Thursday, April 29, 2010

ဖရက်ဒရစ်အိုဇနာမ်


ဖရက်ဒရစ်အိုဇနာမ်



အသက်(၂၀)အရွယ်တွင် စိန်ဗင်းဆင်းဒီပေါလ်အသင်း တည်ထောင်ခဲ့သူ။ လီယွန်မြို့၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဥပဒေပါမောက္ခ။ ဆော်ဘွန်
းတက္ကသိုလ်၏ စာပေဆိုင်ရာ ပါမောက္ခ။ ထင်ရှားသော သမိုင်းပညာရှင်။ ဘာသာရပ် (၇) မျိုးတတ်ကျွမ်းသူ။ စိတ်ကူးစိတ်သန်း ကောင်းသူ။ တွေးတော မြော်မြင်တတ်သူ။ ကြို၍ မြင်တတ် စီစဉ်တတ်ပြီး အတူတကွ ပေါင်းစည်းဆောင်ရွက်မှုကို လိုလားသူ။ တရားကျင့် သူတော်စင်စိတ်ဓာတ် ရှိသော်လည်း ဖြတ်လတ်၍ လက်တွေ့သမားတစ်ဦးဖြစ်သူ။ ပုပ်ရဟန်း မင်းကြီးက လူမှုရေးလုပ်ငန်းတို့၏ နာယက သူတော်စင်အဖြစ် ကြေညာခံရသူ။ အသင်းသားတို့၏ ဆောင်ရွက်ချက်သည် မေတ္တာရှေ့ထား၍ ကြင်နာမှု အကန့်အသတ်မဲ့သော လုပ်ရပ်ဖြစ်ရမည်ဟု တိုက်တွန်းခဲ့သူ။ မေတ္တာ ကရုဏာဟူသည် ကန့်သတ်ထားသော တံတိုင်းများမရှိ အသားရောင် မခွဲခြား၊ အတန်းအစားသော်၎င်းင်း၊ ယုံကြည်သက်ဝင်မှု မတူသည်ကို၎င်းင်း မကြည့်ဘဲ ရက်ရောရမည်ဟု ပြောခဲ့သူ။ အသင်းသားတို့သည် ဆင်းရဲသား မိသားစုတစ်ခုကို ဆင်းရဲမှု အခြေအနေမှ လွတ်မြောက်ရန် ၀ိုင်းဝန်းကြိုးပမ်းရုံနှင့် မတင်းတိမ် မရောင့်ရဲဘဲ ယင်းအခြေအနေသို့ မည်သည့်အတွက် ကျရောက်ရသည်ကို လေ့လာရန်နှင့် အများအားဖြင့် တရားမျှတမှု မရှိခြင်းများ၏ အရင်းအမြစ်ကို ရှာဖွေလေ့လာပြီး ရင်ဆိုင်ရမည်ဟု တိုက်တွန်းခဲ့သူ ဖရက်ဒရစ်အိုဇနာမ်၏ ပုံဖြစ်သည်။

Read More...

Wednesday, April 28, 2010

စိန်ဗင်းဆင်းဒီပေါလ် အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ


စိန်ဗင်းဆင်းဒီပေါလ် အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ

စိန်ဗင်းဆင်းဒီပေါလ်အဖွဲ့အစည်းသည် ဒုက္ခရောက်သူများကို ကူညီခြင်းအားဖြင့် ခရစ်ယာန်မေတ္တာတရားကို လက်တွေ့ အကောင်အထည်ဖော်သော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် ကယ်ဆယ်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သည်။ စိန်ဗင်းဆင်းဒီပေါလ်အဖွဲ့ အစည်းကို စတင်တည်ထောင်သူမှာ အသက်(၂၀)အရွယ်ရှိ တက္ကသိုလ်ကျောင်း သားကလေး Fredric Ozanam (ဖရက်ဒရက်အိုဇာနာမ်) ဖြစ်သည်။ ဖရက်ဒရစ်အိုဇာနာမ်သည် (၁၈၁၃) ခုဧပြီလ (၂၃) ရက်နေ့တွင် အီတလီပြည် မီလန်မြို့၌ မွေးဖွားခဲ့သည်။
မိဘနှစ်ပါးမှာ ဂျီးန်အန် တိုနီအိုဇာနာမ်နှင့် မာရီယားနန်တာစ်တို့ဖြစ်သည်။ မိဘတို့၏ ဇာတိမှာ ပြင်သစ်ပြည် လီယွန်မြို့ဖြစ်သည်။ ဖရက်ဒရက်အိုဇနာမ်သည် ဥာဏ်ထက်မြက်ပြီး ထူးချွန်သော ကျောင်းသားတစ်ယောက် ဖြစ်သည်။ အသက် (၁၅) နှစ်အရွယ်မှာပင် ကက်သလစ်ဘာသာကို ပြစ်တင်ပုတ်ခတ်သူများကို ခုခံကာကွယ်သော စာများ ရေးသားခဲ့သည်။

လီယွန်ကောလိပ်တွင် ပညာသင်ကြားပြီးနောက် (၁၈၃၀) ခုနှစ်တွင် ဖခင် ဖြစ်သူက ပြင်သစ်ပြည် ပါရီမြို့ရှိ တက္ကသိုလ်ကြီးတွင် ပညာဆက်လက် သင်ကြားစေခဲ့သည်။ ဖရက်ဒရက်အိုဇနာမ် ပါရီတက္ကသိုလ် ရောက်သောအချိန်သည် တက္ကသိုလ်နည်းပြ ကထိက ပါမောက္ခလောကတွင် ရုပ်ဝါဒ လွှမ်းမိုးမှုကြောင့် ခရစ်ယာန်ဆန့်ကျင်ရေး ဆန္ဒများ ပြင်းပြလျက်ရှိသည်ကို တွေ့ရသည်။ ခရစ်ယာန်အယူဝါဒကို လေးစားလိုက်နာသော ကျောင်းသားများလည်း ရှိသည်။ ဖရက်ဒရစ်အိုဇနာမ်သည် ပါရီတက္ကသိုလ်ရှိ လက်ရွေးစင် ကက်သလစ် ကျောင်းသားများကို ဦးဆောင်ပြီး ဘုရားမဲ့ဝါဒ အတိုက်အခံတို့၏ ထိုးနှက်ချက်များကို အကြိမ်ကြိမ် တုံ့ပြန်ခဲ့ကြသည်။
ဖရက်ဒရစ်အိုဇနာမ်နှင့် ကက်သလစ်လူငယ်တို့သည် (၁၈၃၃)ခုတွင် ကျင်းပသော အစည်းအဝေး၌ ကက်သလစ်သာသနာ တစ်ခုတည်းသာလျှင် ခရစ်တော်ကိုယ်တိုင် တည်ထောင်သော သာသနာဖြစ်ကြောင်း အခိုင်အမာဖေါ်ထုတ်ခဲ့ကြသည်။ ထိုအခါ အတိုက်အခံအုပ်စုက မင်းတို့ရဲ့ အသင်းတော်ကြီးဟာ တစ်ချိန်က မဟာအသင်းတော်ကြီးဖြစ်ခဲ့ပေမဲ့ ယခုအချိန်မှာ ဒီအသင်းတော်ကြီး ဘာလုပ်နေသလဲ။ ပါရီမြို့ရဲ့ ပစ္စည်းမဲ့ဆင်းရဲသားတို့ အကျိုးဘယ်လိုများ ကူညီဆောင်ရွက် နေတယ်ဆိုတာ ထောက်ပြစမ်းပါ။ လုပ်ရပ်တွေ ထောက်ပြမယ်ဆိုရင် ငါတို့ယုံမယ်ဟု ပြောလာကြသည်။ ဤဝေဖန်ချက်ကို ဖရက်ဒရစ်အိုဇာနာမ်တို့ လူငယ်တစ်စု ဘ၀င်မကျနိုင်ဘဲ တနုံ့နုံ့ ခံစားကြရသည်။ ဤဝေဖန်ချက်ကို ဖရက်ဒရစ်အိုဇနာမ်တို့ လူငယ်တို့ဘက်က တပန်းသာသယောင် ရှိလာခဲ့သည်။ ဤဝေဖန်ချက်ကို ဖရက်ဒရစ်အိုဇနာမ်တို့ လူငယ်တစ်စုသည် မခံချင်သော စိတ်နှင့် ထိုနေ့တွင်ပင် မြို့ပေါ်ရှိ ဒုက္ခရောက်သူများထံ သွားရောက် တွေ့ဆုံကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဤဆုံးဖြတ်ချက် ချလိုက်သောနေ့သည် စိန်ဗင်းဆင်းဒီပေါလ် အဖွဲ့အစည်း သန္ဓေတည်လိုက်သော နေ့ဖြစ်သည်။ ပထမတွင် ဤအသင်းကို "မေတ္တာမွန် ပရဟိတအသင်း"ဟု အမည် ပေးခဲ့သော်လည်း နောင်တွင် ဆင်းရဲသားများကို စောင့်ရှောက်သော ရဟန္တာစိန်ဗင်း ဆင်းဒီပေါလ်အမည်ကို ကင်းပွန်းတပ်လိုက်ခြင်းဖြင့် စိန်ဗင်းဆင်းဒီပေါလ်အသင်း ဖြစ်လာခဲ့သည်။

စိန်ဗင်းဆင်းဒီပေါလ်အသင်း၏ ပထမညီလာခံကို ပြင်သစ်ပြည်ပါရီမြို့၌ (၁၈၃၃)ခုနှစ်မေလတွင် ကျင်းပကာ စိန်ဗင်းဆင်းဒီပေါလ်အသင်းကို အုတ်မြစ်ချခဲ့သည်။ အသင်း၏ စည်းမျဉ်းများလည်း ရေးဆွဲခဲ့ကြသည်။ ထိုအချိန်က ပါရီမြို့၌ ပစ္စည်းမဲ့ လူတန်းစားများ အလွန် မွဲတေနေကြသည်။ ခိုကိုးရာမရှိဘဲ ဆင်းရဲမှုဒဏ်ကို အလူးအလဲ ခံနေကြရသည်။ ဖရက်ဒရစ်အိုဇနာမ်သည် ဆင်းရဲသားများအတွက် အစားအစာ၊ အ၀တ်အထည်၊ ထင်း မီးသွေး စသည်တို့ကို ဝေငှရုံမက ဘုရားမဲ့ ဆင်းရဲသားဝါဒ၏ အန္တရာယ်မှကာကွယ်နိုင်ရေး အတွက် အသင်းကြီး ထာဝရရှင်သန်စေရန် ဆောင်ရွက်ခဲ့သည်။ ဖရက်ဒရစ်အိုဇနာမ်သည် ဥာဏ်ပညာ ထက်မြက်သည့်အလျောက် ဥပဒေပါရဂူဘွဲ့၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာပါမောက္ခ၊ ဆော်ဘွန်းတက္ကသိုလ် စာပေဆိုင်ရာ ပါမောက္ခ၊ သမိုင်းပညာရှင်ကြီး စသဖြင့် ဘွဲ့ထူးအထပ်ထပ် အပ်နှင်းခံရသည်။ သို့သော် သူသည် ဂုဏ်ပကာသနကို စွဲမက်ခြင်းမရှိ သူစိတ်ဝင်စားဆုံးအရာကား စိန်ဗင်းဆင်းဒီပေါလ်၏ ကျင့်စဉ်ဖြစ်သော ဆင်းရဲ ဒုက္ခရောက်သူများကူညီရေးပင် ဖြစ်သည်။ ဖရက်ဒရစ်အိုဇနာမ်သည် (၁၈၅၃) ခု စက်တင်ဘာလ (၈) ရက်နေ့တွင် ကွယ်လွန်သည်။ (၁၉၉၇) ခုနှစ် သြဂုတ်လ (၂၂) ရက်နေ့တွင်
ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်မှ ဖရက်ဒရစ်အိုဇနာမ်အား သူတော်စင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။

စိန်ဗင်းဆင်းဒီပေါလ်အသင်းကို (၁၈၃၃) ခုတွင် ပြင်သစ်ပြည်ပါရီမြို့၌ ဖွဲ့စည်းပြီးနောက် မကြာမီ ကမ္ဘာအရပ်ရပ် သို့ပျံ့နှံ့သွားသည်။ (၁၈၄၂) တွင် ရောမသို့ ၎င်းင်း၊ (၁၈၄၄)တွင် အင်္ဂလန်သို့၎င်းင်း၊ (၁၈၄၆) တွင် ဂျာမဏီ၊ ဟော်လန်၊ ဂရိ၊ တူရကီ၊ အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုသို့၎င်းင်း၊ (၁၈၄၇)တွင် ဆွစ်ဇာလန်နှင့် ကနေဒါသို့၎င်းင်း၊ (၁၈၅၀) သြစတီးယားနှင့် စပိန်သို့၎င်းင်း၊ (၁၈၅၄)တွင် သြစတြေးလျတိုက်သို့ ၎င်းင်း၊ (၁၈၈၃) တွင် မြန်မာနိုင်ငံသို့၎င်းင်း၊ (၁၉၄၇) တွင် ထိုင်းနိုင်ငံသို့၎င်းင်း အသီးသီးပျံ့နှံ့သွားခဲ့သည်။


