Tuesday, August 28, 2012

အခါခါ

ဒေါင်ဒင် ဒေါင်ဒင်
ခေါင်းလောင်းသံကြောင့်
ဘုရားကျောင်းဘက်
ငါရောက်ခဲ့တာ
ငါ့ဘ၀မှာ ..... အခါခါ

ထိုင်ပြင် ထွက်ငေး
စီးကရက်နှင့်
ဝိုင်းဖွဲ့ အုံကျင်
ထွေရာလေးပါး
ခေါင်းလောင်းစင်အောက်
ပြောဖြစ်ခဲ့တာ.... အခါခါ

ဖော်လော် ၀တ်ကျူး
အပြတ်မြူးတဲ့
မော်ဒယ်တစ်သိုက်
ကိုယ်တော်ပင့်ချိန်
ငါငမ်းရတာ
ငါ့အတွက်တော့ ....အခါခါ

အိုကိုယ်တော်
တပည့်ပြစ်မှား အခါခါမို့
ခွင့်လွှတ်ပေးပါ .... အခါခါ
                ဝေလီ