Tuesday, April 30, 2013

ချမ်းသာကြွယ်ဝတဲ့ ဇာမိုရာရဲ့ ဒဏ္ဍာရီ


Zamora လို့ အမည်တွင်တဲ့ စပိန်နိုင်ငံသား တစ်ဦးဟာ ဟိုခေတ်ဦး ကာလမှာတုန်းက သူ့ရဲ့ ဇာတိ မြေကို စွန့်ခွါပြီး Mexico နိုင်ငံကို ရောင်းဝယ်ဖောက်ကားဖို့ ထွက်ခွါ သွားခဲ့တယ်။  အဲဒီမှာငွေ အဿပြာ၊ ဥစ္စာ ပစ္စည်းများ အတော်အတန် စုဆောင်း ရရှိတဲ့ အခါမှာမှ၊ သူဟာ ကိုယ့်နိုင်ငံကိုပြန်ပြီး၊ စုဆောင်းခဲ့တဲ့ ဥစ္စာဓန တွေနဲ့ ဆွေမျိုး နီးစပ်တော်စပ်တဲ့ ညီအစ်ကိုမောင်နှမ တွေနဲ့ ပျော်ရွှင်စွာနေတော့မယ် ဆိုပြီး ကိုယ့်မွေးရပ် မြေကိုပြန်ဖို့ သန္နိဌာန်ချပြီး ပြန်လာခဲ့ပါတယ်။

သူဟာ Seville မြို့ကိုရောက်ဖို့ ခရီးနှင်လာတဲ့ အခါမှာ ငါ့ သူငယ်ချင်း၊ ငါ့ညီအကိုတွေ င့ါကို အမှန်တကယ် ချစ်ခင်မြတ်နိုးခြင်း ရှိ၊ မရှိဆိုတာ စစ်ဆေးကြည့် အုံးမှပဲ ဆိုတဲ့ အတွေးတခုပေါ်လာခဲ့ပါတယ်။  ဒီလိုနဲ့ သူ အိမ်ကိုရောက်တဲ့ အခါ၊ သူဖခင်က အရင်ဆုံး ထွက်လာ ပြီး ဆီးကြိုတော့ သူက ဆင်းရဲသား အသွင်ဖြစ်နေပြီး၊ သူ့ရဲ့အောင်မြင်မှုတွေမေးတဲ့ အခါမှာ အင်မတန်မှ စိတ် ပျက်အားလျော့တဲ့လေသံနဲ့ အဆင်မပြေလာတဲ့ အ ကြောင်း ပြန်ဖြေ လိုက်ပါတယ်။

သူ့ရဲ့ ဖခင်ကတော့ သူ့သား ဘယ်လိုပဲပြန်ခဲ့ပါ စေ၊ မပြောင်းလဲတဲ့မေတ္တာနဲ့ သူ့ကို လက်ခံ ကြိုဆို ခဲ့ပါတယ်။  ကျန်တဲ့ သူ့ ညီအစ်ကိုတွေ ကတော့ သူ့ဆီက နေ မျှော်မှန်းထားတဲ့ ငွေကြေးတွေလည်း ပါမလာ တော့၊ သူတို့အတွက် အကျိုးအမြတ်ဘာမှမရှိဘူးဆို ပြီး၊ သူ့ကို စိတ်ပျက်တဲ့ အကြည့်နဲ့ကြည့် ကြပြီး အလိုမကျဖြစ် နေကြ ပါတယ်။

ဒီလိုနဲ့ Zamora ဟာ လေးရက်လုံးလုံး အမှန် တရားကို ဖုံးကွယ်ပြီးနေခဲ့ရာမှ၊ ငါးရက်မြောက်တဲ့နေ့ ကျတော့ ဘယက် တန်ဆာနဲ့ ရွှေဆွဲကြိုးကို ဆွဲပြီး ကတ္တီပါဝတ်ပြီး ဆင်ချုံ ရုံပြီး ထိုခေတ်ကာလက မြင်းစီး သူရဲ ကောင်းတွေ ၀တ်လေ့ရှိတဲ့ ဆင်ယင်မှုတွေကို ၀တ်ဆင်လိုက် ပါတယ်။  အခုလိုပြောင်းလဲ သွားတဲ့ သတင်းကို သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ၊ သူ့ ညီအစ်ကိုတွေ အပြင် အနား ပတ်ဝန်းကျင်က မိတ်ဆွေ သူငယ်ချင်း တွေပါ သိသွား ကြပါတယ်။  အဲဒီ အချိန်ကျတော့ သူ့ကို အိမ်မှာ ပရိသတ် လူအစုအဝေး များစွာနဲ့ သူ့ညီအစ်ကို တွေဟာ ယဉ်ကျေး ပျူငှါတဲ့ အမူအရာတွေနဲ့ Zamora သိအောင်ရောက်လာ ကြပါတယ်။

