Friday, January 27, 2012

ငါတို့အတွက်မေတ္တာ

ဘုရားသခင်က အရာအားလုံးကိုတူအောင် ဖန်ဆင်းထားလို့ရပါတယ်။ ဒါပေမယ့် တစ်ခုနဲ့တစ်ခု၊ တစ်ယောက်နဲ့တစ်ယောက် တစ်မျိုးစီအသွင်ဆန်းပြီး ငါတို့အတွက်ဖန်ဆင်းပေးတယ်။ ဒါဟာ ငါတို့အတွက်သူ့ရဲ့မေတ္တာပါ။ လူတွေက အဖြူရောင်ကိုကြိုက်ကြပါတယ်။ ဒါပေမယ့် အရာဝတ္ထုတိုင်း၊ အရာရာတိုင်းက အဖြူရောင်ပဲ ဆိုရင်တော့လှပနိုင်မှာမဟုတ်တဲ့အတွက် အရောင်အသွေးစုံစွာနဲ့လှပအောင် ဖန်ဆင်းပေးထားတာဟာ ငါတို့အတွက် ပေးတဲ့သူရဲ့မေတ္တာပါ။ ဘုရားသခင်က သဘာဝတရားကြီးကိုလဲ ကွဲပြားမှုတွေနဲ့ လှပအောင်ဖန်ဆင်းပေးထားပါတယ်။ အရောင်အသွေး၊ မွှေးရနံ့စုံတဲ့ပန်းလေးတွေလိုပဲ လူသားတိုင်းကလဲ တမူထူးခြားနေတယ်။ သူများနဲ့ မတူတဲ့၊ မနှိုင်းယှဉ်သင့်တဲ့ ထူးခြားတဲ့ကျေးဇူးတော်တွေ တစ်ဦးစီဘ၀ထဲမှာ ပြည့်နှက်နေပါတယ်။ ဘုရားပေးထားတဲ့ ဘ၀အခြေအနေလေးအတိုင်း အကောင်းဆုံးလက်ခံပြီး အကောင်းဆုံး နေထိုင်သွားဖို့သာလိုအပ်ပါတယ်။ သစ်ပင်တွေဟာလဲအရွယ်၊ အရောင်၊ ပုံစံအမျိုးမျိုးနဲ့ရှိကြတယ်။ ဒီသစ်ပင်တွေကနေ မတူညီတဲ့အနံ့၊ မတူညီတဲ့အသီး၊ မတူညီတဲ့ အစေ့တွေပေးနေတယ်။ သစ်ပင်က ကြွေလာတဲ့အရွက်၊ အသစ်ပြန်ထွက်လာတဲ့ ရွက်နု၊ နောက်အသီးတွေ၊ အပွင့်တွေ အားလုံးကို လောကလူအများ ပျော်ရွှင်မှုကိုဘယ်လို ရှာကြသလဲ ဆိုရင် ပိုက်ဆံချမ်းသာမှ၊ အစား ကောင်း၊ အ၀တ်ကောင်းဝတ်မှ၊ တီဗွီ၊ ဗွီဒီယိုရှေ့ ထိုင်ပြီးဇိမ်ခံမှ၊ ဆလွန်းကားလေးစီးပြီး ကိုယ်လိုရာ သွားနိုင်မှ၊ လူငယ်၊ အပျို၊ လူပျိုတွေ အိနြေ္ဒမရှိတဲ့ ဆက်ဆံမှုတေ၊ွ Pleasure တွေရမှ ပျော်ရွှင်မှုရ တယ်လို့ ထင်ကြတယ်။ ပျော်ရွှင်သာယာကြည်နူး မှုဆိုတာ သိပ်ပြီးဆွဲဆောင်မှု အားကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီပျော်ရွှင်ခြင်းဟာ ထာဝရ ပျော်ရွှင်ခြင်း သုခစစ်ရဲ့အမြည်းအစမ်းဖြစ်နေ လို့ပဲ။ ဒီကမ္ဘာလောကကြီးပေါ်မှာ ထာဝရ ချမ်းသာစစ်မှန်ကို မတွေ့သေးဘူးဆိုတာပါပဲ။ ဒါကြောင့် စိန်သြဂုတ်စတင်းက ငါ၏၀ိညာဉ်သည် ငါ၏အရှင်ဘုရားသခင်၌ မနားမခိုမရမခြင်း ငြိမ်းချမ်းမှုမရနိုင်ပါလားလို့ ငြီးတွားခဲ့တယ်။ ပျော်ရွှင်မှုဆိုတာက သူများမခိုးယူနိုင်၊ မဖျက်ဆီး နိုင်ဘူး။ ကိုယ်ဖျက်မှပျက်မဲ့အရာဖြစ်ပါတယ်။ စိတ်ရဲ့ပျော်ရွှင်မူဟာ တစ်ခုခုရမှမဟုတ်ဘူး။ အောင်မြင်မှုရမှလည်းမဟုတ်ဘူး။ တစ်ခါ တစ်လေဆိုရင် ဒုက္ခတွေခံနေရရင်းနဲ့ ပျော်ရွှင်မှုကို ရယူနိုင်ပါတယ်။ ဒုက္ခကို သုခလိုလက်ခံပြီး ဘုရားကို ပူဇော်နိုင်လို့ဖြစ်ပါတယ်။

