Monday, January 7, 2013

အပြစ်သားရယ်၊ အချစ်ဘုရားရယ်


အပြစ်ဖွဲ့လူသား
အချစ်နဲ့ ဘုရားကို
ထောက်ထား မညှာ
ဖောက်ပြား ထွက်ပြေး
ဘုရားကို အဝေးချန်ရစ်
အပြစ်နွံထဲ နစ်ပြီ ဆိုကာမှ
အော်ဟစ် တစာစာ
မျှော်လင့် အခါခါနဲ့
သြော် . . . သူ့ခမျာ ကယ်သူမဲ့ ရှာလို့ပေါ့။

တကယ်ဆို တို့ဘုရား
စွမ်းအားတွေသုံး ဗြုန်းကနဲ လွတ်စေ
တစ်ချက်ကလေး အမိန့်ခြွေလိုက်နိုင်သော်လည်း . . .
မင်းအာဏာသုံး သြဇာတွေဖုံးပြီး
တစ်လောကလုံးကို လုံးလုံးကယ်ချွတ်နိုင်သော်လည်း . . .

နှိမ့်ချတဲ့ ဘုရား
နွားစားခွက်မှာ ဖွားမြင်
လူ့အမြင်မှာတော့ သေးနုပ်တယ်လို့ထင်ရပေမဲ့
ရွေးနှုတ်ကယ်ဖို့ နည်းလမ်းတစ်ခု
အချစ်နဲ့ အစပြုလို့ရယ်
အားနည်းတယ်ဆိုတဲ့ လူ့အဖြစ်ကိုခံယူ
အပြစ်မှောင်တွင်းက လူကို
အချစ်ရောင် လင်းပြကူဖို့
လူ့ဘောင်ကို ဆင်းကြွလာခဲ့ပြီပေါ့။

                ပါစကား သီကိုရှင်း