈၀)ခုနှစ်တွင် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် (၁၉၈၉)ခုနှစ် အထိ ရဟန်းတို့တတ်အပ်သော ပညာရပ်များ သင်ကြားခဲ့သည်။ (၁၉၈၉)ခု အောက်တိုဘာလ (၁၄)ရက်နေ့တွင် ဂိုဏ်းချုပ်ဆရာတော် အေဦုးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာခံယူခဲ့ပြီးနောက် ချင်းသာသနာနယ် ကလေးမြို့အုပ်စုတွင် တနှစ်တာမျှ လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၄င်းနောက် (၁၉၉၀)ခုနှစ်မှ (၂၀၀၂) အထိ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဇော်ဂျီရွာ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့် ကျောက်ဆည်၊ မြစ်ငယ်၊ မြောက်ကိုင်း၊ ချမ်းသာကုန်း၊ ဆင်ဖြူ၊ မြစ်သား၊ ကူမဲ၊ မန်ကျည်းတောရှိ ဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ (၂၀၀၂)ခုနှစ် ဂျွန်လမှ စ၍ ချောင်းဦး ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းသည်။

ဖါသာရ်ဒေါမနစ်ဆလိုင်းဂျိုတု
Fr. Dominic Sling Joy Tu
    ဖါသာရ် ဒေါမနစ်ဆလိုင်း ဂျိုတုသည် (၁၉၆၀) ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် ချင်းညောင်ပင်သာရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးအောင်ကြည်နှင့် ဒေါ်သောင်းတို့ဖြစ်သည်။ ငယ်စဉ်အခါတွင် ကုက္ကိုကုန်းရွာမ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ဘ၀ဖြင့် ဆွမ်းခံရင်း ကျောင်းထိုင်ဘုန်းကြီး ရှင်ဦးမိတ္တ၏ ဝေယျာဝစ္စ ထမ်းဆောင် စာသင်ရင်း (၁၉၇၁)ခုနှစ်တွင် မူလတန်းအောင်ခဲ့သည်။ (၁၉၇၂) ခုနှစ်တွင် ပြင်ဦးလွင်မြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်ခဲ့သည်။ ရဟန်းဖြစ်သင်ကျောင်းတွင် အခြေခံပညာ အထက်တန်းအောင်သည်အထိ ပညာသင်ပြီး (၁၉၈၀)ခုနှစ်တွင် ကိုရင်သင်္ကန်း ရရှိခဲ့သည်။

