Sunday, July 22, 2012

တော်ဝင်ပန်းမြတ်



ပွင့်သောပန်းများ ရှိသော်ငြားလည်း
အချို့ပန်းကား လှရုံသက်သက်
ခူးသူမရှိ ငြိုးနွမ်းသွား၏။

အချို့ပန်းကား ဆူးများလွန်း၍
မခူးဝံ့ကြ အပင်တွင်သာ
ပန်း၏အလှ ကုန်ဆုံးသွား၏။

အချို့ပန်းမူ ဘုရားမြတ်တွက်
ပူဇော်ခံကာ သပ္ပယ်လွန်း၏။
ဤလောကဘုံ ပန်းများပမာ
အချို့သောသူ လောကီဥစ္စာ
ရှေ့ရှုကာပင် ၀ိညာဉ်ဆုံး၏
အချို့မှာမူ ပညာထက်မြက်
မိမိအကျိုး ဦးထိပ်ပန်ကာ
လူ့ဘောင်အကျိုး မစွမ်းဆောင်နိုင်
စင်စစ်မှာမူ ပညာရှိမည်
ဖယောင်းကဲ့သို့ အများအတွက်
အမှောင်ဖြိုခွင်း အလင်းကိုဆောင်
ဘုရားမြတ်ဖို့ လှူဒါန်းထားသော
ပန်းကဲ့သို့ပင် ဘ၀အလှ
အကျိုးရှိမှာ အမှန်ပေတည်း။
  
W-San (လုမ်းဘန်)