Tuesday, September 11, 2012

ဥပဒေ၊ ပညတ်၊ စည်းကမ်း

    “ ဥပဒေတွေ၊ ပညတ်တွေ၊ စည်းကမ်း တွေဟာ လူတွေကို ကျဉ်းကြပ်စေတယ်” ဆိုတဲ့ စကားမျိုး ကြားဖူးကောင်း ကြားဖူးမှာပါ။ သူတို့က ဥပဒေတွေ စည်းကမ်းတွေနဲ့  ချုပ်နှောင်ဘောင် ခတ်ထားရင် လွတ်လပ်မှုဆိုတာ ဘယ်မှာ ရှိနိုင်မလဲလို့ စောဒက တက်လေ့ရှိကြတယ်။ ဒီလို အ တွေးအခေါ်မျိုး ၀င်လာလျှင် မှားပေလိမ့်မည်။
 
              ဥပဒေ ကင်းမဲ့ ထင်ရာဆိုင်းခြင်းဟာ လွတ်လပ်မှုလို့ မဆိုနိုင်ပါဘူး။ မင်းမဲ့ စရိုက်သာ ဖြစ်ပါလိမ့်မယ်။ သြတ္တပ္ပစိတ်က ဘယ်အရာမှန်တယ် လုပ်ပါ။ ဘယ်အရာ မှားတယ်၊ မလုပ်နဲ့လို့ အမြဲတမ်း လမ်းညွှန်နေပါတယ်။ မှန်တဲ့ အ ပြုအမူတွေကို မှားတဲ့ အပြူအမူတွေနဲ့ ခွဲခြားဘောင် ခတ်ပေးထားတာဟာ ဥပဒေတွေ ပညတ် တော် တွေပါပဲ။ ဥပဒေတွေ ပညတ်တော်တွေ  ဘောင်အတွင်းမှာ ပြုမူ နေထိုင်မှသာ လွတ်လပ်မှုလို့ ခေါ် ဆိုနိုင်မှာဖြစ်တယ်။ 
 
    သင်တို့သည် ငါဟောပြော သွန်သင်သည့် အတိုင်းပြုကျင့် ကြလျှင် ငါ၏ တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်း သိသဖြင့် ထိုသမ္မာတရားသည် သင်တို့အား လွတ်လပ်စေလိမ့်မည်၊၊ (သံယောဟန်၈း၃၂) ခရစ်တော်ဟောတဲ့ တရား၊ ခရစ်တော် ပေးတဲ့ ပညတ်များကို လိုက်နာ ကျင့်ကြံခြင်းသည် လွတ်လပ်မှုကို ရရှိ စေမှာဖြစ်တယ်။

    တစ်နေ့ ဥစ္စာဓနကြွယ်ဝတဲ့ လူငယ် တစ် ယောက် ခရစ်တော်ထံ အပြေးကလေး ချဉ်းကပ်ပြီး “ကောင်းမြတ်တော်မူသော ဆရာသခင် ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း”လို့ မေးလိုက်တယ်။ ခရစ် တော်ရဲ့ အဖြေက သူတစ်ပါး ပစ္စည်း၊ သူ့သား မယားကို လိုချင် တပ်မက်မှု မရှိစေနှင့်၊ သူ့ဥစ္စာ မခိုးနဲ့။ မမှန်တဲ့ သက်သေမခံနဲ့၊ လိမ်လည်မှု မလုပ်နဲ့၊ မိဘတို့ကို ရိုသေပါလို့ အဖြေပေးခဲ့ တယ်။  (သံမာရ်ကူး ၁၀း ၁၇-၁၉)
 
    ခရစ်တော် လုပ်ခိုင်းတဲ့အရာတွေက ပညတ်တော်(၁၀)ပါးဟာ လိုက်ကျင့်ရန် မဟုတ် ဆိုတဲ့ အတွေးအခေါ်တွေလည်း မကြာခဏ ကြား နေရပါတယ်။ သူတို့ရဲ့ ဆင်ခြေက၊ လောကလူသားတွေ အားလုံးလိုလို ပညတ်တော်(၁၀) ပါး ထဲက တစ်ပါးပါးကို ကျူးလွန် ချိုး ဖောက်နိုင်တယ်။ အားနည်းတဲ့ လူသားတွေဟာ ဒီပညတ်တွေကို မကျင့် ကြံနိုင်ပါဘူး။ ဒါကြောင့် ဒီပညတ်တော် တွေဟာ စံတစ်ခု သာဖြစ်တယ်။ လိုက်ကျင့်ရန် မဟုတ်ဟု ဆိုပြီး တစ်ဖက်စွန်း ၀ါဒီတွေဖြစ်ကုန်  ကြတယ်။

