Friday, July 13, 2012

ကယ်တင်ခြင်းအတွက်သတင်းစကား

ဘာကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ကို ကယ်ဖို့ ဆန္ဒရှိတာလဲ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ကျွန်ုပ်တို့ကို အကြွင်းမဲ့ ချစ်တော်မူလို့ဖြစ်ပါတယ်။ ကောင်းသော ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းပြီး ကမ္ဘာမြေပေါ်သို့ ပို့ဆောင်ခြင်းက ကျွန်ုပ်တို့ကို ချစ်လို့ပါပဲ။ ဘုရားသခင်ရဲ့ ဆန္ဒက ကျွန်ုပ်တို့ကို ကယ်တင်ဖို့ အတွက်ပဲဖြစ်ပါတယ်။ ကယ်တင်ခြင်း ရဖို့အတွက် ကျွန်ုပ်တို့သိရမှာက ဘုရားကို ချစ်ရမယ်၊ အစေခံရမယ်။ မိမိနှင့် နီးစပ်သောသူများကိုလည်း ကိုယ်နှင့်အမျှ ချစ်ရမယ်၊ အစေခံရမယ်။ ဒါဆိုရင် ကျွန်ုပ်တို့ဘ၀က ဘယ်လောက်တောင် လှပသွားနိုင်သလဲ၊ ဘယ်လောက်ကြီးမြတ်တဲ့ ဘ၀ဆိုတာကို သိသင့်ပါတယ်။ ကျွန်ုပ်တို့က ဘုရားသခင်ကို ချစ်ဖို့၊ အစေခံဖို့ဖြစ်တယ်။ ဒီလို ဘုရားကိုချစ်ဖို့၊ အစေခံဖို့၊ မိမိနှင့် နီးစပ်သောသူများကိုလည်း ကိုယ်နှင့်အမျှ ချစ်ရမယ်၊ အစေခံရမယ်ဆိုတဲ့ မေတ္တာတရား မပါရင် ဒီကမ္ဘာမြေပေါ်မှာ ကျွန်ုပ်တို့ လုပ်နေတဲ့ အရာတိုင်းက အချိန်ကို အလဟသဖြုန်းခြင်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တကယ်ပြုမူရမှာက ဘုရားအတွက်ဖြစ်ရမည်။ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတိုင်းကို ဘုရားသခင်ရဲ့ လက်ထဲကို ထည့်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ် အိပ်ယာနိုးနိုးချင်းပြောရမှာက ““တပည့်တော် ဒီနေ့ လုပ်ဆောင်မည့် အရာတိုင်းကို ကိုယ်တော်ရှင်ထံ အပ်နှံပါသည်။ ကိုယ်တော်တပည့်တော်ထံပေးတဲ့ အရာ၊ ကိုယ် တော်ထံမှာ ရရှိသော အရာအားလုံးကို တပည့် တော် ကိုယ်တော်ထံ ပူဇော်အပ်နှံပါသည်။ မိမိ ကိုယ်ကို မိမိပေးဆပ်ခြင်းအားဖြင့် ကိုယ်တော်ထံ ဆပ်ကပ်ပါသည်။ ဒါပေမဲ့ ကျွန်ုပ်၏ဘုရား၊ ကိုယ်တော်၏ အကူအညီ မပါရင် မည်သည့် အရာမှ တပည့်တော် မတတ်နိုင်ပါ။ ””