    ထိုမှ ရန်ကုန်မြို့ရှိ ရဟန်းဖြစ်သင် တက္ကသိုလ်တက်ရောက်သင်ကြားရင်း တက္ကသိုလ် စာပေးစာယူသင်တန်း တက်ရောက် ဖြေဆိုခဲ့ရာ သိပံ္ပဘွဲ့ ရရှိခဲ့သည်။ (၁၉၈၉)ခု ဧပြီလ (၉)ရက်နေ့ မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း စိန်ရတု ဂျူဗလီပွဲတော်တွင် ဦးပဉ္စင်းကြီး သိက္ခာရရှိခဲ့သည်။ (၁၉၉၀) ပြည့်နှစ် ဇန်န၀ါရီလ (၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်သော ချင်းညောင်ပင်သာ ကက်သလစ်သာသနာနှစ် (၅၀)ပြည့် ဂျူဗလီပွဲတော်တွင် မန္တလေး ဂိုဏ်းချုပ်ဆရာတော် အာလ်ဖုန်းဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    (၁၉၉၁) ခုနှစ်မှ စ၍ မန္တလေးမြို့ စိန်မိုင်ကယ်အုပ်စု ဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ သံဝင်းရပ် ဘာသာဝင်အုပ်စုကို ကြည့်ရှုရစဉ် ဘုရားကျောင်းအတွင်း တာရာဆိုခင်း၍ ဘုရားကျောင်း ပတ်လည်အုတ်များ ခင်းနိုင်ခဲ့သည်။ နှလုံးကြေကွဲ မယ်တော် (Divine Mercy) ရင်ပြင် ကျောင်းဆောင် ရေတံခွန်၊ နှစ်(၂၀၀၀) အထိမ်းအမှတ် လက်ဝါးကပ်တိုင်၊ ရေကန်၊ ရှင်ပြန်ထမြောက်ခြင်းနှင့် အသေခံခြင်း၊ စိန်ဗင်းဆင်းဒီပေါလ်၊ စိန်အဲန်ရုပ်တုများ မာရီယား တမန်တော် နှစ်(၅၀) တံခွန်အလံများ ပြုလုပ်နိုင်ခဲ့သည်။ မယ်တော်၏ဂူကို ပြန်လည်ပြုပြင်၍ ကြွေပြားများ ကပ်နိုင်ခဲ့သည်။ ကျောင်းဝင်းအတွင်း အုန်းပင်များ စိုက်ပျိုးနိုင်ခဲ့သည်။ ဓမ္မဆရာတစ်ဦး ခန့်ထားနိုင်ခဲ့သည်။ နိဗ္ဗာန်ဆော်ကား တည်ထောင်ခဲ့သည်။ ဘင်ခရာတီးဝိုင်း ဖွဲ့စည်း ခဲ့သည်။ နှစ်ထပ်ကျောင်းဆောင်နှင့် စည်းဝေးခန်းမဆောင် တည်ဆောက်နိုင်ခဲ့သည်။ (၂၀၀၂) ခု ဇွန်လမှစ၍ မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။ (၂၀၀၃)ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်၍ ရေဒီယိုဗေရိတာစ် မြန်မာပိုင်း အစီအစဉ် ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ရသည်။

ဖါသာရ် စီပရီယမ် ဦးအောင်ဝင်း
Fr.Cyprian U Aung Win
    ဖါသာရ်စီပရီယမ် ဦးအောင်ဝင်းသည် (၁၉၆၄)ခု စက်တင်ဘာလ (၁၆)ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးသန်းမောင် ဒေါ်မြရွှေတို့ဖြစ်သည်။ ချမ်းသာရွာ၌ (၈)တန်းအောင်မြင်သည် အထိ ပညာသင်ကြားရင်း ဘာသာရေး အခြေခံအသိပညာများကိုလည်း ရဟန်း၊ သီလရှင်၊ ဓမ္မဆရာများထံမှ သင်ကြား နာယူခဲ့ရသည်။ ငယ်စဉ်က ရဟန်းဖြစ်လိုသော ဆန္ဒ ပြင်းပြခဲ့သည့် အလျောက် (၁၉၇၉)ခုနှစ် (၁၀)တန်း ရောက်သည့်အခါ ပြင်ဦးလွင်မြို့ရှိ စိန်အာလောရှက် အခြေခံ ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။
 
   (၁၀) တန်းအောင်မြင်ပြီးနောက် (၁၉၈၁)ခုနှစ်တွင် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီသို့ ၀င်ရောက်ခွင့် ရရှိခဲ့သည်။ ရဟန်းတို့ တတ်အပ်သော ပညာရပ်များကို စွမ်းစွမ်းတမံ လေ့လာ ဆည်းပူးအောင်မြင်ပြီးနောက် (၁၉၉၂)ခု သြဂုတ်လ (၂၉)ရက်နေ့တွင် မန္တလေးမြို့၌ ဦးပဉ္စင်းကြီး သိက္ခာခံယူခဲ့သည်။ ဦးပဉ္စင်းကြီးဘ၀နှင့် (၆)လတာနေရသည့် ကာလတွင် အဓိကအားဖြင့် ချမ်းသာရွာ ဆွေမျိုးဆက် ထွက်ပေါ်လာရေးအတွက် ဆရာတော်အား လက်လှမ်းမိသမျှ လေ့လာ ကူညီခဲ့သည်။ ဦးပဉ္စင်းကြီးဘ၀၌ပင် ဒီပဲယင်းမြို့နယ် ယင်းတွေရွာသစ်မှ နှစ်ပေါင်းများစွာ တိမ်မြုပ်နေခဲ့သော ကက်သလစ်ဘာသာဝင်များထံသို့ သွားရောက်နေထိုင်ကာ တရင်းတနှီး အားပေး စည်းရုံးခဲ့သည်။ (၁၉၉၃) ခု မတ်လ(၁၅)ရက်နေ့တွင် မွေးဖွားရာ ဇာတိဖြစ်သော ချမ်းသာရွာ၌ပင် အဖဆရာတော် အာလ်ဖုန်းဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာခံယူခဲ့သည်။

