Thursday, September 20, 2012

ဆုံးရှုံးခြင်း မှအောင်မြင်ခြင်းသို့

    အလုပ်လုပ်ရာတွင် လည်းကောင်း၊ အမှုကိစ္စ တစ်ခုခုလုပ်ကိုင်ရာတွင် လည်းကောင်း၊ ကျွန် တော်တို့သည် ဆုံးရှုံးခြင်းကိုတွေ့ကြုံရမည် ဖြစ်သလိုအောင်မြင်ခြင်းကိုလည်းတွေ့  ကြရမည် ဖြစ်သည်။ အချို့လူများက ဆုံရှုံးခြင်းတွေ့ ကြုံ သောအခါ လက်လျော့သွားပြီး မိမိလုပ်ကိုင် သော အမှုကိစ္စကို ဆက်မလုပ်ဘဲနောက်ဆုတ် အရှုံး ပေး သွားတတ်ကြသည်။ အချို့လူများက ဆုံးရှုံးခြင်း ကိုတွေ့ ကြုံရသော်လည်း စိတ်လျော့ အားပျက် ခြင်းမရှိဘဲအောင်မြင်ခြင်းကို ရယူကြသည်။ ကျွန် တော်တို့ ဘ၀ အသက်တာတွင် ဆုံးရှုံးခြင်းကိုပဲ တွေ့ကြုံရမည် မဟုတ်ပါ ။အောင်မြင်ခြင်းကို လည်းတွေ့ကြုံ ရမည်ဖြစ်သည်။ ဆုံးရှုံး ခြင်းကို တွေ့ကြုံရသော အခါ အားလျော့ စိတ်မပျက်သင့်။ အောင်မြင်ခြင်းရမည် ဟူသော စိတ်ဓာတ်ဖြင့် ဇွဲ၊ လုံလ၊ ၀ီရိယများနှင့် အားလျော့ စိတ်ပျက်ခြင်း မရှိပဲ၊ မိမိ ရည်မှန်းထားသော ရည်ရွယ်ချက် ပန်း တိုင်သို့က်ေအောင်လျှောက်လှမ်း သင့်သည်။ ကျွန်တော်တို့ သည်အောင်မြင်ခြင်းကို ပဲရမှာ မဟုတ်သလို၊ ဆုံးရှုံးခြင်းကိုလည်း အမြဲတမ်း ရမည် မဟုတ်ပါ။    အောင်မြင်ခြင်း မရောက်ခင်ကာလ အ တွင်း ဆုံးရှုံးခြင်းအရာ ကိုလည်းတွေ့ကြုံ ရနိုင်သည်။ သို့သော် ကျွန်တော်တို့သည် စိတ်ပျက် ခြင်း မရှိသင့်၊ လက်လျော့ခြင်း မရောက်သင့်၊ ကျွန်ုပ်တို့ အသက်တာတွင် အောင်မြင်ခြင်းကိုပဲ အမြဲတမ်းရနေလျှင်လည်း မကောင်းပါ။ ဆုံးရှုံး ခြင်းကိုပဲ ရနေလျှင်လည်း မကောင်းပါ။ အသက်တာတွင် ဆုံးရှုံးခြင်းကို ရောအောင်မြင်ခြင်းကိုပါ ကျွန်တော်တို့ ရရှိသင့်သည်။ သို့မှသာ အောင် မြင် ခြင်းသည် ဘာကြောင့်အောင်မြင် ရသလဲဆိုတဲ့ အကြောင်းရင်းကို သိပြီး ၊အောင်မြင်ခြင်းကို ဆက်လက် ထိန်းသိမ်း သွားနိုင်မည်ဖြစ်သည်။ ဆုံးရှုံး ခြင်းကိုတွေ့ကြုံရသည့် အခါတွင်လည်း ဆုံးရှုံး ခြင်းသည် ဘာကြောင့် ဘယ်လို ဆုံးရှုံးသည်ကို သိပြီးအောင်မြင်ခြင်းကို ဘယ်လိုရောက်ရှိအောင် ပြုလုပ်မည်ကို သိရှိနိုင်မည်။