စိန်ဗင်းဆင်းဒီပေါလ်အသင်းသည် ယနေ့ ကမ္ဘာ တိုက်ကြီး (၅) တိုက်တွင် (၁၃၉) နိုင်ငံအထိ ပျံ့နှံ့ပြီး အဖွဲ့ဝင်ဦးရေ တစ်သန်းကျော်ရှိသည်။ ဆက်သွယ်ရေးလွယ်ကူစေရန် ကမ္ဘာကို (၆) ပိုင်းပိုင်းပြီး ဒုဥက္ကဌ(၂) ဦးအား တာဝန်ပေးထားသည်။ စိန်ဗင်းဆင်းဒီပေါလ်အဖွဲ့၏ အပြည်ပြည်ဆိုင်ရာရုံးချုပ်မှာ ပြင်သစ်ပြည် ပါရီမြို့တွင် တည်ရှိသည်။ မြန်မာနိုင်ငံသို့ ဆရာတော်ကြီး ဘီဂန်းဒက် လက်ထက်တွင် ရောက်ရှိလာပြီး ရန်ကုန်မြို့ ကာသီဒြယ်ဘုရားကျောင်း၌ (၁၈၈၃) ခု အောက်တိုဘာ (၉) ရက်နေ့တွင် စိန်ဗင်း ဆင်းဒီပေါလ်အသင်း စတင်ဖွဲ့စည်းခဲ့သည်။ (၁၉၀၈) ခုနှစ်တွင် ရန်ကုန်မြို့ စိန်အန်ထော်နီဘုရားကျောင်းတွင်၎င်းင်း၊ (၁၉၁၁) ခုတွင် ရန်ကုန်မြို့ စိန်ဂျွန်းဘုရားကျောင်း တွင်၎င်းင်း၊ (၁၉၁၂)ခုတွင် မန္တလေးမြို့ စိန်ဖရန်စစ်ဇေးဗီးယား ဘုရားကျောင်းတွင် ၎င်းင်း၊ (၁၉၃၈) တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒြယ်ဘုရားရှိခိုးကျောင်းတွင် ၎င်းင်း အသီးသီးဖွဲ့စည်းခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် ရန်ကုန်မြို့ စိန်ဂျွန်းကွန်ဖရင့်မှ ကျန်ကွန်ဖရင့်များ ဆက်လက် လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။ အာရှတိုက်ရှိ အပြည်ပြည်ဆိုင်ရာ ကောင်စီချုပ်၏ အကြံပြုချက်အရ (၁၉၇၈) ခုတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်အဆင့်ရှိ ပြည်တော်ကောင်စီ (Nationalcouncil) ကိုဖွဲ့ (၁၂.၂.၁၉၉၁)တွင် စိန်ဗင်းဆင်းဒီပေါလ် မန္တလေးသာသနာအုပ်စုကောင်စီ (Diocesan council) ဖွဲ့စည်းခဲ့သည်။ (၁၈.၁၂.၂၀၀၂)တွင် ပုသိမ်သာသနာ အုပ်စုကောင်စီကို၎င်းင်း၊ (၅.၁.၂၀၀၃)တွင် ရန်ကုန်သာသနာအုပ်စု ကောင်စီကို၎င်းင်း၊ (၁၄.၅.၂၀၀၄) ဟားခါးသာသနာ အုပ်စုကောင်စီကို၎င်းင်း၊ (၁၄.၅.၂၀၀၄) ဟားခါးသာသနာအုပ်စု ကောင်စီကို၎င်းင်း၊ (၃၁.၇.၂၀၀၄)တွင် လားရှိုးသာသနာအုပ်စုကို၎င်းင်း အသီးသီး ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်သာသနာ (၁၂) နယ်ရှိသော်လည်း သာသနာ(၅) ခုသာ စိန်ဗင်းဆင်းဒီပေါလ် သာသနာအုပ်စု ကောင်စီများ ဖွဲ့စည်းနိုင်ပြီး စိန်ဗင်းဆင်းဒီပေါလ် ကွန်ဖ ရင့်ပေါင်း (၁၂၆) ဖွဲ့ဖြင့် ဆင်းရဲသားဒုက္ခ ရောက်သူများကို ကူညီ ပံ့ပိုးလျက်ရှိကြသည်။

ဆင်းရဲ ဒုက္ခရောက်သူဆိုသည်မှာ စားစရာမရှိသူများ၊ ၀တ်စရာမရှိသူများ၊ နေထိုင်စရာမရှိသူများ၊ မကျန်းမာ၍ ဆေးမကုနိုင်သူများ၊ ပညာမသင်နိုင်သူများ၊ စွန့်ပစ်ခံရသူများ၊ အကျဉ်းထောင်တွင် ချုပ်နှောင်ခံရသူများ၊ အလုပ်အကိုင် မရှိသူများ၊ ဖျားနာသူများ၊ ပြည်နှင်ဒဏ်ခံရသူများ ခြုံ၍ ပြောရပါက လူဖြစ်လာပြီး လူ့အဆင့် မနေနိုင်သူများ အားလုံးကို ဆင်းရဲဒုက္ခ ရောက်သူများဟုဆိုလိုသည်။ "ဤကဲ့သို့ ဆင်းရဲဒုက္ခရောက်သူများကို ခရစ်ယာန်များအနေဖြင့် ရှာဖွေ၍ သူတို့ထံသွားရောက်ကာ နှစ်သိမ့်မှုပေးပြီး အကူအညီ ပေးကြပါ" (ဒုတိယဗာတီကန် အစည်းအဝေးမှ ပြဌာန်းချက်) စိန်ဗင်းဆင်းဒီပေါလ်အဖွဲ့ဝင်တိုင်း သည် မိမိ၏ဆန္ဒ၊ မိမိ၏ အပေါင်းအသင်း၊ မိမိ၏အချိန်၊ မိမိ၏ စွမ်းရည်၊ မိမိ၏အကျိုး စီးပွားကိုပဓာနမထားဘဲ ပတ်ဝန်းကျင်ရှိ ဒုက္ခရောက်သူများအား လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး မည်သူ့ကို မဆို ယိုင်းပင်းကူညီရမည်။ ဤအဖွဲ့အစည်းသည် ကမ္ဘာအနှံ့ ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကူအညီ ပေးနိုင်ရန်အတွက် တိုးတက်နေသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးတွဲ ဖွဲ့စည်းထားသည်။ ဆင်းရဲ ဒုက္ခရောက်သူများကို ကူညီရာ၌ စိန်ဗင်းဆင်းအဖွဲ့ဝင်များသည် မိမိ ကူညီထားသော သူတို့အား တရားဟောခြင်း ဘာသာထဲသို့ သိမ်းသွင်းခြင်းစသော အခွင့်ရေးယူမှုများကို ရှောင်ရှားပြီး အကူအညီပေးမှု သက်သက်သာ ပေါ်လွင်စေရမည်။ အဖွဲ့အစည်း၏ လုပ်ငန်းရည်ရွယ်ချက်အောင် မြင်စေရန် အခြားသော ဘာသာရေး၏ လူမှုရေးအဖွဲ့အစည်းလုပ်ငန်း ရည်ရွယ်ချက် အောင်မြင်စေရန် အ
ခြားသော ဘာသာရေး လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မိမိ၏လုပ်ငန်း အကောင်အထည်ဖေါ်နိုင်သည်။ ဤအသင်းသည် မည်သည့် ကြေးငွေဥစ္စာကိုမျှ လုံးဝ ထိန်းသိမ်းထား ပိုင်ခွင့်မရသော အဖွဲ့အစည်းဖြစ်သည်။ အထက် အဖွဲ့အစည်းနှင့် အခြားသော ကုသိုလ်ရှင်များထံမှ ရရှိသော ပစ္စည်းနှင့်ငွေကြေးများကို အတိဒုက္ခရောက်နေသော ညီအစ်ကို မောင်နှမများ ထံသို့ အမြန်ဆုံး ဖြန့်ဖြူးပေးရမည်။ အုပ်ချုပ်မှုအတွက် သော်၎င်းင်း အဆက်အသွယ်ပြုရာ၌ သော်၎င်းင်း ကုန်ကျစရိတ်ကို နည်းနိုင်သမျှ နည်းနည်းဖြင့် ထိရောက်စွာ ဆောင်ရွက်သွားရမည်။ စိန်ဗင်းဆင်းဒီပေါလ်အသင်းသည် ၀ိညာဉ်ရေးကို အခြေခံသော အသင်းအဖွဲ့ဖြစ်ကြောင်း ပြသနိုင်ရန် တစ်နှစ်လျှင် ပွဲတော်(၂)ပွဲ ကျင်းပကြသည်။ ပထမပွဲတော်မှာ စက်တင်ဘာ (၂၇) ရက်နေ့တွင် ကျရောက်သော စိန်ဗင်းဆင်းဒီပေါလ်ပွဲနေ့ ဖြစ်သည်။ ဒုတိယပွဲတော်မှာ မတ်လ (၂၅) ရက်နေ့တွင် ကျရောက်သော မယ်တော်အား အမိန့်တော်ပြန်ပွဲ (သို့မဟုတ်) ဒီဇင်ဘာ (၈) ရက်နေ့တွင် ကျရောက်သော မယ်တော် အပြစ်မဲ့သန္ဓေယူသော ပွဲနေ့ဖြစ်သည်။ ပွဲတော်ကျင်းပရာတွင် အသင်းတော် အတွက် ပုပ်ရဟန်းမင်းကြီးအတွက်နှင့် စိန်ဗင်းဆင်းဒီပေါလ် အသင်းအတွက် မစ္ဆား ပူဇော်ရသည်။

"ငါ၏ ညီများ အနက် အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်ကို သင်ပြုစုသမျှသည် ငါ့ကို ပြုစုသည်မည်၏" ဟု ခရစ်တော် မိန့်တော်မူခဲ့သည့် အတွက် ဆင်းရဲ ဒုက္ခရောက်သူများကို ကူညီခြင်းသည် ခရစ်တော်ကို ကူညီခြင်းဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်များ အနေဖြင့် ဒုက္ခရောက်သူမှန်လျှင် ဘယ်ဒေသမှာ နေနေ၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဘာစကားပဲ ပြောပြော၊ ဘာအလုပ်ပဲ လုပ်လုပ်၊ တိုက်ကြီးပေါ်မှာစံစံ၊ တဲကုတ်ပဲ အောင်းအောင်း၊ အရက်ပဲ မူးမူး၊ လမ်းဘေးမှာ လဲလဲ၊ အချုပ်မှာ ပဲရှိရှိ၊ အကျဉ်းထောင်မှာပဲ ကျကျ၊ ဆေးရုံမှာပဲ တက်တက်၊ ပြည်နှင်ဒဏ်ပဲ ခံရခံရ၊ သူတောင်းစားပဲ ဖြစ်ဖြစ်၊ အပယ်ခံဘ၀ပဲ ရောက်ရောက်၊ ခရစ်ယာန် မေတ္တာတရား ရှေ့ထားလျက် ကူညီရန် တာဝန်ရှိကြပါသည်။
ဖရက်ဒရစ်အိုဇနာမ်၏ဆုတောင်း

"အိုဘုရားသခင် ကျွန်ုပ်အပေါ်ချပေးသော ဒုက္ခခံစားမှုနှင့် နှောင့်ယှက်ခြင်းများအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ဤအရာတို့ကို ကျွန်ုပ်အပြစ်များအတွက် ဆပ်ဖြေမှု ဖြစ်စေတော်မူပါ။"


မန်း-သပြေ

Read More...

Sunday, April 25, 2010

သတ္တိခဲမလေး ပီတာလင်း


သတ္တိခဲမလေး ပီတာလင်း


၁၉၈၁ ဧပြီလရဲ့ သာယာတဲ့ နေ့တစ်နေ့မွန်းလွဲပိုင်းမှာ အသက်၁၂ နှစ် သမီးပီတာလင်းဟာ လော်ရီကားကြီး ပေါ်တက်ထိုင်လိုက်တာနဲ့ စိတ်လှုပ်ရှား နေပါတယ်။ သူမဟာ လွန်ခဲ့တဲ့တစ်နာရီ လောက်က ဒါဝင်မြို့ရှိ ဘော်ဒါကျောင်းမှ (၁၁၂)မိုင်ဝေးတဲ့ သူမရဲ့မိဘတွေနေထိုင်တဲ့ ချဲနဲလ်ပွိုင့်ကို ပြန်ရောက်လာတာဖြစ်တယ်။ ခဏနေရင် သူမအလွန်နှစ်သက်တဲ့ သြစတြေးလျ အပူပိုင်းကျေးလက်ဒေသများသို့ လျှောက်လည်ရတော့မှာ ဖြစ်တယ်။ အဲဒီဒေသမှာ ကျွဲရိုင်းတွေ၊ တောဝက်တွေ၊ မိကျောင်းတွေနဲ့ ငှက်မျိုးစုံရှိပါတယ်။ ပတ်ဝန်းကျင်မှာလည်း သာယာလှပနေပါတယ်။

အခုတလော ပီတာလင်းရဲ့ မိဘတွေ ခရီးသွားနေတာမို့ သူမရဲ့ မိဘတွေနဲ့ အတူတူ အလုပ်လုပ်တဲ့ ဟီလ်တန်ဂရေဟမ်က သူမကို စောင့်ရှောက်နေပါတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ခင်မင်တွယ်တာကြတယ်။ ပီတာလင်းကို ဂရေဟမ်က "ငါတို့တောဝက်လိုက်ပစ်ပြီး ကျွန်းပေါ်မှာ ကင်စားကြတာပေါ့" လို့ ကားစက်နှိုးပြီး (၁၂)မိုင်ဝေးတဲ့ စမ်းစပရင်းနေရာဘက်ကို မောင်းလာရင်းပြော လိုက်ပါတယ်။ သူတို့ဟာ မြေကွက်လပ် တစ်ခုရှိ ညောင်ပင်တစ်ပင်အောက်မှာ ကားကို ထိုးရပ်လိုက်ကြပါတယ်။

အဲဒီညောင်ပင်ရဲ့ အနီးတစ်နေရာမှာ သူတို့ရဲ့ မော်တော်ဘုတ်ရှိနေပါတယ်။ အရပ်မြင့်မြင့် ကိုယ်လက်သန်မာထွားကျိုင်း တဲ့ဂရေဟမ်က လှေကို ၀ါညစ်ညစ်အရောင်ရှိတဲ့ ရေထဲကိုတွန်းချလိုက်ပါတယ်။ နောက်ပြီးသူရဲ့ သေနတ်ကိုပခုံးပေါ်မှာသိုင်းပြီး လွယ်ထားလိုက်တယ်။ ပီတာလင်းတက်နိုင်ဖို့ လှေကို ငြိမ်အောင်ကိုင်ထားပါတယ်။ ပီတာလင်း လှေထဲကိုရောက်တာနဲ့လှေကို တောက်လျှောက်ရေထဲ တွန်းချလိုက် ပါတယ်။ လှေကို စက်ရှိန်လျှော့ပြီး သစ်ပင်တွေ၊ နွယ်ပင်တွေကြားမှာ ဖြတ်ပြီး ဖြည်းဖြည်းမှန်မှန် ကျွန်းပတ်ဝန်းကျင်တစ်ဝိုက် မောင်းလာပါတယ်။ ပီတာလင်းလည်း လှေဝမ်းရှေ့ပိုင်းမှာ ထိုင်လိုက်လာပြီး စကားကျယ်ကျယ်ပင်မပြောရဲ။ ဘေးပတ်ဝန်ကျင် ရှိထူထဲလှတဲ့ချုံတွေ၊ သစ်ပင်တွေကိုသာ တစ်လျှောက်လုံး စောင့်ကြည့်လာပါတယ်။


ညနေငါးနာရီခွဲလောက်မှာ ရုတ်တရက် သူတို့ရဲ့လှေဟာ ရေတိမ်ပိုင်းက တစ်နေရာမှာ ထိုးရပ်သွားတယ်။ ဂရေဟမ်ဟာ သူ့ရဲ့သေနတ်ကို ပခုံးမှဖြုတ်ပြီး လှေဝမ်းထဲမှာ ထားလိုက်တယ်။ လှေကို ရေနက်ပိုင်းတွန်းချဖို့ရေထဲကို ဆင်းလိုက်တဲ့ အခါမှာ သူ့ရဲ့ပစ္စတိုဟာ ရေထဲကျသွားတယ်။ ရေမှာ ခြေသလုံးမြုပ်ရုံပဲရှိလို့ သူဟာ ဒူးထောက်ပြီး ရေအောက်ရွံ့ထဲမှာ သူ့ရဲ့သေနတ်ကို လိုက်ရှာတယ်။ ကျွန်မ လှေကို တက်ချည်လိုက်မယ်၊ ပြီးတော့ ဦးဦးကို ကူရှာပေးမယ်လို့ ပီတာလင်းက ပြောပြီးရေထဲကို ခုန်ချလိုက်တယ်။ တစ်ဖက်သို့ လေးငါးဆယ် လှမ်းလျှောက်သွားတယ်။