    ““ဘုရားသခင်ဟာ ကျွန်ုပ်တို့ လူသား တွေကို အကြံပြုချက် (၁၀) ချက်ပေးထားတာ မဟုတ်ပါဘူး။ ပညတ်ချက် (၁၀) ချက်သာလျှင်”” ပေးထားခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘက်က အစွမ်းကုန်လိုက် လျှောက်မှသာ ကယ်တင်ခြင်း ရရှိမှာဖြစ်ပါတယ်။     အိမ်မှာနေရင် အိမ်စည်းကမ်းကို လိုက်နာ ရတယ်။ ကျောင်းမှာ ကြတော့ကျောင်းစည်းကမ်း ဆိုတာ ရှိလာရော၊ ဈေးမှာ၊ ရုံးမှာ၊ နေရာတိုင်း သူ့ စည်းကမ်းနဲ့ သူ ရှိကြပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာ လူသားအချင်းချင်း ဆက်ဆံရေးနဲ့ ပက်သက်ပြီး ဥပဒေဆိုတာ ရှိတယ်။

    သင်ဟာ ဘယ်ဘာသာပဲ ကိုးကွယ်ပါ စေ။ မကောင်းမှုကို ကျူးလွန်ရင် စိတ်နှလုံးငြိမ် သက်မှု မရှိနိုင်ဘူး ။ပျော်ရွှင်မှုနဲ့လည်း ကင်းဝေး ရ လိမ့်မယ်။ ပညာတတ်စရာ မလိုပဲ ဘယ်အရာ ကောင်းတယ်။ ဘယ်အရာ မကောင်းဘူး ဆိုပြီး အလိုအလျောက် သိရှိနေခြင်းက၊ ဘုရားသခင် လူတိုင်းကိုမွေးကတည်းက သြတ္တပ္ပစိတ် ထည့် ပေးလိုက်လို့ ပဲဖြစ်ပါတယ်။ သင် ပညတ်တော် (၁၀)ပါးကို မလိုက်ကျင့်လို့ ရပေမဲ့ ၊ သင့်ရဲ့ သြတ္တပ္ပစိတ်ထဲမှာ ဘုရားပေးလိုက်တဲ့ ပညတ်တော် ၁၀ပါးကို ဘယ်တော့မှဖျောက်ဖျက်ပစ်လို့ရမှာ မဟုတ်ဘူး။

    “ဖာရီရှဲတို့နှင့် ယုဒ လူအပေါင်းတို့သည် ရှေးထုံး လမ်းအစဉ်အလာများကို လိုက်နာ ကျင့်သုံးကြတယ်။ လက်ကို မဆေးပဲ အစာစားလေ့ မရှိကြ။ ဈေးမှဝယ်ယူသည့် အရာအားလုံးကိုလည်း မဆေးကြောဘဲ မစားကြ။ အိုးခွက်ကြေးဖလားများကိုဆေးကြောနည်းမှ စသော ထုံးတမ်း အစဉ် အလာများကို သူတို့သည် လိုက်နာ ကျင့်ကြံ၏။ (ရှင် မာကူး ၇း၃-၄)

    ကျွန်ုပ်တို့ လိုက်နာရမယ့် ပညတ်တွေ ဥပ ဒေ တွေဟာ၊ ဖာရီရှဲတွေ ယုဒလူ တွေ လိုက်နာ ရမယ့် ဥပဒေသတွေနဲ့ နှိုင်းယှဉ်ရင်၊ ဘာမှ မပြောပလောက် ပါဘူး။ ဒီလောက်များပြားတဲ့ ဥပဒေသ တွေကို ဂျူးတွေဟာ ၏၊ သည် မရွေး လိုက် လျှောက် နေကြပေ မယ့် ခရစ်တော်ဟာ သူတို့ကို ရှုတ်ချပြစ်တင် ခဲ့တယ်။

    ဆိုလိုချင်တာက ဥပဒေကို ဘုရားအား ချစ်တဲ့ စိတ်ထားနဲ့ လိုက်လျှောက်ရန်၊ ဘုရားကို ပြုရမယ့် အမှုနဲ့ လူသားအချင်းချင်းပြုရမဲ့ အမှုတို့ဟာ တစ်လမ်းတည်းဖြစ်ရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်ခုနဲ့ တစ်ခု ဆန့်ကျင့်ဘက် မဖြစ်ရဘူး။ တစ်ခုက တစ်ခုကို တားဆီးမှု မဖြစ်ရဘူးလို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ခရစ်တော်လောကကို ကြွလာစဉ်က လူသား တွေကို လိုက်ဖို့ ပညတ် နှစ်ခုပဲပေးထားပါတယ်။
 
