Friday, September 24, 2010

တီးတိန်ဇုံသို့ ကက်သလစ်သာသနာ

တီးတိန်ဇုံသို့ ကက်သလစ်သာသနာ ရောက်ရှိလာခြင်း

၁၉၃၈ ခုနှစ်တွင် ချင်းပြည်နယ်မြောက်ပိုင်း၌ ကက်သလစ်ဘာသာဝင် မရှိသေးပါ။ ထိုစဉ်က တီးတိန်မြို့တွင် နယ်ပိုင်ဝန်ထောက်ဖြစ်သူ Mr. Thomson တစ်ဦးသာ ဘာသာဝင်ရှိခဲ့ပါသည်။ တွန်းဇန်မှ စော်ဘွားကြီး ဦးပုမ်ဇမန်သည် ကက်သလစ်ဘာသာ တီးတိန်နယ်သို့ ရောက်ရှိနိုင်ရန် တီးတိန်နယ်ပိုင်ဝန်ထောက်ဖြစ်သူ Mr. Thomson (အင်္ဂလိပ်)နှင့် ဆွေးနွေးခဲ့ကြပါသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ချင်းဝိသေသတိုင်းမင်းကြီး Lt.Col. Burne ကလည်း သဘောတူခဲ့ပါသည်။

ထို့ကြောင့် ၁၉၃၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နယ်ပိုင်ဝန်ထောက်ဖြစ်သူ Mr. Thomson က မန္တလေးမြို့ရှိ ဆရာတော်ကြီး Bp. Faliere ထံသို့ သာသနာတောင်းခံစာ ရေးသားပေးပို့ခဲ့ပါသည်။ ဤစာနှင့်ပတ်သက်၍ ၁၉၃၉ ခုနှစ်၊ မတ်လအတွင်း၌ Fr. Mainier ဆရာဦးဘမောင်၊ ဆရာဦးထွန်းရင်တို့နှင့်အတူ Bp.Failiere သည် နယ်မြေကို ကြိုတင် ကြည့်ရှုလေ့လာရန်အတွက် မြောက်ပိုင်း ချင်းပြည်နယ်သို့ ကြွမြန်းလာခဲ့ပါသည်။ Bp.Failiere နှင့်အဖွဲ့အား လိုင်လွီးရွာမှ Pa Lian Kho Vungh, Tg Suan Kho Pau, Tg Kam Cin Kham, Tg Vum Khan Pau (၇ နှစ်)နှင့် တွန်းဇန်မှ Pa Go Cin တို့သည် မြင်း(၅)ကောင်နှင့် ကလေးမြို့သို့ သွားရောက်ကြိုဆို ခဲ့ကြပါသည်။

Bp. Faliere သည် မတ်လ(၁၂)ရက်နေ့တွင် တီးတိန်မြို့၌ ပထမဦးဆုံး မစ္ဆားတရား ပူဇော်ခဲ့ပါသည်။ ထိုအချိန်တွင် ကက်သလစ်ဘာသာကို Pa Neng Zam (ဆိုင်းဇန်)မှ လက်ခံခဲ့ရာ မြောက်ပိုင်း ချင်းပြည်နယ်၏ ပထမဦးဆုံး တစ်ဦးတည်းသော ဘာသာဝင်သူဖြစ်ခဲ့ပါသည်။ Bp. Faliere နှင့်အဖွဲ့သည် တွန်းဇန်သို့ ခရီးဆက်ခဲ့ရာ ဆရာဦးဘမောင်နှင့် ဆရာဦးထွန်းရင်တို့အား သာသနာပြုရန် ထားခဲ့ပြီး ဓမ္မဆရာ သင်တန်းတက်ရန် တွန်းဇန်မှ U Hau Kho Kham နှင့် U Neng Kai တို့အား ခေါ်သွားခဲ့ပါသည်။

၁၉၃၉ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် Bp.Faliere က ဆရာဦးဘမောင်နှင့် ဆရာဦးထွန်းရင်တို့အား ကြည့်ရှု စစ်ဆေးရန် Fr.Blivet နှင့် င်္ Fr. Collart တို့အား စေလွှတ်ခဲ့ပါသည်။ ၁၉၄၀ ခုနှစ်တွင် Bp.Faliere သည် မြောက်ပိုင်းချင်းပြည်နယ်တွင် ကက်သလစ် အသင်းတော် တည်ထောင်ရန် Fr.Mainier ဦးဆောင်သည့်အဖွဲ့ကို စေလွှတ်ခဲ့ပါသည်။ ထိုအဖွဲ့တွင် Fr.Blivet, Fr.Moses U Ba Khin ဓမ္မဆရာ U Hau Kho Kham နှင့် U Neng Kai တို့ပါဝင်ပါသည်။ ထိုအဖွဲ့သည် ၂၀-၁၂-၁၉၄၀ ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိကြရာ ဆရာဦးဘမောင်နှင့် U Vungh Za Gin တို့က ကလေးမြို့သို့ မြင်း(၈)ကောင်နှင့် သွားရောက်ကြိုဆိုခဲ့ကြပါသည်။

ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် တီးတိန်မြို့သို့ ရောက်ရှိလာကြပြီး တီးတိန်မြို့နယ်ပိုင်ဝန်ထောက် Mr. Thomson နှင့် တွေ့ဆုံခဲ့ကြပါသည်။ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် တီးတိန်မြို့၌ ကက်သလစ်ဘာသာကို စတင်တည်ထောင်ခဲ့ပါသည်။ ဒီဇင်ဘာလ(၂၃) ရက်နေ့တွင် တွန်းဇန်မြို့သို့ ခရီးဆက်ခဲ့ကြရာ Fr. Mainier သည် ခရစ္စမတ်ညဥ့်သန်းခေါင်ယံ မစ္ဆားကို အဦးဆုံးပူဇော်ခဲ့ပါသည်။ Fr. Blivet သည် ထိုအချိန်မှစ၍ တွန်းဇန်မြို့တွင် ကျောင်းထိုင်ခဲ့ပါသည်။

Bp.Faliere တွန်းဇန်မှအပြန်တွင် လိုင်လွီးရွာမှ Pa Sian Khan Thang (လိုင်ပြန်းဘာသာ တည်ထောင်သူ Pu Pau Cin Hau ၏ သား) နှင့် Pa Kam Cin Kham (လိုင်လွီးသာသနာ့အကျိုးဆောင် ဂေါပကလူကြီး Pa Lian Kho Zam ၏သား) တို့အား မန္တလေးမြို့ Fr.Lafon ကျောင်းတက်ရန် ခေါ်သွားပါသည်။

၁၉၄၁ ခုနှစ်၊ ဇန်န၀ါရီလတွင် Fr. Moses U Ba Khin သည် တွန်းဇန်မြို့တွင် ကျောင်းထိုင်ခဲ့ပြီး Fr. Blivet သည် လိုင်လွီးရွာတွင် ကျောင်းထိုင်ကာ တီးတိန်မြို့ကို အုပ်ချုပ်ခဲ့ပါသည်။ Fr. Blivet လိုင်လွီးရွာ၌ ကျောင်းထိုင်နေစဉ် ဆိုင်းဇန်ရွာမှ U Song Cin Pau သည် သာသနာ ရောက်ရှိနိုင်ရေးအတွက် လိုင်လွီးရွာသို့ သွားရောက်ခဲ့ပါသည်။ Fr. Blivet သည် U Suan Kho Pau ကို ဆိုင်းဇန်ရွာသို့စေလွတ်ခဲ့ရာ ၁၉၄၂ ခုနှစ်တွင် ဆိုင်းဇန်ရွာ၌ ကက်သလစ်ဘာသာ တည်ထောင်နိုင်ခဲ့ပါသည်။

ဒုတိယကမ္ဘာ စစ်ဖြစ်လာသည့်အခါ နှစ်ခြင်းခရစ်ယာန်ဘာသာဝင် သိက္ခာတော်ရ ဆရာတော် Mr. Nelson နှင့် တီးတိန်မြို့ဝန် Mr. Kelley တို့သည် Fr.Blivet အားစစ်ဘေးမှ အိန္ဒိယနယ်သို့ တိမ်းရှောင်ရန် စည်းရုံးရာ Fr. Blivet ကလက်မခံဘဲ ကျွန်ုပ်၏သိုးစုများနှင့် "သေတူရှင်တူနေအံ့" ဟုဆိုကာ လိုက်မသွားခဲ့ပေ။

၁၉၄၄ ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် ဂျပန်တပ် တီးတိန်မြို့သို့ ရောက်ရှိလာပါသည်။ ဂျပန်ဗိုလ်ချုပ်သည် Fr.Blivet အားလိုင်လွီးရွာမှ တီးတိန်မြို့သို့ခေါ်ယူကာ ဤသို့စစ်ဆေးခဲ့ပါသည်။ "ခင်ဗျား ဒီအရပ်မှာ ဘာလုပ်နေတာလဲ" ဟု မေးမြန်းရာ Fr. Blivet က "လောကီအရေးအတွက် အလုပ်လုပ်နေခြင်းမဟုတ်၊ လောကုတ္တရာအရေးအတွက်သာ ဤအရပ်၌ လာရောက်ရခြင်းဖြစ်ကြောင်း ပြောပြသောအခါ ဖမ်းဆီးခြင်း မပြုတော့ပေ။ ဤသို့ဆိုလျှင် မွေးရပ်မြေသို့ ပြန်သွားလိုပါသလားဟု ထပ်ဆင့်မေးမြန်ရာ "ကျွန်ုပ်၏ သိုးစုများနှင့်အတူတူနေအံ့" ဟုဆိုကာ မိမိ၏သိုးစု ဘာသာတူများအား မထားခဲ့ဘဲ အမှုတော် ဆက်လက်ထမ်းရွက်ခဲ့ပါသည်။ ထိုအခါ ဂျပန်စစ်ဗိုလ်ချုပ်ကြီးသည် Fr. Blivet အား ဂျပန်တပ်က ဒုက္ခပေးခြင်း မပြုရန် လက်မှတ်နှစ်စောင်ထုတ်ပေးခဲ့ပါသည်။ တစ်စောင်ကို Fr. Blivet က လည်ပင်းတွင်ဆွဲထားပြီး တစ်စောင်ကို မိမိကျောင်းရှေ့တွင် ကပ်ထားပါသည်။

၎င်းနှစ်မေလတွင် စစ်ဒဏ်ကြောင့် တွန်းဇန်ဘုရားကျောင်း မီးလောင်သွားခဲ့ရာ တွန်းဇန်မြို့ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Moses သည် လိုင်လွီး ကျောင်းထိုင်ဘုန်းကြီး Fr. Blivet ကျောင်းတွင် ယာယီခိုလှုံခဲ့ပါသည်။

၁၉၄၄ အောက်တိုဘာလတွင် လိုင်လွီးရွာသို့ ဂျပန်တပ်များ ၀င်လာသဖြင့် အင်္ဂလိပ်တပ်မှ လိုင်လွီးရွာအား ဗုံးကြဲခဲ့ရာ လိုင်လွီးဘုရားကျောင်းမှာ ပြာကျခဲ့ရပါသည်။ Fr. Moses နှင့် Fr. Blivet တို့ မီးဘေးမှ ရှောင်တိမ်းထွက်ပြေးနေစဉ်လမ်းတွင် ဘုန်းကြီး၏လက်တွင်ကိုင်ထားသော ဆုတောင်း မေတ္တာစာအုပ်မှာ သေနတ်ကျည်ဆံမှန်၍ ဘုန်းကြီးနှစ်ပါး စလုံးမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိချေ။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ စစ်ပြီးသောအခါ Fr. Moses တွန်းဇန်သို့ ပြန်သွားခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် Fr. Blivet သည် တွီးလန့်သို့ ပြောင်းရွှေ့ကျောင်းထိုင်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် Fr. Blivet သည် ဆိုင်းဇန်ရွာတွင် ကျောင်းထိုင်ပြီး တီးတိန်မြို့ကို အုပ်ချုပ်ခဲ့ပါသည်။ ၁၉၅၄ မေလတွင် Bp. Faliere, Fr. Blivet, Fr. Dixneut, Fr. Kelbert, Fr. Moses U Ba Khin, Fr. Ruellen တို့သည် တီးတိန်ဘုရားကျောင်းကြီးကို ကောင်းချီးပေးရေဆက်ချခဲ့ပါသည်။ ၁၉၅၄ မှ ၁၉၅၈ အထိ Fr. Ruellen သည် ဆိုင်းဇန်ရွာတွင်ကျောင်းထိုင်ပြီး တီးတိန်ကို အုပ်ချုပ်ခဲ့သည်။ ၁၉၅၅ ခုနှစ်၊ မေလအတွင်းတွင် (၁၅)ရက်တာ ဘုရားစကားသင်ကြားပေးခြင်းကို Fr. Blivet နှင့်အတူ တီးတိန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ Fr. Ruellen သည် ၁၉၅၅ ခု၊ ဇွန်လတွင် တီးတိန်ဘော်ဒါကို စတင်တည်ထောင်ဖွင့်လှစ်ပေးခဲ့ပါသည်။

၁၉၅၈ ခုနှစ်တွင် တီးတိန်မြို့၌ ပထမဦးဆုံး ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် Fr. Augustine U Soe ဦးစွာ ရောက်ရှိလာပါသည်။

တီးတိန်မြို့တွင် ကျောင်းထိုင်ခဲ့ဖူးသော ဘုန်းတော်ကြီးများမှာ
(၁) Fr. Augustine U Soe ၁၉၅၈-၁၉၆၄
(၂) Fr. Aloysius ၁၉၆၄ (လအနည်းငယ်)
(၃) Fr. Peter U Mya Aung ၁၉၆၄-၁၉၆၆
(၄) Fr. Bernardine U Nyunt Phe ၁၉၆၆-၁၉၆၉
(၅) Fr. Timothy Pum Khan Nang ၁၉၆၉-၁၉၈၆
(၆) Fr. Andrew Gin Khan Mung ၁၉၈၆-၁၉၈၈
(၇) Fr. Anthony Hem Kho Sei ၁၉၈၈ (မေ-ဒီဇင်ဘာ)
(၈) Fr. Lucius Hre Kung ၁၉၈၉-၁၉၉၈
(၉) Fr. Philip En Khan Mang ၁၉၉၈-၂၀၀၇
(၁၀) Fr. James Cin Len Khai ၂၀၀၇-၂၀၀၈
(၁၁) Fr. Andrew Cin Go Lian ၂၀၀၈-

တီးတိန်ဇုံဘုန်းတော်ကြီးစီရင်စုများနှင့် ကျောင်းထိုင်ခဲ့ဖူးသော ဘုန်းတော်ကြီးများ

(၁)ွှTonzang
(၁) င်္Fr. Blivet ၁၉၄၀
(၂) င်္Fr. Moses U Ba Khin ၁၉၄၁-၁၉၅၃
(၃) င်္Fr. Anthony Kelbert ၁၉၅၃-၁၉၆၆
(၄) င်္Fr. Timothy Pum Khan Nang ၁၉၆၆-၁၉၆၈
(၅) Fr. Andrew Thang Za Khai ၁၉၆၉-၁၉၈၃
(၆) Fr. Peter U Hla Shwe ၁၉၈၃-၁၉၈၅
(၇) င်္Fr. John Om Se ၁၉၈၅-၁၉၉၀
(၈) Fr. Dominic Sum Pian Zam ၁၉၉၀-၁၉၉၁
(၉) င်္Fr. George Jakheeya ၁၉၉၁-၁၉၉၆
(၁၀) Fr. Lucius Hre Kung ၁၉၉၆-၁၉၉၇(တီးတိန်မှတွဲကိုင်)
(၁၁) Fr. Francis Lan Sawn ၁၉၉၇-၂၀၀၇
(၁၂) င်္Fr. Philip En Khan Mang ၂၀၀၇

(၂) Lailui
(၁) Fr. Blivet ၁၉၄၁-၁၉၄၆
(၂) Fr. Damian Zam Sian Dal ၂၀၀၉ (Nov)

