Wednesday, May 8, 2013

တိတ်ဆိတ်ခြင်း၏အသံ (The Womb of Silence)

   လေပြင်း တိုက်ခတ်နေချိန်၌လည်း မဟုတ်ပါ။ လျှပ်စီးများ ၀င်းလက်နေချိန်မှာလည်း မဟုတ်ပါ။ အငြင်းအခုံများနှင့် ဆူညံနေချိန်၌လည်း မဟုတ်သေး။ သို့ သော် အလွန် ဆိတ်ငြိမ်နေသော အချိန်လေးမှာ - တိုးတိတ် ငြင်သာသော၊ အေးချမ်းသော ဘုရားရှင်၏ အသံကို သင် ကြားရလိမ့်မည်။ ထို့ကြောင့် ခေတ္တခဏ မျှ ငြိမ်ငြိမ်လေးနေ ကြည့်ပါ။ အတိတ်ကိုလည်း ငြိမ်သက်ခြင်း၌ နှစ်မြှပ် လိုက်ပါ။

    အကျိုးမရှိသော နောင်တများကိုလည်း ရ မနေပါနှင့်တော့၊ အတိတ်မှ ကျဆုံးမှုများကို လွှင့်ပစ်လိုက်ပါ။ ခါးသီးခြင်းများ မရှိပါနှင့်တော့၊ ကိုယ့်ကိုယ်ကို အပြစ် မတင်ပါနှင့် တပါးသူ အပြစ်ကိုလည်း မေ့ထား လိုက်ပါ။

တစ်ကိုယ်တည်း တိတ်ဆိတ်စွာ နေကြည့်လိုက်ပါ-ထိုအခါ သင် အလွန် အေးချမ်း သွားပါလိမ့်မည်။ သင့် ဦးနှောက်မှ ကြားသမျှ၊ မြင်သမျှ အားလုံးကို ဖယ်ရှား ထားလိုက်ပါ။ ထိုအခါ ကောင်းမွန် မြင့်မြတ်သော အတွေးများကို သင် တွေးမိ လာပါလိမ့်မည်။

    သင့်ဘ၀ကို ခေတ္တခဏမျှ ဘုရားသခင်ထံ လုံးဝ အပ်နှံ ထားလိုက်ပါ။ ထိုအချိန်မှာ ထာဝရ ငြိမ်းချမ်းခြင်းကို သင် ထိတွေ့ လာလိမ့်မည်။ ရင်ထဲမှာ ရိုးသားစွာဖြင့် မေတ္တာတရားကို မွေးမြူကာ၊ ဘုရားရှင်ထံ သင့်ဘ၀ တစ်ခုလုံးကို အပ်နှံ ထားလိုက်ပါ။ ထိုအခါ ထာဝရ ငြိမ်းချမ်းခြင်းက သင့်ထံကို ဖြေးညှင်းစွာ ၀င်ရောက် လာပါလိမ့်မည်။ နောက်ဆုံး၌ ဘုရားရှင်၏ အေးငြိမ်းသော အသံကို သင် ကြားရမည်ဖြစ်သည်။ ထိုအခါ သင်သည် ဘုရားရှင်နှင့် ပေါင်းစပ်သွားပြီး ဖြစ်သည်။ ထိုအချိန်မှာ သင့်ကို ဘုရားရှင်မှ အဖြေ မပေးသေးသော်လည်း၊ သင့် အနားမှာ သူရှိနေသည်ကို ယုံကြည် ထားလိုက်ပါ။ ဘုရားရှင်၏ ငြိမ်သက်ခြင်းသည် မေတ္တာတရား ပြည့်ဝနေသော ငြိမ်သက်ခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်း တိတ်ဆိတ်စွာဖြင့် သူ့အဖြေကို စောင့်နေလိုက်ပါ။ သေချာပေါက် မေတ္တာနှင့် ပြည့်ဝသော အဖြေတစ်ခုကို သင် မကြာ မီ ရရှိတော့မည် ဖြစ်သည်။

Ref: Finding your Hidden Treasure
(The Way of Silent Prayer)
Beningus O'Rouke. O.S.A

ဘုရားရှင်ထံထာဝရအစေခံလျက် 
ကက်သလင်းခင်