အဲဒီအချိန်မှာ သူ့နောက်ဖက် ကပ်ရဲ့ ပြန်းကနဲ ရေပေါ်ကျလာတဲ့အသံ တစ်သံကြောင့် ဂရေဟမ်ဟာ လန့်သွားတယ်။ သူလှည့်ကြည့်တဲ့အခါ တစ်ဆယ့်သုံး ပေခန့်ရှိတဲ့ မိကျောင်းကြီးတစ်ကောင်ရဲ့ အစွန်းကုန်ဖြဲထားတဲ့ ပါးစပ်ကြီးဖြစ်နေတယ်။ ဂရေဟမ်ဟာ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် ဘယ်လက်ကအလိုအလျှောက် အပေါ်ကို မြှောက်တတ်သွားတယ်။ သူ့ လက်ကို မြှောက်လိုက်တာနဲ့ မိကျောင်းဟာ ၎င်းင်းရဲ့ ဖြူဖွေးချွန်ထက်တဲ့ သွားတွေ့နဲ့ ဂရေဟမ်ရဲ့လက်ကို ဖမ်းဟပ်လိုက်တယ်။ ဂရေဟမ်ဟာ နာကျင်တဲ့ဒဏ်ကို သူ့လက် မောင်းတစ်လျှောက်တဖျင်းဖျင်းခံစား လိုက်ရတယ်။ မိကျောင်းကြီးဟာ ဂရေဟမ်ရဲ့ လက်ကို လွှတ်လိုက်တယ်။ ဂရေဟမ်ဟာ နာကျင်လွန်းလို့ အသက်ရှုဖို့ပင် မေ့နေသလိုလို ဖြစ်သွားခဲ့တယ်။

ပီတာ၊ ပီတာ ငါ့ကိုကူပါအုံးလို့ ကမ်းဖက်ကို လှမ်းအော်လိုက်တယ်။ ကလေးမလေးဟာလည်း ကြောက်ပြီး ကမ်းပေါ်မှာ မလှုပ်မယှက်ရပ်နေမိတယ်။ ဂရေဟမ်ဟာ အော်ပြီး အကူအညီတောင်း ပြီးတော့ ဒီကလေးက ဘာတတ်နိုင်မှာမို့လဲဟု တွေးပြီး စိတ်ပျက်သွားတယ်။ မိကျောင်းဟာ သူအမြီးကိုတပြန်းပြန်း ရိုက်နေစဉ် ဂရေဟမ်နေရာမှ ကုန်းထလိုက်တယ်။ အဲဒီအချိန်မှာ မိကျောင်းကြီးဟာ သူ့ဘေးဖက်ကို လှည့်ပြီး သူ့ညာပေါင်ကို ဖမ်း၍ ဟပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနဲ့ မိကျောင်းဆွဲရာ ပါနေတာကို သတိထားမိလိုက်တယ်။ သူ့လက်ဖျံကသွေး တွေစီးကျလာတယ်။ သူဟာ ရွံ့ထဲမှာ စွဲမြဲစွာ ကုတ်ကွယ်ထားဖို့ အပြင်းအထန် ကြိုးစားနေတယ်။ တစ်ခုခု တွယ်စရာမရှိရင် မိကျောင်းဆွဲရာသို့ ပါသွားတော့မှာ ဖြစ်တယ်။ မိကျောင်းတွေဟာ သူတို့ရဲ့ သားကောင်ကိုမစားမှီ ရေထဲတွင် အထပ်ထပ် အဖန်ဖန်လိမ့်ပြီး ရေမွှန်းအောင် လုပ်တတ်သည်ကို ဂရေဟမ်သိထားပါတယ်။

ဂရေဟမ်ဟာ အခုမှ မိကျောင်းတစ်ကောင်ရဲ့ မယုံကြည်နိုင်လောက် အောင်ကောင်းတဲ့ ခွန်းအားကို သတိထားမိပါတယ်။ သူ့ခြေထောက်များဟာ ကုပ်တွယ်ထားရာမှ တဖြည်းဖြည်းလျော၍ အန္တရာယ်နည်းရာ ရေတိမ်ပိုင်းမှ မိကျောင်းဆွဲရာကို ပါနေတယ်။ သူ့ညာဖက်လက်ကို မြှောက်ပြီး ပီတာ ငါ့ကိုလာဆွဲပါအုံးလို့ အော်လိုက်တယ်။ သူ့အော်သံကြောင့် ပီတာလင်းဟာ ကြောက်စိတ်တွေပျောက်သွားပြီး ပါးစပ်ကလည်း ဂရေဟမ်လှမ်း ဆွဲပါလို့ လှမ်းအော်ပြီး ရေထဲကိုဆင်းသွားတယ်။ ရေမှာ သူ့ဒူးလောက်အထိနက်ပြီး ရွှံ့ထဲမှာ စမ်းပြီးလျှောက်ရတယ်။ ဂရေဟမ် အနားရောက်တာနဲ့ ဂရေဟမ်လက်မောင်းကို သူမရဲ့လက်နှစ်ဖက်နဲ့ ဖမ်းဆုတ်လိုက်တယ်။ သူ့ခြေထောက်နှစ်ချောင်းကို ရွှံ့ထဲမှာ မြဲမြဲကုတ်ထားပြီး ဒူးကိုကွေးကာ ကိုယ်ကိုနောက်သို့ ယိမ်းပြီး တအားဆွဲယူ လိုက်တယ်။

ပီတာလင်းစိတ်ထဲမှာ လွန်ဆွဲရတာနဲ့ တူနေတယ်။ ဂရေဟမ်မှာ သူမသာ မြဲမြဲမဆွဲထားရင် သေတော့မှာဖြစ်တယ်။ ရေနက်ပိုင်းကို နည်းနည်းရောက်သွားတာနဲ့ မိကျောင်းဟာ ဂရေဟမ်ရဲ့ပေါင်ကို ကိုက်မြဲ ကိုက်ထားပြီး သူ့အမြီးကို တဖြန်းဖြန်း ရိုက်ကာ ၀ုန်းဒိုင်းကြဲနေပါတယ်။ ပီတာလင်းဟာ တဖြည်းဖြည်း သူမပါ မိကျောင်းဆွဲရာနောက်ကို ပါနေတာ သတိထားမိတယ်။ ဒီလွန်ဆွဲပွဲမှာ မိကျောင်းက အနိုင်ရနေပါတယ်။ တစ်မိနစ်၊ နှစ်မိနစ်လောက်အကြာမှာ မိကျောင်းကြီးဟာ ဂရေဟမ်ရဲ့ ကိုယ်ကို ရေအောက်မှာ တစ်ပတ်ပြည့်အောင်ဆွဲပြီး ကျွမ်းပစ်လိုက်တဲ့အခါမှာ ပီတာလင်းပါ ဆုပ်ကိုင်ထားလျက်ပါသွားတယ်။ တကယ်လို့ သူသာ ရုန်းကန်ပြီး မထွက်ရင် သူတို့နှစ်ယောက်လုံး ရေမွန်ပြီး သေသွားနိုင်ပါတယ်။ သူမဟာ သူ့အနေအထားကို ပြင်လိုက်ပြီး အောက်ခြေ ရှိရွှံ့ထဲမှာ ကုတ်တွယ်စရာရှာယင်း သူ့ ခြေချောင်းလေးတွေနဲ့ မြဲမြဲကုတ်ထားပြီး ရှိသမျှအင်အားနဲ့ ဂရေဟမ်ကိုဆွဲထား လိုက်တယ်။ သူမသာ ဒီလိုကြာကြာဆွဲထား နိုင်ရင် တစ်ချက် မဟုတ်တစ်ချက် မိကျောင်းကြီးဟာ သူ့ပါးစပ်ကို ဟလိုက်မှာ ဖြစ်တယ်။

မိကျောင်းကြီးပါးစပ် ဟလိုက်တာနဲ့ ဂရေဟမ်ကို သူလွတ်ထွက်လာအောင် ဆွဲနိုင်မှာဖြစ်တယ်။ သူ့ခါး သာသာနက်တဲ့ ရေတွင်ပီတာလင်းဟာ ဂရေဟမ်ကို ဆက်ဆွဲထားတယ်။ အဲဒီအချိန်မှာ ဂရေဟမ်ဟာ မိကျောင်းကြီးဆွဲသဖြင့် ရေအောက်တွင် နစ်မြုပ်စ ပြုနေပြီဖြစ်တယ်။ ပီတာလင်းဟာလည်း ဂရေဟမ်ရဲ့ စိတ်ပျက်နေတဲ့ မျက်နှာကိုမြင်ပြီး သူမစိတ်ထဲမှာ ဆုံးပြီလို့ တွက်ဆထားပါတယ်။ ဒါပေမယ့် သူမဟာ အသက်တစ်ချက်ရှုပြီး ဆက်ဆွဲထားတယ်။ ရုတ်တရက် မိကျောင်းကြီးဟာ သူ့ကိုယ် လုံးကြီးကို လှိမ့်ရာမှ ရပ်ပစ်လိုက်တယ်။ ပီတာလင်းဟာ ဂရေဟမ်ကို ဆွဲထုတ်ပြီး နောက်ဖက်သို့လဲကျသွားပြီး ဂရေဟမ်နဲ့ အတူမျက်နှာရေပေါ်သို့ အသက်ရှုရန် ဘွားကနဲ ပေါ်လာတယ်။ မိကျောင်းဟာ သူ့ကို ဆက်ကိုက်ထားသော်လည်း ကမ်းစပ်မှ လေးငါးလှမ်းလောက်သာ လိုတော့ရာမှ သူ့ကိုလွှတ်လိုက်ပြီး ရေနက်ထဲကို ငုတ်သွားတယ်။ ပီတာလင်းလည်း စိတ်ဆိုးမာန်ဆိုးနဲ့ ဂရေဟမ်ကို လာလာလို့ပြောပြီး ဆွဲခေါ် လိုက်တယ်။ ဂရေဟမ်မှာ ကြက်သေသေ နေပြီး သူ့မျက်နှာမှာ သွေးမရှိတော့။ သူ့ လက်ဖျံနဲ့ပေါင်မှ သွေးတွေ စီးကျနေတယ်။ သူတို့နှစ်ယောက် နှစ်လှမ်းသာလှမ်းရသေးတယ်။ ဖြန်းကနဲအသံနဲ့အတူ မိကျောင်းကြီး ရေပေါ်ပြန်ပေါ်လာတယ်။

ဂရေဟမ်ရဲ့ ညာဖက်တင်ပါးကို အငမ်းမရ ထိုးဟပ်လိုက်ရာ ဘောင်းဘီမှာ စုတ်သွားပြီး အသားအနည်းငယ် မိကျောင်း ပါးစပ်ထဲပါသွားတယ်။ ပီတာလင်းက ဂရေဟမ်ကို ဆက်ကနဲဆွဲလိုက်သဖြင့် မိကျောင်းကြီးဟာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ နောက်ဖက်သို့ ပြန်ကျသွားတယ်။ သွေးချင်းချင်းနီနေတဲ့ ရေထဲမှာမိကျောင်းကြီးဟာ မျက်စိကို ရေပေါ်ဖော်ပြီး ချောင်းနေတယ်။ သူတို့ နှစ်ယောက်ကမ်းပေါ် ရောက်အောင် လေးဖက်ကုန်းပြီး တက်ရတယ်။ ပီတာလင်းဟာ ဂရေဟမ်ကို မိကျောင်းရန်မှ လွတ်မယ့် ကိုက်ငါးဆယ်လောက်မှာရှိတဲ့ သစ်ပင်တစ်ပင်ဆီတွဲခေါ် သွားပြီး မှီထားခဲ့တယ်။ ဂရေဟမ်မှာ စိတ်ချောက်ခြားပြီး သွေးထွက်များလို့ မလှုပ်နိုင်ဘူး။ သူ့ရှပ်အင်္ကျီနဲ့ ဘောင်ဘီမှာလည်း စုတ်ပြတ်နေတယ်။ ဒီမှာ ခဏနေခဲ့ကျွန်မ ကားကြီး သွားယူလိုက်မယ်လို့ ပီတာလင်းက ပြောပြီး တစ်မိုင်လောက်ရှိ သူတို့ကားထားရာ နေရာသို့ တောလမ်းအတိုင်း ပြေးသွားတယ်။ ရှစ်နှစ်သမီး လောက်ကတည်းက ဂရေဟမ်ဟာ ပီတာလင်းကို ကားမောင်း သင်ပေးမိခဲ့ခြင်း အတွက် ကံကောင်းတယ်လို့ ဆိုရမှာဖြစ်တယ်။ သူမဟာ ကားသော့ကို ဖွင့်လိုက်ပြီး မြန်နိုင်သလောက် အမြန်ဆုံး မောင်းလာတယ်။ ကားကိုမြင်တာနဲ့ ဂရေဟမ် ထော့နင်းထော့နင်းနဲ့ ကားဆီ လျှောက်လာတယ်။ ပီတာလင်းက သူ့ကို ဖေးမပြီး ခရီးသည်ထိုင်တဲ့ ထိုင်ခုံမှာထိုင် ခိုင်းလိုက်တယ်။ ဂရေဟမ်ဟာ မထိုင်နိုင်ဘူး။ ဒဏ်ရာရထားတဲ့ ညာဖက်ပေါင်နဲ့ တင်ပါးကို မထိခိုက်စေအောင် ဘယ်ဖက်ကို စောင်းပြီး ထိုင်လိုက်လာတယ်။

ဒဏ်ရာရထားတဲ့ လက်ကိုတော့ ဘေးမှာ တွဲလောင်း ချထားလိုက်တယ်။ အချိန်ကတော့ (၆)နာရီသာသာ ခန့်ရှိပြီး သူတို့ ချဲနဲလ်ပွိုင့်ကို ထွက်လာတဲ့အခါ မှောင်စပျိုး နေပြီဖြစ်တယ်။ ထွက်လာပြီးနောက် ကိုက်ငါးဆယ်လောက်အရောက်မှာ ဂရေဟမ်ဟာ သတိတစ်ချက် မေ့သွားတယ်။ ပီတာလင်းလည်း ကားကို ရပ်လိုက်ရမလားလို့ စဉ်းစားလိုက်တယ်။ နောက်တော့မှ ကားစတီယာရင်ကို လက်တစ်ဖက်နဲ့ ထိန်းရင်း တစ်ခြားတစ်ဖက်ဖြင့် ဂရေဟမ်ကို လှုပ်ကြည့်တယ်။ ဂရေဟမ်က ညည်းလိုက်ပါတယ်။ ဂရေဟမ်က တစ်ခုခုတော့ပြန်ပြော နေတယ်။ သူမကြားဘူး။ နောက်ပြီးသတိ ပြန်မေ့သွားတယ်။ သူတို့ချဲနဲလ်ပွိုင့်ကို မရောက်မီ ဂရေဟမ်ရဲ့ ညည်းတွားသံကို ကြားရတယ်။