    ရဟန်းဘ၀ဖြင့် ရွှေဘိုသာသနာအုပ်စုတွင် ပါဝင်သော ဟံလင်းမြို့ဟောင်းမှ နှစ်ပေါင်း (၄၀)ခန့် အဆက်အသွယ်ပြတ်ခါ ကွယ်ပျောက်လုနီးပါး ဖြစ်နေသော ကက်သလစ်ဘာသာဝင်များနှင့် ရက်အနည်းငယ် သွားရောက်နေထိုင်ကာ ဘာသာရေး အခြေခံသဘောတရားများကို သင်ကြားပေးရင်း၊ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ မန္တလေးမြို့ စိန်ဂျိုးဇက်ကျောင်းထိုင် ဘုန်းတော်ကြီး ဖါသာရ်ကညုဦးလွန်းအောင် နိုင်ငံခြားခရီးသွားသဖြင့် ယင်းအုပ်စု ဘာသာဝင်များကို (၁၀)လကြာ ကြည့်ရှုခဲ့ရသည်။
 
    ထိုနောက် မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင်တက္ကသိုလ်တွင် လက်ထောက်အဖြစ် အမှုထမ်းရင်း မိထ္တီလာ၊ သာစည်၊ ရမည်းသင်း ဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ (၁၉၉၇)ခုနှစ် မေလတွင် အီတလီပြည် ရောမမြို့ရှိ (ALFONSIANA UNIVERSITY) အာလ်ဖွန်စီအားနား တက္ကသိုလ်တွင် (၁၉၉၇)ခုနှစ်မှ (၂၀၀၁)ခုနှစ်အထိ သင်ကြားခဲ့ရာ (၂၀၀၁)ခုနှစ်တွင် (Moral Theology) ပါရဂူဘွဲ့(Ph.D) ရရှိခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ (၂၀၀၂) မေလမှ စ၍ ပြင်ဦးလွင်မြို့ရှိ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ကျောင်းအုပ်အဖြစ် အမှုထမ်းရသည်။

ဖါသာရ်ပေါလ် ဦးထွန်းမြင့်
င်္Fr. Paul U Tun Myint
    ဖါသာရ်ပေါလ် ဦးထွန်းမြင့်သည် (၁၉၆၄)ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် မုံလှရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးပို ဒေါ်ထန်တို့ ဖြစ်သည်။ စတုတ္ထတန်းအောင်သည် အထိ မုံလှရွာ အစိုးရမူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ (၁၉၇၄)ခုနှစ်တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့ အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့ရာ (၁၉၈၁) ခုနှစ်တွင် (၁၀)တန်းအောင်သည်။ (၁၉၈၁) ခုနှစ်မှ (၁၉၉၂)ထိ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ရဟန်းတို့ တတ်အပ်သော ပညာရပ်များ သင်ကြားခဲ့သည်။ (၁၉၉၃)ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် မုံလှရွာ၌ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။
 
