Tuesday, September 21, 2010

အပေး - အယူ


"အပေး-အယူ"

"ကြွက်သေတစ်ခု အရင်းပြုဆိုတဲ့" မြန်မာစကားပုံကို ကြားဖူးကြပါလိမ့်မယ်။ ဒီစကားပုံမှာ သူဆင်းရဲလေး တစ်ယောက်ဟာ ကြွက်သေကို အကျိုးရှိရှိ အသုံးချတတ်ကြောင့်၊ သူရဲ့ ဘ၀မှာ သူဌေးသူကြွယ်တစ်ယောက် ဖြစ်လာခဲ့တယ်လို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ ဘိုးဘေးတွေက အိပ်ရာဝင် ပုံပြင်တစ်ပုဒ်အနေနဲ့ လက်ဆင့်ကမ်း လာခဲ့ကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့ မိတ်ဆွေတို့ကို တင်ပြချင်တာက ဘာပဲလုပ်လုပ် ကိုယ်ဘက်က ရင်းနှီးမူ တစ်ခုတော့ ပြုနေတယ် ဆိုတာပါပဲ။ တစ်ခုမပေးရင် တစ်ခုမရနိုင်တဲ့ လောကကြီး အကြောင်းကိုတော့ မိတ်ဆွေ လောကသားအပေါင်း သိကြပြီးသားပါ။ ဒီလိုပါပဲ ကျွန်တော်တို့ ဘုရားရှင်နှင့် ဆက်ဆံတဲ့ အခါမှာလည်း ကျွန်တော်တို့ ဘာမှမလုပ်ပဲနဲ့တော့ ကိုယ်တော်ရှင်က ဘာမှပေးမှာ မဟုတ်ပါဘူး။ မိမိက ဘာမှ မတတ်နိုင်ဦးတောင်မှ ကြိုးစားမှု့ တစ်ခုခုတော့ ပြရမှာဖြစ်ပါတယ်။

ဘုရားရှင်က ကြိုးစားမူကိုပဲ ကြည့်ပါတယ် အောင်မြင်မူကို မကြည့်ပါဘူး။ တစ်ခါတစ်လေမှ အံဖွယ် တန်ခိုးတော်နဲ့ပြီးတဲ့ အောင်မြင်မူတွေရှိခဲ့တာ ဒါပေမဲ့လည်း ဒီတန်ခိုးနဲ့ အောင်မြင်စေခဲ့တဲ့ အချက်တိုင်းမှာ ကျွန်တော့်လူသားတွေရဲ့ လုပ်အားကို အလိုရှိခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းတော်မှာ စာဆိုတစ်ခုရှိခဲ့ပါတယ်။ ဒါကတော့ "ဘုရားရှင်က ကျွန်တော်တို့ကို ကျွန်တော်တို့ မပါဘဲနဲ့ဖန်ဆင်းခဲ့သော်လည်း ဘုရားရှင်က ကျွန်တော်တို့ကို ကျွန်တော်တို့မပါဘဲနဲ့ ကယ်တင်မှာ မဟုတ်ပါဘူး။ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို လွတ်လပ်မှုကနေ ရုန်းထွက်ပြီးတော့ ကျွန်တော်တို့ ပြောလေ့ရှိတဲ့ ဇီးကုပ်ပြီး နတ်ပြည်ကိုတင်မှာ မဟုတ်ပါဘူး။" ကျွန်တော်တို့ကို ကိုယ်တော်ရှင် ကိုယ်တော်တိုင် ပေးသနားတော်မူသော လွတ်လပ်မှုကို သူကိုယ်တိုင် မဖျက်စီးပါဘူး။ ကျွန်တော်တို့ အလိုမရှိဘဲနဲ့ ဘုရားရှင်ဟာ ဘာကိုမှလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင် စိတ်ပါ လက်ပါနဲ့ လုပ်ဆောင်ခဲ့ရင်တော့ ဒီလုပ်ဆောင်ချက်ကို ကျေးဇူးတော်တွေ ပေးမှာ ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ စွမ်းပကားကြောင့်သာလျှင် နိမ့်ညံ့တဲ့ လူသားတွေ၊ သိုးကျောင်းတဲ့ သူတွေ၊ တံငါသည်တွေဟာ တရားဟော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်လာခဲ့ကြပါတယ်။ ကိုယ်တော်ရှင်ဟာ တန်ခိုးတော်တစ်ခုမှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကနေ ပြီးတော့ လူငါးထောင်လောက် စားနိုင်အောင် ဖန်ဆင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ ဘယ်တော့မှ လူတွေမပါဘဲ မလုပ်ခဲ့ပါဘူး။ ဒီလူအားလုံးကို ကျွေးမွေးဖို့ရန် ဒီလူတွေ ဆီကနေ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို ကိုယ်တော်ရှင် တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ ကျေးဇူးတော်ဖြင့် ပွားများစေခဲ့ပါတယ်။ ကျွန်တော်တို့လည်း တစ်ဦးစီ တစ်ဦးစီ နားလည်ထားရမှာက မိမိက ဘာမျှမလုပ်ဘဲနဲ့တော့ ကိုယ်တော်ရှင်က ဘာကျေးဇူးတော်မှ ပေးမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသေးအဖွဲ လုပ်ဆောင်ချက်ကလေး တစ်ခုဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ထိတွေ့ပြီးတော့ ကျွန်တော်တို့ မမျှော်မှန်းနိုင်တဲ့ အောင်မြင်မှုတွေကို ရရှိ နိုင်ပါတယ်။ ဒီတော့ မိတ်ဆွေ မိတ်ဆွေ အနေနဲ့ အနည်းငယ် လုပ်ကြည့်ဖို့ လိုပါတယ်။ ကိုယ်တော်ရှင်ဟာ ဒီအနည်းငယ် ကိုပဲ အပွား တိုးပွားစေပါလိမ့်မယ်။ ဒီအချိန်မှာ သင်ဟာ ဘုရားရှင်ရဲ့ ကျေးဇူးတော်ထဲမှ ရရှိပါလိမ့်မယ်။