(၃) Tuilangh (ယခုတီးတိန်မြို့မစီရင်စု)
(၁) Fr. Blivet ၁၉၄၆-၁၉၆၀

(၄) Saizang
(၁) Fr. Dixneuf ၁၉၄၆-၁၉၅၅
(၂) Fr. Ruellen ၁၉၅၅-၁၉၆၆
(၃) င်္Fr. Bernardine U Nyunt Phe ၁၉၆၇-၁၉၆၈
(၄) Fr. Timothy Pum Khan Nang ၁၉၆၉-၁၉၇၁
(၅) Fr. Peter U Hla Shwe ၁၉၇၂-၁၉၈၅
(၆) င်္
Fr. Jerome Hlawn Khawl ၁၉၈၅-၁၉၉၀
(၇) င်္
Fr. Felix Lian Khen Thang ၁၉၉၀-၁၉၉၁
(၈)
Fr. Anthony Hem Kho Sei ၁၉၉၂-၁၉၉၆
(၉) င်္Fr. Isidore Tuang Khan Pau ၁၉၉၆-၂၀၀၆
(၁၀) င်္Fr. Timothy Thang Do Cin ၂၀၀၇

(၅) Mualpi
(၁) Fr. Jackson ၁၉၄၇-၁၉၅၀
(၂) Fr. Eustius ၁၉၅၁-၁၉၅၃
(၃) င်္Fr. Jordain ၁၉၅၃-၁၉၅၇
(၄) Fr. Aloysius ၁၉၅၇-၁၉၆၂
(၅) Fr. Timothy Pum Khan Nang ၁၉၆၂-၁၉၇၁
(၆) င်္Fr. Macharldo ၁၉၇၁-၁၉၇၅
(၇) င်္Fr. Florian Zam Kho Kam ၂၀၀၈-၂၀၀၉
(၈) Fr. Sebastian Khaw Khei Ghung ၂၀၀၉-၂၀၁၀
(၉) Fr. Andrew Suan Lian Mung ၂၀၁၀-

(၆) Singpial
(၁) Fr. Jordain ၁၉၅၉-၁၉၆၆ (မှတ်ချက်။ ။ ယခုကလေးဇုံ)

(၇)ှSuangpi
(၁) Fr. Peter Mya Aung ၁၉၆၀-၁၉၆၇
(၂) င်္Fr. Joseph Pau Kap Mung ၂၀၀၈

(၈)ွှTuithang
(၁) Fr. Blivet ၁၉၆၁-၁၉၇၅
(၂) Fr. Michael Gin Sian Kham ၂၀၀၃-၂၀၀၇
(၃) Fr. Andrew Suan Lian Mung ၂၀၀၈-၂၀၀၉
(၄) Fr. Robert Cin Lam Kim ၂၀၀၉

(၉) Laitui
(၁) Fr. Ignatius Hau Khan Kap ၁၉၈၈-၁၉၉၉
(၂) Fr. Joseph Se Yawn ၁၉၉၉-၂၀၀၇
(၃) Fr. Thomas Khua Uk Lian Mawi ၂၀၀၇-၂၀၀၇ (၁ နှစ်မပြည့်)
(၄) Fr. Albert Nang En Khai ၂၀၀၈-၂၀၀၉
(၅) Fr. Abraham Hrang Hit ၂၀၁၀

(၁၀) Cikha
(၁) Fr. George Jakheeya ၁၉၈၉-၁၉၉၀
(၂) Fr. Dominic Kung Teal ၁၉၉၁-၁၉၉၆
(၃) Fr. Andrew Cin Go Lian ၁၉၉၆-၂၀၀၃
(၄) Fr. Timothy Thang Do Cin ၂၀၀၃-၂၀၀၇
(၅) Fr. Florian Zam Kho Kam ၂၀၀၇-၂၀၀၈
(၆) Fr. Maximian Pau Sian Mung ၂၀၀၈-၂၀၀၉
(၇) Fr. Joseph Khup Huam Mang ၂၀၀၉-

(၁၁) Sakollam
(၁) Fr. Thomas Khua Uk Lian Mawi ၂၀၀၆-၂၀၀၇
(၂) Fr. Isidore Tuang Khan Pau ၂၀၀၇-၂၀၀၉
(၃) Fr. Stephen Mang Lian Tuang ၂၀၀၉-

(၁၂) Heilei
(၁) Fr. Wilfred Do Suan ၂၀၀၈-

တီးတိန်ဇုံအတွင်း ကျောင်းထိုင်ဖူးသည့် နိုင်ငံခြားမှပြင်သစ်သာသနာပြု ဘုန်းတော်ကြီးများ

၁. Fr. Blivet(M.E.P)
၁၉၄၀ ခုနှစ်မှစ၍ တွန်းဇန်မြို့တွင် ပထမဦးဆုံးကျောင်းထိုင်ခဲ့သူဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် လိုင်လွီးရွာသို့ ပြောင်းရွှေ့ပြီး ၁၉၄၅ ခုနှစ်အထိ သီတင်သုံးနေထိုင်ခဲ့သည်။
အင်္ဂလိပ်စစ်တပ်သည် လိုင်လွီးရွာအား ဗုံးကြဲသောအခါ ဘုရားကျောင်းမှာ မီးလောင်ပျက်စီးခဲ့ရသည်။ မီးဘေးမှ ရှောင်တိမ်းနေစဉ် လမ်းတွင် လက်ထဲ၌ပါလာသော ဆုတောင်းမေတ္တာစာအုပ်ကို ကျည်ဆံမှန်ခဲ့ပါသည်။ သို့သော် Fr. Blivet သည် အခြားထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပါ။ ၁၉၄၆ ခုနှစ်တွင် တွီးလန့်ရွာသို့ ပြောင်းရွှေ့ပြီး ၁၉၆၀ ခုနှစ်အထိ (၁၅)နှစ်တာ သာသနာအမှုတော် ထမ်းရွက်ခဲ့ပါသည်။ Tuithang ရွာတွင် ၁၉၆၁-၁၉၇၅ နှစ်အထိ ပြောင်းရွှေ့နေထိုင်ပါသည်။ နယ်လှည့် ဒေသစာရီ ထွက်တော်မူတိုင်း မြေပုံနှင့် သံလိုက်အိမ်မြှောင် (Compass)ကို အမြဲတမ်း ယူသွား လေ့ရှိသည်။ ဖာသာရ်၏နောက်လိုက်ဖြစ်သူ ဦးဇဲလ်ခန့်ဒို (သက်ရှိ) ယခုအသက်(၇၆)နှစ်၏ ပြောပြချက်အရ "ကိုယ်တော်ဘုရား အလေးအပေါ့သွားခြင်းကိုပင် ကျွန်တော်တခါမျှ မမြင်တွေ့ဖူးပါ။" ဤမျှအထိ စည်းကမ်းကြီးသူ ဖြစ်ပါသည်ဟု ပြောပြခဲ့ပါသည်။ ဘာသာမခွဲခြားဘဲ လူများကို ဆေးဝါး ပေးလေ့ရှိသည်။ ထမင်းဂျိုး အလွန်ကြိုက်သည်။ ရွာတွင် ၂ ည ၃ ညထက်ပိုမအိပ်ဘဲ အမြဲတမ်းနယ်လှည့်သည်။ ဘုရားကျောင်းတော်တော် များများ ဆောက်လုပ်ခဲ့သည်။ ကိုယ်တော် မစ္ဆားဟောရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ ယနေ့ထိတိုင် တွီးလန့်ရွာတွင် ရှိနေသေးသည်။ မြင်းကိုသနားသဖြင့် ခရီးသွားတိုင်း နံနက်စောစော သွားလေ့ရှိသည်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်သားများက ညှဉ်းဆဲသောအားဖြင့် ပစ္စည်းထမ်းခိုင်း၊ ရေခပ်ခိုင်းတာတို့ ရှိခဲ့သည်။ ဖာသာရ်သည် မွေးမြူထားသော ကြက်များကို သတ်စားခြင်း မပြုဘဲ ဧည့်သည်ဘုန်းတော်ကြီးများ ရောက်ရှိသည့်အခါမှသာ ဧည့်ခံကျွေးမွေးရန်အတွက်
သတ်လေ့ရှိပါသည်။

၂. Fr. Joseph Dixneuf (M.E.P)
၁၉၄၆ ခုနှစ်တွင် ဆိုင်းဇန်ရွာ၌ ကျောင်းထိုင်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံတွင် ၁၉၁၃ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။ ၁၉၃၇ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ရဟန်းသိက္ခာခံယူခဲ့ ပါသည်။ ရဟန်းသိက္ခာခံပြီး (၁)လမတိုင်ခင် မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့
သာသနာ အမှုတော်မြတ်ထမ်းရွက်ရန် ရောက်ရှိလာပါသည်။ ၁၉၃၉ ခုနှစ်တွင် မြင်းခြံမြို့၌လည်းကောင်း၊ ၁၉၄၀ မှ ၁၉၄၆ ခုနှစ်အထိ ညောင်ပင်သာ၌ လည်းကောင်း သီတင်းသုံး နေထိုင်ခဲ့ပါသည်။ ချင်းပြည်နယ်တွင်
Fr. Blivet နှင့်ဆုံတွေ့စဉ် Fr. Blivet မှ ဤသို့ မေးမြန်းခဲ့ပါသည်။ ကိုယ်တော် တစ်နှစ်တာ စားစရိတ်အတွက် ဘယ်လောက်ကုန်ကျသလဲဟုမေးရာ Fr. Dixneuf သည် (၁၉) ကျပ် ကုန်ကျကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ထိုအခါ Fr. Blivet က "တော်တော်ငတ်ကြီးကျတဲ့သူပဲ" ကျွန်တော် (၁၇)ကျပ်ပဲသုံးတယ်ဟု တီးတိန်ချင်းစကားနှင့် ပြောကြားခဲ့ပါသည်။ ထိုအခါ Fr. Dixneuf သည် ခြိုးခြံချွေတာရာမှ စုဆောင်းမိသမျှကို စာသင်ကျောင်းများ တည်ဆေက်ရန် အတွက်လည်းကောင်း၊ ဘုရားကျောင်းတည်ဆောက်ရန်အတွက် လည်းကောင်း အသုံးပြုခဲ့သည်။ ယခု ကလေးမြို့ရှိ စိန်မေရီဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စိန်မေရီကျောင်း၊ လင်ရိုဗာကားနှင့် စာပုံနှိပ်စက်၊ စာပုံနှိပ်တိုက်တို့မှာ Fr. Dixneuf ဆောက်လုပ် လှူဒါန်းခဲ့ခြင်းများပင် ဖြစ်သည်။ Fr. သည် အမဲလိုက်ခြင်းကို ၀ါသနာပါပြီး ကျားတစ်ကောင်ကို ပစ်သတ်ဖူးပါသည်။

၁၉၇၂ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့တွင် မွေးရပ်ဌာနေသို့ ပြန်သွားခဲ့ပါသည်။ ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက် နေ့တွင် ပြင်သစ်နိုင်ငံ၌ ပျံလွန်တော်မူခဲ့သည်။

၃. Fr. Ruellen (M.E.P)
၁၉၅၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါသည်။ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလတွင် တွီးလန့်၊ တွန်းဇန်၊ မွာလ်ပီးသို့အလည် သွားရောက်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် မိမိခရီးသွားရာတွင်အသုံးပြုရန် မြင်းထီးတစ်ကောင်ကို ကျပ်(၃၂၀)ဖြင့် ၀ယ်ယူခဲ့ရာ ချင်းဘာသာဖြင့်
'Talkaang' ဟုမှည့်ခဲ့ပါသည်။

၁၉၅၅-၅၆ ဆိုင်းဇန်ရွာတွင် သီတင်းသုံးနေထိုင်စဉ် ကပ်တဲလ်၊ တွီးတော့နှင့် ဆိုင်းဇန်မှ ကလေးများအား ဘုရားစကားသင်ပေးပြီး ယောက်ျားကလေး (၁၂)ယောက်တို့ကို တီးတိန်မြို့သို့ လေ့လာရေးခရီး ခေါ်သွားပါသည်။ ဘုရားစကားသင်ကလေးများသည် ထိုစဉ်က တီးတိန်မြို့ရှိ ဈေးဆိုင်များနှင့် မော်တော်ကား တို့ကို ပထမဦးဆုံး အလုအယက်ကြည့်ရှုခွင့် ကြုံခဲ့ရသဖြင့် အလွန်ပျော်ရွှင်ခဲ့ကြပါသည်။ ဆိုင်းဇန်တွင် ၁၉၅၅ နိုဝင်ဘာလ၌
Fr. Kelbert နှင့်ပူးတွဲပြီး မိမိတို့အသုံးပြုရန် အင်္ဂလိပ်-ချင်းအဘိဓါန် စာအုပ်ကို ပြုစုခဲ့ပါသည်။ ကိုယ်တော်သည် ဒေသစာရီလှည့်လည်ရာ ရွာတိုင်း၌ ဓါတ်ပြားစက်ကို ယူဆောင်လေ့ရှိပြီး ရွာသူ ရွာသားများက စိတ်ဝင်တစားနှင့် နားထောင်ပြီးချိန်တွင် တရားဟောလေ့ရှိသည်။ ထိုစဉ်က ဆိုင်းဇန်ရွာမှ စာမတတ်သူအမျိုးသမီးလူငယ်တစ်ချို့သည် သီလရှင်ဝတ်လိုကြောင်း ဘုန်းကြီးအား တောင်းလျှောက်လာသဖြင့် ဘုန်းကြီးခမျာ အတော်ခေါင်းရှုပ်ခဲ့ရပါသည်။

၎. Fr. Anthony Kelbert (M.E.P)
၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် တွန်းဇန်မြို့၌ စတင်ရောက်ရှိ၍ သီတင်းသုံး နေထိုင်ခဲ့ ပါသည်။ ချင်းစာနှင့် ချင်းစကားသင်ရင်း၊ ညနေတိုင်း ကလေးသူငယ်များအား ဘုရားစကား သင်ပေးပါသည်။ ၁၉၅၄ ခုနှစ်တွင်
St. Albert Primary School ကို တွန်းဇံမြို့၌ ဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် Fr. Moses (ဆရာတော်ဦးဘခင်) တည်ထောင်ခဲ့သည့် ကက်သလစ်ကလေး သူငယ်များအစည်းအရုံး (Catholic Childrens' Union) CCU ကို ဖျက်သိမ်း၍၊ ၁၉၅၉ ခုနှစ်တွင် Young Catholic Association (Y.C.A)ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် တွန်းဇန်ဘာသာတူအိမ်ခြေ (၂၄)အိမ်သာရှိပြီး Father သည် မိမိ၏မွေးရပ်ဒေသမှ ရရှိသည့် အလှူငွေများဖြင့် ပျဉ်ထောင်ဘုရားကျောင်းကြီးကို နံရံ ၂ ထပ်၊ သံဖိနပ်သုံး၍ ခိုင်မာစွာဆောက်လုပ်ခဲ့ ပါသည်။ ဆက်လက်၍ Father သည် မိမ်နေထိုင်ရန်ပျဉ်ထောင်၂ထပ် အိမ်တစ်လုံးကိုလည်း ဆောက်လုပ်ပေးခဲ့
ပါသည်။
Father သည်F.M.M(Franciscan Missionaries of Mary) Sister များနှင့် ပူးပေါင်း၍ ဆေးပေးခန်း (Dispensary) တစ်ခုကို တွန်းဇန်မြို့၌ ဖွင့်လှစ်ခဲ့သည်။ နိုင်ငံခြားမှဆေးဝါးများ လုံလုံလောက်လောက် ရှိသည့်အပြင်၊ sisterများဘက်ကလည်း မေတ္တာစေတနာနှင့် လူနာများကိုပြုစုကုသ ပေးရာတွင် ကျွမ်းကျင်ကြသဖြင့် ယင်းဆေးပေးခန်းသည် အတော်နာမည်ကြီးလာပြီး ရပ်နီးရပ်ဝေးမှ လူနာများလာရောက် ကုသမှုခံယူခဲ့ကြသည်။