    ရဟန်းသိက္ခာခံယူပြီးနောက် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းတွင် လက်ထောက်အဖြစ် တနှစ် အမှုထမ်းပြီးနောက် (၁၉၉၄) ခုနှစ်မှ (၂၀၀၂)ခုနှစ်အထိ ကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့သည်။ (၂၀၀၂)ခုနှစ် မေလမှ စ၍ ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းခဲ့ရသည်။ နိုဝင်ဘာလမှ စ၍ ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ချောင်းရိုး၊ ရေဦး၊ ရွှေပြည်သာ၊ ဒီပဲယင်းရှိ ဘာသာဝင်များကိုပါ ကြည့်ရှုရသည်။ ချမ်းသာရွာ၌ သီတင်းသုံးစဉ် (၁၀)တန်း ကျောင်းသား (၉၀)ခန့်ကို ဓာတုဗေဒ၊ ရူပဗေဒနှင့် အင်္ဂလိပ်စာ ဘာသာရပ်များကို သင်ကြား ပို့ချပေးနိုင်ခဲ့သည်။

    ရေဦးတွင် ဘော်ဒါကျောင်းဆောက်လုပ်၍ ချမ်းသာရွာ၊ ရေဦး၊ မုံလှ၊ ချောင်းရိုး၊ ရွာတော်မှ ဘာသာဝင် ကျောင်းသားများ (၄၀)ခန့် လက်ခံ၍ ပညာသင်ကြားပေးခဲ့သည်။ ရှုပဗေဒဘာသာရပ်နှင့် အင်္ဂလိပ်စာဘာသာရပ်များကို ကိုယ်တိုင် သင်ကြား ပို့ချပေးခဲ့သည်။ ရေဦးတွင် ဘုန်းတော်ကြီးနေ ကျောင်းဆောက်လုပ်ခဲ့သည်။ ရေဦးမြို့ ဘုရားရှိခိုးကျောင်း ကောင်းကြီးပေးပွဲနှင့် ဘော်ဒါဆောင်ဖွင့်ပွဲကို အပြိုင်တည်း ကျင်းပပေးနိုင်ခဲ့သည်။

ဖါသာရ်ဆယ်ရယ် ဦးမြင့်စိုး
Fr. Cyril U Myint Soe
    ဖါသာရ်ဆယ်ရယ် ဦးမြင့်စိုးသည် (၁၉၆၄)ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးစင်း၊ ဒေါ်ခင်လှတို့ ဖြစ်သည်။ မိခင်ကွယ်လွန်ပြီး သုံးနှစ်သားအရွယ်တွင် ဆရာဦးညီညီ-ဒေါ်ပြုံးတို့မှ မွေးစားပြီး ကျောင်းထားပေးခဲ့သည်။ (၁၉၇၈)ခုနှစ် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၈၂) ခုနှစ်တွင် (၁၀)တန်းအောင်ပြီးနောက် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ရဟန်းတို့ တတ်အပ်သော ပညာရပ်များ သင်ကြားခဲ့သည်။ (၁၉၉၃)ခု ဇွန်လ (၂၀)ရက်နေ့တွင် ဦးပဉ္စင်းကြီး သိက္ခာကို မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ဘုရားရှိခိုးကျောင်းတွင် ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် လက်တော်မှ ခံယူရရှိခဲ့သည်။ (၁၉၉၄)ခု ဧပြီလ (၇)ရက်နေ့တွင် ချမ်းသာရွာ ဘုရားရှိခိုးကျောင်း ရာပြည့်ပွဲတော် အခမ်းအနား၌ ရဟန်းသိက္ခာကို ဆရာတော်အေ ဦးသန်းအောင်လက်တော်မှ ခံယူရရှိခဲ့သည်။
                                                      ရဟန်း သိက္ခာခံယူပြီးနောက် ရွာတော်ရွာတွင် (၃)လ သီတင်းသုံး နေထိုင်ခဲ့သည် (၁၉၉၄)  မှ (၁၉၉၇) ခုနှစ်အထိ မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ရင်း မိထ္တီလာ၊ သာစည်၊ ရမည်းသင်းသာသနာရှိ ဘာသာဝင်များကို ကြည့်ရှုရသည်။ ရမည်းသင်းသာသနာကို အသစ်ပြုပြင် ဖန်တီးမှုများ ပြုလုပ်ရသည်။ (၁၉၉၈) မှ (၂၀၀၂) ခုနှစ်အထိ မိထ္တီလာဘာသာဝင်များကို ကြည့်ရှုရသည်။ (၂၀၀၂) ခုနှစ် ဧပြီလမှ စ၍ ဇော်ဂျီရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ဇော်ဂျီ၊ မြောက်ကိုင်း၊ မြစ်ငယ်၊ ဆင်ဖြူ၊ မကျည်းတော၊ ဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ မန္တလေးသာသနာ ကရုဏာအသင်း၏ ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်ရသည်။