ဒီလို ပေးဆပ်တဲ့နေရာ အချို့က ခဏတာ ပေးဆပ်ပြီးတော့ အချို့ကြတော့ တသက်တာ ပေးဆပ်ကြပါတယ်။ မည်သို့ပင် ဆိုစေကာမှု ပေးဆပ်ခြင်းဟာ ကျွန်တော်တို့ ကိုယ်တိုင်က ဘုရားရှင်ကို တုန့်ပြန်တဲ့ ကျေးဇူးတရားပဲ့ ဖြစ်ပါတယ်။ မိမိ လက်သမားပညာတက်ရင် ဒီပညာနဲ့ ပေးဆပ်မယ်။ မိမိ ပန်းချီးဆွဲတက်ရင် မိမိတက်တဲ့ ပညာနဲ့ ပေးဆပ်မယ်။ မိမိတက်တဲ့ ပညာနဲ့ လောကရဲ့လိုတဲ့ တောင့်တတဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ပေးဆပ်ရမှာ ဖြစ်တယ်။ နောက်ဆုံး ယုတ်ဆွအဆုံး လက်ခုတ်တီးတက်ရင်းတောင် သူတစ်ပါးတွေ အောင်မြင်နေတဲ့ အခါ သင်ဟာ အသုံးကျတဲ့ လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ရင်ထဲက မေတ္တာတရားသာ အဓိကပါ။

မေတ္တာတရား မပါပဲနဲ့ ကမ္ဘာကြီးကို အုပ်စိုးနေတာထက်၊ မေတ္တာတရားနဲ့ ပေးတဲ့ ပန်းလေးတပွင့်က ပိုပြီး တန်ဖိုး ရှိပါတယ်။ ဘုရားရှင်က ဒီဖြူစင်တဲ့ ဆပ်ကပ်မှုတွေကို ဆပွားတိုးစေပြီးတော့ ကျွန်ုတို့ကို အောင်မြင်မှု ဆုလာဒ်တွေအဖြစ်နဲ့ ပြန်လည်ပေးအပ်မှာ ဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက်လဲ အောင်မြင်မှု သရဖူကို ဆောင်းနိုင်ရအောင်လို့ မိမိမှာရှိတဲ့ ကိုယ်စီ ကိုယ်စီ ပညာရပ်တွေ၊ ကိုယ်ရဲ့ ပြည့်ဝမှုတွေကို ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ စုပုံအပ်ပြီး လိုအပ်သမျှ ဆုတွေကို ဘုရားရှင်ဆီမှာ တောင်းခံရမှာ ဖြစ်ပါတယ်။ တောင်းတဲ့ဆုတိုင်း ရနိုင်ပြီးတော့၊ ကြံသမျှအောင်၊ အောင်သမျှ လှုဒါန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။


ကလောင်