ကျွန်ုပ်တို့ ပျော်ရွှင်ခြင်း၌ မွှေ့လျော်ပြီး နောက် ကျွန်ုပ်တို့ရဲ့ နောက်ဆုံး အချိန်နာရီ ရောက်မှပဲ ခါးသီးစွာနောင်တယူခြင်း ၀မ်းနည်း သောစကားပြောဆိုခြင်း၊ အိပ်စက်နားနေခြင်း၊ ရှုတ်ချခြင်း၊ အရှက်တကွဲဖြစ်ခြင်း၊ အပြစ်များကို ၀မ်းနည်း ငိုကျွေးခြင်း စတာတွေဖြစ်တတ်ကြတယ်။ ဒီအရာတွေဟာ ကျွန်ုပ်တို့ ကောင်းကင် နိုင်ငံအတွက် ဘာမှ မပြင်ဆင်၊ မပြုလုပ်ရသေး ဘူးဆိုတာကို ပြသနေခြင်းဖြစ်ပါတယ်။ ဘယ် လောက်တောင် ၀မ်းနည်းဖို့ကောင်းလဲ၊ ကျွန်ုပ်တို့ ကမ္ဘာမြေမှာရှိတဲ့ ခရစ်ယာန် သုံးပုံတစ်ပုံက လောကုတ္တရာအတွက် ရည်ရွယ်ပြီး ဘာအလုပ်မှ မလုပ်ဘူး၊ ဒါပေမဲ့ ခန္ဓာကိုယ်ကိုနှစ်သိမ့်ကျေနပ်ဖို့ အတွက်ပဲ လုပ်ဆောင်နေကြပါတယ်။ အဲဒီ အရာတွေက မကြာခင်မြှုပ်နှံခံရပြီး ပျောက်ကွယ်သွားလိမ့်မည်။ ကျွန်ုပ်တို့ရဲ့ သနားဖို့ ကောင်းတဲ့ ၀ိညာဉ်အတွက် မစဉ်းစားဘူး ဆိုရင်၊ နောင်ဘ၀မှာ ထာဝရ ဒုက္ခဝေဒနာတွေနဲ့ ပြည့် နှက်လိမ့်မည်။
ဥပမာ လူတစ်ယောက်က အမြဲတမ်း တက်တက်ကြွကွ၊ မနားမနေ လုပ်နေသည့်သူက ကမ္ဘာမြေကြီးကို ဆူညံအောင် လုပ်ချင်တယ်၊ သူက လူတိုင်းအပေါ် လွှမ်းမိုး၊ စိုးမိုးချင်တယ်။ လောကီဥစ္စာတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိဖို့ပဲ သူ့ကိုယ်သူ ထင်မြင်၊ယူဆတယ်။ ဘယ် လောက်တောင်လဲ ဆိုတော့ ““ထွက်သွားပါနေမင်းကြီးရယ်၊ နေမင်းကြီးရဲ့နေရာမှာ ကမ္ဘာမြေကြီးကို အလင်းပေးမျှဝေဖို့ ကျွန်တော့်ကို ခွင့်ပြုပါလို့”” တောင်းဆိုနေတယ်။ ဒီလိုကြာွးဝါ၊ မာန ထောင်လွှားသူက အဆုံးစွန်သော တစ်နေ့ကျရင် သဲမှုံတွေကဲ့သို့ သေးငယ်သော အရာပမာ လျော့ချခြင်း ခံရမယ်၊ အဲဒီ သဲတွေလို ရှင်းထုတ်ခြင်း ခံရပြီး မြစ်ကနေမြစ်ဆီသို့၊ ပင်လယ်ကနေ ပင်လယ်ဆီသို့ နောက်ဆုံး ပျောက်ကွယ် သွားလိမ့်မည်။

ဒါကို ကြည့်ခြင်းအားဖြင့်၊ ကျွန်တော် မကြာခဏ စဉ်းစားလေ့ရှိတဲ့ အရာက ကျွန်ုပ်တို့လည်းသေးငယ်တဲ့ သဲမှုံတွေလိုပဲ လေတိုက်တဲ့ အခါမှာ လမ်းပေါ်မှာ လွှင့်စင်သွားတယ်။ အဲဒီ အရာတွေက တစ်ခဏအတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေ ပြောလေ့ပြောထ ရှိတာက လူတစ် ယောက်ရဲ့ ၀ိညာဉ်ကို ကယ်တင်ဖို့အတွက် အင်မတန်မှ ခက်ခဲတယ်။ ဒီလောကမှာ ဘယ်အရာကမှ လွယ်ကူတာ မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ပညတ် တွေကို သိရှိဖို့နှင့် အသင်းတော်ရဲ့ သွန်သင်ချက်ကို သိရှိပြီး ကောင်းတာကိုလုပ်၊ မကောင်းတာကိုရှောင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ၀ိညာဉ် ကယ်တင်ခြင်း ခံရမယ်။

ကောင်းမှုတွေ လုပ်တဲ့သူတွေက မိမိတို့ရဲ့ ဘ၀ ကယ်တင်ခြင်းရဖို့ အတွက်နဲ့ သူတစ်ပါးရဲ့ ၀ိညာဉ် ကယ်တင်ခြင်းရဖို့အတွက် ကြိုးစားသလို၊ အမြဲတမ်း မိမိဘ၀ကို ပျော်ရွှင်ပြီး ကျေနပ်ရောင့်ရဲသော သူများဖြစ်ကြပါတယ်။ ဒါမျိုး လူက ကောင်းကင်နိုင်ငံရဲ့ ပျော်ရွှင်ခြင်းကို သာမက ထာဝရအသက်ကိုလည်း ကြိုတင် ခံစားရလိမ့်မည်။