    ဖါသာရ်ဆယ်ရယ် ဦးမြင့်စိုးသည် စာပေ၀ါသနာပါသူ တစ်ဦးဖြစ်သည်။ ကြိုးကြာ၊ နီလာစိုး၊ သူရိန်စိုး ဟုသော ကလောင်အမည်များဖြင့် ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ““နေ့စဉ်မစ္ဆားတရား၌ အသုံးပြုသော ဆာလံများ””ဟု အမည်ရသော စာအုပ်ကိုလည်း ရှာဖွေပြုစု ထုတ်ဝေဖြန့်ချီ ခဲ့သည်။

ဖါသာရ် မာတင်ဦးကျော်နိုင်
Fr. Martin U Kyaw Ning
     ဖါသာရ်မာတင် ဦးကျော်နိုင်သည် (၁၉၆၂) ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့တွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးညွှန့်မောင်ဒေါ်ခင်အေးတို့ ဖြစ်သည်။ ချောင်းဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် (၁၀)တန်းအောင်သည် အထိ ပညာသင်ကြားခဲ့သည်။ (၁၉၇၉)ခုတွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့သည်။ (၁၉၈၃)ခုတွင် ကိုရင် သင်္ကန်းရရှိခဲ့ပြီး ရန်ကုန် ရဟန်းဖြစ်သင်
တက္ကသိုလ် မေဂျာဆေမီနာရီတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၈၄-၈၅)တွင် မန္တလေး ပြန်လာပြီး စာပေးစာယူသင်တန်း တက်ရောက် သင်ကြားခဲ့သည်။ (၁၉၈၆)ခုနှစ်တွင် ဘွဲ့ ရရှိခဲ့သည်။

    (၁၉၈၇) မှ (၁၉၈၉) အထိ ပြင်ဦးလွင် ဖီလော်ဆော်ဖီ ပညာသင်ကြားခဲ့သည်။ ထိုနောက် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ်၌ သီအိုလိုဂျီပညာကို (၁၉၈၉) ခုနှစ်မှ (၁၉၉၃)ခုနှစ် အထိ သင်ကြားခဲ့သည်။ (၁၉၉၄)ခု ချမ်းသာရွာ ဘုရားကျောင်း ရာပြည့်ပွဲတွင် ဦးပဉ္စင်းကြီး သိက္ခာခံယူပြီး (၁၉၉၄) နိုဝင်ဘာ (၁၉)ရက်နေ့တွင် ချောင်းဦးမြို့၌ ဆရာတော်အေဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် (၁၉၉၅) ဇန်န၀ါရီလတွင် စတင်၍ တောင်တွင်းကြီးမြို့နယ် သရက်ခုံကျေးရွာ လက်ထောက် ဘုန်းတော်ကြီး အဖြစ် အမှုတော်ထမ်းခဲ့သည်။ သရက်ခုန်ရွာ မယ်တော်ဂူလိုင်နှင့် ဘုရားကျောင်း ဆောက်လုပ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ နွေရာသီတွင် ကလေးများကို (၅)တန်းမှ (၁၀)တန်း အထိ စာသင်ကြားပေးခဲ့သည်။ (၂၀၀၂)ခုနှစ် ဂျွန်လတွင် ရွှေဘိုမြို့နယ် ရွာတော်ရွာ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ ရွာတော်ရွာသည် အိမ်ခြေ (၂၃၈)အိမ်ရှိသည်။ ရပ်ကွက် (၆)ရပ်ကွက်ခွဲထားသည်။ ရွာတော် ဘာသာဝင်များ သက်သာချောင်ချိရေးနှင့် ဖွံ့ဖြိုးမှုအတွက် ၀က်လိုင်စင်ကို တာဝန်ယူ၍ ဆွဲပေးထားနိုင်ခဲ့သည်။ နွေရာသီတွင် (၅)တန်းမှ (၁၀)တန်းအထိ ကလေးများ စာသင်ကြား ပေးနိုင်ခဲ့သည်။ တစ်အိမ်ထောင်လျင် တစ်လ (၅၀)ကျပ်နှုန်း ကောက်ခံ၍ လူကြီးတစ်ဦး ကွယ်လွန်လျှင် (၅၀၀၀)ကျပ် ထောက်ပံ့နိုင်ခဲ့သည်။