မသေလိုက်ပါနဲ့ ဦးရယ်။ မသေပါနဲ့လို့ ပီတာလင်းက ရှိုက်ပြီးပြောတယ်။ ကလေးမလေးရဲ့ စိတ်သောကရောက်နေ တဲ့အသံကို
ကြားရတဲ့ဂရေဟမ်က ရှိသမျှ ခွန်းအားစုပြီး ဘာလို့သေရမှာလဲ။ မသေဘူးကွလို့ အားတင်းပြီး ပြောလိုက်တယ်။ သူတို့ချဲနဲလ်ပွိုင့်ကို ရောက်သွားတဲ့အခါမှာ လူတစ်ယောက်မျှ မရှိဘူး။ ဂရေဟမ်ဟာ ကားပေါ်မှာ ဒယိမ်းဒယိုင်ဖြင့် ၀ါယာလက်စက်ရှိရာလျှောက်သွားပြီး လေးဆယ့်သုံးမိုင် ဝေးတဲ့ပဲ ထရီးဟုမ်းစတက်ကို သူမိကျောင်းကိုက်ခံရကြောင်းနှင့် တစ်ယောက်ယောက် လွှတ်ဖို့ သတင်းပို့လိုက်တယ်။ ဂရေဟမ်ရဲ့ အမျိုးသမီးနှင့် သူမရဲ့မိဘများနေထိုင်တဲ့ ဟုမ်းစတက်မှာ ဆယ့်ကိုးမိုင်သာ ဝေးသော်လည်း ကြားမှာတောင်ကုန်းလေး တစ်ခုခံနေတာကြောင့် ချဲနဲလ်ပွိုင့်ကို တိုက်ရိုက် ရေဒီယို အဆက်အသွယ်မရဘူး။

ပီတာလင်းဟာ မီးဖိုးထဲမှ ဆေးသေတ္တာယူပြီး အင်တီဆက်ပ် တစ်ပေါင်ဒါနှင့် ဂရေဟမ်ဒဏ်ရာမှာ ဖြူးပေးလိုက်ပြီး လိုင်နစ်စ ခပ်သန့်သန့်တစ်ခုဖြင့် ပတ်ရုံသာ ပတ်ထားပေးလိုက်သည်။ အချိန်ကုန်ခံပြီး ပတ်တီးမစည်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကို ဆေးရုံအမြန်ဆုံး ခေါ်သွားမှဖြစ်မယ်။ သူတို့ဒါဝင်မြို့သို့ ထွက်လာကြတယ်။ ဂရေဟမ်က ထိုင်ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်လိုက်လာတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေက မမှိတ်ဘူး။ ပီတာလင်း က သူ့ကို ခဏခဏ သတိထားကြည့်တယ်။ တစ်ခါတစ်ခါ သူမဟာ စိုးရိမ်စိတ်ကြောင့် ဦးဦးသတိရတယ်နော်လို့ မေးမိတယ်။ ဂရေဟမ်ကရပါတယ်လို့ ခပ်ပြတ်ပြတ်ပြန် ပြောတယ်။ ဒီလိုနဲ့ လာကြတဲ့အခါမှာ ခပ်လှမ်းလှမ်းတွင် ကားမီးရောင်ကို လှမ်းတွေ့ရတယ်။ ဂရေဟမ်ရဲ့ အမျိုးသမီးဂျွန်အယ် လင်တောင်ဆင်နဲ့ သူ့မောင် ဟင်နရီကား မောင်းလာတာဖြစ်တယ်။ (၇)နာရီ (၄၅) မိနစ်မှာ ကားနှစ်စီးတွေ့ကြပြီး ဂရေဟမ်ကို ကားပြောင်းပေးပြီး ပီတာလင်းပါ သူတို့
နဲ့အတူ ဒါဝင်ကိုလိုက်သွားတယ်။ ည (၁၁) နာရီလောက်မှာ သူတို့ဟာ ဒါဝင်ဆေးရုံကို ရောက်တာနဲ့တစ်ပြိုင်နက် ဂရေဟမ်အား ခွဲစိပ်ခန်းပို့ပြီး သွေးသွင်းရတယ်။ မေးခိုင် ပိုးကာကွယ်ဆေးနှင့် နာကျင်မှုဝေဒနာ သက်သာစေတဲ့ဆေးတွေ ထိုးပေးတယ်။ သူ့ဘယ်ဖက်လက်ဖျံကို ချုပ်လိုက်ရတယ်။ သူ့ပေါင်မှ ကိုးလက်မလောက်ရှိတဲ့ ဒဏ်ရာကြီးကို ဂရုတစိုက်ဆေးကြောပြီး ခြောက်ကပ်စပြုနေတဲ့ သွေးနဲ့အသားတွေကို ခြစ်ထုတ်ပစ်ရတယ်။ နောက်တစ်ပတ်အကြာ မည်သည့်ရောဂါမှ မ၀င်ကြောင်းသိရှိပြီး အမြဲတမ်း လာရောက်ကြည့်သူမှာ ပီတာလင်းပဲ ဖြစ်တယ်။

ပီတာလင်းဟာ တကယ်အံ့သြ စရာကောင်းတဲ့ သတ္တိရှိတဲ့ကလေးပါပဲ။ သူမဟာ မိကျောင်းတွေအကြောင်း ဖတ်ဖူးတယ်။
ဘယ်လိုအန္တရယ်များကြောင်းလည်း ပြောဖူးတယ်။ ဒါပေမယ့် ကျွန်တော် သေရမယ့်အရေးမှာ သူ့အသက်ကိုစွန့်ပြီး ကျွန်တော့်အသက်ကို ကယ်ခဲ့တယ်လို့ ဂရေဟမ်က ပြန်ပြောပြပါတယ်။ ဂရေဟမ်ဟာ ဆေးရုံမှ ဆင်းလာသော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်များ ကျန်နေသေးတယ်။ သူနဲ့ပီတာလင်းတို့ သွားခဲ့ကြတဲ့နေရာများကို မော်တော်ဘုတ်နဲ့ လျှောက်သွားကြရင်း သူ့စိတ်ထဲမှာ မိကျောင်းကြီးက လိုက်ချောင်းနေသလို ခံစားနေရပါတယ်။

၁၉၈၂ အောက်တိုဘာလထဲမှာ ဧလီဇဘက်ဘုရင်မကြီးဟာ သြစတြေးလျကိုရောက်စဉ် ပီတာလင်းကို ၁၉၈၁၊ သြစတြေးလျရဲ့ သတ္တိပြောင်မြောက်ဆုံး၊ စွမ်းဆောင်မှုအတွက် Royal Humane Society မှ တလော့ဒ် ရွှေတံဆိပ်ဆု ချီး မြှင့်ခဲ့တယ်။

မနော (FSAG)

Read More...

တနင်္ဂနွေမျက်နှာ


တနင်္ဂနွေမျက်နှာ


၁။ ဂျိုးငှက်သံစဉ်များ
ကြည်စင်သန့်ရှင်း နံနက်ခင်းအလှ
တက်ကြွရွှင်လန်း အပြုံးပန်းဝေ
လျှောက်လှမ်းသောခြေရာ
တနင်္ဂနွေ မင်္ဂလာ .....။

၂။ ထိုတစ်ရက်တာ ငါတို့၏ရင်မှာ

ဣနြေ္ဒရရ
နှိမ့်ချပျူငှါ သံသယမပါ
ကြင်နာမျက်ဝန်း ရွှင်လန်းဝမ်းမြောက်
ဒူးထောက်ညွတ်ကျိုး လက်စုံမိုး၍
ရှစ်ခိုးပူဇော် ပလ’င်တော်ခြေရင်း
အလင်းတံခါးသို့ဝင်သူများ .....။

၃။ ခြောက်ရက်ပတ်လုံး
အမုန်းမရှိသောနေရာ
အရှုံးမရှိသောနေရာ
နိဂုံးမရှိသောနေရာ
ရှာလည်းမတွေ့ တွေ့လည်းမမြင်
မြင်လည်းမသိ မှောင်မိုက်သည့်ကမ်း
အတ္တလမ်းမှာ .....။

၎။ ညသည်မိုးချုပ် မျက်မှောင်ကုပ်၍
အလုပ်စခန်း ၀င်္ကဘာလမ်းထဲ
လျှောက်လှမ်းစ၀င် ခြေရာထင်ပြန်
သင်- ခရီးဆက်ရမည်အမှန်ပါ
ဒေသနာတော်ကိုဆင်မြန်း
သခင်မုန့်တော်နဲ့အားဖြည့်ဆန်းသစ်လို့
ခရစ်သခင် ဆုံးမသွန်သင်
ကောင်းကင်ခရီးသို့
အားယူလျှောက်ကြစို့

ချစ်လှမောင်

Read More...

Thursday, April 22, 2010

သရက်ခုန်ရွာ ရဟန်းခံပွဲတော်သရက်ခုန်ရွာ


သရက်ခုန်ရွာ ရဟန်းခံပွဲတော်သရက်ခုန်ရွာ


ဦးပဉ္ဇင်းကြီး ဂျိုးဇက်ထွန်းထွန်းဝင်းသည် မတ်လ၂၈ရက်နေ့တွင် မန္တလေး ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်လက်တော်မှ ထာဝရရဟန်းအဖြစ်ကို ခံယူခဲ့သည်။ ရဟန်းတော်သစ်ထွန်းထွန်းဝင်၏ မိဘနှစ်ပါးဖြစ်သော ဦးဖိုးဝင်းနှင့် ဒေါ်ချစ်တင်တို့သည် သရက်ခုန် ဇာတိဖြစ်ကြသော်လည်း ရေကြည်ရာမြတ်နုရာ ဆိုရိုးရှိသည့်အတိုင်း မန္တလေးမြို့ စိန်ဂျွန်း(မနောယမံ) ရပ်ကွက်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့ကြသောကြောင့် ထွန်းထွန်းဝင်းကို မန္တလေးမြို့ မနော်ယမံရပ်ကွက်တွင် မွေးဖွားခဲ့ကြသည်။

သူ၏ရဟန်းသိက္ခာတင်ပွဲကို သူ၏မိဘနှစ်ပါးရွာ၌ လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တောင်တွင်းကြီးနယ်မှ ဒေသခံ လူငယ်လူရွယ်များ ရဟန်းသိက္ခာခံခြင်း အခမ်းအနားကို တွေ့မြင်ခြင်းအားဖြင့် ရဟန်းဘောင်သို့ ခေါ်တော်မူခြင်းရရှိရန် ရည်ရွယ်ပါသည်။

သို့ပါ၍ ဆရာတော်နှင့်တကွ ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာဝင် အချို့တို့သည် မန္တလေးမှ တောင်တွင်းနယ် ချင်းညောင်ပင်သာရွာသို့ မတ်လ (၂၆)ရက် တနင်္လာနေ့ နံနက်(၆)နာရီတွင် ထွက်ခွာခဲ့ကြပါသည်။ မိတ္ထီလာမြို့ ဖာသာရ်ပီတာဦးလှရွှေ ကျောင်းတွင် ခေတ္တအနားယူပြီး ခရီးဆက်ခဲ့ကြရာ ညနေ(၅)နာရီလောက်တွင် ညောင် ပင်သာရွာသို့ ဆိုက်ရောက်ခဲ့ကြပါသည်။ ညောင်ပင်သာရွာသည် ဘုန်းတော်ကြီး ဦးဟံသာနှင့် ဘုန်းတော်ကြီးဦးဂြိုလ်တုတို့၏ ရွာဖြစ်ပါသည်။ တောင်တွင်းနယ်တွင် ခရစ်တော်၏ ဘာသာတရားကို လက်ခံကြသောရွာများထဲတွင်ပဌမဦးဆုံးရွာတစ်ရွာ ဖြစ်သည်။ မန္တလေးသာသနာမှာ ချင်းတောင်ဒေသကို ပြန်လည်မဖွင့်လှစ်မှီ တောင်တွင်းနယ်သည် ရှေ့တန်းဒေသဖြစ်ခဲ့သည်။ ရှေ့တန်းဒေသဟု ခေါ်ဆိုရာမှာ ဖွံဖြိုးတိုးတက်မှု နှေးကွေးပြီး သွားရေးလာရေး ခက်ခဲသောကြောင့်ဖြစ်သည်။

နောက်တစ်နေ့မတ်လ (၂၇)ရက်နံနက်တွင် ခရီးဆက်ကြရသည်။ ခေတ်မီ မှန်လုံကားကြီးကို ညောင်ပင်သာရွာမှာ ထားခဲ့ပြီး အုတ်ခဲတို့၊ ကြံတို့ တိုက်နေတဲ့ ကားကြီးနှင့် ၁၀မိုင်ကျော်ကွာဝေးသော သရက်ခုန်ရွာသို့ ခရီးကြမ်းနှင်ကြရသည်။ နံနက် (၁၀) နာရီ လောက်တွင် ရောက်ကြပါသည်။ ၎င်းင်းနေ့ ညနေ(၅)နာရီခွဲတွင် စိန်ဂျိုးဇက်ဘုရား ကျောင်းဖြစ်သဖြင့် ၎င်းင်းပွဲကို ကျင်းပကြပါသည်။ မိစ္ဆားတရားတော်ကို မိတ္ထီလာဇုံမှုး ဖာသာရ်ပီတာဦးလှရွှေက ဦးဆောင်ပြီးပူဇော်ခဲ့ပါသည်။ ဘုန်းတော်ကြီးဂျွန်ဦးအေးကျော်က စိန်ဂျိုးဇက်နှင့်ပတ်သက်ပြီး သြ၀ါဒမိန့်ကြားပေးခဲ့ပါသည်။ မတ်လ (၂၈)ရက် ဗုဒ္ဓဟူးနေ့ နံနက်တွင် ဦးပဉ္ဇင်းကြီးဂျိုဇက်ထွန်းထွန်းဝင်းသည် မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်လက်တော်မှ ထာဝရရဟန်းအဖြစ်သို့ တင်မြှောက်ခြင်းခံရလေသည်။ ရဟန်းသိက္ခာတင်ပွဲတော်သို့ ရဟန်းတော် နှစ်ဆယ့်ခြောက်ပါး၊ သီလရှင်ရှစ်ပါး၊ ကိုရင်ခြောက်ပါးနှင့် ဘာသာဝင်ရှစ်ရာခန့် တက်ရောက် အားပေးကြပါသည်။