Father သည် ထိုစဉ်က ရွာသူကြီး ဦးပီတာရှင်းလျန်းပေါင်၊ ယခုအသက် (၇၈)၏ အကူအညီဖြင့် ဗိုလ်တဲအဆောက်အဦးကို ယခုဘောလုံးကွင်းနားတွင် ပြောင်းရွှေ့ဆောက်လုပ်ပြီး၊ ယင်းဗိုလ်တဲ အဆောက်အဦးနေရာတွင် လူနာများအဖို့ အဆောင်တစ်ဆောင်ကို ဆောက်လုပ်ပေးခဲ့ပါသည်။ Father သည် ချင်းတောင်၊ ချင်းလူမျိုးများ၊ အထူးသဖြင့် တွန်းဇန်ဒေသခံများအား သံယောဇဉ်မေတ္တာ တရားကို ပြသနိုင်ခဲ့သည်။ Father ၏ မိန့်ခွန်းတစ်ခုတွင် ဤချင်းတောင်တွန်းဇန်မှာ လာနေတာပျော်ပါ၏ အကြောင်းမှာ သူခိုး၊ ဓားပြမရှိ၊ ကလေးသူငယ်များကို ပုံမှန်ဘုရားစကား သင်ပေးနိုင်သည့်အပြင် တနင်္ဂနွေနေ့တိုင်း မိခင်၊ ဖခင်များနှင့်လည်း အတူတကွ တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အပြင် အစားအသောက် များလည်း ပုံမှန်စားနိုင်ပြီး၊ ဒေသခံဘာသာတူများနှင့် အတူနေ၊ အတူစား။ အတူတူဆုတောင်းမှုများကို "ငါတို့အမှုတော်ဆောင် သာသနာ့ဝန်ထမ်းများ" အဖို့ ပျော်စရာကောင်းပါသည်ဟု ပြောခဲ့ဖူးပါသည်။

Father Kelbert သည် တွန်းဇန်တွင် (၁၃)နှစ်တိတိနေပြီး ၁၉၆၆၊ ခုနှစ် ဧပြီလ(၁၁)နေ့တွင် တွန်းဇန်မြို့မှ မိမိ၏မွေးရပ်ပြင်သစ်ပြည်သို့ ပြန်သွားဖို့ရန် ဂျစ်ကား(၁)စီးနှင့်သွားပြီး၊ တီးတိန်မရောက်မှီ လမ်းခုလတ် (Ciimtang) အရပ်တွင် ခေတ္တခဏ ကားကိုရပ်ခိုင်း၍၊ တွန်းဇန်မြို့ကို နောက်ဆုံးအကြိမ် ပြန်လှည့်ကြည့်၍ အလွမ်းမျက်ရည်ကျခဲ့ပါသည်။

Father သည် မိမိနိုင်ငံသို့ပြန်သွားပြီး (၁၀)နှစ်ကြာပြီးသည့်အချိန်တွင် မြန်မာပြည်ကို ရန်ကုန်ထိ ပြန်လာ၍ တာမွေရှိ F.M.M Sister များ၏ ဘုရားကျောင်းဆောင် (Chapel) တွင် တီးတိန်လိုနှင့် မစ္ဆားတရား ပူဇော်ပေးခဲ့သည်။ ၄င်းပြင် နှစ်(၃၀)ပြည့် ၁၉၉၆ ခုနှစ်တွင် (ဒု)ကြိမ် မြန်မာပြည်ကို ပြန်လာ၍ တွန်းဇန်မြို့အထိ အရမ်းသွားချင်သော်ငြားလည်း၊ ကလေးမြို့အထိသာလာနိုင်ခဲ့၍ ချင်းစကား(တီးတိန်) စကားနှင့် သြ၀ါဒပေးပြီး၊ တွန်းဇန်မြို့တွင် "ငါ့ရဲ့ နှလုံးတစ်ခြမ်း ကျန်ရစ်ခဲ့" သည်ဟု ပြောခဲ့ပါသည်။

Father သည် __________ ခုနှစ်၊_________ လ၊ ( )နေ့တွင် မိမိနိုင်ငံပြင်သစ်ပြည် တွင် ပျံလွန်တော်မူခဲ့သည်။

၁၉၄၁-၁၉၅၄ အထိ တွန်းဇန်တွင်ဓမ္မဆရာလုပ်ဖူးသည့် ဆရာ
Alphonse ဦးအောင်မင်း၏ အတ္ထုပ္ပတ္တိအကျဉ်း
  • ဓမ္မဆရာ အာလ်ဖုန်းစ်ဦးအောင်မင်းသည် ကရင်လူမျိုးဖြစ်၍ ၁၉၁၆ ခုနှစ် တွင် ရန်ကုန်မြို့အနီး တွံတေး- ပန်းလှိုင်ရွာတွင် မွေးဖွားခဲ့ပါသည်။
  • ၁၉၄၁-၁၉၅၄ ခုနှစ်အထိ တွန်းဇန်မြို့တွင် ဓမ္မဆရာ လုပ်ခဲ့ပါသည်။
  • ၁၉၅၄-၅၈ ခုနှစ်အထိ တီးတိန်မြို့တွင် ဓမ္မဆရာ လုပ်ခဲ့ပါသည်။
  • ၁၉၅၉-၆၀ ခုနှစ် တွန်းဇန်မြို့တွင် ဓမ္မဆရာ Cin Khan Khual နှင့် ပူးတွဲပြီး အမှုတော်ဆောင်သည့်အပြင် ကျောင်းဆရာအလုပ်ကိုပါ ၀င်လုပ်သည်။
  • ၁၉၆၁ ခုနှစ်တွင် ကလေးမြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး ၁၉၆၆ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့၊ သက်တော် (၅၀)ပြည့်သောအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသည်။



Read More...

ကလေးကက်သလစ်သာသနာ

ကလေးကက်သလစ်သာသနာဂိုဏ်းအုပ်ဆရာတော် ပလ’င်တင်ပွဲအထိမ်းအမှတ်
(၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်)

ပလ’င်တင်ခြင်းဆိုသည်မှာ

သခင်ယေဇူးသည် တပည့်သံဃာတော်(၁၂)ပါးရှိသည့်အနက် ယောန၏ သာစိမုန်အား သာလျှင် ကောင်းကင်နိုင်ငံတော်က သော့ကိုပေး၍ ကမ္ဘာမြေပေါ်တွင် သူချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်မည့်အကြောင်းနှင့် ကမ္ဘာမြေပေါ်တွင် သူဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌လည်း ဖြေလွှတ်မည့်အကြောင်း ရှင်မာတေဦး(၁၆း၁၉)တွင် အတိအလင်း မိန့်တော်မူသည်။ အခြားသော တပည့်တော်ကြီးများအား ဤအခွင့်အာဏာကို မပေးချေ။

ယင်းကဲ့သို့ စီမွန်ပေတရုအား အထူးအာဏာလွှဲအပ်ခြင်းသည် ကမ္ဘာမြေပေါ်ရှိ ခရစ်တော်ကို သက်ဝင်ယုံကြည်သော နောင်လာ နောက်သား ခရစ်ယာန်ဘာသာဝင်များသည် သိုးထိန်းတစ်ပါးတည်းအောက်တွင် သိုးခြံတစ်ခုတည်းကဲ့သို့ စည်းလုံးညီညွတ်ရန် အလိုရှိသောကြောင့်ဖြစ်သည်။ (ယော ၁၀း၁၆ ရှု) ခရစ်တော်သည် စိမွန်ပေတရုအား အသင်းတော်၏ သိုးထိန်း (Pastor)အဖြစ် ခန့်အပ်တော်မူကြောင်းကို မိမိကိုယ်တိုင်သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး မိုးကောင်းကင်သို့ မတက်ကြွမီ စိမွန်ပေတရုအား "ငါ၏သိုးများကို ကျွေးမွေးလော့" ဟု သုံးကြိမ်သုံးခါတိတိ မိန့်တော်မူခြင်းဖြင့် မှတ်မှတ်ရရ ထပ်မံ၍ အတည်ပြုတော်မူသည်။ (ယော ၂၁း၁၅-၁၇ ရှု)

ဤကျမ်းချက်များကို ထောက်ရှုခြင်းဖြင့် ခရစ်တော်သည် အသင်းတော်တစ်ခုတည်းကို တည်ထောင်ကြောင်း၊ တစ်နည်းအားဖြင့် ကမ္ဘာမြေပေါ်ရှိ ခရစ်ယာန်ဘာသာဝင်များသည် ယုံကြည်ခြင်းနှင့် ၀တ်ပြုကိုးကွယ်မှုတွင် ကွဲပြားခြားနားမှု မရှိဘဲ တလုံးတ၀တည်းဖြစ်ရန် အလိုတော်ရှိကြောင်း သိသာသည်။ သို့ဖြစ်၍ ကက်သလစ်အသင်းတော်သည်သာလျှင် ခရစ်တော်၏ အလိုတော်ကျ တည်ထောင်ဖွဲ့စည်းထားသော ခရစ်တော်၏ စစ်မှန်သော အသင်းတော်ဖြစ်ကြောင်းကို စဉ်းစားဆင်ခြင်တတ်သော ခရစ်ယာန်များအတွက် ယုံမှားစရာ မရှိချေ။

သို့ဖြစ်၍ ယောန၏သား စိမွန်ပေတရုသည် အခြားသော တပည့်သံဃာတော်များ အပါအ၀င် ခရစ်တော်ကို သက်ဝင် ယုံကြည်သောသူအားလုံး၏ အဦးဆုံးသော အကြီးအကဲ တစ်နည်းအားဖြင့် အဦးဆုံးသော ရဟန်းမင်းကြီး ဖြစ်ခဲ့သည်။ ယနေ့လက်ရှိ ရဟန်းမင်းကြီး Benedict XVI သည် စိမွန်ပေတရုမှ ရေတွက်သော် (၂၆၅)ပါးမြောက် ရဟန်းမင်းကြီး ဖြစ်သည်။


ရဟန်းမင်းကြီး Benedict XVI သည် ကမ္ဘာအရပ်ရပ်ရှိ သိုးစုဖြစ်သော ကက်သလစ် အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်ရာတွင် တိုင်းနိုင်ငံနှင့် လူမျိုးအုပ်စုအလိုက် သာသနာ နယ်ပယ် (Diocese)များ ခွဲခြားသတ်မှတ်၍ ထိုသာသနာနယ်တစ်ခုလျှင် ဆရာတော်တစ်ပါးစီ ခန့်ထားတော်မူသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ချင်းလူမျိုးအတွက်လည်း ရဟန်းမင်းကြီး Benedict XVI သည် ကလေးသာသနာနယ်ပယ်သစ် သတ်မှတ်၍ ၎င်းင်းကလေးသာသနာနယ်ပယ် ကြည့်ရှုစောင့်ရှောက်ရန် အလွန်ရိုသေထိုက်လှသော ဆရာတော်ကြီး Msgr. Felix Lian Khen Thang ကို ခန့်အပ်ပေးတော်မူသည်။ သို့ဖြစ်၍ ဆရာတော် Msgr. Felix Lian Khen Thang သည် (၂၉.၆.၂၀၁၀)နေ့မှစ၍ ကလေးကက်သလစ် သာသနာ၏ ဂိုဏ်းအုပ်ဆရာတော်ဖြစ်ကြောင်း အသိအမှတ်ပြုသောအားဖြင့် ပလ’င်တင်ခြင်း(၀ါ) အခွင့်အာဏာပေးအပ်ခြင်း ဖြစ်သည်။ ကက်သလစ်အသင်းတော်တွင် သာသနာနယ်သစ် သတ်မှတ်၍ ဆရာတော်သစ်များ တိုးချဲ့ခန့်ထားခြင်းသည် ကက်သလစ်အသင်းတော်အတွင်း ကွဲပြားခြားနားမှု မဟုတ်ဘဲ တိုးတက်မှုသာလျှင် ဖြစ်သည်။


ကလေးကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး Msgr. Felix Lian Khen Thang ၏ ကိုယ်ရေးရာဇ၀င်အကျဉ်း

မွေးနေ့သက္ကရာဇ် - ၂၅-၁၂-၁၉၅၉
မွေးဇာတိ - ဂမ်ငိုင်ကျေးရွာ၊ တီးတိန်မြို့နယ်
ဆေးကြောခြင်း - ၉-၆-၁၉၆၇
ရဟန်းသိက္ခာခံခြင်း - ၂၄-၂-၁၉၉၀
အမှုတော်ဆောင်ခြင်း
၁၉၉၀-၁၉၉၂ - ဆိုင်းဇန်ကျေးရွာကျောင်းထိုင်
၁၉၉၃-၁၉၉၇ - ရောမမြို့ ပညာတော်သင်ယူ
၁၉၉၅-၁၉၉၇ - ရောမမြို့၌ သံတမန်ရေးရာပညာသင်ယူ
၁၉၉၇-၁၉၉၈ - အာဖရိကတိုက်၊ မဒါဂါစကားတွင် ရဟန်းမင်းကြီး ကိုယ်စားလှယ်၏ အတွင်းရေးမှူး
၁၉၉၈-၂၀၀၂ - အာရှတိုက်၊ ဘင်္ဂလားဒေ့ရှ်တွင် ရဟန်းမင်းကြီး ကိုယ်စားလှယ်၏ အတွင်းရေးမှူး
၂၀၀၂-၂၀၀၄ - အာဖရိကတိုက်၊ မော်ရိုကိုတွင် ရဟန်းမင်းကြီး ကိုယ်စားလှယ်၏ အတွင်းရေးမှူး
၂၀၀၅-၂၀၀၆ - ဟားခါးသာသနာ၏ အဓိပတိတာဝန်
၃.၃.၂၀၀၆ - ရဟန်းမင်းကြီးမှ လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်ကြောင်း အမိန့်စာထုတ်ပြန်
၆.၅.၂၀၀၆ - ဆရာတော်သိက္ခာခံယူခြင်း
၂၂.၅.၂၀၁၀ - ရဟန်းမင်းကြီးမှ ကလေးသာသနာဂိုဏ်းအုပ် ဆရာတော်အဖြစ် ခန့်အပ်ကြောင်းအမိန့်စာထုတ်ပြန်
၂၉.၆.၂၀၁၀ - ကလေးသာသနာဂိုဏ်းအုပ်ဆရာတော်အဖြစ် ပလ’င်တင်ပွဲအခမ်းအနား ကျင်းပခြင်း
ဆောင်ပုဒ် - အကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို ဆောင်အံ့သောငှါ သွားပါမည် (ဟေ ၁၀း၇)

ကလေးကက်သလစ်သာသနာနယ်ရရှိခြင်း

မန္တလေးသာသနာမှ တဆင့် ပြင်သစ်သာသနာပြုဘုန်းတော်ကြီးများသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်သို့ ၁၉၃၄ ခုနှစ်တွင်လည်းကောင်း၊ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံသို့ ၁၉၃၉ ခုနှစ်တွင်လည်းကောင်း စတင်ရောက်ရှိလာကြပါသည်။ ထိုအချိန်မှစ၍ ချင်းပြည်နယ်တွင် ကက်သလစ်ဘာသာဝင် လူဦးရေ တိုးတက်များပြားလာသည့်အလျောက် ချင်းတိုင်းရင်းသားများထဲမှ ရဟန်းဘုန်းတော်ကြီးများအပြင် ဆရာတော်များလည်း ပေါ်ထွန်းလာ ခဲ့ပါသည်။


ချင်းတိုင်းရင်းသားများအနက် အဦးဆုံးသောဆရာတော်မှာ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ သိန်းလောင်းကျေးရွာမှ Bishop Nicholas Mang Thang ဖြစ်ပါသည်။ ဆရာတော် Bishop
Nicholas Mang Thang သည် (၁၁.၁.၁၉၈၉)နေ့တွင် ဆရာတော်သိက္ခာ ခံယူပြီးလျှင် ရဟန်းမင်းကြီး John Paul II ၏ တာဝန်ပေးချက်အရ ချင်းပြည်နယ်အား သာသနာနယ်သစ်အဖြစ် သတ်မှတ်ရန် လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး အေဦးသန်းအောင်နှင့် လက်ထောက်ဆရာတော်ကြီး နီကောလားစ် ဦးမန်းထန်တို့သည် (၂၂.၉.၁၉၉၁)နေ့စွဲဖြင့် ရောမမြို့ရှိ ကက်သလစ်သာသနာ ပြန့်ပွားရေးဆိုင်ရာ ဌာနချုပ်သို့ အစီရင်ခံစာ တင်သွင်းခဲ့ကြသည်။

ထို့နောက် ရဟန်းမင်းကြီး John Paul II သည် (၂၁.၉.၁၉၉၂)နေ့စွဲပါ အမိန့်စာချွန်တော်ဖြင့် ဟားခါးသာသနာနယ်ပယ်သတ်မှတ်ပေး၍ သာသနာဂိုဏ်းအုပ် ဆရာတော်အဖြစ် ဆရာတော်ကြီး နီကောလားစ် ဦးမန်းထန်ကို ခန့်အပ်ပေးတော်မူသည်။ ထို့ကြောင့် (၂၁.၃.၁၉၉၃)နေ့တွင် ဟားခါးမြို့၌ ဟားခါးသာသနာ ဆရာတော်ပလ’င်တင်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