ဒါပေမဲ့ Zamor ဟာ ဒီလို တန်ဖိုးမဲ့တဲ့ အမူအရာ တွေနဲ့ သူ့ကို ကြည့်ရှု ဆက်ဆံတာကို ကြည့်ရင်း ရင်ထဲမှာ ခံစားနေရပါတယ်။  “ငါဟာ Zamora မဟုတ်၊ ပိုက်ဆံ တပြားမှ မရှာဖွေနိုင်တဲ့ ဆင်းရဲသား တစ်ယောက် ဆိုတာ မနေ့ကထိတော့ ဟုတ်တယ်။  ဒီနေ့ကတော့ ပိုးဖဲကတ္တီပါနဲ့ ရွှေတွေတောက်ပစွာ ၀တ်ထားတဲ့သူ တစ်ယောက်ဖြစ်နေပါပြီ၊ ဒါပေမဲ့ ငါဟာ မပြောင်းလဲ ပါဘူး။  နင်တို့က ငါ့ကို ချစ်တာ မဟုတ်ဖူး၊ ငွေကြေး ဓနအ ဆောင်အယောင်တွေကို နှစ်သက်တာ။  ငါ့အဖေဆီ မှာသာ ခိုင်မြဲပြီး သစ္စာရှိတဲ့ ချစ်ခြင်းမေတ္တာ ရှိတာကို ငါ တွေ့ရတယ်” လို့ ပြောလိုက်ပါတယ်။

ပြီးတော့ သူပိုင်တဲ့ငွေကြေးတွေကို သူ့ဖခင်နဲ့ ဆင်းရဲသားတွေကို ခွဲဝေပေးပြီး၊ Zamora ဟာ သန္နိ ဌါန်ချပြီး စပိန်နိုင်ငံကို ဘယ်တော့မှ ပြန်မလာတော့တဲ့ ခွဲခွါခြင်းတွေနဲ့ ထွက်ခွါ သွားပါတော့တယ်။  သူဟာ လူသားတွေရဲ့ တန်ဖိုး အမဲ့ဆုံး တုံ့ပြန်မှုက သူ့ရင်ကို ထိခိုက် စေပြီး၊ ဒီ ချစ်ခြင်းမေတ္တာမဲ့တဲ့ နှောင်ကြိုးတွေ ကိုဖြတ် ပြီး၊ သူတကိုယ်တည်းပဲနေတော့မယ်လို့ ဆုံးဖြတ်ပြီး၊ ထွက်ခွါသွားပါတော့တယ်။

နောက် မကြာတော့တဲ့ အချိန်မှာ သူဟာ Dominican  ဘုန်းကြီးကျောင်းမှာ ကိုယ့်ရဲ့ နှလုံးသားကို ဘုရားသခင် တစ်ဦးတည်း ဆက်ကပ် အပ်နှံထားကြတဲ့ ညီအစ်ကိုတွေနဲ့ ဘ၀ကို အဆုံးသတ် ခဲ့ပါတော့တယ်။

ကျန်းမာ ချမ်းသာတဲ့ ညီအစ်ကိုမောင်နှမတွေက၊ မကျန်း မမာရဲ့  ဓန အင်အားချို့တဲ့ ညီအကိုမောင်နှမ အချင်းချင်း စာနာတတ်ပါစေလို့ ရည်ရွယ်၍

June Rose


Read More...

Wednesday, April 3, 2013

သာယာသော ဘ၀ဥယျာဉ်ဖြစ်စေရန်....