ဦးပဉ္ဇင်းကြီးထွန်းထွန်းဝင်းသည် မန္တလေးမြို့ စိန်ဂျွန်းအုပ်စုတွင် ဖွားမြင်ခဲ့သော်လည်း သရက်ခုန်ရွာသည် သူ၏မိဘနှစ်ပါးရွာဖြစ်သောကြောင့် ၎င်းင်းရွာတွင် သိက္ခာခံယူခြင်း ဖြစ်ပေသည်။ ဆွေမျိုးသားချင်းများလည်း သရက်ခုန်ရွာတွင် နေထိုင်ကြသည်။

သရက်ခုန်ရွာတွင် ကက်သလစ်ဘာသာဝင်များနှင့်အတူ နှစ်ခြင်းနှင့် ဗုဒ္ဓဘာသာဝင်များလည်း အေးချမ်းစွာ အတူယှဉ်တွဲပြီး နေထိုင်ကြသည်။ ရဟန်းသိက္ခာတင်ပွဲအတွက်လည်း ဘာသာမရွေးဘဲ ရွာသူရွာသားများမှ အတူစုပေါင်းပြီး လုပ်ကိုင်ပေးခဲ့ကြသည်။ ဘာသာသုံးဘာသာ စည်းလုံးညီညွှတ်စွာ နေထိုင်ခြင်းသည် စံနမူနာဖြစ်ပါသည်။

သရက်ခုန်ကျေးရွာသည်အရှိုချင်းများနေထိုင်ရာဒေသဖြစ်ပြီး ၁၉၂၀ ၀န်းကျင်တွင် သာသနာစပြီး ပြုခဲ့ပါသည်။ ငှက်ဖျားရောဂါထူထပ်ပြီး တောကြီးစိမ့်ကြီးများနှင့် တောရိုင်း တိရစ္ဆာန်ပေါများသော နေရာဖြစ်သည်။ ရောင်စုံသူပုန်များ တောခိုရာနေရာ ဖြစ်သည်။ စာရေးသူအနေဖြင့် သရက်ခုန်ဟူသည် ဘုန်းဘုန်းအသစ်လေးဖာသာရ်စီရီ လူးဦးချစ်မောင် ပဌမဆုံးတာဝန်ကျရာနေရာဖြစ်သည်ဟု ခေါင်းထဲမှာ မှတ်ယူထားပါသည်။ ၁၉၄၆ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ချမ်းသာရွာ၌ ဘုန်းတော်ကြီးလေးပါး သိက္ခာခံယူခဲ့ကြပြီး အသီးသီး တာဝန်ခွဲဝေပေးခဲ့သည်။ ဖာသာရ်စီရီလူးမှာ သရက်ခုန်ရွာတွင် တာဝန်ကျခဲ့သည်။ ရဟန်းခံပြီး (၉)လကြာသောအခါ သရက်ခုန်ရွာတွင်ပင် ငှက်ဖျားရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။ ၎င်းင်း၏အုတ်ဂူတွင် ဆုတောင်းခဲ့ပြီး အုတ်ဂူပေါ်တွင် ရေးထားသော ကဗ္ဗည်းစာအရ ဘုန်းတော်ကြီးစီရီလူး ဦးချစ်မောင် ၁၉၄၇ခုနှစ် သြဂုတ်လ၂၀ရက်နေ့တွင် ပျံလွန်တော်မူကြောင်း သိရှိခဲ့ရသည်။ ယခုတိုင်လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် နေရာဖြစ်နေသေးပါက နှစ်ပေါင်း (၆၀)လောက်က ဖာသာရ်စီရီလူးတို့ခေတ်တွင် မည်မျှခက်ခဲမည်ကို စဉ်းစားကြည့်နိုင်ပါသည်။ ထိုအခါက တောကြီးပြီး တိရစ္ဆာန်ရိုင်းများလည်း ရှိခဲ့သည်။ ဘုန်းတော်ကြီး ဒိစနက်စ်သည် ကိုးတောင်ကျားကြီး တစ်ကောင်ကို ညောင်ပင်သာရွာ၏ တောင်ဘက်နားတွင် ပစ်ခဲ့ဘူးသည်ဟု သိခဲ့ရသည်။ ယခုအခါတွင် တောရိုင်းတိရစ္ဆာန်များလည်းမျိုးတုံးပြီး ကျွန်းပင်များလည်း မရှိသလောက် ရှားပါးသွားပါသည်။


ဘုန်းတော်ကြီးပေါလ်ထွန်းမြင့်သည် သရက်ခုန်ရွာတွင်ကျောင်းထိုင်ပြီး ပတ်ဝန်းကျင်ရွာများကိုလည်း ကြည့်ရှုရပါသည်။ ဘုန်းတော်ကြီးသြဂုတ်စတင်းတင်မောင်ထွန်းသည် ညောင်ပင်သာမှာ ကျောင်းထိုင်ပါသည်။ မကွေးတိုင်းတောင်တွင်းကြီးနယ်သည် ဘာသာတူ လူဦးရေအတော်နည်းပါးပါသည်။ သာသနာအနေဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင်လျှက်ရှိပါသည်။ လယ်ကွင်းပြင်ကျယ်ပြန့်ပြီး လုပ်သားများမှာ နည်းပါးပါသည်။ လုပ်သားများကို စေလွှတ်ပေးရန် လယ်ကွင်းရှင် ဘုရားသခင်အား ၀ိုင်းဝန်းပြီး ဆုတောင်းပေးကြပါစို့။

Msgr. Canute ဦးလွန်းအောင်

Read More...

Wednesday, April 21, 2010

သမ္မာကျမ်းစာဖတ်ရှုခြင်း၏အကျိုးကျေးဇူး


သမ္မာကျမ်းစာဖတ်ရှုခြင်း၏အကျိုးကျေးဇူး

ဝိညာဉ်ရေးတိုးတက်မှုအားလုံးကို သမ္မာကျမ်းစာဖတ်ရှုခြင်းနဲ့ ကမ္မဋ္ဌာန်းရှုခြင်း ကနေရပါတယ်။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခြင်းအားဖြင့် မသိသေးတဲ့အရာတွေ ကိုသိလာရသလို ကမ္မဋ္ဌာန်းရှုခြင်းအားဖြင့် သိပြီးသားအရာတွေကို ပိုမိုပြီး လေးလေးနက်နက် သိရှိလာစေပါတယ်။ နောက်ထပ်အကျိုးကျေးဇူး(၂)ခုကတော့ နားလည်မှုတွေ တိုးပွားလာပြီး လောကီရေးကနေ ၀ိညာဉ်ရေးဖက်ကို ဦးတည်လာစေပါတယ်။

စိတ်ဇွဲထက်သန်တဲ့သူဟာ ဗဟုသုတရဖို့အတွက်ပဲ ဖတ်တာမဟုတ်ပါဘူး။ လက်တွေ့လဲ ကျင့်ကြံပါတယ်။ သမ္မာကျမ်းစာကို နားလည်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ "သူ့ကိုတန်ဖိုးထားရင်ကိုယ့်ကိုလည်း တန်ဖိုးထားခံရမယ်၊ သူ့ကိုဂုဏ်ပြုရင်ကိုယ့်ကိုလည်း ဂုဏ်ပြုခံရမယ်" ဆိုတဲ့ စကားလို ကျမ်းချက်များနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ပဲ ဖြစ်ပါတယ်။ များများစိုက်ပျိုးရင် များများရိတ်သိမ်းရသလိုပဲ ကျမ်းစာကို ထပ်ခါထပ်ခါဖက်လေ ပိုပိုပြီးနားလည်လေပါပဲ။

လူတစ်ချို့ဟာ ပင်ကိုယ်ဥာဏ်ရည်ထက်မြတ်တဲ့အတွက် နဲနဲပါးပါးလေ့လာဖတ်ရှု ရုံနဲ့ ပညာဗဟုသုတ တိုးပွားနိုင်ပေမယ့် စာဖတ်ဖို့ပျင်းတတ်ကြပါတယ်။ တစ်ချို့ကတော့ ပင်ကိုယ်ဥာဏ်ရည်နိမ့်ပေမယ့် ဇွဲကောင်းကောင်းနဲ့ ဖတ်ရှုလေ့လာတဲ့အတွက် ဥာဏ်ထက်ပြီး အပျင်းကြီးတဲ့သူများထက်ပိုပြီး ပညာရည် ပြည့်ဝတတ်ကြပါတယ်။

နားထဲဝင်သွားတဲ့ သွန်သင်ဆုံးမစကားဟာ ကျေးဇူးတော် အကူအညီမပါရင် နှလုံးသားထဲ မ၀င်နိုင်ပါဘူး။ ကျွဲပါးစောင်းတီး နားငြီးရုံ သက်သက်ပါပဲ။ ၀ိညာဉ်တော်ဘုရားရဲ့ကျေးဇူးတော်ကို ဦးစွာ တောင်းခံမှသာလျှင် နားနဲ့ကြားရတဲ့ နှုတ်ကပါတ်တရားတော်ဟာ နှလုံးသားထဲ စိမ့်ဝင်ပြီး လက်တွေ့ကျင့်ကြံနိုင်မှာ ဖြစ်ပါတယ်။


ခံပွင့်

Read More...

Monday, April 19, 2010

ပြေးလမ်းမှန်


ပြေးလမ်းမှန်


ကျွန်တော်ကျောင်းတက်နေစဉ်တုန်းက တက္ကသိုလ်တစ်ခုရဲ့စာသင်ခန်းနံရံမှာ ကပ်ထားတဲ့စာတန်းတစ်ခုကို ယခုချိန်ထိ မှတ်မိနေပါ သေးတယ်။ ဒါကတော့ "The Secret of life is to know who you are and where are you going" "ဘ၀ရဲ့ လျှိုဝှက်ချက်ဆိုတာ သင်ဘယ်သူလဲ၊ သင်ဘယ်ကို သွားနေလဲဆိုတာကို သိခြင်းဖြစ်တယ်" တဲ့။ လောကရဲ့ အရေးကြီးဆုံး အချက်ပါပဲ။ လူဘ၀တိုးတက်ဖို့၊ လူဘ၀ရုန်းထွက်နိုင်ဖို့ဆိုတာ ဒီအချက်ပေါ်မှာ မူတည်ပါတယ်။ အချို့က ဒါတွေမစဉ်းစားကြပါဘူး။ ပုံမှန်စာသောက်၊ ပုံမှန်နေရ၊ ထိုင်ရရင်ပြီပြီးလို့ ထင်နေကြပါတယ်။ ယခုခေတ် ရုပ်ဝတ္ထုထွန်းကားတဲ့ ခေတ်မှာပိုလို့တောင်ဆိုးပါသေးတယ်။ များသောအားဖြင့် သူများလုပ်လို့ လိုက်လုပ်ရတာ များပါတယ်။ အချို့ကလည်းအဖေ့သဘောအတိုင်း၊ အမေ့သဘောအတိုင်း၊ ဆရာသဘောအတိုင်း လုပ်ကြတာများပါတယ်။ ဒါပေမဲ့ ဒီအချက် တွေထဲမှအရေးကြီးဆုံးဖြစ်တဲ့ ကိုယ်သဘောကတော့ မပါလာတော့ပါဘူး။

မိမိဘာဖြစ်ချင်တယ်၊ မိမိဘာကောင်းလဲဆိုတာ ကိုမစဉ်းစားကြပါဘူး။ မိမိနဲ့ဒါ ကိုက်ရဲ့လား၊ မိမိနဲ့ဒီလုပ်ငန်းနဲ့ အောင်မြင်နိုင် ပါမလားဆိုတာကို မစဉ်းကြပါဘူး။ အချို့လဲမိဘက အတင်းခိုင်းလို့ ပုံစံခွက်လိုဖြစ်သွားရတာလည်း ရှိပါတယ်။ တကယ်တမ်းတော့ မိမိကိုယ်ကို သိဖို့လိုပါတယ်။ စာရေးဆရာကြီး တစ်ယောက်က ပြောဘူးပါတယ်။ "လောကမှာ သူများ ပြေးတိုင်းလိုက်ပြေးရတာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပြေးနေတဲ့လမ်းဟာ ဘာလဲ၊ ကိုယ်နဲ့ကိုက်ရဲ့လား ဆိုတာသိရမယ်တဲ့" သိပ်ကို ထိမိလှပါတယ် မိတ်ဆွေ... မိတ်ဆွေရော ဒါမျိုးရောပြေးဖူးပါသလား။ အထူးသဖြင့် လူငယ်ပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ အလယ်တန်းအောင်လို့ အထက်တန်းရောက်ရင် သိပ္ပံယူရမှာလိုလို၊ ၀ိဇ္ဇာယူရ မှာလိုလို၊ ဆယ်တန်းအောင်ပြီးတော့လဲ ဘယ်လိုင်းလိုက်လို့လိုက်ရမှန်းမသိ နောက်ဆုံးတော့ သူငယ်ချင်းတွေတက်တဲ့ တက္ကသိုလ်လိုက်တက်၊ ဘွဲ့လဲရရော သုံးလို့မရ၊ ပြန်ရောင်းပစ် လို့လဲမရ၊ ဒီအချိန်မှာ ကိုယ်နဲ့မကိုက်တဲ့ ဘွဲကြီးက ကိုယ့်ကို ဒုက္ခပေးပါတော့တယ်။ နောက်ဆုံးတော့ ဘ၀ရဲ့အာမခံချက်တွေ၊ နှစ်ပေါင်းများစွာ ရင်နှီးခဲ့ရတဲ့ အချိန်တွေ၊ သင်ခဲ့ရတဲ့ပညာတွေဟာ ကိုယ်နဲ့မကိုက်ဘဲ ဖြစ်တတ်ပါတယ်။ အမှတ်ကို သူများထက် များအောင်ယူ၊ လိုင်းကောင်းရတော့ ဆေးလိုင်းယူပြီး ဘွဲ့လည်းရ ဆရာဝန်လည်ဖြစ်ရော ဆေးရုံမှာဆေးကုရတာ ၀ါသနာမပါလို့ မိဘရဲ့ဆန်ပွဲရုံမှာ စာရင်းကိုင်နေတဲ့ လူတစ်ဦး တွေ့ခဲ့ဖူးပါတယ်။ သူရခဲ့တဲ့ဆေးတက္တသိုလ်ကဘွဲ့ဟာ မင်္ဂလာ ဆောင်ဖိတ်စာနှင့် နာရေးကြော်ငြာမှာပဲ အသုံးဝင်ပါတော့တယ်။

ဒါမျိုးတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာက ခေတ်နဲ့ ကိုဖြစ်နေတာ မယုံမရှိနဲ့၊ လွတ်လပ်ရေးရ ခါစကတပ်မတော်ခေတ်၊ နောက် ဆရာဝန်တွေခေတ်၊ နောက်သင်္ဘောသားခေတ်၊ နောက်အရေးအခင်းပြီးတော့ စစ်ဗိုလ်ခေတ်၊ ယခုနောက်ဆုံးတော့ ကုမ္မဏီက ဒေါ်လာနဲ့ပေးတဲ့ ဒေါ်လာစားဝန်ထမ်းခေတ် ဒါတွေဟာဗမာတွေ၊ မြန်မာတွေရဲ့ စိတ်ထဲမှာစွဲနေတာ။ သူများလုပ်ရင် လိုက်လုပ်ကြပါတယ်။ သူများအော် ရင်လိုက်အော်၊ သူများကြည့် ရင်လိုက်ကြည့်၊ သူများပြေးတော့ လိုက်ပြေး။ မိမိရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဆိုတာ မရှိပါဘူး။ ဒီလိုခိုင်မာတဲ့ ဆုံးဖြတ်ချက်ဆိုတာ အလယ်တန်း ကျောင်းသားဘ၀ကတည်းက ရှိရမဲ့အချက် ဖြစ်ပါတယ်။ ကိုယ်နဲ့မကိုက်တဲ့ရည်မှန်း ချက်ကိုချဖို့မလိုပါဘူး။ အတန်းစာကို မနိုင်တနိုင်ကျက်နေရတဲ့ကျောင်းသားဟာ ဆရာဝန်ဖြစ်ဖို့မမျှော်မှန်းသင့်ပါဘူး။ တကယ်လို့ မှန်းခဲ့မယ်ဆိုရင်လဲ ဒီကျောင်းသားဟာ မိမိကိုယ်ကိုမသိသေးလို့ ဖြစ်ပါလိမ့်မယ်။ အရင်ဦးဆုံးမိမိ ကိုယ်ကိုသိမှပဲ
ဘ၀ရဲ့ရည်မှန်းချက်ကိုလဲ သိမှာဖြစ်ပါတယ်။ အချုပ်ဆိုရရင်တော့ မိတ်ဆွေ... မိမိဘယ်လမ်းကိုလိုက်နေသလဲ။ သူများ တွေသွားနေလို့ဒီလမ်းမှန်တယ်လို့ မိတ် ဆွေထင်နေသလား။ လူသားတိုင်းမှာ အမှန်တရားဟာ အမှန်ဖြစ်မသွားပါဘူး။ မြန်မာတွေက ဆိုးရိုးတောင်ရှိကြပါတယ်။ "လူညီရင် ဤကိုကျွဲလို့ ဖတ်လို့ရတယ်"တဲ့ ဒါ... ရကောင်းရပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဤရောကျွဲရောဟာ လူတွေတီထွင်ထားတဲ့အက္ခရာတွေ ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့မိတ်ဆွေအမှန်တရားဆိုတာ လူကဖန်တီးလို့မရပါဘူး။ အမှန်တရားဟာအမှန် တရားပါပဲ။ ဤကကျွဲဖြစ်ချင်ဖြစ်သွားမယ်။ အမှန်တရားကတော့ အမှားဖြစ်မသွားပါဘူး။

လူငယ်အပေါင်းရော မှန်ကန်တဲ့လမ်းပေါ်လျှောက်နေပြှီလား။ ကြိုးစားမှုဟာ အဓိကဆိုပေမဲ့ လမ်းမှားနေပါက ကြိုးစားလေပိုပြီး မှားလေ ဖြစ်ပါလိမ့်မယ်မိတ်ဆွေ။ သွားလေလေ ပန်းတိုင်နဲ့ ဝေးလေလေဖြစ်ပါလိမ့်မယ်။ ကိုယ်နဲ့ကိုက်ညီလိုက်ဖက်တဲ့ ဘ၀ပြေး လမ်း(သို့) မှန်ကန်တဲ့လမ်းကို ရွေးချယ်လျှောက်လှမ်း၍ အောင်ပန်းဆင်နိုင်ကြပါစေ။

ဝေလီ

Read More...

Friday, April 16, 2010

အမှန်လမ်းအတွက်


အမှန်လမ်းအတွက်

၁။ မျှော်လင့်ရောင်နီ ရှေ့ရှုလို့ချီ

ဤကမ္ဘာသား လူအများတွင်
ဒို့ကား ...ခရစ်ယာန် အလင်းမှန်ဖြင့်

ရှင်သန်သက်မှာ ရပ်တည်လာခဲ့။

၂။ ဒို့လူအများ ခရစ်ယာန်သားတွေ
မည်ကားနာမ ရှိခဲ့ရလည်း
ငြိမ်းလှတရား မပွါးများနိုင်
ငါကားအတ္တ အနိုင်ရချင်
ချစ်လှဘုရား မေ့ကာထားခဲ့
လမ်းမှားတွေလျှောက် သခင်ပျောက်ပြီ
သူခေါက်တံခါး ဂျက်ချထားလို့
ဝမ်းနည်းစို့မျက် ကြေကွဲအက်ရ
ဒို့ရဲ့ ရှင်တော်...ခရစ်တော်။

၃။ ဘ၀သက်တာ ငြိမ်းချမ်းရာကား
တရားနောင်တ ရှိကြရမည်
ဒို့က... ခရစ်ယာန်...
ပီသရန်တွက် သည်းခံချစ်ခြင်း
မေတ္တာလင်းဆောင် အကြွင်းမဲ့ယုံ
အပြစ်ဘုံရှောင် ညီအောင်ပွေ့ဖက်
ခိုင်မြဲလက်တွဲ ရှင်သန်နွဲစို့။

အောင်ဇင်ထွေး (မောရှမ်းမြေ)

Read More...

Wednesday, April 14, 2010

မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်း


မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်း

"ကောင်းကင်၌ကြီးစွာသောနိမိတ် လက္ခဏာဟူမူကား မိန်းမတစ်ဦးသည် နေကို ၀တ်ဆင်လျှက်၊ လကို ခြေဖြင့်နင်းလျက်၊ ကြယ်တစ်ဆယ့်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျှက်၊ ပေါ်လာ၏" (ဗျာဒိတ်ကျမ်း ၁၂း၁)။ မယ်တော်သခင်မ ကောင်းကင်ရွှေပြည်တော်သို့ ၀ိညာဉ်နဲ့ခန္ဓာပါတစ်ပါတည်း ပင့်ဆောင်ခြင်းခံရတဲ့ပွဲတော်ကို ဘယ်အချိန်က အစပြုခဲ့သလဲဆိုရင် တမန်တော်များ လက်ထက်မှ ရှေးဦးအသင်းတော်ထဲမှာ ကတည်းက အစပြုခဲ့ပါသည်။

မယ်တော်ဟာ ဒီလောက အသက်တာကုန်ဆုံးချိန်ရောက်နေစဉ်မှာ မယ်တော်ရှင်ကို နောက်ဆုံး ဂါရ၀ပြုကြဘို့အတွက် တမန်တော်တွေဟာ မိမိတို့သာသနာပြုခြင်း ခရီးစဉ်ရောက်ရာအရပ်ကနေ ပြန်ကြလာခဲ့ကြပြီး မယ်တော်ရှင်ရဲ့ အနားမှာအလျှိုလျှိုနဲ့ ရောက်ရှိလာခဲ့ကြပေမယ့် တမန်တော်ရှင်သောမတ်စ်ဟာ အိန္ဒိယပြည်ထိအောင် သာသနာပြုခဲ့တဲ့ တမန်တော်ဆိုတော့ အဝေးဆုံးတစ်နေရာမှာ ရောက်ရှိနေခဲ့လို့ သင်္ဂြိုလ်ခြင်းကို မမှီဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ တမန်တော် ရှင်သောမတ်စ်အရောက်မှာ မယ်တော်ရှင်ရဲ့ ရုပ်ကလပ်ကို ဂါရ၀ပြုဘို့အတွက် မယ်တော်ကို မြှပ်နှံတဲ့ နေရာမှာ မွေးကြိုင်တဲ့ပန်းများနဲ့သာ ပြည့်နေတာတွေ့ကြရပါတယ်။ ဂျူးလူမျိုးတွေရဲ့ ထုံးတမ်းအရဆိုလျှင် အမွှေးနံ့သာရေများနဲ့သာ အလောင်းကို လိမ်းကျံပေးလေ့ ရှိပါတယ်။ ပန်းများချခြင်း အလေ့အထ လုံးဝမရှိခဲ့ပါ။ အဖြစ်အပျက်ကထူးဆန်းပြီး သင်္ချိုင်းတွင်းမှာ မယ်တော်ရှင်ရဲ့ အလောင်းမရှိတော့ပဲ မွှေးကြိုင်တဲ့ ပန်းများနဲ့သာပြည့် နေတယ်ဆိုတော့ "ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့်အကြောင်း"ဆိုတဲ့ တပည့်ကြီး သံဃာတော်တို့ စီရင်ရေးထားကြသော ယုံကြည်ခြင်းအချုပ်ရဲ့ ဧကဒဿမမြောက် ယုံကြည်ရာ အချက်ဟာ ပိုမိုခိုင်မြဲလာခဲ့ပါတော့တယ်။ ခရစ်တော်ရှင်ရဲ့ တပည့်သာဝကကြီးများဖြစ်ကြတဲ့ တမန်တော်များဟာ "မယ်တော်ရှင်ရဲ့ ခန္ဓာဟာ ၀ိညာဉ်နဲ့တစ်ပါတည်း ကောင်းကင် ရွှေပြည်တော်သို့ ပင့်ဆောင်ခြင်း ခံခဲ့ရပါတယ်" ဆိုတဲ့ ယုံကြည်ရာအချက်ကို နှုတ်တိုက် သင်ကြားလာခဲ့ကြပါတယ်။

ရှေးဦးအသင်းတော် လက်ထက်ကစပြီး အသင်းတော်အတွင်း နေရာတော်တော်များများမှာ ဒီပွဲတော်ကို ကျင်းပလာခဲ့ကြပြီး ဖြစ်ပါတယ်။ (၅)ရာစု အရောက်မှာတော့ "မယ်တော်သခင်မ ကောင်းကင်ရွှေပြည်တော်သို့ ၀ိညာဉ်နှင့်ခန္ဓာပါ တစ်ပါတည်း ပင့်ဆောင်ခံရခြင်း" ဆိုတဲ့ ယုံကြည်ရာအချက် ပွဲတော်ဟာ တရားဝင်ကြေငြာခြင်း မရှိခဲ့ပေမဲ့ ခရစ်ယာန် ဘာသာဝင်တွေအထဲမှာ သဘောပေါက်ပြီးသား ဖြစ်နေပါတယ်။ အသင်းတော်ရဲ့ ရှေးဦးဖခင်ကြီးများနဲ့ အသင်းတော်ရဲ့ ဓမ္မသုခမိန်ကြီးများရဲ့ ရှေးဦး စာပေအရေးအသားများထဲမှာ ရှင်းလင်းစွာ ပါဝင်နေကြောင်း တွေ့ရှိရပါတယ်။ ဥပမာ ပေးညွှန်ပြရမယ်ဆိုရင် ရဟန္တာသူတော်စင်သူတော်မြတ်ကြီး ရှင်ယောဟန်ဒါမာဆီန်း၊ ကွန်စတန်တင်မြို့မှ ရှင်ဂျေရ်မားနူစ်၊ အရှင်သူမြတ်တို့ရဲ့ အရေးအသားများနဲ့ ရှေးအကျဆုံး စာပေများအထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဒွါဒဿမမြောက်ပီဦး အရှင်သူမြတ်မှ ဒီယုံကြည်ချက်ကို ၁၉၅၈ခုနှစ် နိုဝင်ဘာ (၁)ရက်နေ့ ရဟန္တာ အပေါင်းပွဲတော်နေ့မှာ အများအတွက် တရားဝင် ထုတ်ပြန်ကြေငြာတော်မူ၍ ယုံကြည်ရာ အချက်အဖြစ် ပြဌာန်းတော်မူခဲ့ပါတယ်။ ကြေငြာပြဌာန်းချက်ကတော့ "ကျွန်ုပ်တို့သခင်ယေဇူး ခရစ္စတူး မွန်မြတ်သော တမန်တော်ကြီးများ ရှင်ပေတရူးနှင့် ရှင်ပေါလ်လူးတို့၏ အာဏာတော်နှင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်
အခွင့်အာဏာဖြင့် မွန်မြတ်သော ဗျာဒိတ်တော်ကို ကြေငြာပြဌာန်းကြသည်မှာ ဘုရား၏ သန့်ရှင်းစင်ကြယ်သော မယ်တော် အစဉ်ကညာစင် ဖြစ်တော်မူသော မာရီယားသည် ကမ္ဘာမြေပေါ်၌ သူမ၏ဘ၀အပြီး၌ ကောင်းကင်ဘုံသို့ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ပါ ယူဆောင်ခြင်းခံခဲ့ရကြောင်း" ဖြစ်သတည်းတဲ့။

မယ်တော်သခင်မကို ဘာ့ကြောင့် ဒီလောက်မြင့်မြတ်တဲ့ဆုကို ဘုရားရှင်က ချီးမြှင့်တော်မူရတာလဲ။ မယ်တော်ရဲ့ အစဉ်ကညာဘ၀၊ သန့်ရှင်းဖြူစင်တော်မူခြင်း၊ ဆက်ကပ်ခြင်းဘ၀ အသက်တာကိုမဆိုထားနဲ့ အမိအသင်းတော်ကြီးရဲ့ ရာစုအသီးသီး၊ သမိုင်းစာမျက်နှာမှာ ဖတ်ရှုလိုက်ရင် ယနေ့ထိတိုင် ရန္တာသူတော်စင်သူတော်မြတ်တို့ရဲ့ ရုပ်ကလပ်တွေဟာ မပုပ်မပျက်ပဲ အသားအရေ စိုပြည်လျှက် အရှိကိုအရှိတိုင်း အိပ်စက်နေတဲ့အတိုင်းများစွာ ရှိနေပါတယ်။ ထာဝရအရှင်ဘုရားသခင်ဟာ မိမိရဲ့ ရဟန္တာ သူတော်စင်သူတော်မြတ်များကို ဝေနေယျသတ္တ၀ါ အများသူငါတို့ရဲ့ အရှေ့မှာ ထူးခြားစွာ မပုပ်မပျက်စေပဲ ဂုဏ်ပြုလျက် တို့လူသားများကို တရားယူစေတော်မူတဲ့ ဘုရားရှင်ဟာ အပြစ်ကင်းစင်တော်မူတဲ့ ကညာစင်မိမိရဲ့ မယ်တော်ကို ပုတ်စပ်ဆွေးမြှေ့ခွင့် မပြုပဲ ကောင်းကင်ရွှေပြည်တော်သို့ ၀ိညာဉ်နှင့်ခန္ဓာပါ ပင့်ဆောင်သွားခြင်းဟာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ သဘာဝလည်း ကျလှပါတယ်။ ခရစ်တော်ဘုရားရှင်ဟာ မိမိရဲ့ သွန်သင်ချက်ထဲက အကြီးမြတ်ဆုံးသော ယုံကြည်ရာအချက်ကို သက်သေပြ အကောင်အထည်ဖေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ သေခြင်းမှတစ်ဖန် ရှင်ပြန်ထမြောက်တော်မူပြီးတဲ့နောက် ခရစ်တော်ဘုရားရှင်ဟာ ၀ိညာဉ်နဲ့ ခန္ဓာအတူ ပေါင်းစပ်၍ မိမိကိုယ်ကိုမိမိ၊ မိမိရဲ့တပည့်သာဝကကြီးများကို အကြိမ်ကြိမ် ထင်ရှားပြတော်မူခဲ့ပြီး ကောင်းကင်ရွှေပြည်တော်သို့ မိမိရဲ့ဘုန်းတော်ဂုဏ်တော်နဲ့ တစ်ဖန် ကြွဝင်တော်မူတဲ့ ကိုယ်တော်ရှင်ဟာ မိမိရဲ့ နောက်တော်လိုက်တွေ အထဲက နောက်လိုက်တစ်ပါး အပါဝင်ဖြစ်တဲ့ မယ်တော်ရှင်ကို စံပြအဖြစ် မိမိကဲ့သို့ မိမိနဲ့အတူ ကောင်းကင်ရွှေပြည်တော်မှာ ၀ိညာဉ်နဲ့ခန္ဓာပါပေါင်းပြီး စံမြန်းခွင့်ပြုတော် မူခြင်းဖြစ်ပါတယ်။ (သက်သာလောနိတ် သြ၀ါဒစာပထမစောင် ၄း၁၄) "ထိုနည်းတူ ယေဇူး၌ အိပ်ပျော်သော သူတို့ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။"

