Wednesday, August 29, 2012

ဗေလန်ကန်နီ ကျန်းမာရေးမယ်တော်အား နိုဗီနာ ဆုတောင်းပတ္ထနာ

အစဉ်ထာဝရ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအားဖြင့် ဘုရား၏ မယ်တော်အဖြစ် သို့ ရွေးချယ်ခြင်းခံရသော ယေဇူး၏ အလွန်သန့်ရှင်းသော ကညာမယ်တော်မာရီယား လူမျိုးတကာတို့ အား ကယ်တင်ခြင်းချမ်းသာ ရစိမ့်သောငှာ မယ်တော်၏ ၀မ်း၌ ကိုးလတိတိလွယ် ၍ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သော ကျွန်ုပ်တို့၏ ယေဇူးသခင်အား ၀မ်းမြောက်ခြင်းများ ကို ပေးသနားတော်မူသော မယ်တော်ဖြစ်တော်မူပါ။ ကျွန်ုပ်တို့သည် ခံရသမျှ ဒုက္ခပင်ပန်းခြင်း၊ ရရှိသမျှ ၀မ်းမြောက် ၀မ်းသာခြင်းနှင့် ကျွန်ုပ်တို့ဘ၀၌ ဖြစ်ပျက်သမျှ အကြောင်း ခပ်သိမ်းတို့ကို စိတ်အား ထက်သန်စွာ မယ်တော့်သားတော်၏ အဆုံးမရှိသော သနားတော်မူခြင်းကို အမှီပြု၍ ကျွန်ုပ်တို့ ကိုယ်စိတ်နှစ်ဖြာ လိုအပ်သော ကျေးဇူးများကို တောင်းခံပေးတော်မူပါ။ ယုံကြည် အားကိုးခြင်းဖြင့် တောင်းလျှောက် သူတို့အား ပေးသနားတော်မူမည်ဟု ကတိရှိသည့်အတိုင်း လိုအပ်သော အလင်းကျေးဇူးတော် များနှင့် စောင်မခြင်း ကျေးဇူးများကို မယ်တော်၏ သားတော် ယေဇူး သခင်ထံ မှ တောင်းလျှောက်ပေးတော်မူပါမည့် အကြောင်း ကျွန်ုပ်တို့ ဆုပန်ကြပါသည်။ အာမင်။

ကျန်းမာရေး၏ ဗေလန်ကန်နီသခင်မ
ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။