Saturday, September 15, 2012

ဘုရားရှင်ပေးသော ခေါင်းဆောင်

    “ဘုရားရှင်၊ ကျွန်ုပ်ကိုခေါင်းဆောင် ကောင်း တစ်ယောက်ဖြစ်အောင် စောင့်ရှောက် ပေးတော်မူပါ ဘုရား။”
  • ဖျားနာနေသော ကမ္ဘာမြေကြီးကို စောင့် ရှောက်ဖို့ခေါင်းဆောင်ကောင်း တစ်ယောက်လို နေပါသည်။
  • ဆင်းရဲချို့တဲ့ သူများနှင့် စစ်ပြေး ဒုက္ခသည်များ အတွက်၊ ဖိနှိပ်ခံ လူသားများ အတွက်၊ အားနည်းသူများ၏ အသံကို နားထောင်နိုင် သောသူ၊ သူတို့ကို အပြုံးလေး တစ်ပွင့်ဖြင့် ရွှင်လန်း စေသူ၊ ဘုရားရှင် ကိုယ်စား လူသားများကို စောင့် ရှောက်နိုင်သော သူ ဖြစ်ချင်ပါသည်။
  • ဘုရားရှင် လူများအတွက် လမ်းဖြောင့် လမ်းမှန်ကို ပြပေးသော ခေါင်းဆောင်ကောင်း တစ်ယောက်၊
  • လူများအတွက် လှပသောပြည့်စုံ သော ဘ၀များကိုပြောင်းလဲပေးနိုင်သောခေါင်းဆောင်၊
  • စိန်၊ ရွှေ၊ ငွေရတနာများကို မမက် မော နိုင်သော ခေါင်းဆောင်၊
  • ဘုရားရှင်၏နှုတ်တော်ထွက် စကားကို လေးစား လိုက်နာသောခေါင်းဆောင်၊
  • ဓမ္မဟောင်း ကျမ်းထဲမှ မိုးဇယ်ကဲသို့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်ပါသည်။
  • မိုးဇယ်ကဲ့သို့ လူများအတွက် အစာရေစာနှင့် လွတ်လပ်ခြင်းကို ရှာဖွေပေးနိုင်သည့် ကိုယ့်ကိုကိုယ် အနစ်နာခံ၍၊ အများအတွက် ဦးစားပေး တတ်သောခေါင်းဆောင်၊
  • ဘုရားရှင်၏ နှုတ်တော်ထွက်စကား အတိုင်း လိုက်နာ ကျင့်သုံးသောသူ၊ ဘုရားရှင် ရှေးဟောင်း ကျမ်းစာထဲမှ ဒယ်ဘရာ (Debrah) ကဲ့သို့သောခေါင်းဆောင်၊
  • သူမ၏ တိုင်းသူပြည်သားများ အတွက် အမှန်တရားနှင့် တရားမျှ တမှုကို ရှာဖွေပေးခဲ့သူ၊
  • ထာဝရ ငြိမ်းချမ်းရေးရရန်၊ ပင်ပန်းကြီးစွာနှင့် သူမ၏နိုင်ငံအတွက် ကြိုးပမ်း တိုက်ပွဲဝင်ခဲ့သူ ၊
  • ဘုရားရှင်၏ နှုတ်တော်ထွက် စကားကို လိုက်နာကျင့် သုံးသောသူ ၊
  •  နောက်ဆုံးအနေနှင့် ဘုရားရှင်ကဲ့သို့ သော တစ်ဘ၀လုံးကို အများအကျိုး အတွက် အသက်ပေး စွန့်ခဲ့သူ၊
  • ကိုယ့်အတွက် အစေ မခံခိုင်းဘဲ အများအတွက်  အစေခံခဲ့သူ၊
  • “ဘုရားရှင်၏နှုတ်တော်ထွက် စကားကို တစ် သွေမသိမ်း လိုက်နာကျင့်သုံးခဲ့သူ ”
  •  ယေဇုးရှင် ကဲ့သို့သောခေါင်းဆောင် ကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားနိုင်ရန် အင်အား ပေးသနားတော် မူပါ ဘုရား။
 

    
    ဘုရားရှင်အား လေးစားကြည်ညိုစွာဖြင့်
      
        ကက်သလင်းခင်
Taken from yeast Tako philippines / special Issue August 10
    On the Death of Bishop Claver S.J 
Beloved of Christ ( Volume 8.No.5)