ဆရာတော်ကြီး နီကောလားစ် ဦးမန်းထန်လက်ထက်တွင် ဟားခါးသာသနာတော်သည် ပို၍ တိုးတက်လာသည့်အလျောက် ဟားခါးသာသနာတော်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းဟု သာသနာနယ်နှစ်ခုခွဲ၍ ရှေးဦးစွာ စီစဉ်ခဲ့ပြီး ထိုမှတစ်ဆင့် တီးတိန်၊ ဟားခါးနှင့် မင်းတပ်ဟူ၍ သာသနာနယ် သုံးခုခွဲရန် အကြံရှိခဲ့ပါသည်။

၎င်းင်းကဲ့သို့ သာသနာနယ်ပယ် တိုးချဲ့သတ်မှတ်နိုင်ရန် ဆရာတော်သစ်များလည်း ခန့်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ရဟန်းမင်းကြီး Benedict XVI သည် (၃.၃.၂၀၀၆)နေ့စွဲပါ အမိန့်စာချွန်တော်ဖြင့် Msgr. Felix Lian Khen Thang အား ဆရာတော်အဖြစ် ခန့်အပ်၍ (၆.၅.၂၀၀၆)နေ့တွင် ဆရာတော်သိက္ခာ ခံယူတော်မူသည်။ ထိုအချိန်မှစ၍ ဟားခါးသာသနာဂိုဏ်းအုပ်ဆရာတော်ကြီး Nicholas Mang Thang နှင့် လက်ထောက်ဆရာတော်ကြီး Felix Lian Khen Thang တို့သည် သာသနာတော် တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားဆောင်ရွက်ကြပါသည်။


မန္တလေးသာသနာမှ ဟားခါးသာသနာ ခွဲထုတ်ရန် မန္တလေးသာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး Alphonse U Than Aung နှင့် လက်ထောက်ဆရာတော်ကြီး Nicholas Mang Thang တို့သည် ရောမမြို့ရှိ ကက်သလစ်သာသနာပြန့်ပွားရေးဆိုင်ရာ ဌာနချုပ်သို့ အစီရင်ခံစာ တင်သွင်းသကဲ့သို့ ဟားခါးသာသနာဂိုဏ်းအုပ်ဆရာတော်ကြီး နီကောလားစ် ဦးမန်းထန် နှင့် လက်ထောက် ဆရာတော်ကြီး ဖီးလစ်လျန်ခင်ထန်တို့၏ စိတ်တူ သဘောတူ လျှောက်ထား တင်ပြမှုကြောင့် ရဟန်းမင်းကြီး Benedict XVI သည် (၂၂.၅.၂၀၁၀)နေ့စွဲပါ အမိန့်စာချွန်တော်ဖြင့် ကလေးဂိုဏ်းအုပ်သာသနာနယ်သစ် သတ်မှတ်ပေးခဲ့ပြီး (၂၉.၆.၂၀၁၀)နေ့တွင် ကလေးမြို့၌ ကလေးသာသနာဂိုဏ်းအုပ်ဆရာတော်ပလ’င်တင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။

ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာအတွင်းရှိ စာရင်းအရ (၂၇.၆.၂၀၁၀)
၁။ ဆရာတော်ကြီး - ၁ ပါး
၂။ ဘုန်းတော်ကြီး - ၅၁ ပါး
၃။ နိုင်ငံခြား၌ပညာသင်ဘုန်းတော်ကြီး- ၂ ပါး
၎။ ဒီကင် - ၁ ပါး
၅။ သီလရှင် - ၁၁၇ ပါး
၆။ ရဟန်းဖြစ်ကျောင်းသား - ၄၃ ဦး
၇။ ဓမ္မဆရာများ - ၂၂၅ ဦး
၈။ ကက်သလစ်အိမ်ခြေ - ၈၁၈၈ အိမ်
၉။ ကက်သလစ်လူဦးရေ - ၅၂၀၀၅ ဦး
၁၀။ ဘုန်းတော်ကြီးစီရင်စု - ၂၂ ခု

ဂျီ-လျန်ထန်

တပည့်တော်ကြီးများ၏ အရိုက်အရာကို ဆက်ခံသော ဆရာတော်ကြီးများ

ကက်သလစ်အသင်းတော်ကြီးသည် အရာခပ်သိမ်းတို့၌ အလုံးစုံကို ပြည့်စုံစေတော်မူသော သခင်၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ ခန္ဓာကိုယ်ဖြစ်၏။ (ဧဖက် ၁း၂၃)။ ထို့အပြင် အသင်းတော်သည် လောကရှိ ဘုရားသခင်၏ နိုင်ငံတော်ဖြစ်သည်။ (ဒံယေလ ၂း၄၄၊ မာတေဦး ၁၆း၁၈-၁၉၊ မာတေဦး ၁၂း၂၉)

သခင်ယေဇူးသည် ကောင်းကင်ဘုံသို့ တက်တော်မမူမီ တပည့်တော်ကြီးတို့အား ဤသို့ မိန့်တော်မူ၏။ "ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်ခွင့်အာဏာ ရှိသမျှကို ငါ့အား ပေးလျှက်ရှိ၏။ သင်တို့သည် လူမျိုးတကာတို့ကို ငါ၏တပည့် ဖြစ်စေလျှက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်၌ ဆေးကြောကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းငှါ ဆုံးမကြလော့။ ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်ရှိမည်" (မာတေဦး ၂၈း၁၈-၂၀)

စီရင်ပိုင်ခွင့်အာဏာကို စိုးပိုင်တော်မူသော သခင်သည် တပည့်တော်ကြီးတို့အား မိမိအာဏာကို လွှဲအပ်တော်မူခဲ့သည်။ တပည့်တော်ကြီးတို့သည် လူသားများဖြစ်၍ အချိန်တန်လျှင် ခန္ဓာကိုယ် ချုပ်ငြိမ်းကြမည် ဖြစ်သည်။ သို့သော် ကောင်းကင်နှင့် မြေကြီး ပျောက်ကွယ်သွား သည့်တိုင်အောင် ဘုရားသခင်၏ နှုတ်ကပါတ်တော် ပျောက်ကွယ်သွားမည် မဟုတ် (မာတေဦး ၅း၁၈) သဖြင့် တပည့်တော်ကြီးများ၏ အာဏာကို ထပ်ဆင့် လွှဲအပ်ပေးခြင်းဖြင့် အစဉ်တည်တံ့ ခိုင်မြဲလျှက် ရှိ၏။ ထို့အတူ Judas Iscariot ပျက်စီးသွားသော်လည်း တပည့်တော်ကြီး သံပေတရု ဦးဆောင်၍ သံမာတီယားအား အာဏာအပ်နှင်းထားသဖြင့် သံမာတီယားသည် တပည့်တော်ကြီးများ၏ အဖွဲ့ထဲသို့ ရေတွက်ခြင်း ခံရသည်။ (တမန်တော် ၁း၂၆)

ဤနည်းဖြင့် ကာလအဆက်ဆက် ကမ္ဘာအနှံ့အပြားတွင် ကိုယ်တော်၏နိုင်ငံတော်တည်းဟူသော အသင်းတော်ကြီးသည် တည်တံ့ပြန့်နှံ့လျှက်ရှိသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် သာမန်လူသားတစ်ယောက်၏ စီရင်ထုံးဖွဲ့သော မူဝါဒမဟုတ်ဘဲ ဘုရားသခင်မှတဆင့် တပည့်တော်ကြီးများသို့ စီရင်ထုံးဖွဲ့ပေးသော မူဝါဒ ဖြစ်သဖြင့် ကျွန်ုပ်တို့ နေ့စဉ်အမြဲ ဤကဲ့သို့ ယုံကြည်ခြင်းမေတ္တာကို ဂုဏ်ယူဝံ့ကြွားစွာ ရွတ်ဆိုကြရသည်။ "မှားယွင်းခြင်းနှင့်ကင်း၍ သစ္စာသမာဓိနှင့် ပြည့်စုံတော်မူသော အို မြတ်စွာဘုရားသခင်၊ ကိုယ်တော်၏ ဗျာဒိတ်တော်နှင့်အညီ သန့်ရှင်းသော ကာသိုလိပ် အသင်းတော် သွန်သင်သမျှကို တည်မြဲစွာ ယုံကြည်ခြင်း ရှိပါသည်။"

အသင်းတော်သည် AD-၃၃ ခုနှစ်တွင် အစပြု၍ မယ်တော်မာရီယားနှင့် တပည့်တော်ကြီးများကို အခြေပြုရာ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းအားဖြင့် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမှတဆင့် ကမ္ဘာအနှံ့ ပြန့်နှံ့လာကာ လွန်ခဲ့သော (၇၅)နှစ်ကြာ ၁၉၃၄ ခုနှစ်မှ ကျွန်ုပ်တို့၏ ချင်းတောင်သို့ ရောက်ရှိလာပါသည်။ ၁၉၉၂ ခုနှစ် မတိုင်မီ နှစ်ပေါင်း (၅၀)ကျော် မန္တလေးဂိုဏ်းချုပ်သာသနာ လက်အောက်ရှိ သာသနာနယ်တစ်ခု အဖြစ် ရပ်တည်ခဲ့သည်။

ချင်းလူမျိုးများထဲမှ အဦးဆုံးသော ဆရာတော်

မန္တလေးသာသနာသည် အလွန်ကျယ်ပြန့်သည့်အပြင် ဘာသာတူများလည်း တိုးတက်များပြားလာသည်နှင့်အမျှ သာသနာနယ်တစ်ခုအဖြစ် ရပ်တည်နိုင်သည့် အခြေအနေ ရှိသည့်အတွက် ဂိုဏ်းချုပ်ဆရာတော်ကြီး အေဦးသန်းအောင် အမှူးပြု၍ လျှောက်လွှာ တင်သွင်းချက်အရ ဘုန်းတော်ကြီး Rev. Fr. Nicholas Mang Thang (ယခုဆရာတော်) အား မန္တလေးဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူးမှ (၂.၆.၁၉၈၈)ရက်နေ့တွင်
တင်မြှောက်ခန့်အပ်လိုက်သည်။

ထို့နောက်မှတဖန် ဆရာတော်ကြီးနှစ်ပါး၏ လျှောက်ထားတောင်းဆိုချက်အရ (၂၁.၁၁.၁၉၉၂)နေ့စွဲဖြင့် ဟားခါးဂိုဏ်းအုပ်သာသနာသစ် ထူထောင်ကြောင်း ရဟန်းမင်းကြီးမှ အမိန့်စာချွန်တော် ထုတ်ပြန်ခြင်းအားဖြင့် မန္တလေးဂိုဏ်းချုပ်လက်ထောက်ဆရာတော် နီကောလားစ် ဦးမန်းထန်သည် ဟားခါးဂိုဏ်းအုပ်ဆရာတော်ကြီး ဖြစ်လာခဲ့ပါသည်။

ဆရာတော် Felix Lian Khen Thang နှင့် ကလေးသာသနာသစ် ထူထောင်ခြင်း

ဆရာတော်ကြီး နီကောလားစ်နှင့် ဘုန်းတော်ကြီးများ၏ လျှောက်ထားချက်အရ Msgr.
Felix Lian Khen Thang အား ဟားခါးဂိုဏ်းအုပ်သာသနာတော်၏ လက်ထောက် ဆရာတော်အဖြစ် တင်မြှောက်ခဲ့ကြောင်း ရဟန်းမင်းကြီး Benedict XVI မှ (၂.၃.၂၀၀၆) နေ့စွဲဖြင့် အမိန့်စာချွန်တော် ထုတ်ပြန်ခဲ့ပါသည်။ ထပ်မံ၍ (၂၂.၅.၂၀၁၀)ရက်စွဲဖြင့် ကလေး ဂိုဏ်းအုပ်သာသနာသစ် ထူထောင်ကြောင်းနှင့် ဆရာတော် Felix Lian Khen Thang အား ကလေးဂိုဏ်းအုပ်သာသနာသစ် ဆရာတော်အဖြစ် ခန့်အပ်ခြင်းအားဖြင့် ဆရာတော် Felix Lian Khen Thang သည် ဟားခါးဂိုဏ်းအုပ်သာသနာ လက်ထောက်ဆရာတော် အဖြစ်မှ ကလေးကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး ဖြစ်လာခဲ့သည်။

လေးနက်သောအချက် (၂)ရပ်

ရဟန်းမင်းကြီးများသည် ဆရာတော်တစ်ပါးပါး ခန့်အပ်သောအခါ လေးနက်သော အဓိပ္ပါယ်ဆိုသည့် အချက်(၂)ရပ် အမြဲတမ်း ပါရှိသည်။

ပထမအချက်မှာ ခန့်အပ်ပေးသော ရဟန်းမင်းကြီးအပိုင်းဖြစ်၍ "ကျွန်ုပ်အား အပ်နှင်းထားသော တမန်တော်ကြီးတို့၏ အာဏာကို အသုံးပြုလျှက်" ဟူသော စကားလုံးကို အမြဲ သုံးစွဲထားသည်။ အဓိပ္ပါယ်မှာ ရဟန်းမင်းကြီးသည် သာမန်လူ့အဖွဲ့အစည်းတစ်ခု၏ အကြီးအကဲအဖြစ်ဖြင့် မဟုတ်ဘဲ တပည့်တော်ကြီးများမှတဆင့် ခရစ်တော်သခင်၏ အပ်နှင်းထားသောအာဏာတော်ကြောင့် ဆရာတော်အဖြစ် ခန့်အပ်ထားခြင်းဖြစ်ကြောင်း ခိုင်မာစေသည်။

ဒုတိယအချက်မှာ အခန့်အပ်ခံ ဆရာတော်အပိုင်းဖြစ်၍ "သက်ဆိုင်ရာသာသနာ၏ လက်ထောက်ဆရာတော်အဖြစ်သာ မခန့်အပ်ဘဲ ဘွဲ့ခံရာထူးတစ်ခုခုဖြင့် ပူးတွဲခန့်အပ်ခဲ့ပါသည်။ ပိုမိုတိကျအောင် တင်ပြရမည်ဆိုလျှင် ဆရာတော် နီကောလားစ် ဦးမန်းထန်အား "ဖလေနူကလေတင်ဆီဘွဲ့ခံ ဆရာတော်နှင့် မန္တလေးဂိုဏ်းချုပ်သာသနာ၏ လက်ထောက် ဆရာတော်" အဖြစ် ပူးတွဲခန့်အပ်ကာ ဆရာတော် Felix Lian Khen Thang အား " Fessei ဘွဲ့ခံဆရာတော်နှင့် ဟားခါးဂိုဏ်းအုပ်သာသနာ၏ လက်ထောက်ဆရာတော်" အဖြစ် ပူးတွဲခန့်အပ်ခဲ့သည်။

ဆိုလိုသည်မှာ ဤရာထူးနှင့် သာသနာသည် ယခုမှ ပေါက်ဖွားလာသည့် အခြားသော အသင်းအဖွဲ့တစ်ခုမဟုတ်ဘဲ ကက်သလစ်ထုံးတမ်းစဉ်လာအရ ရှေးတပည့်တော်ကြီးများနှင့် ဆက်နွယ်နေခြင်းဖြစ်ကြောင်း အထောက်အထား ခိုင်မာစေခြင်း ဖြစ်သည်။

ပုံစံကြည့်မည်ဆိုပါက တမန်တော်ကြီး ဂါဗြီအဲလ်သည် မယ်တော်သခင်မအား အမိန့်တော်ပြန်စဉ်တွင် "သူ၏အဘ ဒါဝိဒ်၏ ရာဇပလ’င်ကို ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ သူသည် ယာကုပ်၏ အမျိုးအနွယ်ကို အစဉ်အမြဲ အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိ " ဟု ဆိုထားသည်။ (လုကာ ၁း၂၂-၂၃) သခင်ယေဇူးသည် အာဗြဟံမှ အစပြုသည်။ (မာတေဦး ၁း၁-၁၆) အီစ္စရာအဲလ်လူမျိုးတို့တွင် ဘုရင်ဖြစ်သော ဒါဝိဒ်မင်းကြီး၏ ဘုရင်ရာထူးကို ဆက်ခံနေသလို ဆရာတော်ကြီးများသည်လည်း အီစ္စရာအဲလ် လူမျိုးသစ်ဖြစ်သည့် ဘုရားသခင်၏နိုင်ငံတော်တည်းဟူသော အသင်းတော်ကြီးတွင် အုပ်စိုးခြင်း အာဏာရှိသော ပုဂ္ဂိုလ်များလည်း ဖြစ်သည်။ ဆရာတော်ကြီးများ၏ အကြီးအကဲဖြစ်သော Pope ဆိုသည့် စကားလုံးကို "ရဟန်းမင်းကြီး" ဟု မြန်မာလို ဘာသာပြန်ခြင်းသည် ဆီလျော်သင့်မြတ်လှပေသည်။