သမ္မာကျမ်းစာတော်မြတ်ထဲမှာလည်း ၀ိညာဉ်နဲ့ခန္ဓာပါ ကောင်းကင်သို့ချီဆောင်ခြင်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ချို့ ရှိတာတွေ့ရှိရပါတယ်။ (ကမ္ဘာဦး-၅း၂၄) "ဧနောက်သည် ဘုရားသခင်နှင့် အတူသွားလာ၏။ နောက်တဖန် သူသည် မရှိ။ အကြောင်းမူကား ဘုရားသခင်သည် သိမ်းယူတော်မူသောကြောင့်တည်း။" သိမ်းယူခြင်းဆိုတဲ့ ဝေါဟာရကို (ဟေဗြဲသြ၀ါဒစာ ၁၁း၅)ထဲမှာ ရှင်းပြပုံက "ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွှတ်၍ ဘ၀ ပြောင်းရ၏။ သူသည် ဘ၀မပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူ ဖြစ်သည်ဟု သက်သေခံခြင်းကိုရလေ၏။ ဓမ္မရာဇ၀င်စတုထ္ထစောင် ၂း၁-၁၃)ထဲမှာ ပရောဖက်ဧလိယဟာ ဧလိရှဲကို နှုတ်ဆက်စဉ် အပိုဒ်ငယ်(၁၁) "ထိုသို့နှုတ် ဆက်လျှက်သွားကြစဉ် မီးရထားနှင့်၊ မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါစေသဖြင့် ဧလိယသည် လေဗွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။" ခန္ဓာကိုယ်နှင့်အတူ တက်ကြွ ရှင်သန်ကြောင်းကို ဓမ္မသစ်ကျမ်းစာ၌လည်း တွေ့ရှိနိုင်ပါတယ်။ (ကောရိန္တုသြ၀ါဒ ပထမစောင် ၁၅း၂၃)" လူအသီးသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ကြရလိမ့်မည်။ ခရစ်တော်သည် အဦးသီးသော အသီးဖြစ်တော်မူ၏။ ထို့နောက် သခင်ခရစ်တော် ကြွလာတော်မူသောအခါ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြရလိမ့်မည်။ (ရှင်မဿဲခရစ်ဝင်၃၇း၅၂-၅၃)" သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျှက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာ တို့သည် ထကြ၍ ကိုယ်တော်ထမြောက်တော်မူပြီးနောက် ထိုသူတို့သည် သင်္ချိုင်းတွင်းမှ ထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ၀င်ပြီးလျှင် လူများစွာတို့အား ထင်ရှားကြ၏။"

ရှေးဦး ခရစ်ယာန်တွေဟာ ဘုရားအတွက်တရားအတွက် အသက်ပေး စတေးသွားကြတဲ့ ဓမ္မအာဇာနည်တွေရဲ့ ဓါတ်တော်မွေတော်များဖြစ်ကြတဲ့ အရိုးတော်၊ အံတော်၊ ဆံတော်တွေနဲ့ သူတို့ရဲ့ အသုံးဆောင်ပစ္စည်းတွေ နေရာတွေကို ရာဇ၀င်အတိအကျနဲ့ တန်ဘိုးထားပြီး ထိန်းသိမ်း ထားခဲ့ကြပါတယ်။ ခရစ်တော်ဘုရားရှင်နဲ့ အမိမယ်တော် တမန်တော်ကြီးများရဲ့ အသုံးဆောင် ပစ္စည်း၊ နေရာ၊ ထိတွေ့ခဲ့တဲ့အရာစတဲ့ ဓါတ်တော်မွေတော်များမှာ ယနေ့ထိတိုင် အသင်းတော်အတွင်းမှာ ဓါတ်တော်မွေတော်များ အဖြစ်ရှိနေပါတယ်။ ခရစ်တော်ဘုရားရှင်နဲ့ မယ်တော်တို့ရဲ့အံတော်၊ အရိုးတော်တွေ ဟူ၍ ဘာမျှမရှိ။ ဘာကြောင့်လဲဆိုတော့ ၀ိညာဉ်နဲ့ခန္ဓာပါသေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီး ခရစ်တော်ဘုရားရှင်ဟာ ကောင်းကင်ရွှေပြည်တော်သို့ တက်ကြွတော်မူတယ်။ အမိမယ်တော်ကိုလည်း ကောင်းကင်ရွှေပြည်တော်သို့ ၀ိညာဉ်နဲ့ ခန္ဓာပါအတူတကွပင့် ဆောင်တော်မူသောကြောင့် ဖြစ်တယ်။


၁၉၁၇ခုနှစ် မေလ(၁၃) ရက်နေ့မှစပြီး ပေါ်တူကီနိုင်ငံ ဖါတီမာမြို့မှာ မယ်တော် အကြိမ်ကြိမ်ထင်ရှားပြခဲ့စဉ် မယ်တော်ရဲ့ မှာကြားတော်မူချက်ထဲမှာ (၁) ရုရှားပြည်က ကွန်မြူနစ်ဝါဒ ကမ္ဘာကြီးကိုဝါးမျိုခြင်း ဘေးမှ လွတ်မြောက်ဖို့အတွက် အပြစ်ကင်းမဲ့၍ အလွန်စင်ကြယ်တော်မူသော ငါ၏နှလုံးတော်၌ အပ်နှံပြီး စိပ်ပုတီးစိတ်ပြီး စိပ်ပုတီး လက်နက်နဲ့တိုက်ဖျက်ကြဖို့၊ (၂) ဒုတိယကမ္ဘာစစ်ကြီး ပြီးဖို့ စိပ်ပုတီးစိတ်ပြီး ဆုတောင်းကြဖို့ အချက်များကို တွေ့ရပါတယ်။ အဲဒီ အချိန်ကစပြီး စိပ်ပုတီး စိတ်ဆုတောင်းခဲ့လို့ ဒီအချက် နှစ်ချက်စလုံးဟာ ပြည့်စုံခြင်းသို့ရောက်ခဲ့ပါပြီ။ ပထမအချက် ပြည့်တဲ့နေ့ကတော့ ၁၉၉၁ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ UKraine, Russia နဲ့ Belarus များမှ ခေါင်းဆောင်ကြီးများဟာ တိတ်တဆိတ် ဆွေးနွေးခဲ့ကြပြီး ဆိုဗီယက်ယူနီယံကြီး ပြိုကွဲဖျက်သိမ်း ပစ်လိုက်ကြပါတော့တယ်။ Mr. Corbache's လက်ထက် ဒီဆိုဗီယက်ယူနီယံကြီးကို ပြိုကွဲဖျက်သိမ်းတဲ့နေ့ ဒီဇင်ဘာလ(၈)ရက်နေ့ဟာ "မယ်တော်သခင်မ အပြစ်မဲ့ သန္ဓေယူတော်မူခြင်း ပွဲတော်နေ့ကြီးပဲ ဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ စိပ်ပုတီးလက်နက်နဲ့ ဆုတောင်း ဖြိုခွင်းလိုက်ခြင်းကြောင့် ကွန်မြူနစ်ယူနီယံကြီး ပြိုကွဲသွားတာကို ကမ္ဘာက ရိပ်စားမိမယ်လို့တော့ ဘုန်းကြီးမထင်ပါ။ ဒါပေမဲ့ သမိုင်းစာမျက်နှာကတော့ မင်းတို့ ဆုတောင်ပြည့်ပြီဟေ့လို့ မီးမောင်း ထိုးပြနေပါတယ်။ ဒုတိယအချက် ဆုတောင်းချက်ပြည့်တဲ့နေ့ကတော့ ၁၉၄၅ ခု သြဂုတ်လ (၁၅)ရက်နေ့ဖြစ်ပါတယ်။ ဒီဆုတောင်းချက်က အရင်ပြည့်ပါတယ်။ ဂျပန်ဖက်ဆစ်တွေက ချွင်းချက်မရှိ လက်နက်ချ လက်မှတ်ရေးထိုးပြီး မဟာမိတ်တွေကို အရှုံးပေးခဲ့လို့ မယ်တော်သခင်မ ကောင်းကင်ရွှေပြည်တော်သို့ ပင့်ဆောင်ခြင်း ခံရတော်မူတဲ့ ဒီပွဲတော်နေ့ကြီးဖြစ်တဲ့ သြဂုတ်လ (၁၅) ရက် နေ့မှာပဲ ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့ပါတယ်။ ကမ္ဘာသူ/သားတွေဟာ စိတ်ပုတီးစိတ်ပြီး ကမ္ဘာကြီးနဲ့ရုရှားပြည်ကို အလွန်စင်ကြယ်တော်မူတဲ့ မယ်တော်ရဲ့ နှလုံးတော်ထဲအပ်နှံပူဇော်ခဲ့ပြီး ဆုတောင်းခဲ့တဲ့ ဆုကို မယ်တော်ရှင်ဟာ မိမိရဲ့ ကြီးမြတ်တဲ့ပွဲတော်နေ့ကြီးများမှာ တောင်းတဲ့ဆုများကို ပြည့်ပေးတော်မူခဲ့ကြောင်း တရားပေးလိုက်ရပါတယ်။

(ရှင်လုကာခရစ်ဝင် ၁း၄၈) "နောင်ကာလ၌ ခပ်သိမ်းသောလူအစဉ် အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟု ခေါ်ဝေါ်ကြလတ္တံ့။" မယ်တော်ရှင်ရဲ့ မေတ္တာအရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းသော မေတ္တာကမ္ဘာလေးများ တည်ဆောက်နိုင်ကြပါစေလို့ ဘုန်းကြီး မေတ္တာပို့ပါတယ်။



ဘုန်းတော်ကြီး ဦးဂြိုလ်တု

Read More...

Monday, April 12, 2010

Divine mercy song

Divine mercy song


Read More...

Sunday, April 11, 2010

ကျွဲတစ်ဖက် နွားတစ်ဖက်

ကျွဲတစ်ဖက် နွားတစ်ဖက်

ရဟန်းမင်းကြီးပေါလူး(၆) အရှင်မြတ်၏ "မျက်မှောက်ခေတ် ကမ္ဘာကြီးသို့ သာသနာပြုခြင်း"ဆိုသည့် စာချွန်တော်ထဲတွင် ကမ္ဘာတစ်ဝန်းရှိ တိုင်းနိုင်ငံအသီးသီးမှ ကက်သလစ် သာသနာတော်ငယ်များကို ရဟန်းမင်းကြီးက ယခုလို သင်ကြားပေးပါသည်။

ကမ္ဘာ့တစ်ဝန်းရှိ တိုင်းနိုင်ငံအသီးသီးမှ ကက်သလစ်သာသနာတော်ငယ်များသည် သမ္မာကျမ်းစာတော်လာ ဘုရားအဆုံးအမ တရားများ၏ အနှစ်သာရကို မိမိတို့၏ အသွေးအသား ဖြစ်လာသည်ထိ သက်ဝင်ခံယူဖို့၊ ကျမ်းစာတော်မြတ်၏ မူလဆိုလိုရင်း အနှစ်သာရအစစ်အမှန်ကို မြူမှုန်ကလေးမျှလောက်ပင် သွေဖီမသွားစေဘဲ သင်တို့ လူမျိုးစုဝင်များ၏ ဘာသာစကားထဲသို့ ဖလှယ်ပေးဖို့ (transposing)၊ သည့်အပြင် ထိုဘာသာ စကားရပ်နှင့်ပင် သွန်သင်ဟောပြောဖို့ တာဝန်ရှိပါသည်။ + (၂၃။ Pope Paul VI, "Evangelization in the Modern World," no. 63.)