             အမှုအရာ ကိစ္စများ လုပ်ဆောင် သမျှတိုင်းတွင် အောင်မြင်ခြင်းရော၊ ဆုံးရှုံးခြင်းရော ရရှိနိုင်သည် ။အောင်မြင်ခြင်း ရော၊ ဆုံးရှုံးခြင်းပါတွေ့ကြုံမှသာ၊ ကျွန် တော်တို့အ နေဖြင့် အောင်မြင်ခြင်း အရသာရော ဆုံးရှုံးခြင်း အရသာပါ ခံစားရမည်ဖြစ်ပါသည်။ အောင်မြင် ခြင်းကိုပဲ ရရှိ ခံစားနေလျှင်၊ အောင်မြင်ခြင်း ခံစား ရသော သူသည် ဆုံးရှုံးခြင်း အရသာကို မခံစား တတ်တော့ပဲအောက်ခြေလွတ်ကာ၊ ဘ၀တွင် ဆုံးရှုံးမှုများနှင့် တသီတတန်းကြီး တွေ့ကြုံ သွား နိုင်သည်။ ထိုကြောင့် ကျွန် တော်တို့ ဘ၀ အသက်တာတွင် ဆုံးရှုံးခြင်းကို အရင်တွေ့ကြုံ ခံစားပြီးမှ အောင်မြင်ခြင်းကို ရယူ ခံစားလျှင် ပို၍ ကောင်းသည်။ အဘယ်ကြောင့် ဆိုသော်လှေကားလိုပင် တစ်ဆင့်ခြင်း တက်မှသာအောက်ခြေ မလွတ် နိုင်။ သို့မဟုတ်ပဲ အဆင့် ကျော်တက်ပြီး တစ် ဆင့်ခြင်း မတက်လျှင် ၀ရုန်းသုန်းကားနှင့်အောက် ခြေလွတ်ပြုတ်ကျ သွားနိုင်သည်။

    ထိုကြောင့် အောက်ခြေ မလွတ်အောင် ဆင်ခြင်ခြင်းဖြင့်အောင် မြင်ခြင်းကို ရယူ သင့်သည်။အောင်မြင်ခြင်းဆို ရာ၌လည်းနိုင်ငံကျော် အဆိုကျော် ရုပ်ရှင် သရုပ် ဆောင်၊ ဗီဒီယို သရုပ်ဆောင်၊ နာမည်ကျော် စာ ရေးဆရာ ၊ဘောလုံးသမား စသည့်နိုင်ငံကျော်၊ ကမ္ဘာကျော် လူများဖြစ်မှသာ အောင် မြင်ခြင်းကို ရယူပိုင်ဆိုင်နိုင်သည်ဟု မယူဆ သင့်ပါ။ မိမိလုပ်ကိုင်နေသော အလုပ်တွင် သစ္စာရှိစွာ ဖြင့် လုပ်ကိုင်နေလျှင်၊ မိမိတို့ အတွက်အောင်မြင် သော အသက်တာပင်ဖြစ်သည်။ မိမိ ရှိနေသော နေရာ၊ မိမိ လုပ်ကိုင်နေသော အလုပ်ကိစ္စလေးပင်ဖြစ်ပါစေ၊ ဘုရားရှေ့ လူရှေ့တွင် သစ္စာရှိစွာဖြင့် လုပ်ကိုင်လျှင် ဤအလုပ်ကိစ္စသည် မိမိအတွက် အောင်မြင်ခြင်း အသက်တာပင်ဖြစ်သည်။ တစ်ချို့ကအောင်မြင်ခြင်းကို အသက် ငယ်ရွယ်စဉ် ဆယ်ကျော်သက်တွင် ရယူ လိုကြသည်။  အ သက် ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်ကျော်ကြား သည့် ပုဂ္ဂိုလ်များလည်း ရှိကြပါသည်။ သို့သော် အောင်မြင်ခြင်းက ဆယ် ကျော်သက် အရွယ်တွင်သာ ရယူနိုင်သည်ဟု မိမိကိုယ်ကို မဆုံးဖြတ် ထားသင့်ပါ။

    ရေသောက်လိုလျှင်ရေတွင်း တူးရမည်။ ယခုရေတွင်းတူး ယခု ရေကြည်သောက်၍ လည်းမရပါ။ အချိန်ကာလကိုလည်း ကျွန်တော်တို့စောင့်ရမည်ဖြစ်သည်။ အောင်မြင်ခြင်းကို ရဖို့ အတွက် ကျွန်တော်တို့အနေ ဖြင့်ပြင်ဆင် ရမည့် အချိန်တွေ အများကြီး လိုအပ်ပါတယ်။ ကျွန်တော်တို့ အနေ ဖြင့်အောင်မြင်ခြင်းကို တရွေ့ရွေ့ အားဖြင့် ရယူလျှင် ငါကတော့အောင်မြင်ခြင်းကို စိတ်ရှည် လက်ရှည်ဖြင့် ရယုမည်ဖြစ်သည်။