သိုးထိန်းရာထူး

သခင်ယေဇူးသည် တပည့်တော်ကြီး သံပေတရုအား သူ၏သိုးထိန်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ထပ်မံ အပ်နှင်းထားသည်။ (ယောဟန် ၂၁း၁၅-၁၇) တပည့်တော်ကြီး ပေတရုသည်လည်း သူ၏ လက်အောက် သိုးထိန်းဆရာတော်များအား ထပ်မံလမ်းညွှန်ပေးခဲ့သည်။ (ပ ပီတာ ၅း၁-၄) ရဟန်းမင်းကြီးနှင့် ဆရာတော်များ၏ ဦးထုပ်(ဒေါက်ချာ)နှင့် တောင်ဝှေးသည် သိုးထိန်းအမှတ်လက္ခဏာများ ဖြစ်သည်။


ဆရာတော်ကြီးများကို ချစ်ခင်လေးစားရခြင်း

ဆရာတော်ကြီးများကို ချစ်ခင်လေးစားခြင်းသည် ဘုရားသခင်ကို ချစ်ခင်လေးစားရာ ရောက်၏။ သခင်ယေဇူးသည် ဤကဲ့သို့ မိန့်ဆိုထား၏။ "ငါ အမှန်ဆိုသည်ကား ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကို လက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို လက်ခံ၏" (ယောဟန် ၁၃း ၂၀) ဘုရားသခင်သည် ပုဂ္ဂိုလ်သုံးပါးပေါင်း ဘုရားတစ်ဆူ ဖြစ်သည်။ သားတော်ဘုရားကို လက်ခံ၍ ၀ိညာဉ်တော်ဘုရားကို ပစ်ပယ်၍ မရပါ။ တပည့်တော်ကြီးများသည်လည်း ပုဂ္ဂိုလ်အားဖြင့် (၁၂)ပါး ရှိခဲ့သော်လည်း
သခင်ယေဇူး အပ်နှင်းထားသည့် အာဏာစက် တစ်ခုတည်းတွင်သာ တလုံးတ၀တည်း ဖြစ်သည်။ ထိုနည်းတူ သူတို့၏ အရိုက်အရာကို ဆက်ခံသည့် ဆရာတော်ကြီးများသည်လည်း ပုဂ္ဂိုလ်အားဖြင့် မည်မျှပင် ရှိစေကာမူ ဆရာတော် ဘိသိက်မင်္ဂလာတစ်ပါးတည်းတွင် တလုံးတ၀တည်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သခင်ယေဇူး၏ သိုးသူငယ်များ ပီသစွာဖြင့် မည်သည့်ဆရာတော်ကြီးမဆို ချစ်ခင်ရိုသေလေးစားရခြင်း ဖြစ်ပါသည်။ (ယောဟန် ၁၀း၂၆-၂၇)

ကလေးကက်သလစ်သာသနာမှ အထူးမှတ်တမ်းတင် ဂုဏ်ပြုထိုက်သော ဆရာတော်ကြီးသုံးပါး

၁။ံ His Grace Archbishop Alphonse U Than Aung

ကွယ်လွန်သူ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး အေ ဦးသန်းအောင်သည် ကလေးသာသနာသစ် ထူထောင်နိုင်ရေးအတွက် ပထမဆုံး လမ်းစဖွင့်ပေးသော ဆရာတော် တစ်ပါးဖြစ်သည်။ လက်ထောက်ဆရာတော် နီကောလားစ် ဦးမန်းထန်နှင့် လက်တွဲ၍ ဟားခါးကက်သလစ်သာသနာသစ် ရရှိရေး လျှောက်လွှာတင်စဉ်ကတည်းက အောက်ပါအတိုင်း ထည့်သွင်း တင်ပြခဲ့သည်။
လျှောက်လွှာအပိုဒ် ၅ (က) "သာသနာသစ်၏ အမည်နာမ ရွေးချယ်ခြင်း"
၁။ သာသနာသစ်တွင် ချင်းပြည်နယ် (၈)မြို့နယ် ပါဝင်ပေါင်းစည်းထားသဖြင့် ဟားခါး ကက်သလစ်သာသနာဟု ခေါ်သင့်သည်။ နောင်တွင် ကလေးမြို့သည်လည်း သာသနာသစ်အဖြစ် သီးသန့် ခွဲထုတ်နိုင်သော အခြေအနေရှိကြောင်း ကြိုတင် သိစေအပ်ပါသည်။

ထို့အပြင် အပိုဒ် ၅(က)/၂ တွင် ကလေးမြို့ကို ဗဟိုဌာနချုပ်အဖြစ် ထားရှိရန် ထပ်ဆင့်တင်ပြထားသည်။


(ဆရာတော်ကြီး နီကောလားစ် ဦးမန်းထန်၏ ရဟန်းသိက္ခာခံသည့် (၂၅)နှစ်မြောက် ငွေစင်ဂျူဗလီ အထိမ်းအမှတ်စာအုပ် စာမျက်နှာ (၂၉)တွင် ရှု)
ထို့ကြောင့် ကွယ်လွန်သူ အဘ ဆရာတော်ကြီး အေ ဦးသန်းအောင်အား ကလေး ကက်သလစ်သာသနာအနေဖြင့် အထူးဂုဏ်ပြု ဂါရ၀ ပြုအပ်ပါသည်။

၂။ံHis Excellency Bishop Nicholas U Mang Thang

ဟားခါးသာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး နီကောလားစ် ဦးမန်းထန်သည် ကလေးကက်သလစ် သာသနာသစ်အတွက် သာသနာဆိုင်ရာ အမွေအနှစ်ပေါင်းများစွာကို ပြုစုပျိုးထောင်ပေးခဲ့သဖြင့် ကလေးကက်သလစ်သာသနာအနေဖြင့် အဆုံးမရှိသော ကျေးဇူးတင်ခြင်းနှင့်အတူ ဂုဏ်ပြုမှတ်တမ်းတင် ကန်တော့အပ်ပါသည်။


၃။ံ His Excellency Bishop Felix Lian Khen Thang

ကလေးကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး Felix Lian Khen Thang သည် တပည့်တော်ကြီး သံယောဟန်ကဲ့သို့ ငယ်ရွယ်ပျိုနုလန်းဆန်းသော ဆရာတော်ကြီးဖြစ်သည်နှင့်အညီ ကလေးကက်သလစ်သာသနာသစ်အတွက် မျှော်လင့်ခြင်း ရောင်ခြည်တော်အဖြစ် ကြိုဆိုနှုတ်ဆက်ရင်း ကိုယ်တော်၏ ကိုယ်ပိုင်ဆောင်ပုဒ်များဖြစ်သော Felix is a man of intelligence. နှင့် "Heb 6:10 ကိုယ်တော်၏ အလိုတော်အတိုင်း ဆောင်ရွက်ရန် အကျွန်ုပ် ရောက်ရှိလာပါသည်။" ဟူသော ဆောင်ပုဒ်နှင့်အညီ ၀မ်းမြောက်ဝမ်းသာဖြင့် ဂါရ၀ပြု ကြိုဆိုအပ်ပါသည်။


ဆရာ ဖရန်စစ် လျန်ခန့်ပေါင်


မြန်မာနိုင်ငံကက်သလစ်အသင်းတော်၏စာရင်းအင်း ၂၀၀၉ ခုနှစ်
(၂၀၁၀ ခုနှစ် CBCB လမ်းညွှန်စာအုပ်မှ)

၁။ ဆရာတော်ကြီးများ - ၁၉ ပါး
၂။ ဘုန်းတော်ကြီးများ - ၇၅၂ ပါး
၃။ ကိုရင်နှင့် သီလရှင်များ - ၂၇၄၉ ပါး
၎။ ဘုန်းတော်ကြီးစီရင်စုများ - ၃၄၃ ခု
၅။ ဓမ္မဆရာများ - ၂၇၅၆ ဦး
၆။ ကက်သလစ်လူဦးရေပေါင်း - ၆၆၅၀၃၉ ဦး

Read More...

Tuesday, September 21, 2010

အပေး - အယူ


"အပေး-အယူ"

"ကြွက်သေတစ်ခု အရင်းပြုဆိုတဲ့" မြန်မာစကားပုံကို ကြားဖူးကြပါလိမ့်မယ်။ ဒီစကားပုံမှာ သူဆင်းရဲလေး တစ်ယောက်ဟာ ကြွက်သေကို အကျိုးရှိရှိ အသုံးချတတ်ကြောင့်၊ သူရဲ့ ဘ၀မှာ သူဌေးသူကြွယ်တစ်ယောက် ဖြစ်လာခဲ့တယ်လို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ ဘိုးဘေးတွေက အိပ်ရာဝင် ပုံပြင်တစ်ပုဒ်အနေနဲ့ လက်ဆင့်ကမ်း လာခဲ့ကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့ မိတ်ဆွေတို့ကို တင်ပြချင်တာက ဘာပဲလုပ်လုပ် ကိုယ်ဘက်က ရင်းနှီးမူ တစ်ခုတော့ ပြုနေတယ် ဆိုတာပါပဲ။ တစ်ခုမပေးရင် တစ်ခုမရနိုင်တဲ့ လောကကြီး အကြောင်းကိုတော့ မိတ်ဆွေ လောကသားအပေါင်း သိကြပြီးသားပါ။ ဒီလိုပါပဲ ကျွန်တော်တို့ ဘုရားရှင်နှင့် ဆက်ဆံတဲ့ အခါမှာလည်း ကျွန်တော်တို့ ဘာမှမလုပ်ပဲနဲ့တော့ ကိုယ်တော်ရှင်က ဘာမှပေးမှာ မဟုတ်ပါဘူး။ မိမိက ဘာမှ မတတ်နိုင်ဦးတောင်မှ ကြိုးစားမှု့ တစ်ခုခုတော့ ပြရမှာဖြစ်ပါတယ်။

ဘုရားရှင်က ကြိုးစားမူကိုပဲ ကြည့်ပါတယ် အောင်မြင်မူကို မကြည့်ပါဘူး။ တစ်ခါတစ်လေမှ အံဖွယ် တန်ခိုးတော်နဲ့ပြီးတဲ့ အောင်မြင်မူတွေရှိခဲ့တာ ဒါပေမဲ့လည်း ဒီတန်ခိုးနဲ့ အောင်မြင်စေခဲ့တဲ့ အချက်တိုင်းမှာ ကျွန်တော့်လူသားတွေရဲ့ လုပ်အားကို အလိုရှိခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းတော်မှာ စာဆိုတစ်ခုရှိခဲ့ပါတယ်။ ဒါကတော့ "ဘုရားရှင်က ကျွန်တော်တို့ကို ကျွန်တော်တို့ မပါဘဲနဲ့ဖန်ဆင်းခဲ့သော်လည်း ဘုရားရှင်က ကျွန်တော်တို့ကို ကျွန်တော်တို့မပါဘဲနဲ့ ကယ်တင်မှာ မဟုတ်ပါဘူး။ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို လွတ်လပ်မှုကနေ ရုန်းထွက်ပြီးတော့ ကျွန်တော်တို့ ပြောလေ့ရှိတဲ့ ဇီးကုပ်ပြီး နတ်ပြည်ကိုတင်မှာ မဟုတ်ပါဘူး။" ကျွန်တော်တို့ကို ကိုယ်တော်ရှင် ကိုယ်တော်တိုင် ပေးသနားတော်မူသော လွတ်လပ်မှုကို သူကိုယ်တိုင် မဖျက်စီးပါဘူး။ ကျွန်တော်တို့ အလိုမရှိဘဲနဲ့ ဘုရားရှင်ဟာ ဘာကိုမှလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင် စိတ်ပါ လက်ပါနဲ့ လုပ်ဆောင်ခဲ့ရင်တော့ ဒီလုပ်ဆောင်ချက်ကို ကျေးဇူးတော်တွေ ပေးမှာ ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ စွမ်းပကားကြောင့်သာလျှင် နိမ့်ညံ့တဲ့ လူသားတွေ၊ သိုးကျောင်းတဲ့ သူတွေ၊ တံငါသည်တွေဟာ တရားဟော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်လာခဲ့ကြပါတယ်။ ကိုယ်တော်ရှင်ဟာ တန်ခိုးတော်တစ်ခုမှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကနေ ပြီးတော့ လူငါးထောင်လောက် စားနိုင်အောင် ဖန်ဆင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ ဘယ်တော့မှ လူတွေမပါဘဲ မလုပ်ခဲ့ပါဘူး။ ဒီလူအားလုံးကို ကျွေးမွေးဖို့ရန် ဒီလူတွေ ဆီကနေ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို ကိုယ်တော်ရှင် တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ ကျေးဇူးတော်ဖြင့် ပွားများစေခဲ့ပါတယ်။ ကျွန်တော်တို့လည်း တစ်ဦးစီ တစ်ဦးစီ နားလည်ထားရမှာက မိမိက ဘာမျှမလုပ်ဘဲနဲ့တော့ ကိုယ်တော်ရှင်က ဘာကျေးဇူးတော်မှ ပေးမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသေးအဖွဲ လုပ်ဆောင်ချက်ကလေး တစ်ခုဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ထိတွေ့ပြီးတော့ ကျွန်တော်တို့ မမျှော်မှန်းနိုင်တဲ့ အောင်မြင်မှုတွေကို ရရှိ နိုင်ပါတယ်။ ဒီတော့ မိတ်ဆွေ မိတ်ဆွေ အနေနဲ့ အနည်းငယ် လုပ်ကြည့်ဖို့ လိုပါတယ်။ ကိုယ်တော်ရှင်ဟာ ဒီအနည်းငယ် ကိုပဲ အပွား တိုးပွားစေပါလိမ့်မယ်။ ဒီအချိန်မှာ သင်ဟာ ဘုရားရှင်ရဲ့ ကျေးဇူးတော်ထဲမှ ရရှိပါလိမ့်မယ်။

ဒီလို ပေးဆပ်တဲ့နေရာ အချို့က ခဏတာ ပေးဆပ်ပြီးတော့ အချို့ကြတော့ တသက်တာ ပေးဆပ်ကြပါတယ်။ မည်သို့ပင် ဆိုစေကာမှု ပေးဆပ်ခြင်းဟာ ကျွန်တော်တို့ ကိုယ်တိုင်က ဘုရားရှင်ကို တုန့်ပြန်တဲ့ ကျေးဇူးတရားပဲ့ ဖြစ်ပါတယ်။ မိမိ လက်သမားပညာတက်ရင် ဒီပညာနဲ့ ပေးဆပ်မယ်။ မိမိ ပန်းချီးဆွဲတက်ရင် မိမိတက်တဲ့ ပညာနဲ့ ပေးဆပ်မယ်။ မိမိတက်တဲ့ ပညာနဲ့ လောကရဲ့လိုတဲ့ တောင့်တတဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ပေးဆပ်ရမှာ ဖြစ်တယ်။ နောက်ဆုံး ယုတ်ဆွအဆုံး လက်ခုတ်တီးတက်ရင်းတောင် သူတစ်ပါးတွေ အောင်မြင်နေတဲ့ အခါ သင်ဟာ အသုံးကျတဲ့ လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ရင်ထဲက မေတ္တာတရားသာ အဓိကပါ။

မေတ္တာတရား မပါပဲနဲ့ ကမ္ဘာကြီးကို အုပ်စိုးနေတာထက်၊ မေတ္တာတရားနဲ့ ပေးတဲ့ ပန်းလေးတပွင့်က ပိုပြီး တန်ဖိုး ရှိပါတယ်။ ဘုရားရှင်က ဒီဖြူစင်တဲ့ ဆပ်ကပ်မှုတွေကို ဆပွားတိုးစေပြီးတော့ ကျွန်ုတို့ကို အောင်မြင်မှု ဆုလာဒ်တွေအဖြစ်နဲ့ ပြန်လည်ပေးအပ်မှာ ဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက်လဲ အောင်မြင်မှု သရဖူကို ဆောင်းနိုင်ရအောင်လို့ မိမိမှာရှိတဲ့ ကိုယ်စီ ကိုယ်စီ ပညာရပ်တွေ၊ ကိုယ်ရဲ့ ပြည့်ဝမှုတွေကို ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ စုပုံအပ်ပြီး လိုအပ်သမျှ ဆုတွေကို ဘုရားရှင်ဆီမှာ တောင်းခံရမှာ ဖြစ်ပါတယ်။ တောင်းတဲ့ဆုတိုင်း ရနိုင်ပြီးတော့၊ ကြံသမျှအောင်၊ အောင်သမျှ လှုဒါန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။


ကလောင်

Read More...