(၁) ဘုရားကို အစွမ်းကုန် ချစ်ရန်နှင့် (၂) လူသားအချင်းချင်း ကိုယ်ချင်းစာ တရား ရှေ့ထားပြီး ချစ်ပါလို့ မိန့်ခဲ့တယ်။ ဘုရားကိုပဲ ချစ်ရင် လုံ လောက်ပြီ။ လူသား အချင်းချင်း ချစ်စရာ မလိုလို့ ခရစ်တော် တစ်ခါမှ မပြောခဲ့ပါဘူး။   ပိုဆိုးတာက သင့်ရဲ့ ညီအစ်ကိုမောင်နှမနဲ့ အရင် သင့်မြတ်အောင်ပြုပါ ။နောက်မှ ဘုရားကိုပြုရမည့် အမှုကို ပြန်ဆက်လုပ်လို့ မိန့်မှာ ထားခဲ့ပါတယ်။ ခရစ်တော်ရဲ့ သဘောက လူသားအချင်း ချင်း သင့်မြတ်မှု မရှိသေးရင်၊ ဘုရားအပေါ် ပြုရမည့် ဂုဏ်ပြု ချီးမွမ်းခြင်းများပြုဖို့ မကြိုးစားနဲ့လို့ ပြောခြင်းပဲဖြစ်ပါတယ်။ (မာတေဦး ၅း၂၃-၂၄) ကိုယ်က သူတစ်ပါးရဲ့  အပြစ်တွေကို ခွင့်မလွှတ် သေးပဲနဲ့ ဘုရားသခင်ထံ မိမိ အပြစ် ခွင့်လွှတ်ဖို့  မ တောင်းလျှောက်နဲ့။ (မာတေဦး၆း၁၂) ခွင့်လွှတ်တတ်တဲ့ စိတ်မမွေးနိုင်ရင်ကောင်းကင်ဘုံ၌ မေတ္တာ ဆိုဘို့ မကြိုးစားနဲ့လို့ ခရစ်တော် ဆိုလိုခြင်းပဲ။ သင် အဲဒီလို သင့်ညီအစ်ကိုကို သင့်ရဲ့နှလုံးသားကနေ ခွင့်မလွှတ်နိုင်ပဲကောင်းကင်ဘုံ၌ မေတ္တာ ဆိုရင် “ဤလူမျိုးသည် ငါ့ကိုနှုတ်အားဖြင့်သာ ဂုဏ်ပြု ချီးမွမ်းကြ၏။ သူတို့၏နှလုံးသားသည် ငါ့ထံမှဝေးလေစွ”ဆိုတဲ့ စကားဟာ သင့်ကို တိုက်ရိုက်ပြောနေသလိုဖြစ်လိမ့်မယ်။

    နောက်ဆုံးအနေနဲ့ ပြောချင်တာက ဥပ ဒေတွေ၊ ပညတ်တွေဟာ ထုတ်ပြန်လိုတဲ့ ရည်ရွယ်ချက် ကိုယ်စီ ရှိကြတယ်။ ဥပမာ ဂျူးလူမျိုးတို့ရဲ့  အပြင်ကပြန်လာတိုင်းခြေလက် ဆေး ကြော သန့်စင်ခြင်း ဥပဒေဟာ၊ ကျန်းမာရေး ရှု့ဒေါင့် ကြောင့်ဖြစ်လာ ရတယ်လို့ မထင်လိုက်ပါနဲ့။  တကယ့် ရည်ရွယ်ချက်က မိမိရဲ့ ၀ိညာဉ် သန့်ရှင်းစင်ကြယ်ရေးကိုရှေ့ရှု လိုတာကြောင့်  ဒီဥပဒေဟာ ဖြစ်ပေါ် လာရခြင်းဖြစ်တယ်။ ဒါပေမဲ့ ယုဒတို့ဟာ ဥပဒေကို တသွေမတိမ်း လိုက်လျှောက်ခြင်းအား ဖြင့် အဲဒီ ဥပဒေရဲ့ အဓိက ရည်ရွယ်ချက်ဟာ ပျောက်သွားတတ် ပါတယ်။ ဥပဒေတွေမှာ ချို့ယွင်းချက်လေးတွေရှိ တတ်တယ်။  ဥပဒေတို့ ပညတ်တို့ဟာ လူတွေအတွက် ထုတ်ပြန်ထားတာဖြစ်လို့  လူတွေအတွက် အရေးတကြီး လိုအပ် လာရင် လူကို ဦးစားပေးရှေ့တန်းတင် ရလိမ့်မယ်။