ဖါသာရ်နီကောလပ်စ်ဦးပြုံးချို
Fr. Nicholas U Pyaohn Cho
    ဖါသာရ်နီကောလပ်စ် ဦးပြုံးချိုသည် (၁၉၆၃)ခု စက်တင်ဘာလ (၁၅)ရက်နေ့တွင် ရွှေဘိုခရိုင် ရေဦးမြို့၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘချို ဒေါ်ညိုတင်တို့ဖြစ်သည်။ ရေဦးမြို့ အမှတ်(၁) အစိုးရ အထက်တန်းကျောင်းတွင် သတ္တမတန်းအောင်သည် အထိ ပညာသင်ကြားခဲ့ပြီးနောက် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ (၁၉၇၈)ခု မေလတွင် ၀င်ရောက်ခဲ့သည်။ မေမြို့ အမှတ် (၃)အထက်တန်းကျောင်းမှ (၁၀)တန်း အောင်ခဲ့သည်။
 
    (၁၉၈၂)ခုနှစ်တွင် ရန်ကုန် ရဟန်းဖြစ်သင် တက္ကသိုလ် မေဂျာဆေမီနာရီသို့ တက်ရောက် သင်ကြားခဲ့ရာ ဖီလော်ဆော်ဖီဘာသာရပ် မပြီးခင် မန္တလေးသို့ ပြန်လာပြီး မန္တလေးတက္ကသိုလ် စာပေးစာယူသင်တန်း တက်ရောက် သင်ကြားခဲ့သည်။ (၁၉၈၇)တွင် ဘွဲ့ရရှိခဲ့သည်။ (၁၉၈၈)မှ စ၍ ဖီလော်ဆော်ဖီ (၂)နှစ် ပြန်သင်ခဲ့ရသည်။ (၁၉၉၀) ပြည့်နှစ်မ စ၍ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်၌ သီအိုလိုဂျီပညာ ဆက်လက်သင်ခဲ့ရာ (၁၉၉၄)ခုနှစ်တွင် ပြီးခဲ့သည်။ (၁၉၉၄)ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ရေဦးမြို့၌ ဆရာတော် အာလ်ဖုန်းဦးသန်းအောင်လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။
 
    ရဟန်းသိက္ခာ ခံယူပြီးနောက် တောင်တွင်းကြီးမြို့နယ် ချင်းညောင်ပင်သာရွာ လက်ထောက် ဘုန်းတော်ကြီးအဖြစ် သာသနာအမှုတော် ထမ်းဆောင်ခဲ့သည်။ သဲဖြူနှင့် ချင်းသပြေပင်ရွာများကို ကြည့်ရှုရသည်။ သဲဖြူတွင် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန် ပစ္စည်းများ စုဆောင်း၊
အုတ်မြစ်ချနိုင်ခဲ့သော်လည်း အထက် အာဏာပိုင်တို့၏ ခွင့်ပြုချက် မရရှိသဖြင့် ဆက်လက် ဆောက်လုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ (၂၀၀၂)ခုနှစ်တွင် စစ်ကိုင်းခရိုင် နဘက်ရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။