Thursday, September 16, 2010

ရလိုလို ... ပေးခက်ခက်

ရလိုလို ... ပေးခက်ခက်

တစ်ပါးသူတို့ ကိုယ့်အပေါ် ကြင်နာ
ချစ်ခြင်းမေတ္တာ လိုချင်ပါသည်။

ကိုယ့်ပေါ်သူတစ်ပါး နားလည်မှုထား
စာနာတတ်မှုများလည်း မျှော်လင့်မြဲ။

တစ်ပါးသူများ ကိုယ့်အားဆက်ဆံ ပြောဆိုပြန်ရင်
ချိုလွင်စကား နူးညံ့အပြောများသာ စောင့်စားကာ အမြဲလိုလား။

ကိုယ့်အပေါ်မတရားမှု တစ်ခုမှမလိုလား ဟစ်ကြော်တစ်အား
တော်လှန်တိုက်ဖျက် မတရားမှုအတွက်တဲ့။

ကိုယ်ကမှားကာ ချို့ယွင်းစွာပင် ထိခိုက်ပြန်ရင်
တစ်ပါးသူမှ ခွင့်လွှတ်စေချင် အကြိမ်ခုနှစ်ဆယ် ခုနှစ်လီတိုင်ပင်။

ဒါတွေ-...ဒါတွေ--...-
လိုကာ လိုသာ လိုချင်ပါလည်း
ကိုယ့်ဖက်ကသာ ပေးဖို့ရာဖြင့်
လွန်စွာမှပင်ခက်သည်ထင့်။

တွေးကြည့်ပါ---ကိုယ်လိုလားရာ တစ်ပါးသူမှာလည်း

လိုအပ်မြဲမို့ ပေးနိုင်ရန်ဖို့ ကြိုးစားစို့လား။ ။

(ရှင်မာတေဦး ၇း၁၂-၁၈း၂၂)

အင်ဝိုင်းပန် (SJA)


Read More...

Wednesday, September 15, 2010

ပုခက်လွှဲသောလက်များ

ပုခက်လွှဲသောလက်များ

ပုခက်လွှဲသောလက်များ ဟုဆိုလျှင် မည်သူ၏ လက်များဖြစ်သည်ကို ရိပ်စားမိမည် ဖြစ်ပါသည်။ ကျွန်မတို့ကို ကိုးလလွယ်ဆယ်လတွင် မွေးဖွားပေးကြသော မိခင် အမျိုးသမီးများ၏ လက်များပင် ဖြစ်ပါသည်။ ကျွန်မတို့ကို လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် လူ့လောကကြီးကို ရင်ဆိုင်ရန် ပညာရဲရင့် ပွဲလယ်တင့်သော ဘ၀မျိုးသို့ ရောက်ရှိရန် သွန်သင်ဆုံးမ ပညာပေးခဲ့သော ကျေးဇူးရှင် မိခင် အမျိုးသမီးများပင် ဖြစ်ပါသည်။ ကျွန်မတို့အနေနှင့် မိခင်သာမက ဖခင်၏ မေတ္တာ အားပေးမှုပါရရှိ၍ ကံကောင်းသူများဟု ခေါ်ဆို နိုင်သော်လည်း တချို့ ကလေးသူငယ်များမှာ ဖခင်၏ စွန့်ပစ်ခြင်းကိုခံရကာ မိခင်၏ မေတ္တာအရိပ်အောက်မှာသာ ကြီးပြင်း လာရသူများလည်း မနည်းပါ။

ထိုသို့ အိမ်ထောင်စုများတွင် ပုခက်လွှဲသောမိခင်များ၏ လက်မှာ မည်မျှပင် ခိုင်မာသန်စွမ်းသည်ဆိုသည့် ဥပမာများကို ကမ္ဘာကျော် ပုဂ္ဂိုလ်များဖြင့် ပြရလျှင် တစ်ဦးတည်းသော သား/သမီးများဖြစ်သည့် အမေရိကန်သမ္မတ Bill Clintin သမ္မတဟောင်း Jimmy Carter ဖိလစ်ပိုင် သမ္မတဟောင်း Sergio Osmena နှင့် ရုရှား ၀န်ကြီးချုပ် Michael Gorbachev တို့မှာ မိခင်အမျိုးသမီးများဦးစီး အုပ်ချုပ်သော အိမ်ထောင်စုများမှာ ကြီးပြင်းလာသူများပင် ဖြစ်ပါတယ်။ အမေတစ်ခု သားတစ်ခုသာ ဖြစ်သော်လည်း မိခင်အမျိုးသမီးများ၏ ချစ်ခြင်းမေတ္တာ၊ ဆုံးမ သွန်သင်မှုများမှာ ထိရောက်လှ၍ ကမ္ဘာက အသိအမှတ်ပြုရသော နိုင်ငံတော် ခေါင်းဆောင်များ ဘ၀သို့ရောက်ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဆိုရသော် ပုခက်လွှဲသော လက်များက ကမ္ဘာကို အုပ်ချုပ်သည့်အဖြစ်သို့ ရောက်ရှိသည်ဟု ဆိုလျှင် မမှားပါ။

ထိုသို့ မိခင်က ဦးစီးအုပ်ချုပ်သည့် အိမ်ထောင်စုများမှ ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သကဲ့သို့ တစ်ခါတရံတွင်လည်း အချို့ အိမ်ထောင်စုများတွင် မိခင်များသည် ၎င်းင်းတို့၏ တစ်ဦးတည်းသော သားများကို အချစ်ပိုမှု၊ အလိုလိုက်မှုများကြောင့် အလိုလိုက် အမိုက်စော်ကားသော သားများအဖြစ်သို့ ရောက်ရှိခဲ့သူများလည်း မနည်းပါ။ အမေရိကန်ပြည်ထောင်စုတွင် လူမည်းမိသားစုများတွင် အထူးသဖြင့် အမျိုးသမီးတစ်ဦးတည်းက ဦးစီးသည့် အိမ်ထောင်စုမျိုးတွင် ထိုအဖြစ်မျိုး များစွား တွေ့မြင်နိုင်ပါသည်။ မိခင်များက ၎င်းင်းတို့၏ တစ်ဦးတည်းသောသားများကို ဖူးဖူးမှုတ် အလိုလိုက်ထားသဖြင့် သားများသည် လမ်းပေါ်မှ လူတေလူပေများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ဘ၀သို့ရောက်ရှိသွားကြသည်။ ထို့ကြောင့် ပုခက်လွှဲသော မိခင်၏လက်များမှာ သားသမီးများ၏ ရှေ့ရေး အကောင်းအဆိုးများကို ဖန်တီးနိုင်ပေရာ နိုင်ငံကို အကျိုးပြုသည့် သားကောင်းရတနာ၊
သမီးကောင်းရတနာများ ဖြစ်ရန်လည်း ထိန်းကျောင်း ပြုပြင် ဖန်တီးပေးနိုင်သော လက်များပင် ဖြစ်ပါတယ်။

မည်သည့် မိခင်မဆို မိမိတို့၏ သားသမီးများကို ဆင်စီး မြင်းရံသည်ကိုသာ မြင်ချင်ကြ၍ သားသမီးများကို ဆုံးမ သွန်သင် ပဲ့ပြင်မှု ပြုကြ စမြဲ ဖြစ်ပါသည်။ ဤတာဝန်ကြီးမှာ လွယ်မယောင်နှင့် ခက်သည့် တာဝန်ကြီးတစ်ခုပင် ဖြစ်ပါတယ်။ သားသမီးရတနာများမှာ ဘုရားသခင်က ပေးသည့် အထူးလက်ဆောင်များဖြစ်၍ မိခင်အမျိုးသမီးများတွင် အထူးမစ်ရှင် (Mission) တာဝန်ရှိရာ မည်သို့ပင် ခက်ခဲ ပင်ပန်းသည်ဖြစ်စေ မိခင်အမျိုးသမီးများအနေနှင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ပုခက်လွှဲသောလက်များမှာ ပျော့ပျောင်း နုနယ်သော်လည်း ၎င်းင်းတို့ထမ်းဆောင် လွှဲခက်နေရသည့် တာဝန်မှာ ကြီးမားလေးလံပါသည်။


ကျွန်မတို့ငယ်စဉ်က ကျွန်မတို့၏ မိခင်များသည် ကျွန်မတို့ စည်းကမ်းရှိ ပညာတတ်ပြီး ကြီးပွားချမ်းသာသည်ကို မြင်တွေ့လို၍ စည်းကမ်းများ ချမှတ်ကာ ဆုံးမသွန်သင်မှု ပြုခဲ့ကြသည်။ ထိုအချိန်အခါက ကျွန်မတို့အနေနှင့် မိခင်အမျိုးသမီးများ၏ ဂုဏ်ကျေးဇူးကို မသိမမြင်မိသည်မှာ အမှန်ပါ။ သို့ရာတွင် ယခုလို အရွယ်ရောက်၍ ကျွန်မတို့ကိုယ်တိုင်၌ မိခင်များ ဖြစ်လာသောအခါတွင် မိခင်၏ ချစ်ခြင်းမေတ္တာ ကြီးမားပုံ၊ စည်းကမ်းရှိစေလို၍ သားသမီးများကို ကြီးပွားချမ်းသာစေလို၍ ပဲ့ပြင် သွန်သင်ဆုံးမပုံများကို ပိုမို သိရှိနားလည် လာပါသည်။ အိမ်ထောင်စုတစ်ခုတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင် ပုခက်လွှဲသော လက်များသည် မည်မျှ အရေးပါအရာရောက်သည်ကို သိရှိ နားလည်ကာ မိခင်အမျိုးသမီးများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုသင့်ကြောင်း တင်ပြလိုက်ရပါတယ်။


မမာလာ (RVA)

Read More...

Monday, September 13, 2010

အပြစ်

အပြစ်

အပြစ်ဆိုတာကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ St. Augustine ကတော့ ဘုရားသခင်ရဲ့ ပညတ်တော်ကို ကာယ၊ ၀စီ၊ မနောနဲ့ ချိုးဖောက်ခြင်းလို့ ဆိုထားပါတယ်။ ဓမ္မသစ်ကျမ်းကတော့ ဘုရားသခင်ကိုချစ်ရန် ပျက်ကွက်ခြင်းနဲ့ နီးစပ်သောသူအား ချစ်ရန် ပျက်ကွက်ခြင်းကို အပြစ်လို့ ဆိုထားပါတယ်။ St. Thomas Aquinas ကတော့ အပြစ် တိုင်းဟာ လူကို သူ့ရဲ့ စစ်မှန်တဲ့ နောက်ဆုံးပန်းတိုင်ကနေ သွေဖယ်သွားစေတယ်။ အဲဒီ အပြစ်ကလည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဆန္ဒကနေလာတယ်။ ဒါကြောင့် အပြစ်တိုင်းဟာ ဘုရားသခင်ရဲ့ မေတ္တာကရုဏာကို ခြေစုံကန်ပြီး မိမိအလိုကိုလိုက်ခြင်း အမှုဖြစ်တယ်လို့ ဆိုပါတယ်။

အပြစ်ကြီး (Martail Sin) ကို သေစေတတ်သော အပြစ်လို့ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀ိညာဉ်ရဲ့ ဖြောင့်မတ်ခြင်း ကျေးဇူးတော်အသက်ကို ဖျက်ဆီးပစ်လိုက်ပြီး ဘုရားသခင်နဲ့သူစိမ်းဖြစ်သွားစေလို့ပါပဲ။ ဒါကြောင့် အပြစ်ကြီးဟာ ခရစ်ယာန် အသက်တာအတွက် အဆိုးရွားဆုံး ရန်သူဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကျေးဇူးတော်အသက်ကို ဖျက်ဆီး ပစ်လိုက်ခြင်းဖြင့် ဘုရားသခင်ထံကနေ ကွဲကွာစေတဲ့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။ အပြစ်ကြီး တစ်ခုတည်းကတောင် ဒီလောက် အကျိုးယုတ်စေရင် အပြစ်ကြီးထဲမှာ နစ်မွန်းနေတဲ့ ၀ိညာဉ်ရဲ့ ၀မ်းနည်းဖွယ်ရာ အခြေအနေကို ခန့်မှန်းရတာ မခက်ခဲပါဘူး။ အပြစ် ထပ်ခါထပ်ခါ ပြုလုပ်တတ်တဲ့ အကျင့်ဟာ တစ်ခြားအလေ့အကျင့်များလိုပဲ တဖြည်းဖြည်းနဲ့ လူတစ်ယောက်ရဲ့ ဒုတိယသဘာဝအကျင့်လို ဖြစ်လာပြီး ပြောင်းလဲခြင်းရရှိဖို့ အင်မတန် ခက်ခဲပါတော့တယ်။

ယေဘုယျအားဖြင့် အပြစ်သား (၄) မျိုး (၄) စား ခွဲခြားနိုင်ပါတယ်။ သူတို့ရဲ့ ကွာခြားချက်တွေကို လေ့လာပြီး အပြစ်သားတစ်ယောက်ကို နောင်တရ ပြန်လည်လာအောင် ခေါ်ဆောင်ရာမှာ သူတို့နဲ့ အသင့်တော်ဆုံးနည်းလမ်းကို သုံးရမှာဖြစ်ပါတယ်။