    အောင်မြင်ခြင်းကို သူတစ်ပါးက ရယူ သွားလျှင်လည်း၊ ငါကတော့ အောင်မြင်ခြင်းကို မရနိုင်ဘူးဟု လက်လျှော့ကာ စိတ်မပျက်သင့်။ သူတစ်ပါးအောင်မြင်ခြင်း ရသလို၊ ငါကလည်း ဘာကြောင့်အောင်မြင်ခြင်းကို မရနိုင်ရမှာလည်း ဟုဆိုပြီး၊ စိတ်ပျက် အားလျှော့ခြင်းမရှိဘဲ ကြိုးစားပြီး၊ အောင်မြင်ခြင်းကို သူတစ်ပါး ရယူသကဲ့သို့ ကျွန်ုပ်တို့လည်း ရယူ သင့်သည်။ အားလျှော့ စိတ်ပျက်ခြင်းများ ကျွန်တော်တို့ နှလုံးသားထဲတွင် မထည့် ထားလိုက်ပါနှင့်။ ထည့်ထားလျှင် အောင် မြင်ခြင်းနှင့် ဝေးကွာ သွားပြီး ဆုံရှုံးခြင်းကိုသာ ကျွန်တော်တို့ အနေနှင့် ပိုင်ဆိုင် သွားရမည်ဖြစ်သည်။

    ထိုကြောင့် ကျွန်ုပ်တို့၏နှလုံးသားတွင် အောင်မြင်ခြင်းကို ရကို ရရမည်ဟူသော အသိ စိတ်ထားကို ထည့်ထား သင့်ပါသည်။

    ဖိလိပ္ပိ ၄း၁၃ တွင်  “ငါ့ကို ခွန်အားနှင့် ပြည့်စုံ တော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်း သော အမှုတော်ကို ငါ တတ်စွမ်းနိုင်၏။” ဟု ဘုရားသခင်က ကျွန်ုပ်တို့ကို ခွန်အားပေး သတိပေး ဖော်ပြထားပါတယ်။ ကျွန်တော်တို့သည် အမှု ကိစ္စဆောင်ရွက်သည့် အခါ ခရစ်တော်တည်း ဟူသောယေဇူးကို အားကိုးပြီး လုပ် ဆောင်သင့်သည်။ သခင်ယေဇူး ခရစ်တော်က ကျွန် တော်တို့ မလုပ်နိုင်သော အမှု ကိစ္စကို၊ လုပ်နိုင်သော ခွန်အား အစွမ်းသတ္တိကိုပေးမည်ဟု ကတိပေးထားပါသည်။ သခင်ယေဇူး ခရစ်တော်ပေးတဲ့ အစွမ်း တွေအားဖြင့် ခပ်သိမ်း သော အမှုအရာ တို့ကို လုပ် ဆောင်နိုင်ပြီင်္းအောင်မြင်ခြင်းကို ရယူ ပိုင်ဆိုင်ပါလိမ့်မယ်။

    ဆုံးရှုံး ခြင်းကို ရရှိ ခံစားရလျှင်လည်း ခံနိုင် သော ခံနိုင်ရည် အစွမ်းသတ္တိကို ခရစ်တော်က ပေးစွမ်းပါ လိမ့်မည်။ ဒါကြောင့် ခပ်သိမ်းသော အမှုအရာတွေကို လုပ်ဆောင်တဲ့အခါ သခင် ယေဇူး ခရစ်တော်ကို အားကိုးပြီး အသက်ရှင် လျှောက် လှမ်းရင်း သခင်ယေဇူး ခရစ်တော်က ခွန်အား အစွမ်းသတ္တိကို သင့်အားပေးမှာ ဖြစ်ပြီး ဆုံးရှုံးခြင်းမှ အောင်မြင်ခြင်းသို့ ရယူ ပိုင်ဆိုင်မှာ ဖြစ်တဲ့အကြောင်း ကိုရေးသား တင်ပြလိုက်ပါတယ်။     

                                    လူသား(ဆားမှော်)