ဖါသာရ်ြုသဂုတ်စတင်းဦးဝင်းရွှေ
င်္Fr. Augustine U Win Shwe
    ဖါသာရ်သြဂုတ်စတင်း ဦးဝင်းရွှေသည် (၁၉၆၁)ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့တွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးသိန်းဌေးနှင့် ဒေါ်ခင်သန်းတို့ဖြစ်သည်။ မွေးချင်း (၉)ယောက်ရှိသည် အနက် တတိယသားကြီးဖြစ်သည်။ ချောင်းဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ရာ (၁၉၈၄) ခုနှစ်တွင် (၁၀)တန်း အောင်မြင်ခဲ့သည်။ (၁၉၈၅)ခုနှစ်တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းဝင်၍ ထိုနှစ်မှာပင် တက္ကသိုလ် ပထမနှစ် ဖြေဆိုအောင်မြင်ခဲ့သည်။ (၁၉၈၆) ခုနှစ်တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရာယ်ဘုရားကျောင်း အနီးရှိ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ နောက်ဆုံးနှစ် တက္ကသိုလ်စာမေးပွဲဖြေဆိုရမည့် (၁၉၈၈)ခုနှစ် တိုင်းပြည် စီးပွားရေး ကမောက်ကမဖြစ်ပြီး နိုင်ငံရေး ရှုတ်ထွေးမှုများ ဖြစ်လာသောကြောင့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက စာသင်ကျောင်းများကို သုံးနှစ် သုံးမိုးပိတ်ထားသောကြောင့် (၁၉၉၁)ခုနှစ် ရောက်မှ တက္ကသိုလ်ဘွဲ့ရရှိခဲ့သည်။

    (၁၉၈၉-၉၀) နှစ်များတွင် မေမြို့ (ပြင်ဦးလွင်)ရှိ ရဟန်းဖြစ်တက္ကသိုလ်တွင် ဒဿနိကဗေဒ ဘာသာရပ် (Philosophy) ဘာသာရပ်ကို အဓိက သင်ကြားခဲ့သည်။ (၁၉၉၂) မှ (၁၉၉၆) ခုနှစ် အထိ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဘာသာဗေဒ (Theology) ပညာရပ်ကို အဓိက သင်ကြားပြီးနောက် (၁၉၉၆)ခုနှစ် မေလ (၈)ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်း၌ ဦးပဉ္စင်းကြီးသိက္ခာ ခံယူခဲ့သည်။ (၁၉၉၆)ခု နိုဝင်ဘာလ (၁၃)ရက်နေ့တွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ရွာ စိန်ဂျွန်ဗပ္ပတစ္စဘုရားကျောင်းတော်၌ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။
 