ပထမ အမျိုးအစားကတော့ မသိခြင်း၊ အသိပညာမဲ့ခြင်းကြောင့် အပြစ်ပြုကြတဲ့ သူများဖြစ်ပါတယ်။ ဒီနေရာမှာ အရူးကဲ့သို့ လုံးဝ ထုံထိုင်းပြီး သင်ပေးလို့ မရနိုင်တဲ့သူမျိုးကို မဆိုလိုပါဘူး။ ဒီလို လူမျိုးကိုတော့ လုံးဝမသိလို့ လုပ်တာဖြစ်လို့ လုံးဝကို အပြစ်မတင်နိုင်ပါဘူး။ အခုပြောတဲ့ ပထမအမျိုးအစားမှာ ဘယ်လိုလူမျိုးကို ဆိုလိုသလဲဆိုရင် ပညာအရည် အချင်းလုံးဝမရှိခြင်း၊ ဘာသာရေး သွန်သင်ချက်များနဲ့ အလှမ်းဝေးကွာနေတဲ့ ဒေသများမှာ နေထိုင်ရတဲ့အတွက် ဘာသာရေး အသိတရားမဲ့ခြင်းကို ဆိုလိုပါတယ်။ ဒီလိုအခြေအနေမျိုး ရှိသူတွေလည်း အပြစ်ရဲ့မကောင်းမှု၊ ဆိုးယုတ်မှုကို အတိုင်းအတာ တစ်ခုအထိတော့ သိရှိကြပါတယ်။ တချို့သော အပြုအမူများဟာ ကိုယ်ကျင့်တရားအရ မကောင်းဘူးဆိုတာကို သိကြပြီး တစ်ခါတရံမှာဆိုရင် နောင်တ သံဝေဂစိတ်တောင်မှ စွဲတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းပဲ အပြစ်ကြီးကို သိလျက်နဲ့ ပြုနိုင်မိကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုပုဂ္ဂိုလ်တွေဟာ ဘုရားသခင်ရှေ့မှာ အပြစ် ပေါ့ကြပါတယ်။ တကယ်လို့ သူတို့ဟာ စိတ်ထဲမှာ မသိုးမသန့်ဖြစ်ပြီး ဒါမမှန်ကန်ဘူး၊ အပြစ်ရှိတယ်လို့ထင်တဲ့ အရာတွေကို ရှောင်ကြဉ်မယ်။ အပြင်က လွှမ်းမိုးမှုတွေ ရှိနေစေကာမူ အခြေခံကျကျ သမာသမတ်ရှိအောင် ဆက်လက်နေထိုင်မယ်။ အထူးသဖြင့် သေအံ့ဆဲဆဲ အချိန်မှာ ဘုရားသခင်ရဲ့ ကရုဏာတော်ကို ယုံကြည်ပြီး နောင်တသံဝေဂစိတ်များနဲ့ သူတို့ရဲ့ နှလုံးသားကို ဘုရားသခင်ထံ အပ်နှံမယ်ဆိုရင် ဘုရားသခင်ရဲ့ခုံရုံးမှာ သနားခြင်းနဲ့ စစ်ဆေးခံရမယ်ဆိုတာ မြေကြီး လက်ခတ်မလွဲပါဘဲ။ ခရစ္စတူးသခင်က (ရှင်လုကား- ၁၂း၄၈) မှာ "အကြင်သူသည် များစွာသော ကျေးဇူးကိုခံ၏။ ထိုသူသည် များစွာ ပေးဆပ်ရလိမ့်မည်" လို့ ဆိုထားတော့ ဒီလိုလူတွေဆီက ဘုရားသခင်ဟာ နည်းနည်းပဲ ပြန်တောင်းခံလိမ့်မယ်လို့ စဉ်းစားနိုင်ပါတယ်။ ဒီလို ၀ိညာဉ်များဟာ အခွင့်အရေးရှိရင် အထိုက်အလျောက် လွယ်ကူစွာ ဘုရားဆီသို့ ပြန်လှည့်လာတတ်ပါတယ်။ သူတို့ရဲ့ ပျက်စီးနေတဲ့ ဘ၀ဟာ မကောင်းမှုပြုလုပ်ချင်တဲ့ စိတ်ကြောင့် မဟုတ်ဘဲ မသိနားမလည်ခြင်းကြောင့် ဖြစ်တဲ့အတွက် နှလုံးသားကို ထိမိခံစားစေတဲ့ ဘယ်လို အခြေအနေကမဆို ဘုရားဆီသို့ ပြန်ပို့စေပါတယ်။ ဥပမာ - မိသားစုဝင် တစ်ဦးဦး သေဆုံးခြင်း၊ ကြားနာလိုက်ရတဲ့ သြ၀ါဒတစ်ခု၊ ဘာသာရေး အသိုင်းအ၀ိုင်း တစ်ခုခုနဲ့ သိကျွမ်းခွင့်ရခြင်းတို့လောက်နဲ့ကို လမ်းမှန်သို့ ပြန်ရောက်စေပါတယ်။

ဒုတိယ အုပ်စုကတော့ အားနည်းသော သူများ၊ စိတ်စွမ်းအင် နည်းသောသူများ၊ အာရုံခံစားမှု နောက်အလွယ်တကူ လိုက်ပါတတ်သူများ၊ ဥာဏ်စွမ်းအား နည်းသူများ၊ အာရုံ မ၀င်စားသောသူများ၊ သူရဲဘောနည်းသောသူများ ဖြစ်ကြပါတယ်။ သူတို့ဟာ အပြစ်မှားများအတွက် ကြေကွဲ ၀မ်းနည်းတတ်ကြပါတယ်။ ကောင်းတဲ့သူတွေကို အားကျပြီး သူတို့လို ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့ကျတော့ သူတို့ဟာ ခွန်အားနဲ့သတ္တိ တွေမရှိကြပါဘူး။ ဒီလို စိတ်နေစိတ်ထားမျိုးက သူတို့ကို အပြစ်ကနေ ခွင့်မလွှတ်စေပါဘူး။ သူတို့ဟာ အသိတရား ပိုမို ရှိကြတဲ့အတွက် မသိလို့ လုပ်ကြသူတွေထက် ပိုပြီး အပြစ်ကြီးပါတယ်။ သူတို့ကို ဆိုးယုတ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အားနည်းတယ်လို့ပဲ ဆိုရပါမယ်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချထားကာ စက္ကရမင်တူးများကို မကြာခဏခံယူပြီး အပြစ်သို့ပို့ သော လမ်းများကို ရှောင်ကြဉ်ရပါမယ်။

တတိယအုပ်စုကတော့ သွေးအေးအေးနဲ့ တမင်သက်သက်ကြီး အပြစ်ပြုလုပ်သူတွေ ဖြစ်ပါတယ်။ သြတ္တပ္ပစိတ်မှာလည်း နောင်တ သံဝေဂစိတ်မရှိ၊ အပြစ်ကို ဆက်လက် မကျူးလွန်နိုင်ရလေအောင် သြတ္တပ္ပစိတ်ထဲက သတိပေးသံ တိုးတိုးကလေးကို မကြားရအောင် နားပိတ် ထားတတ်ကြပါတယ်။ သူတို့ရဲ့ အပြုအမူဟာ ဘုရားသခင်ကို စော်ကားနေတယ် ဆိုတာကိုလည်း ကြောင့်ကြပူပန်ခြင်း မရှိကြပါဘူး။ ဒီလို ပုဂ္ဂိုလ်တွေ အကျင့်ပုံစံပြောင်းလဲလာ ဖို့ခက်ခဲတတ်ပါတယ်။ ကျေးဇူးတော်ရဲ့ အလင်းပေးခြင်းကို ကြာရှည်စွာ သစ္စာမဲ့ခြင်း၊ ကိုယ်ကျင့်တရားရဲ့ အခြေခံ စံတွေကို မသိလိုက် မသိဘာသာပြုခြင်း၊ သူတို့ကို ကူညီချင်တဲ့သူတွေက ပေးလာတဲ့ အကြံဥာဏ်တွေကို တမင်သက်သက် မထီမဲ့မြင်ပြုခြင်း စတဲ့ဒီအရာတွေ အားလုံးက သူတို့ရဲ့ နှလုံးသားကို ခိုင်မာစေတဲ့အတွက် သူတို့ လမ်းမှန်ကို ပြန်ရောက်နိုင်ဖို့ကတော့ အမှန်တကယ် အံ့ဖွယ် ကျေးဇူးတော်များ လိုအပ်ပါတယ်။ အထိရောက်ဆုံးသော နည်းလမ်းများကတော့ သူတို့ရဲ့ လုပ်ငန်းတူသူများ (သို့) လူမှုရေး အဆင့်အတန်းတူ သူများနဲ့အတူ ၀ိညာဉ်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အားပေးရမယ်။ ဥပမာအားဖြင့် ၀တ်စောင့်ခြင်း၊ သာသနာအုပ်စုရဲ့ အကျိုးဆောင်လုပ်ငန်းများ စတာတွေမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီအလုပ်တွေကို စူးစမ်း လေ့လာလိုတဲ့ သဘောနဲ့သာ လုပ်ကိုင်တတ်ကြပါတယ်။ အထူးသဖြင့် ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ဖိတ်ခေါ်ချက်အရ ပါဝင် လာတတ်ကြပါတယ်။ အဲဒီလို အချိန်မှာ ဘုရားသခင်ရဲ့ မဟာကျေးဇူးတော်က စောင့်ငံ့ နေတတ်ပါတယ်။ အံ့သြဖွယ်ရာ ပုံစံ ပြောင်းလဲလာမှုတွေ ရှိလာတတ်ပါတယ်။

စတုတ္ထအုပ်စုကတော့ အပြစ်အကြီးဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီလူတွေဟာ နတ်ဆိုးဆန်ဆန် ခေါင်းမာစွာနဲ့အပြစ်ပြုကြပါတယ်။ သူတို့ဟာ အစပထမတော့ ကောင်းတဲ့ ခရစ်ယာန်တွေပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဆိုးယုတ် ညံ့ဖျင်းလာပြီး သူတို့ဝိညာဉ်ဟာ လုံးလုံးလျားလျားကြီးကို ဆုံးရှုံးသွားသည်အထိ မကောင်းမှုဘက်ကို ပိုမို အလျှော့ပေးလာကြပါတယ်။ နောက်ဆုံးမှာတော့ ဘာသာကို စွန့်ပစ် ကြပါတော့တယ်။ နောက်ဆုံး အတားအဆီးတွေလည်း ကျိုးပေါက်သွားပြီး ဖြစ်တဲ့အတွက် ဒီလူတွေဟာ မကောင်းတာ မှန်သမျှကို လွယ်လွယ်လေးနဲ့ ကျူးလွန် ကြတော့တယ်။ သူတို့ဟာ ဘာသာတရားနဲ့ အသင်းတော်ကို ပုတ်ခတ်ပြောဆိုပြီး တချို့ဆိုရင် ကက်သလစ်မဟုတ်တဲ့ ဘာသာထဲကိုဝင်ကာ အဲဒီ ဘာသာအကြောင်းကို ဇွဲနပဲနဲ့ ဖြန့်ဖြူးကြပါတော့တယ်။ ဒီလို မျိုးလူတွေဟာ ဘုရားဆီ ပြန်လှည့်လာနိုင်တဲ့ အခွင့်အရေး တံခါးတွေကို တမင်သက်သက် ပိတ်ထားပြီး သူငယ်ချင်းတွေနဲ့ ဆွေမျိုးသားချင်းတွေကိုတောင် "အကယ်၍သာ ငါသေခါနီးမှာ ကယောင်ချောက်ချားဖြစ်ပြီး အာပတ်ဖြေဖို့ ဘုန်းကြီးကို ခေါ်ခိုင်းမိရင်တောင် မခေါ်ကြနဲ့" ဟု မှာထားတတ်ကြပါတယ်။ ဆွဲဆောင်ခြင်း၊ အကြံဥာဏ်၊ ဆုံးမစကား တွေနဲ့တော့ ဒီလူတွေကို မပြောင်းလဲစေနိုင်ပါဘူး။ သူတို့အတွက် ဒီအရာတွေက စိတ်ဝင်စားစရာ မကောင်းတဲ့အပြင် ပိုပြီး ဆန့်ကျင်စေမဲ့ ရလဒ်များကိုသာ ဖြစ်စေပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ အဆက်မပြက် ဆုတောင်းပေးခြင်း၊ အစာရှောင်ပေးခြင်း၊ မယ်တော်မာရီးယားထံ အပ်နှံပေးခြင်း တို့ဖြစ်ပါတယ်။ သူတို့ ကျင့်အပြောင်းလဲဖို့ကတော့ ဘုရားဆီက တထူးတခြား ကျေးဇူးတော် လိုအပ်ပြီး ဆုတောင်းမေတ္တာများ၊ အသနားခံ တောင်းလျှောက်ခြင်းများ အဆက်မပြတ် ပြုလုပ်ပေးမှသာလျှင် ဒီကျေးဇူးတော်ကို ဘုရားသခင်က ထိုသူများအား ပေးသနားပါလိမ့်မယ်။

ဖေါ်ပြခဲ့တဲ့ အပြစ်သား အမျိုးအစားများကို လေ့လာရင်း မိမိနဲ့ မိမိပတ်ဝန်းကျင်မှာ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ ဝေဖန် ဆန်းစစ်ကြကာ ဘုရားသခင်ကို အားကိုးလျက် ကြိုးစား နေထိုင်သွားကြပါစို့။


ဘုန်းတော်ကြီး ရစ်ချက်လှမင်းဦး


Read More...

Sunday, September 5, 2010

ခရစ်ယာန်နှင့်ဆုတောင်းခြင်း


ခရစ်ယာန်နှင့်ဆုတောင်းခြင်း

ဆုတောင်းခြင်းသည် လူနှင့် ဖန်ဆင်းရှင်ဘုရားသခင်တို့၏ ဆက်သွယ် မိတ်သဟာယဖွဲ့ခြင်း၊ စကားပြောခြင်းပင် ဖြစ်ပါသည်။ ခရစ်ယာန် အသက်တာ၌ ဆုတောင်းခြင်းသည် အမြင့်ဆုံးနှင့် အလေးနက်ဆုံးသော ဘုရားသခင်နှင့် ဆက်သွယ် မိတ်သဟာယဖွဲ့ခြင်း၊ အပြန်အလှန် စကားပြောခြင်း၊ လိုအပ်သောအရာများ ဝေမျှပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်သည်။ "ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏" (ယော - ၄း၂၄)။
"ထိုသို့ ဘုရားသခင်သည် မိမိ ပုံသဏ္ဍာန်နှင့် အညီ လူကို ဖန်ဆင်းတော်မူ၏" (တ-၁း၂၇) ။မိမိ ဖန်ဆင်းရှင် ထာဝရဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လျက် အပြန်အလှန် စကားပြော ဆက်သွယ်ထိတွေ့ချိန်သည် ခရစ်ယာန် အသက်တာ၌ အရေးကြီးဆုံး အချိန် ဖြစ်သည်။ ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသော ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် ခရစ်ယာန်တို့ အသက်တာ၌ အနှစ်သက်ဆုံး ကျေနပ်ဆုံး အချိန် ဖြစ်ရပေမည်။

တမန်တော် ရှင်ပေါလုက "ညီအစ်ကိုတို့ အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာဘုရားသခင် နှစ်သက်တော်မူသော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သော ၀တ်ကိုပြုမည့်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏" (ရောမ - ၁၂း၁) ဟု ဖော်ပြထားပါသည်။ ခရစ်ယာန်ဖြစ်လျှင် အသက်ရှင်ဖို့ရန် ဆုတောင်းခြင်းမဟုတ် အသက်ရှင်သောသူများက ဘုရားသခင်၏ ကျေးဇူးတော်ကို သိရှိခြင်းဖြင့် ချီးမွမ်းခြင်းဖြစ်၏။ သေဆုံးသောသူနှင့် ၀ိညာဉ်၌ သေနေသော ခရစ်ယာန်များ ဆုမတောင်းတတ်ပါ။ ထိုသူများအတွက် အဓိက ဆုတောင်းပေးသင့်သည်။ ဆုတောင်းခြင်းအမှုကိုပြုသော ခရစ်ယာန်သည် ဘုရားသခင်၌ သစ္စာရှိသောသူ ဖြစ်သည်။ ဆုတောင်းခြင်းသည် ခရစ်ယာန်တို့၏ အသက်ရှူခြင်း ဖြစ်သည်။

ဆုတောင်းခြင်း (pray) ဟု ဆိုရာ၌လည်း ဘုရားသခင်ထံမှာ ဆုကိုတောင်းခံခြင်း မျိုးမဟုတ်ပါ။ ဘုရားသခင်နှင့် ဆက်သွယ် မိတ်သဟာယဖွဲ့ခြင်း ဖြစ်၏။ ဆုတောင်းခြင်းဟူသော စကားလုံးသည် သမ္မာကျမ်းစာတွင် (၄၅၃)ကြိမ်ထက်မနည်း ဖော်ပြလျက် ရှိပေသည်။ ဘုရားသခင် အလိုရှိ၍ သမ္မာကျမ်းစာတွင် ဖော်ပြခြင်း ဖြစ်သည်။

ခရစ်တော်က "တောင်းကြလော့၊ တောင်းလျှင်ရမည်။ ရှာကြလော့၊ ရှာလျှင် တွေ့ မည်။ တံခါးကို ခေါက်ကြလော့၊ ခေါက်လျှင် ဖွင့်မည်။ ဆုတောင်းသော သူတို့အား ကောင်းသောအရာကို သာ၍ ပေးတော်မူမည် မဟုတ်လော" (မာတေဦး - ၇း၇) ဟု မိန့်တော်မူသည်။ ဓမ္မဟောင်းတွင်လည်း "ဆုတောင်းသောအခါ သင်တို့ စကားကို ငါနားထောင်မည်" ဟု (ယေ- ၂၉း၁၂) ဖော်ပြခဲ့ပါသည်။ "ကျေးဇူးတော်ကို ချီးမွမ်းခြင်း ယဇ်ကို ဘုရားသခင်အား ပူဇော်လော့၊ သစ္စာကတိထားသည့် အတိုင်း အမြင့်ဆုံးသော ဘုရား၌ သစ္စာဝတ်ကို ဖြေလော့" ( ဆာ - ၅၀း၁၄)။ ကျေးဇူးတော်ချီးမွမ်းခြင်း ယဇ်ကို ပူဇော်ခြင်းဆိုရာ၌ ဆုတောင်းခြင်းကို ဆိုလိုပါသည်။ အမြဲတမ်း ကျေးဇူးတော် ချီးမွမ်းခြင်း၊ ယဇ်ပူဇော်ခြင်းသည် အမြဲတမ်း ဆုတောင်း ပတ္ထနာပြုခြင်း ဖြစ်သည်။