နောင်တမရတဲ့ သူတို့တွေက ဒုက္ခဆင်းရဲ၌ ထာဝရ ခံစားရပြီး သူတို့တွေရဲ့ ၀ိညာဉ်ကလည်း ထာဝရ ဆုံးရှုံး ရလိမ့်မည်။

ကျွန်ုပ်တို့ ဘုရားသခင်ကို ဘာပေးဆပ်နိုင်သလဲ၊ ကျွန်ုပ်တို့ လုပ်ဆောင်တဲ့အရာ အားလုံးဟာ ဘုရားသခင်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မည်ဆိုပါက အသေးငယ်ဆုံးသော လုပ်ဆောင်ချက်သည်ပင် ဘုရားသခင်ရှေ့တော်၌ ကြီးမြတ်သောအရာဖြစ်ပါလိမ့်မည်။ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာ ထိခိုက် စေသည့် စကားပြောဆိုခြင်း၊ မဟုတ်မမှန် စကား ပြောဆိုခြင်း၊ တရားမျှတမှု မရှိခြင်း၊ အမျက် ဒေါသထွက်ခြင်း၊ ဘုရားသခင်နှင့်မြင့်မြတ်သည့် အရာများကို စော်ကားပုတ်ခတ် ပြောဆို ခြင်းစတဲ့ အရာများဟာ မစင်ကြယ်မှုတွေဖြစ်ပြီး ဘုရားသခင်ကို ထိခိုက်တဲ့အရာများဖြစ်ပါတယ်။ မကောင်းမှု၌သာ ကျင်လည်နေသော သူတွေက အဆုံးစွန်သောနေ့၌ မိမိရဲ့ အကျင့်ပုံစံအတိုင်း တရားစီရင်ခြင်း ခံရလိမ့်မည်။

ဒါကြောင့် ကျွန်ုပ်တို့တွေ ၀ိညာဉ်တွေကို ကယ်တင်ခြင်းရဖို့အတွက် ထာဝရဘုရားသခင်က ကျွန်ုပ်တို့ကို စောင့်မျှော်နေတယ် ဆိုတာကို စဉ်းစား သုံးသပ်ရမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ချမ်းသာမှုတွေ၊ ၀မ်းမြောက်မှုတွေ၊ ကျေနပ်မှု တွေနှင့် လေးစားမှုတွေက ပျောက်ကွယ် သွားလိမ့်မည်။ ရဟန္တာတွေကို ကြည့်မယ်ဆိုရင် တစ်ချို့ဟာ အစကောင်းခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဆုံးသတ် ကောင်းခဲ့ကြတယ်။ ဒီလိုဘဲ ကျွန်ုပ်တို့ အစမှာ ဘယ်လိုပဲဖြစ်ဖြစ် (ဘ၀နေ၀င်ချိန်နေ့၌) အ ကောင်းဆုံး အဆုံးသတ်ဖို့ လိုတယ်။ ဒါမှသာ ကျွန်ုပ်တို့ကောင်းကင်ဘုံမှာ ရဟန္တာတွေလို ထာဝရ သုခ ချမ်းသာကို ခံစားရရှိလိမ့်မယ်။

နောက်ဆုံး အနေနဲ့ ငါးတစ်ကောင်ကို ဖမ်းပြီး ကုန်းပေါ်မှာ တင်ထားမယ်ဆိုရင် ဘယ်လိုမှ အသက်ရှင်မှာ မဟုတ်ဘူး၊ ဒီလိုပဲ ကျွန်ုပ်တို့လည်း ဘုရားသခင်နဲ့ ပေါင်းစပ်မှု မရှိဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ ၀ိညာဉ် ဘယ်လိုမှ အသက်ရှင်ခွင့်ရမှာ မဟုတ်ဘူး။ ကယ်တင်ခြင်းလည်း ရမှာ မဟုတ်ဘူး။

ရိုးရိုးလေး(သန်လျင်)
The Cure of Ars စာအုပ်မှ ဆီလျော် သလိုဘာသာ ပြန်ဆိုထားပါသည်။