    ဒီအကြောင်းကို ခရစ်တော် ကိုယ်တိုင် ဥပဒေနဲ့ ပြဿနာမှာ အတိအလင်း ပြောထားခဲ့တယ်။ (လုကား ၆း၁-၅) ဥပုဒ်နေ့ တစ်နေ့ တပည့်တော်တွေ ဂျုံခင်းထဲက ဖြတ်ပြီး ခရီးသွားနေစဉ်၊ ဗိုက် အရမ်းဆာလို့ ဂျုံစပါးနှံတွေက ဂျုံစပါး တွေကို ဆွတ်ချွေပြီး စားနေတာကိုတွေ့လိုက်တဲ့ ဖာရီရှဲ အချို့ဟာ၊  ဥပုဒ်နေ့မှာ စပါးစေ့ချွေပြီး အခွံလွှာတာလည်း  အလုပ်လုပ်တာ ဖြစ်တယ်။  ဥပုဒ် နေ့မှာ အလုပ်မလုပ်ရလို့ တားမြစ်ထားတဲ့ ကြားက သင့်ရဲ့ တပည့်တွေ  ဥပုပ်ဥပဒေကို ချိုးဖောက်တယ်လို့  စွပ်စွဲပြောဆို ကြတယ်။ ခရစ်တော်က ဥပမာနဲ့ ပြန်ဖြေခဲ့တယ်။  ဒါဝိတ်မင်းရဲ့ အပေါင်းအပါ အချို့  ရဟန်းများသာလျှင် စားခွင့်ရှိတဲ့ မုန့်ကို ဆာလောင် မြွတ်သိပ်မှုကြောင့် စားသုံးခဲ့ကြတာ မဟုတ်ပါလား ဆိုပြီး ပြန်လည်ချေပ ခဲ့ပါတယ်။

    တစ်ခါက ဘုရားတရား ကိုင်းရှိုင်းပြီး နေ့ စဉ် မစ္ဆားတရားတော်ကို တစ်ရက်မှ နောက်ကျ လေ့မရှိတဲ့ အမျိုးသမီး တစ်ယောက်ရှိသတဲ့။ မစ္ဆားတရားနောက်ကျတာကို မကြိုက်လို့ အမြဲ စောစော သွားလေ့ ရှိသတဲ့။ တစ်နေ့ကျတော့ အိပ်ယာထ နည်းနည်းနောက်ကျလို့ ဘုရားကျောင်းကို သုတ်သုတ် သွားနေစဉ် လမ်းမှာ ဆင်းရဲသား တစ်ဦး အကူအညီတောင်းတာနဲ့ ကြုံတွေ့ရတယ်။ သူ့ရဲ့ အခက်အခဲ တင်ပြမှုကို နားထောင်နေရင်၊ ဘုရားကျောင်း သေချာပေါက် နောက်ကျမှာ သိတဲ့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အမျိုးသမီးဟာ ဆင်းရဲသား အတွက် အချိန်မပေးနိုင်ခဲ့ပဲ ဘုရား ကျောင်းကို အပြေးကလေး သွားခဲ့ပါတယ်။

    ဘုရားကျောင်းနောက် မကျလိုတဲ့ အဲ့ဒီ အမျိုးသမီးဟာ၊ တစ်မိနစ်စောပြီး ဘုရား ကျောင်းကိုရောက်လာခဲ့တယ်။ ဒါပေမဲ့ ဘုရား ကျောင်း တံခါးပိတ်ထားတာ ကိုတွေ့လိုက်ရတယ်။ ဆွဲဖွင့်ပေမဲ့ ပွင့်မလာခဲ့ဘူး။ တံခါးခေါက်ဖို့ လက်ကို ရွယ်လိုက်တဲ့ အချိန်မှာ စာတန်း တစ်ခုကို တွေ့လိုက်ရတယ်။ စာတန်းက “ငါဟာ အ ပြင်မှာ ရှိတယ်။” လို့ ရေးထားတာကို တွေ့လိုက် ရတယ်။ 

 R.V.A ထုတ်လွှင့်ချက်မှ