ခရစ်တော် ကိုယ်တော်တိုင် မကြာခဏ ဆုတောင်းခြင်း ပြုခဲ့သည်။
(၁) ခရစ်တော်သည် ဗတ္တိဇံကို ခံတော်မူချိန် ဆုတောင်း၏။ (လု - ၃း၂၁)
(၂) ခရစ်တော်သည် လူသားများ တစ်ကိုယ်ကောင်းစိတ်ကို ငြင်းပယ်နိုင်ရန် မိုးမလင်းခင် ဆုတောင်း၏။ (မာကု- ၁း၃၅)
(၃) ခရစ်တော်သည် လူသားများ တည်မြဲသော ၀ိညာဉ်တော်နှင့် ဆိုင်သော နိုင်ငံတော်ကို စွဲမြဲစေရန် ဆုတောင်း၏။ (လု- ၅း၁၆)
(၄) ခရစ်တော်သည် တပည့်တော် ၁၂ ပါးကို မရွေးခင် တစ်ညလုံး ဆုတောင်း၏။ (လု- ၆း၁၂)
(၅) ခရစ်တော်သည် လူအပေါင်းတို့တလုံးတ၀တည်း ဖြစ်စေခြင်းငှါ ဆုတောင်း၏။ (ယော- ၁၇း၁၁)
(၆) ခရစ်တော်သည် မိမိ၏၀ိညာဉ်နှင့် ဆိုင်သော နိုင်ငံတော်ကို လူတိုင်းသိစေရန် ဆုတောင်း၏။ (မာကု - ၆း၄၆)
(၇) ခရစ်တော်သည် မိမိတပည့်တော်တို့ ဆုတောင်းခြင်းအကြောင်းကို လေ့လာလိုသော စိတ်ရှိလာရန် ဆုတောင်းပေးနေသည်။ (လု- ၁၁း၁)
(၈) ခရစ်တော်သည် ကလေးသူငယ်တို့အတွက် ဆုတောင်းပေးသည်။ (မာတေဦး-၁၉း၁၃-၁၅)

(၉) ခရစ်တော်သည် ဂျက်ဆမာနီဥယျာဉ်၌ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း ဆုတောင်းသည်။ (မာတေဦး- ၂၆း၃၉-၄၁)
(၁၀) ခရစ်တော်သည် မိမိ ရန်သူအပြစ်သားများ အတွက် ဆုတောင်းပေးသည်။ (လု - ၂၃း၃၄)

ခရစ်တော်၏ ဆုတောင်းချက်များကို ကြည့်ခြင်းအားဖြင့် ခရစ်ယာန်တိုင်း မပြက်မလပ် ဆုတောင်းရန် သခင်ဘုရား အလိုရှိကြောင်း သိရှိ နားလည်နိုင်ပါသည်။ ဆုတောင်းခြင်း၏ အဓိက သော့ချက်သည် "ယုံကြည်ခြင်း" ဖြစ်၏။ " ယုံကြည်ခြင်း" မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင် (ဟေဗြဲ - ၁၁း၆) ခရစ်ယာန်တို့၏ အကောင်းဆုံး လက်နက်သည် ယုံကြည်ခြင်း ပြည့်ဝစွာဖြင့် ဆုတောင်းခြင်းသာ ဖြစ်သည်။ "ဘုရားသခင်၌ ချဉ်းကပ်ကြလော့ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်" (ယာကုတ် - ၄း၈)။

"ငါ့ကို ပတ္ထနာပြုကြလော့။ ငါသည် ကယ်လွှတ်မည်" (ဆာ- ၅၀း၁၅)။ ဒါဝိဒ်သည် ယုံကြည်ခြင်းဖြင့် ဆုတောင်း၍ ဖိလိတ္တိလူကို အနိုင်ရယူနိုင်ခဲ့သည် (၁ ရာ- ၁၇း၃၁-၄၉)။ ခရစ်ယာန်တို့၏ အကောင်းဆုံးလက်နက်ကို မည်သည့်အချိန် အခါမရွေး ဆွဲကိုင်၍ ချီတက်ပါက မုချအောင်မြင်ပေမည်။

"သင်တို့သည် ငါ၏ နာမကို အမှီပြု၍ တစ်စုံတစ်ခုသောဆုကို တောင်းလျှင် တောင်းသည့်အတိုင်း ငါပြုမည်" (ယော - ၁၄း၁၄)။

သို့ဖြစ်ပါ၍ ခရစ်ယာန်တိုင်းသည် မိမိတို့၏ ဘ၀အသက်တာတွင် ဆုတောင်းခြင်း ဖြင့် ရှင်သန်နေထိုင်ကြပါစို့။


မာဒလေနား (ပြင်ဦးလွင်)


Read More...

Wednesday, September 1, 2010

အသွင်မတူ ပန်းတိုင်တူ၏

အသွင်မတူ ပန်းတိုင်တူ၏

လူတို့သည် ရှေးကာလ ပဝေသဏီကပင် မိမိတို့ထက် တန်ခိုးတိက္ကလက္ခဏာ ကြီးမားသောပုဂ္ဂိုလ်အား ရှာဖွေကာ မိမိတို့၏ ယုံကြည်ကိုးစား အားထားရာအဖြစ် ဆည်းကပ် ကိုးကွယ် အရိုအသေ ပေးခဲ့ကြပါသည်။ မိမိတို့၏ ဥာဏ်အစွမ်းအစအားဖြင့် တွေးတော၍ မရနိုင်သေးသော သဘာဝတရား၏ ဖြစ်စဉ်များဖြစ်သည့် နေပူခြင်း၊ မိုးရွာခြင်း၊ လျှပ်စီးလျှပ်ခြင်း၊ မိုးချုန်းခြင်းတို့ကို ကြောက်ရွံ့ တုန်လှုပ် ခဲ့ကြရသည်။ ၎င်းင်းတို့အားလည်း ထူးဆန်းဖွယ် တန်ခိုးလက္ခဏာရပ်များ အဖြစ် အံ့သြခဲ့ကြရသည်။ ထို့ကြောင့်လည်း နေ၊ လ၊ ရေ၊ မြေ၊ တော၊ တောင် အစရှိသည့် သဘာဝတရားများကို ရှိခိုး ပူဇော်ပသခြင်းများ ရှိလာခဲ့ရသည်။ ထို့နောက်တွင် လူတို့သည် ၎င်းင်း သဘာဝတရားများကို ပိုင်ဆိုင် စောင့်ရှောက်နေသော တောစောင့်၊ တောင်စောင့်၊ နေနတ်၊ လနတ် စသော နတ်များကို လက်ခံယုံကြည် ဆည်းကပ်ပူ ဇော်ခဲ့ကြပြန် လေသည်။ ထိုသို့အားဖြင့် လူတို့သည် မိမိတို့၏ စွမ်းဆောင်နိုင် သမျှ မိမိတို့၏ စိတ်သက်သာရာကို ရစေမည့် တရားနှင့် မိမိတို့အား ကာကွယ် စောင့်ရှောက်ကာ လုံခြုံမှုကို ပေးနိုင်မည့် ပုဂ္ဂိုလ်အား ရှာဖွေခဲ့ရလေခြင်း ဖြစ်ပါတော့သည်။

ယနေ့ ကျွန်ုပ်တို့၏ ကမ္ဘာကြီးတွင် လူတို့၏ စိတ်နှလုံးကို ချမ်းသာရာရစေသည့် ဘာသာတရားကြီးများစွာ ပေါ်ထွန်း အမြစ်တွယ်နေရပြီ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အစရှိသော ဘာသာတရားကြီး များတွင် ကမ္ဘာ လောကကြီး၏ ကောင်းမှု ကောင်းကျိုး၊ သူ ငါ ကိုးရမည့် ဗြမ္မစိုရ်တရားများကို လက်ကိုင်ထားသည်ကို တွေ့ရပါသည်။ ခေတ်အဆက်ဆက်တွင်လည်း လူတို့၏ စာရိတ္တ၊ လူသားတို့ ရပိုင်ခွင့်၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး စသည့် နယ်ပယ်များ၌ ဤဘာသာ တရားများ၏ ထိန်းကျောင်းမှုသည် ပဓာန ကျခဲ့သည်ကို မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျွန်ုပ်တို့ လက်ခံရမည်ကား ဤဘာသာ တရားတိုင်းသည် အလွန်ပင် ကောင်းမြတ်ကြပါသည်။ အပေါ်ယံ အယူအဆများ ကွဲပြားကြသော်လည်း အနှစ်သာရ၌မူ ကောင်းမှု ကောင်းရာ တစ်ခုတည်းကိုသာ ဦးတည်နေကြပါသည်။ ဘုရားရှင် ခရစ်တော် တည်ထောင်ခဲ့သော ခရစ်ယာန်ဘာသာသည် ကောင်းမြတ်ပါသည်။ ဗုဒ္ဓဘုရားရှင် တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာသည်လည်း ကောင်းမြတ်ပါသည်။ ထို့အတူ အခြားသော ဘာသာတရားများသည်လည်း ကောင်းမြတ်ကြပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုဘာသာတရားများကို ယုံကြည် လက်ခံနေကြသူများ အချင်းချင်း နားလည် လေးစား တန်ဖိုးထားရမည် ဖြစ်ပါသည်။ အယူအဆနှင့် ကိုးကွယ် ဆည်းကပ်မှုနည်းလမ်းများ မတူညီကြသော်လည်း အားလုံးမှာမူ လောကီ၊ လောကုတ္တရာအရေး အတွက် ကောင်းရာမွန်ရာပြုနေကြခြင်းသာ ဖြစ်ပါသည်။ နောက်ဆုံးသော ပန်းတိုင်မှာ သဘောသဘာဝအားဖြင့် အတူတူ ဖြစ်ကြသည်ဟု လက်ခံရန်သာ လိုအပ်တော့သည်။

လူတို့သည် လောကီရေးရာနှင့် လောကုတ္တရာ ရေးရာတို့၌ ကြိုးစားရင်း ရှင်သန်နေကြရပါသည်။ လောကီရေးရာတွင် လောက၌ မိမိ ခန္ဓာကိုယ်အတွက် ရုန်းကန်ကြိုးစား အသက်ရှင်နေကြခြင်း ဖြစ်ပါသည်။ လောကုတ္တရာ ရေးရာတွင် အသက်တာသည် နောင်တမလွန်၌ ချမ်းသာစစ် ချမ်းသာမှန်၊ သုခစစ် သုခမှန် စံစားခွင့်ရရန် ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာတိုင်း၌ ယုံကြည် ဆည်းကပ်သူတိုင်းသည် ဤလောက၏ ခရီးသွား ဧည့်သည်များပမာ ရှင်သန် နေကြရပါသည်။

လူတို့သည် ခန္ဓာကိုယ် ရှင်သန်ရန် ထမင်းနှင့် ဟင်းကို နေ့စဉ် စားသုံးနေရပါသည်။ သို့သော် ဒေသ တစ်နေရာနှင့် တစ်နေရာ၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး စားသုံးပုံခြင်း မတူညီကြပါ။ ဥရောပသားများက ဂျုံကို စားသုံးမည်။ အာရှသားများက ဆန်ကို အများစု စားသုံးပေမည်။ ဆင်းရဲသူက ဆန်ကြမ်းသာ စားနိုင်မည်။ ချမ်းသာသူက ဆန်ကောင်းကို စားနိုင်ပေမည်။ မြစ်ချောင်းနှင့် နီးသူက ထမင်းကိုငါးနှင့် စားသလို တောင်ပေါ်နေသူက ပဲကို စားသုံး ပေလိမ့်မည်။ မည်သည့်အရာဖြင့် စားသုံး နေပါစေ။ အဓိကမှာ ခန္ဓာကိုယ် အာဟာရဓာတ် ရရှိကာ အသက်ရှင်ရန်ပင် ဖြစ်ပါသည်။ ထိုနည်းတူပင် လူတို့သည် မိမိ၏ အသက်တာ အာဟာရအတွက် ဘာသာတရား၏ အဆုံးအမများကို လိုက်နာ ကျင့်သုံးရပေမည်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘုရား၏ တရားအတိုင်း ကျင့်ရပေလိမ့်မည်။ ခရစ်ယာန်များသည်လည်း ခရစ်တော် ဘုရားရှင်၏ တရားတော်အတိုင်း ကျင့်ရပေလိမ့်မည်။ နောက်ဆုံးတော့ နောင်တမလွန်မှ သုခတော်အတွက် ဘာသာတရားများ၏ ကောင်းမြတ်သော တရားဓမ္မ အစာများကို မှီဝဲ ဆည်းကပ် စားသုံးနေရခြင်းသာ ဖြစ်ပါတော့သည်။

ထို့ကြောင့် ရှေးကဆိုခဲ့သည့် အတိုင်း လူတို့သည် မိမိတို့အပေါ် လွှမ်းမိုးနိုင်သော၊ မိမိတို့ မတတ်စွမ်းနိုင်သည့် အရာများကို ဘုန်းတန်ခိုးဖြင့် ဖန်တီးနိုင်သော ပုဂ္ဂိုလ်ကို ရှာဖွေရာတွင် နည်းလမ်း ကွဲပြားသော်လည်း တွေ့ရှိလိုသော ပုဂ္ဂိုလ်မှာ တစ်ပါးတည်းသာ ဖြစ်ပါသည်။ ထိုသို့ လူတို့ ရှာဖွေနေသော ပုဂ္ဂိုလ်ကလည်း လူသားတို့၏ အလိုဆန္ဒများကို သဗ္မညုတဥာဏ်အားဖြင့် သိရှိနေပေ လိမ့်မည်။ ဤသို့ဖြင့် လူတို့သည် ဘာသာတရား အချင်းချင်း အမြင်စောင်းစရာ၊ အပြစ်မြင်စရာ မလိုတော့ပေ။ ကိုးကွယ်မှု ဘာသာတရား အချင်းချင်း အပြန်အလှန် နားလည်မှုရှိကာ လေးစား ရပေမည်။ ဘာသာတရားတိုင်းသည် အလွန်ကောင်းပါ၏။ ကျွန်ုပ်တို့ တစ်ဦးစီ ကိုယ်၌ကသာ ကောင်းရန် လိုအပ်ပေတော့သည်။ ဤသို့ အားဖြင့် မိမိတို့၏ ကိုးကွယ် ဆည်းကပ်ရာ တရားအတိုင်း ကျင့်ကြံ အားထုတ် ကြိုးပမ်းရင်း တစ်ပါးသူတို့၏ ဘာသာတရားများကို လေးစား တန်ဖိုးထားကာ အသွင်မတူမှု ကြားမှ အချင်းတူသည့် ပန်းတိုင်ဆီသို့ လျှောက်လှမ်း သွားကြရပေတော့မည်။

ဂျွန်သွီ (မော်လမြိုင်)

Read More...

အမှားတွေရဲ့အလွန်မှာ


အမှားတွေရဲ့အလွန်မှာ

ဖြစ်ခဲ့တဲ့အရိပ်
တိတ်တိတ်လေးနဲ့
အိမ်မက်လေးပဲဖြစ်ချင်တယ်။
ငါ့စိတ်တွေ မလုံမလဲ
အရာရာမှာ ပြိုယိုင်လဲလို့
အားလုံးကို ငါ မှားခဲ့တယ် ...


နောက်တော့လဲလေ
သခင့်ခြေရင်း

ဒူးထောက်ရင်းနဲ့
ရင်ထဲတိတ်တခိုး
တိုးတိုးလေးပဲဆုတောင်းဖူးတယ် ...
အမှားတွေထဲ

တိုးလို့ဝင်ဆဲ
အမှန်ကိုကြောက်
အမှန်ပျောက်သူ
မှားနေသူကို
ခွင့်လွှတ်ပေးပါ အရှင်ဘုရား ...

ကားတိုင်ပေါ်ထက်
သွေးစက်စက်နဲ့
ဖြူစင်စိတ်ထား
သူ့နှလုံးသားလေး
စတေးခံကာ
အသက်ဆက်ခဲ့သမျှ
ငါ့အတွက်ဆိုတာ
ပြန်ကြားလာတော့
မှေးစက်တိုးဝင် သူ့ရင်ခွင်မှာ
ခွန်အားသစ်များ ရနေသည် ။ ။

ကဗျာရူး
(ST.THOMAS)

Read More...