Sunday, May 27, 2012

တစ်ကြိမ်


အသေခံခြင်း တိုင်အောင်
အစေခံသော....
အပြစ်ပြေခြင်း တိုင်အောင်
ယဇ်ပူဇော်ရာဖြစ်သော
သက်သာနှစ်သိမ့်ခြင်း၏
မူလဖြစ်သော...
ကိုးစားသူတို့၏
ကယ်တင်ရာဖြစ်သော...ယေဇူးရွှေနှလုံးတော်

ခန္ဓာ ၀ိညာဉ် ခွန်အား အစွမ်းရှိသမျှ ချစ်ဖို့
ကိုယ်နဲ့ နီးစပ်သောသူ ကိုယ်ရှင်ကဲ့သို့ ချစ်ဖို့
အတ္တနဲ့ ချည်နှောင်ထား မိုက်မိုက်လွန်းတဲ့ နှလုံးသားတွေ
ဖြူစင်ဖို့ ခွန်အားများပေးတော်မူပါ

သေချာပြီ သင်ဟာ...
ဘုရားသခင်ကို ချီးမွမ်းခြင်းနဲ့ အတူ ဆုတောင်းခြင်းအမှု
တစ်ကြိမ်ပြုခဲ့ပြီ။        ။
                စန်းယုပိုင်(ဟင်္သာတ)