Saturday, March 17, 2012

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ တွဲဖက်ဂိုဏ်းချုပ်ဆရာတော် နီကောလားစ် မန်းထန် အား ကြိုဆိုဂုဏ်ပြုသည့် မစ္ဆားတရားနှင့် အခမ်းအနား ကျင်းပခြင်း

၁၅.၃.၂၀၁၂ ညနေ ၅း၃၀ နာရီတွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒြယ် ဘုရားကျောင်းတော်ကြီး၌ မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ တွဲဖက် ဂိုဏ်းချုပ်ဆရာတော် နီကောလားစ် မန်းထန်အား ကြိုဆိုဂုဏ်ပြုသည့် မစ္ဆားတရားနှင့် အခမ်းအနားကို ကျင်းပခဲ့ပါသည်။ မစ္ဆားတရားကို မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ဇိန်ထုန်းဂရောင်မှ ဦးဆောင်ပူဇော်ပြီး တွဲဖက် ဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလားစ် ဦးမန်းထန်နှင့် မန္တလေးသာသနာမှ ရဟန်းတော်များ၊ စလေးရှင်းဂိုဏ်းမှ ရဟန်းတော်များ၊ လာဇလက်ဂိုဏ်းမှ ရဟန်းတော်များ စုစုပေါင်း (၂၉)ပါး၊ ဂိုဏ်းပေါင်းစုံမှ သီလှရှင်များ၊ ဘာသာတူများ ပါဝင်ခဲ့ကြပါသည်။ ဧ၀ံဂေလိကျမ်းစာ ဖတ်ကြားပြီးနောက် မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်မှ အဖွင့်စကားနှင့် ကြိုဆိုနှုတ်ဆက်စကား မိန့်ကြားခဲ့ပါသည်။ ရွှေနှလုံးတော် ကာသီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. John U Aye Kyaw မှ ရဟန်းမင်းကြီး ဘေနဒစ် (၁၆) အရှင်သူမြတ်၏ ဟားခါးဂိုဏ်းအုပ်ဆရာတော် နီကောလားစ် ဦးမန်းထန်ကို မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ တွဲဖက်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ကြောင်း သ၀ဏ်လွှာကို မူရင်း လာတင်းဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ ဖတ်ကြားခဲ့ပြီး မူရင်း သ၀ဏ်လွှာကို ရဟန်ုးတော်များနှင့် ပရိသတ်များအား ပြသခဲ့ပါသည်။ မန္တလေးသာသနာအတွင်းရှိ ကက်သလစ် ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာတူများမှ တွဲဖက်ဂိုဏ်းချုပ်ဆရာတော် နီကောလားစ် ဦးမန်းထန်အား လက်ဆောင်ပစ္စည်းများ ဆက်သကြပါသည်။ ထိုအချိန်တွင် Higher Education မှ ကျောင်းသားကျောင်းသူများက အင်္ဂလိပ်သီချင်းတစ်ပုဒ်ဖြင့် သီဆိုဂုဏ်ပြုကြပါသည်။ ထို့နောက် တွဲဖက်ဂိုဏ်းချုပ်ဆရာတော် နီကောလားစ် ဦးမန်းထန်မှ မိတ်ဆက်အမှာစကား ပြန်လည် မိန့်ကြားခဲ့ပါသည်။ ဆက်လက်၍ မစ္ဆားတရားကို ပူဇော်ခဲ့ပြီး ညနေ ၇း၀၀ နာရီခန့်တွင် ပြီးဆုံးခဲ့ပါသည်။ မစ္ဆတရားအပြီး၌ ကြွရောက်လာကြသော ရဟန်းတော်များ၊ သီလှရှင်များအား ရဟန်းတော်များ ဆွမ်းစားဆောင်တွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။