    ပန်းဥယျာဉ် သို့မဟုတ် ပန်းခြံလို့ ပြောလိုက်ရင် လူတိုင်းရဲ့ ရင်ထဲမှာ သာယာစိုပြေမှု ကိုမြင်ယောင် ခံစားမိ ကြပါတယ်။ ဒါ့အပြင် ပန်းခြံဆိုတာ လူတွေကို အပန်း ပြေစေတယ်။ လန်းဆန်းမှုကိုဖြစ်ပေါ်စေတဲ့ သဘော တရားလည်း ရှိပါတယ်။ တဆက်တည်းမှာပဲ ပန်းခြံဆို ရင်သာယာ စိုပြေ လန်းဆန်းပြီး ငြိမ်းချမ်းတဲ့ စိမ်းလန်း  ပန်းတွေနဲ့ နားနေချင်စရာ အရိပ်များနဲ့ ပြည့်နေတဲ့ အ ဖြစ်အခြေ အနေကိုပဲ ကြိုက်နှစ်သက်ကြပြီး၊ ဆူပင်၊ ခြုံပင်၊ ပေါင်းမြက်တွေနဲ့ပြည့်နေတဲ့ ပန်းခြံကိုတော့ ဘယ် သူကမှ မနှစ်သက်တတ် ကြတဲ့ အပြင် ပန်းခြံလို့လည်း မမှတ်ယူ ကြပါဘူး။

 ဒီ သဘောတရား အတိုင်းပါပဲ ကျွန်မတို့ တစ်ဦးချင်းစီဟာလည်း  ကျွန်မတို့နဲ့ နီးစပ်တဲ့ လူတွေရဲ့ ဘ၀ကို ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တဲ့ပန်း ဥယျာဉ်လေးတွေဖြစ်ဖို့ လိုအပ် ပါတယ်။ လှပတဲ့ပန်း ဥယျာဉ် တစ်ခုဖြစ်ဖို့ အတွက်၊ ပန်းပင်တွေကောင်းစွာ ရှင်သန်နိုင်ဖို့ အတွက် မလိုလား အပ်တဲ့မြက်ပင်၊ ချုံပင် တွေကိုနှုတ်ပစ်ပေးရင်္ပြီး၊ အပင်တွေကို ကြီးပွားစေတဲ့ မြေသြဇာ ထည့်၊ ရေလောင်းခြင်းနဲ့ အတူ တခြားသော လိုအပ်ရာတွေကို တစိုက် မတ်မတ် ထည့်ပေး ကြရပါတယ်။  ကျွန်မတို့ရဲ့ ဘ၀ ဥယျာဉ် လှပ စိုပြေစေဖို့လည်း မလိုလား အပ်တဲ့ပေါင်းမြတ်နဲ့ တူတဲ့ စိတ်နေ သဘောထား အကျင့် စရိုက်တွေကို ပယ်ထုတ် ပစ်ပြီး ၊ အပင်ကို ကြီးထွားစေနိုင်တဲ့မြေသြဇာနဲ့ တူတဲ့ စိတ်နေ သဘော ထားတွေကို ထည့် သွင်းပေးကြ ရမှာဖြစ်ပါတယ်။

ကျွန်မတို့ အတွက်  နှုတ်ပစ်ရမည့်ပေါင်းမြတ်တွေ ကတော့-
  • ဧဖက်  ၄း ၂၉ (က) ၊ ၃၁။    ။သင်တို့ နှုတ်မှ မကောင်းသော စကားထွက် မလာစေနှင့်။ ခါးသီး နာကြည်းခြင်း၊ ဒေါသ စိတ် မထိန်းနိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငမ်းခြင်းနှ င့်  အသေရေ ဖျက်ဆီးခြင်း စသော မကောင်းမှု အားလုံး တို့ကို ဖယ်ရှားကြလော့။
  • ယာကုပ် ၄း ၁၁။        ။ သင်တို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် မကောင်းကြောင်း မ ပြော ကြနှင့်။ 
  • ပ-ပေတရု  ၃း ၉။        ။ မကောင်းမှုကို မကောင်းမှုနှင့် လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်းနှင့် လည်းကောင်း     မည်သောအခါမျှမတုံ့ပြန်လေနှင့်။
  • ဖိလိပိ ၂း ၁၄။            ။ သင်တို့ပြုသမျှတို့ကို မညည်းတွား မဝေဖန်ဘဲပြုဆောင်ရွက် ကြ လော့။
  • မာတေဦး ၇း ၁။            ။ သူတစ်ပါးကို စီရင် ဆုံးဖြစ်ခြင်း မပြုကြနှင့်။
  •  ရောမ  ၁၂း ၁၇၊ ၁၉။        ။သင့်ကိုယ်သင် ပညာရှိသည်ဟု မထင်လေနှင့်။ မည်သူ့ကိုမျှ မကောင်းမှု ကို မကောင်းမှုနှင့် မတုံ့ပြန်ကြနှင့်။ မည်သည့် အခါမျှ လက်စားချေခြင်း မပြုကြနှင့်။

