Saturday, December 10, 2011

ဒီဇင်ဘာညရှုခင်း

ဟိုရှေးရှေးတုန်းကပေါ့
ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အောက် လင်းလက်တဲ့ကြယ်စင်တွေကြားမှာ
ထူးဆန်းတဲ့ကြယ်ကြီးကလည်း အလင်းတန်း တွေဖြာထွက်လို့ပေါ့ . . . ။

ပြီးတော့ဖြူစင်တဲ့တိမ်တိုက်တွေရဲ့အောက်မှာ မွှေးမြတဲ့ပန်းကလေးတွေ
သနားစရာကောင်းတဲ့နွားတင်းကုပ်အတွင်းက နွားကလေးတွေ၊ချစ်စရာသိုးကလေးတွေ။

အဲဒီအချိန်မှာ ကမ္ဘာလောကကြီးထဲမှာရှိတဲ့ လူသားတွေကလည်း
ကိုယ်စီကိုယ်စီမာနတွေနဲ့ ၀ံ့ကြားကြားလို့ပေါ့ ဒါပေမဲ့ဒီညသန်းခေါင်ယံအချိန်မှာ
လူသားတစ်ဦးထူးဆန်းစွာမွေးဖွားလာခဲ့ပါတယ် . . . ။

အဲဒီအချိန်ကစပြီးသဘာဝလောကရဲ့အရာအားလုံးဟာ ပျောက်ကွယ်သွားရတယ်
လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ လည်းပျောက်ဆုံးသွားကြရတယ်။

ဘာဖြစ်လို့လည်းဆိုတော့အရာရာအားလုံးကိုဖုံးလွှမ်းပျောက်ကွယ် သွားစေမယ့်
ချစ်မေတ္တာတန်ခိုးတော်၊ ဣနြေ္ဒ၊ အလှတရား၊ သစ္စာတရားတွေနဲ့ ဖွားမြင်လာခဲ့တဲ့
ဗက်သလင်မြို့၊ နွားစားခွက်အတွင်းမှာ စံနေတော်မူတဲ့
ခမည်းတော်ရဲ့ တစ်ပါးတည်းသောသားတော်ယေဇူးဘုရားရှင်ကြောင့်ပဲပေါ့....။

မောင်စိုး (ခေတ္တ နေပြည်တော်)