Thursday, October 18, 2012

သင်္ခါင်္ရနှင့်လမ်းနှစ်သွယ်

စိမ်းလန်းစိုစို ပင်ညောင်ညို
ဂိမ္မာန်မွန်းတည့် သူ့အရွက်
ခြောက်သွေ့လွင့်ပါး လေ၌သွား၏ . . .

ရနံ့ဆင်းစုံစွာ ပန်းမာလာ
မကြွေခဏ သူ့အလှ
ပွင့်ဖတ်နွမ်းလေ မြေသို့စေ၏ . . .

လှပပုံဆောင် မိုးတိမ်တောင်
အသူရာနေမင်း အိပ်တန်းဆင်းတော့
ခဏတွင်းပျက်ပြယ် အလှကွယ်၏ . . .

သက်ရှိထင်ရှား သင်လူသား
ထာဝရမမြဲ သင်္ခါရထဲမှာ
အပုပ်ကောင် ရုပ်ဆောင်
လူ့ဘောင် လောက
အို၊ နာ၊ သေရ၊ တမလွန်ကြလျှင်
ကောင်းကင်၊ ငရဲ ဘာရွေးမလဲ . . .။

ဆီးလ်ဘတ်(ဆင်လူး)