ထည့်ပေး ရမည့်မြေသြဇာ များ ကတော့-
  • ဧဖက် ၄း ၂၉ (ခ) ၊ ၃၂။        ။ သင်တို့၏ စကားကို ကြားသော သူတို့ကို အကျိုး ခံစားရစေခြင်းငှာ အခွင့်အခါ ကြုံလျှင်  ကောင်းသော အပြုသဘော စကားကို ဆိုကြလော့။ သင်တို့သည် တစ်ဦးကို တစ်ဦး သနား ကြင်နာခြင်း၊ ကိုယ်ချင်းစာ ညှာတာခြင်း ရှိကြလော့။ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကို ခွင့်လွှတ်တော်မှု သကဲ့သို့ သင်တို့သည်လည်း တစ်ဦး အပြစ်ကို တစ်ဦး ခွင့်လွှတ်ကြလော့။
  • ဧဖက် ၅း ၄။            ။သင်တို့သည်ကျေးဇူးတော် ချီးမွမ်းသော စကားကိုသာပြောဆို ကြလော့။
  •  ကော်လောဆေ ၃း ၁၂။        ။သနား ကရုဏာ ထားခြင်း၊ ကြင်နာခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းနှင့် စိတ်ရှည် သည်းခံခြင်း တို့ကို ၀တ်ဆင်ကြလော့။
  •  ရောမ ၁၂း ၁၀။             ။တစ်ဦးကို တစ်ဦး ညီအစ်ကိုကဲ့သို့ အပြန်အလှန် ချစ်ခင် ကြလော့။ တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစား ကြလော့။
  •  ပ- ကော်ရိန်သု ၁၃း ၄-၈။    ။ ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲ စိတ်ရှည်တတ်၍ ကြင်နာ သနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်း မရှိ၊ ၀ါကြားခြင်း မရှိ။ မာန်မာန မရှိ။ ချစ်ခြင်းမေတ္တာသည် ရိုင်းပျသော အမှုကို မပြုတတ်။ ကိုယ်ကျိုးကို မရှာတတ်။ အမျက်ဒေါသ မထွက်တတ်။ မိမိ အပေါ် သူတစ်ပါးပြုသော အမှုကို မှတ်သား မထားတတ်။ သမ္မာတရား၌ ၀မ်းမြောက်တတ်၏။ ချစ်ခြင်း မေတ္တာသည် အရာရာကို ခံထမ်း နိုင်၏။ ချစ်ခြင်းမေတ္တာသည် အဆုံး မရှိ။
  • ဧဖက် ၄း ၂-၃ (က)     ။    ။စိတ်နှိမ့်ချခြင်းနှင့် နူးညံ့ သိမ်မွေ့ ခြင်း၊ စိတ်ရှည် သည်းခံခြင်းနှင့် တစ်ဦးကို တစ်ဦးကို တစ်ဦး ချစ်ခြင်းမေတ္တာဖြင့် အနစ်နာခံခြင်း။
  • ပ-ပေတရု  ၃း၈။        ။စာနာထောက်ထားတတ်ခြင်း၊ ညီအစ်ကို ချင်းချင်း ချစ်ခင်ခြင်း ၊နူးညံ့ သိမ် မွေ့သောနှလုံးသားနှင့် နှိမ့်ချသော စိတ်ထားရှိကြရန်...

အထက်ပါဖေါ်ပြ ခဲ့တဲ့ဘ၀မှာနှုတ်ပစ်ရမည့်ပေါင်းမြက်တွေကိုနှုတ်ပြီး၊ ထည့်ပေးရမည့်မြေသြဇာများကို ဖြည့် ဆည်းပေးကြရင်း လူသားအပေါင်းအား သာယာ စိုပြေ လန်းဆန်းမှုကို ဖန်တီးပေးစွမ်း နိုင်တဲ့ ဘ၀ ဥယျာဉ်များကို ပိုင်ဆိုင်နိုင်ကြရန် ကြိုးစားသွားကြပါစို့။။
 စိမ်းယုဝေ

Read More...