Thursday, June 28, 2012

အမိမယ်တော်အား ဘာကြောင့် ချစ်ခင်သင့်ပါသလဲ။

သမ္မာကျမ်းစာကို ဖက်ရှုသူတိုင်း သခင် ယေဇူးနှင့် မယ်တော်မာရီယားတို့၏ ရင်နှီးသော သားနှင့် မိခင် ဆက်ဆံရေးကို တွေ့မြင်နိုင်ပါသည်။ သခင်ယေဇူးသည် စံထားလောက်သော လူသား တစ်ဦးဖြစ်ပါက စံထားလောက်သည့် သားတစ် ယောက်လည်းဖြစ်ပါလိမ့်မည်။ အကယ်၍ သခင်ယေဇူးက စံထားလောက်သည့် သားတစ် ဦးဖြစ်မည်ဆိုလျှင် သူ့အနေဖြင့်သူ၏ မိခင်ကို နွေးထွေးခြင်း၊ လေးနက်ခြင်းနှင့် စစ်မှန်ခြင်း ဟူ သော ချစ်ခြင်းမေတ္တာတို့ဖြင့် ချစ်မြတ်နိုးမည်မှာ ဧကန်ပင်ဖြစ်ပါသည်။

ခရစ်ယာန်တစ်ဦး ဖြစ်ခြင်းဆိုသည်မှာ သခင်ခရစ်တော်၏ရွှေပုံသဏ္ဍန်ကဲ့သို့ လိုက် လျော ညီထွေအောင် ပြုမူနေထိုင်းခြင်းဖြစ်သည်။ ခရစ်တော်ရှင် ကဲ့သို့သော ကိုယ်ရည် ကိုယ်သွေးရှိခြင်းဖြစ်သည်။ ခရစ်တော်ရှင်၏ စံနှုန်း အတိုင်းပြုမှုနေထိုင်ခြင်းဖြစ်သည်။ ခရစ်တော်ရှင် ချစ်သည့်နည်းတူ ချစ်မြတ်နိုးခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ပြုမူနေထိုင်ခြင်းများက ခရစ်တော်နှင့် ပိုမို နီးကပ်လာပါက ခရစ်တော်ရှင်နှင့် ပိုမိုပေါင်းစပ် လာနိုင်မည်ဖြစ်သည်။ ခရစ်ယာန်ကောင်းများလည်း ကျွန်ုပ်တို့ ဖြစ်လာကြမည်မှာ အမှန်ပင်။

သို့သော်လည်း သခင်ယေဇူး နည်းတူ ကျွန်ုပ်တို့၏ အပြောအဆို၊ အပြုအမူ အားဖြင့် စစ်မှန်သော သားသမီးတို့ပြသသော ချစ်ခြင်းမေတ္တာတို့ဖြင့် မာရီယားကို မချစ်နိုင်ပါက ကျွန်ုပ်တို့သည် သခင်ယေဇူး၏ရွှေ ပုံသဏ္ဍန်ကဲ့သို့ ပြုမူနေထိုင်နေပါသည်ဟု ဆိုနိုင်ပါအုံးမည်လော။ ထိုကဲ့သို့သော ချစ်ခြင်းမေတ္တာမျိုး မထား ရှိနိုင်သေးပါက ကျွန်ုပ်တို့ခရစ်ယာန် အသက်တာသည်လည်း အမြဲတမ်း မပြည့်မစုံ ဖြစ်နေအုံးမည် သာ ဖြစ်ပါသည်။

ဂမုန်း (မိုးမောက်မြို့ )