ပျော်ရွှင်မှုဆိုတာက သုခလမ်းစဉ်၊ ပါရမီ လမ်းစဉ်လျှောက်လှမ်းတဲ့ လူသားများအတွက် သာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ပျော်ရွှင်မှုဆိုတာ ကောင်းမွန်တဲ့ကိုယ်ကျင့်တရား ရှိမှသာရရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချို့က ဒုက္ခခံနေရတာကိုပဲ ပျော်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဝေဒနာဟာ စေတနာဖြစ်လာလို့ပဲ။ ဒါကြောင့် စိန်ပေါလ်က သူဟာ ခရစ်တော်အတွက် ဒုက္ခတွေခံရလေ ပျော်ရွှင်မှုကို ပိုပြီးတော့ ခံစားရလေလေ ဆိုပြီး ပြောထားပါတယ်။ ပျော်ရွှင်တတ်တဲ့ အကျင့်က ပျော်ရွှင်တဲ့ဘ၀ကိုဖြစ်စေပါတယ်။ ထိုစိတ်ထားနဲ့ အလေ့အကျင့်တွေဟာ ပျော်ရွှင်မှု အစစ်မှန် ပေးတတ်တဲ့ လူ့ကျင့်ဝတ်တွေပေါ်မှာ အခြေခံ ထားဖို့လည်းလိုတယ်။ အဲဒီအခြေခံ လူ့ကျင့် ၀တ်ဆိုတာ စိတ်ကောင်း၊ နှလုံးကောင်းထား ခြင်းနဲ့ထောက်ပံ့ကူညီခြင်းပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားကျမ်းစကားအရ ရယူခြင်းမှာထက် ပေးဆပ်ရခြင်းမှာ ပိုပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ပြီး အားရစေလို့ပဲ။ (တမန်တော်ဝတ္ထု - ၂၀း၃၅)

မိမိ၏ ဘ၀၌မြင့်မြတ်တဲ့စိတ်ထားကို မွေး မြူခြင်း၊ ကောင်းမြတ်သောစိတ်ထားကို ထားရှိ ခြင်းတို့သည် ခရစ်တော်ဘုရား၏ စိတ်ထားကို ခံယူခြင်းပင်ဖြစ်ပေသည်။ (၁ ကော်ရင် - ၂း၁၆ခ)

ပျော်ရွှင်ခြင်းသည် မိမိစိတ်ထား ပေါ်မှာမူတည်သည်။ ဘာကြောင့် မပျော်ရွှင်နိုင်သလဲ။
၁။ မိမိ၏စိတ်သဘောထားကြောင့် မပျော်နိုင်ခြင်းဖြစ်သည်။
၂။ အခြားလူကို Negative attitude အကောင်းမမြင်၊ အဆိုးမြင်ပြောဆိုတတ်ပါ ကလည်း မှားသည်။ ဤမှားသော စိတ်ထား ၂မျိုးကြောင့် ပျော်ရွှင်မှုမရှိခြင်းဖြစ်သည်။

ဤစာစောင်ကို ““ရှင်သန်နိုင်သော လူ့ ဘ၀”” စာအုပ်မှ မှီငြမ်းပြီးရေးသားထားပါသည်။



စစ္စတာရ် ဖွားဖွား ဒေဗီယားလား
(S.J.A)