    (၁၉၉၇) ခုနှစ် ဧပြီလ (၂၄)ရက်နေ့တွင် မန္တလေးမြို့ စိန်ဇေးဗီးယားဘုရားရှိခိုးကျောင်း ကျောင်းထိုင်ဘုန်းကြီး ဖါသာရ်သြဂုတ်စတင်း ဦးစို ပျံလွန်တော်မူသဖြင့် ထိုနှစ်မေလမှ စ၍ စိန်ဇေးဗီးယားအုပ်စု ဘာသာဝင်များကို တာဝန်ယူ ကြည့်ရှုခဲ့ရသည်။ (၂၈.၈.၉၇) နေ့တွင် မြစ်ငယ်မြို့မှ ဦးမြင့်ဝေ+ဒေါ်နုတို့က စိန်ဇေးဗီးယားကျောင်းအတွက် ရေခဲသေတ္တတစ်လုံး လှူဒါန်းခဲ့သည်။ ဖါသာရ် ဦးဝင်းရွှေသည် (၁၉၉၇)ခုနှစ်တွင် စိန်ဇေးဗီးယာုးသာသနာ့ အကျိုးဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး သာသနာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ (၁၉၉၇) ခု ဇွန်လတွင် ဘုရားကျောင်း ရှေ့ပိုင်း ကျောက်ပြားများ ခင်းနိုင်ခဲ့သည်။ အင်ပလီဖိုင်းယား (၂)လုံးနှင့် ဆောင်းဘောက် (၂)လုံးဝယ်ယူ၍ ဘုရားရှိခိုးကျောင်းအတွက် အသုံးပြုခဲ့သည်။ လျှပ်စစ်မီး အချိန်မှန်မရရှိသဖြင့် (၁၉၉၈)ခုနှစ်တွင် အင်ဂျင်မီးစက် (၂)လုံးဝယ်ယူ၍ ဘုရားကျောင်းအတွက် အသုံးပြုခဲ့သည်။ မီးဆိုင်း(၉)ခုကိုလည်း ဘုရားကျောင်း၌ တပ်ဆင်နိုင်ခဲ့သည်။ ဘုရားကျောင်းကိုလည်း ဆေးသုတ် မွမ်းမံခဲ့သည်။ (၁၉၉၉)ခုနှစ်တွင် ဘုရားကျောင်းဝင်းတခုလုံး အုတ်ခင်းနိုင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသို့ အလည်သွားရောက်စဉ် မယ်တော်၏ပုံနှင့် ခရစ်တော်၏ ပုံတော်ကြွေပြားများ ၀ယ်ယူလာပြီး စိန်ဇေးဗီးယားဘုရားကျောင်း ဘုရားစင်ခန်းတွင် တပ်ဆင်ခဲ့သည်။ မယ်တော်၏ မွေးနေ့ရက်များတွင် ဘုရားကျောင်း တက်ရောက်သူများပြား၍ ထိုင်ခုံများ မလုံလောက်သဖြင့် အပြင်မှ ငှားရမ်းအသုံးပြုခဲ့ရသည်။ (၁၉၉၉) ခုနှစ် မယ်တော်မွေးနေ့ပွဲတော်တွင် ထိုင်ခုံများ ငှားရမ်းအသုံးမပြုတော့ဘဲ နောင်အစဉ် အသုံးပြုသွားရန် ပလပ်စတစ်ထိုင်ခုံ (၅၀၀)ကို ကျောင်းပိုင်အဖြစ် ၀ယ်ယူအသုံးပြုခဲ့သည်။(၂၀၀၀)ပြည့်နှစ် ဧပြီလတွင် ဗေလန်ကန်နီမယ်တော်၏ အဆောင်တော်ကို အောက်ကြမ်းပြင်နှင့် အပြင်နံရံများကို ကျောက်ပြား အသစ်များခင်းသည်။(၂၀၀၀)ပြည့်နှစ် ဇွန်လတွင် ဘုရားစင်ခန်း ကျောက်ပြားများ ခင်းခဲ့သည်။ (၁၃.၈.၂၀၀၁)နေ့တွင် လှံ (၇)စင်း မယ်တော် (နာကျင်ခြင်း ၇ထွေမယ်တော်) ဗိမာန်တည်ဆောက်၍(၈.၉.၂၀၀၁) နေ့တွင်၊ ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် ကိုယ်တိုင် ကောင်းကြီးပေး ဖွင့်လှစ်ခဲ့သည်။ (၂၀၀၁) ဒီဇင်ဘာလတွင် ဘုရားကျောင်းကြမ်းပြင် အားလုံးကျောက်ပြားများ ခင်းရာ (၂၁.၁၂.၂၀၀၁)နေ့တွင် ပြီးစီးခဲ့သည်။ ဖါသာရ်ဦးဝင်းရွှေသည် (၂၀၀၂)ဇွန်လမှ စ၍ ချောက်မြို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။
 
 ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၃၀)

Read More...