ရဟန်းမင်းကြီး၏ သင်ကြားဆုံးမချက်မှ "ကျမ်းစာတော်မြတ်၏ မူလဆိုလိုရင်း အနှစ်သာရအစစ်အမှန်ကို မြူမှုန်ကလေးမျှလောက်ပင် သွေဖီမသွားစေဘဲ သင်တို့ လူမျိုးစုဝင်များ၏ ဘာသာစကားထဲသို့ ဖလှယ်ပေးဖို့ (transposing)၊ သည့်အပြင် ထိုဘာသာ စကားရပ်နှင့်ပင် သွန်သင်ဟောပြောဖို့" ဆိုသည့်အချက်ကို အခြေပြုကာ သည်လ ဆောင်းပါးကို ရေးသားလိုက်ရပါသည်။


သာသနာပြုခြင်း သမိုင်းတစ်လျှောက်တွင် ကက်သလစ်သာသနာတော်သည် ဘုရားရှင်၏ အဆုံးအမ တရားတော်များကို သာသနာတော် ရောက်ရှိနေရာမှ လူမျိုးစုဝင်များ၏ ဘာသာစကားများထဲသို့ ဖလှယ်ပေးဖို့ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ပါသည်။ ထိုနည်းများတွင် ဘာသာပြန်ဆိုခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။

မြန်မာကက်သလစ်သနာတော်တွင်လည်း သမ္မာကျမ်းစာတော်၊ ဘုရားစကား စာအုပ်၊ ဆုတောင်းမေတ္တာစာ၊ ဘုရားဝတ်ပြုစာ၊ မစ္ဆားပူဇော်ခြင်း၊ စက္ကရင်မင်တူး မင်္ဂလာဝိနည်းစသည်ဖြင့် မြန်မာစာအုပ်များရှိပါသည်။ ထိုစာအုပ်အားလုံးမှာ ဘာသာပြန်များ ဖြစ်ကြပါသည်။

သို့သော် ဘာသာပြန်ဆိုခြင်းသည် အမြဲတမ်း အားထားရသော လုပ်နည်းတစ်ခု မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘာသာပြန်စာတစ်ပိုဒ်သည် ဘာသာပြန်သာဖြစ်ပါသည်။ မူရင်းစာသားနှင့် အဓိပ္ပါယ် လွဲချင်လွဲနေမည်။ တိကျချင်မှ တိကျပေမည်။ ထို့ထက်အရေးကြီးသည်မှာ ဘာသာပြန်စကား၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော စကားလုံး အသုံးအနှုန်းများ ပါချင်မှ ပါပေမည်။ ပါလာသော်လည်း အသုံးလွဲချင်လွဲ နေပေမည်။ ထော်လော်ကန့်လန့် ဖြစ်ချင် ဖြစ်နေပေမည်။ မဖြစ်မနေပါဝင်ရမည့် အချက်မှာ ရဟန်းမင်းကြီးသင်ကြားသလို "မိမိလူမျိုးစုဝင်များ၏ ဘာသာစကားထဲသို့ ဖလှယ်ပေးဖို့ (Transposing)" ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ မြန်မာစကားနှင့်ကိုက်ညီသော ဖန်တီးမှုများ ပါဝင်ရပါမည်။ မြန်မာစာ မြန်မာစကားနှင့် ဆီလျော်ကိုက်ညီသော စကားလုံးရွေးချယ်မှုများ မဖြစ်မနေပါဝင်ရပါမည်။ သို့မဟုတ်ပါက ထိုဘာသာပြန်သည် မြန်မာစာ မြန်မာစကားမှာ တံစိမ်းဆန်နေပါလိမ့်မည်။

ဥပမာ - မြန်မာ့သမ္မာကျမ်းစာတော်မြတ်တွင် အင်္ဂလိပ်လို "Jesus said in response..." ကို "ယေရှုက ပြန်ပြောသည်မှာ ...၊" "Jesus said, I am the way ..." ကို "ယေဇူးကပြောသည်မှာ ငါသည်လမ်းဖြစ်၏.... " "Jesus said love one another" ကို "ယေဇူးက သင်တို့အချင်းချင်း ချစ်ကြလော့ဟု ပြောလေသည်" စသည် စသည်ဖြင့် အမြောက်အများ တွေ့ရလေ့ရှိပါသည်။

ထို့အပြင် နေ့စဉ်စကားပြောရာမှာပဲ ဖြစ်ဖြစ်၊ တရားတော် ဟောပြောရာမှာပဲဖြစ်ဖြစ် ဘာသာဝင်များရော ဘုန်းတော်ကြီးများပါ "ခရစ်တော်က ဘယ်လိုပြောသလဲ ဆိုတော့..." "ကျမ်းစာက ဘယ်လိုဆိုထားသလဲ ဆိုတော့ ..."၊ "သံလူကားကျမ်းထဲမှာ သခင်ယေဇူးက ဘယ်လိုဆိုထားသလဲဆိုတော့ ..." "သခင်ယေဇူး သွားတယ်။ ခရစ်တော် လာတယ်။ သခင်ယေဇူး စားတယ်။ သခင်ယေဇူး ပြန်ရှင်တယ်။ ဘုရားက ပြောတယ် ..."၊ စသည်ဖြင့် ခွကျတတ ဘာသာပြန် မြန်မာစကားလုံးတွေပဲ အမှတ်မဲ့ ပြောနေကြတာကို သတိထား မိပါသည်။

မြန်မာစာ မြန်မာစကားစစ်စစ် သို့မဟုတ် မြန်မာ့ယဉ်ကျေးမှုနားစစ်စစ်နှင့် ကြားရသူ တံစိမ်းတစ်ယောက်အတွက် ခရစ်တော် ဘုရားရှင်ကို ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော ဘုရားတစ်ပါးအနေနှင့် ခံစားမိမှာမဟုတ်ပါ။ ဘုရားရှင်ကို ရိုးရိုးသာမာန် သူလိုငါလို လူပုဂ္ဂိုလ်တစ်ယောက်ကို သုံးသည့် စကားလုံး သုံးသောကြောင့် ဖြစ်ပါသည်။ မြန်မာစကား မြန်မာ့ယဉ်ကျေးမှု၏ ဘုရားကို သုံးသော စကားလုံးနှင့် ရိုးရိုးလူသားကို သုံးသော စကားမတူသောကြောင့် ဖြစ်ပါသည်။ ရဟန်းမင်းကြီး အရှင်မြတ်က "ကျမ်းစာတော်မြတ်ကို... မိမိလူမျိုးစုဝင်များ၏ ဘာသာစကား စကားရပ်နှင့်ပင် သွန်သင်ဟောပြောဖို့" သတိပေးတာကို သတိပြုသင့်ပါသည်။


မန္တလေးကက်သလစ်သာသနာတွင် ဘာသာဝင်များက ကက်သလစ် ဘုန်းတော်ကြီးများကို "ဘုန်းဘုန်း"လို့ ခေါ်တတ်ကြပါသည်။ ဆီလျော် မှန်ကန်သလို မြန်မာမှုဆန်ပါသည်။ အင်မတန် ဂုဏ်ယူစရာကောင်းသော အခေါ်အဝေါ်လည်း ဖြစ်ပါသည်။ မြန်မာမှုတွင် ဘုန်းကြီးနှင့် စကားပြောပါက "ဘုန်းဘုန်း"ဟု ခေါ်ပါက "တပည့်တော်"နှင့် သုံးမှ မှန်ပါသည်။ သို့သော် တချို့က "ဘုန်းဘုန်း"လို့တော့ခေါ်ပါရဲ့ "ကျွန်တော်၊ ကျွန်မ"နှင့် ပြောသွားကြတာလည်း တွေ့ရပြန်ပါသည်။

သည်ဆောင်းပါးကို ယခုလိုရေးလိုက်လို့ ကျွန်တော်တို့ရဲ့ စကားနှင့်တရားမှာ ဘုရားကို အရမ်းအလွန် နန်းဆန်စေပြီး မဟာဆန်ဆန် စကားလုံးကြီးတွေကိုပဲ သုံးရမယ်လို့တော့ မဆိုလိုပါ။ ဘုရားရှင်သည်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ထိုက်တန်တော်မူပါတယ်လို့ ပြောချင်လို့ ဖြစ်ပါသည်။ ထို့အပြင် ဘုရားရှင်နှင့် အရှင်၏တရားတော်သည် ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာ တံစိမ်းမဆန်စေချင်လို့ ဖြစ်ပါသည်။


သည်စာမူရေးရင်းနှင့် ဘယ်လိုခေါင်းစဉ်တပ်ရမလဲလို့ စဉ်းစားမိတော့ ငယ်ငယ်က ကလေးချင်း စကြတာတစ်ခုကို ပြန်သတိရမိပါသည်။ ကျွန်တော်တို့ငယ်ငယ်က ယိုးဒယားကလာတဲ့ ဆင်ကြယ် ကြက်ပေါင်ဖိနပ်ဆိုတာ ခေတ်စားပါသည်။ ဖိနပ်လေးတွေက အစိမ်းရောင်၊ အနီရောင်၊ အပြာရောင်ဆိုပြီး ရောင်စုံရှိပါသည်။ တစ်ခါတရံ ကလေးတွေဟာ အိမ်မှာ စုပုံချွတ်ထားတဲ့ ဖိနပ်ပုံထဲက ဖိနပ်ကို သေချာမကြည့်ပဲ နမော်နမဲ့ ကောက်စီးလာ တတ်ပါသည်။ ကျောင်းရောက်မှ သူငယ်ချင်းတွေက "ကျွဲတစ် ဖက်နွားတစ်ဖက်"ကြီးဟေ့ ဆိုကာ လက်ညိုးထိုးပြီး ၀ိုင်းဟားခံရမှ အိမ်ပြန်ပြေးပြီး လဲစီးရပါသည်။

မြန်မာ့ကက်သလစ်သာသနာတော်ကြီး အမိမြေပေါ်မှာ ထွန်းကားလာလိုက်တာ နှစ် ၅၀၀ ခရီးပင်ဆုံး လုနေပါပြီ။ သည်နှစ်ငါးရာခရီးမှာ ရဟန်းမင်းကြီး ပေါလ်လူး (၆)အရှင် ဆုံးမတော်မူခဲ့သည့် "ကျမ်းစာတော်လာ ဘုရားအဆုံးအမ တရားတော်များ၏ မူလဆိုလိုရင်း အနှစ်သာရအစစ်အမှန်ကို မြူမှုန်ကလေးမျှလောက်ပင် သွေဖီမသွားစေဘဲ သင်တို့ လူမျိုးစုဝင်များ၏ ဘာသာစကားထဲသို့ ဖလှယ်ပေးဖို့ (transposing)၊ သည့်အပြင် ထိုဘာသာစကားရပ်နှင့်ပင် သွန်သင် ဟောပြောဖို့" ဆိုသည့်အချက်ကို ပြန်သတိရ သင့်ပါပြီလို့ ပြောလိုပါသည်။

ဘာလို့ဆို လက်ရှိ အခြေအနေကတော့ "ကျွဲတစ်ဖက် နွားတစ်ဖက်ကြီး"မို့ပါ။ သည်လိုဆိုလိုက်လို့ ကျွန်တော်လွန်သွားရင် သို့မဟုတ် မှားသွားရင် ကျွန်တော်မှာသာ တာဝန်ရှိပါသည်။


မာကု (ဒဿန)

Read More...

Tuesday, April 6, 2010

သူတို့နဲ့ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်ကြစို့


သူတို့နဲ့ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်ကြစို့


အာဒံနဲ့ဧ၀ဟာ ဘုရားသခင်ရဲ့စကားကို နားမထောင်ဘဲ တားမြစ်ထားတဲ့ အသီးကိုစားပြီး တစ်ကြိမ်သာ အပြစ်ကျူးလွန်ခဲ့ကြတာပါ။ ကျွန်တော်တို့ဟာ ဘုရားသခင် တားမြစ်ထားတဲ့ ပညတ်တော်များ၊ စောင့်ရှောက်ရမည့်ဝတ္တရားများ၊ အသင်းတော်ကျင့် ၀တ်တော်များကို သိလျက်နဲ့ နားမထောင်ဘဲ အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် ပြစ်မှား ကျူးလွန်နေကြတယ် မဟုတ်လား။

ကာဣနဟာ မနာလိုတဲ့စိတ်နဲ့ ညီငယ်အာဗေလကို တစ်ကြိမ်သာ သတ်ခဲ့တာပါ။ ကျွန်တော်တို့ဟာ မနာလိုဝန်တို စိတ်အပြည့်နဲ့ သူတစ်ပါးရဲ့အသက်အိုး အိမ်စည်းစိမ်တွေကို ပျက်ဆီးဆုံးရှုံး၊ ဘ၀ပျက်သွားအောင် စိတ်၊ နှုတ်၊ အမူအကျင့်တွေနဲ့နေ့စဉ်နှင့် အမျှ ဖျက်ဆီးကြံစည် လုပ်ဆောင်နေကြတယ် မဟုတ်လား။ ဖာရောဘုရင်ဟာ အဲဂုတ္ထုပြည်မှာ ဣသရေလလူမျိုးတွေကို ဖမ်းဆီးချုပ် နှောင်ထားပြီး မိမိကိုသာ ကြောက်ရွံ့ရိုသေ လေးစားရမယ်။ မိမိရဲ့ အမိန့်အာဏာတွေကိုသုံးကာ ဣသရေလလူမျိုးတွေကို နှစ်ကာလ ကြာမြင့်စွာ ကျွန်ပြုခဲ့တယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်က ရွေးကောက်ထားတဲ့ ရဟန်းမင်းကြီး၊ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ စတဲ့ပုဂ္ဂိုလ်တွေရဲ့ လမ်းပြသွန်သင်၊ ညွှန်ကြားချက်များကို နာခံမှုအပြည့် ရှိသယောင်နဲ့ လက်တွေ့မှာတော့ ဆန့်ကျင်ဘက် ပြုနေကြတယ်။ ငါ့ရဲ့အသိပညာ၊ ငါ့ရဲ့အတတ်ပညာ၊ ငါ့ရဲ့အရည် အချင်းသာလျှင်ရှိရမယ်။ ငါသာလျှင် အသိဆုံး၊ ငါသာလျှင် အတတ်ဆုံးဆိုပြီး မိမိကိုယ်ကို အဟုတ်ကြီးထင်ကာ အနည်းငယ်မျှသာ ပေးထားသော အခွင့်အရေးလေးကို အခွင့်ကောင်းယူပြီး ဘာသာသူတွေရဲ့ ဆန္ဒသဘောထားများ၊ အရည်အချင်းတွေကို အညွှန့်ချိုးကာ မိမိရဲ့အုပ်ချုပ်မှု့ အာဏာသာ တည်မြဲရေးကို ရှေ့တန်းတင်ပြီး နည်းပရိယာယ်ကြွယ်ဝလှတဲ့ လုပ်ရပ်မျိုးနဲ့ သွေးခွဲနေခြင်းကြောင့် စိတ်ဝမ်းကွဲခြင်း၊ ဘုရားကျောင်း မတက်ခြင်း၊ အသင်းတော်ကို ထာဝရစွန့်လွှတ်သွားခြင်း၊ ဘာသာတရားဝတ္တရားများကို မလိုက်နာတော့ခြင်း စသည်ဖြင့် သာသနာတော်နယ် အသီးသီးမှာ ဖြစ်နေကြခြင်းဟာလည်း ကျွန်တော်တို့ရဲ့ မှားယွင်းမှု့တွေကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့သာလျှင် လုပ်ဆောင်နေကြတဲ့ သူတွေပါဘဲ။

ဣသရေလူတွေဟာ မကောင်းတဲ့ အကြံအစည်တွေနဲ့ သူတို့ရဲ့ရှေ့ကသွားမဲ့ ဘုရားများကိုလုပ်ပေးဘို့ အာရုန်ကို ပြောပါတယ်။ အာရုန်ကလည်း နွားသူငယ်ရုပ်တုလေးကို လုပ်ပေးလိုက်သောကြောင့် သူတို့ဟာ ဒီရုပ်တုလေးကို ဘုရားအမှတ်နဲ့ကိုးကွယ်ပြီး ထာဝရဘုရားသခင်ကို ပြစ်မှားကြပါတယ်။ ကျွန်တော်တို့ဟာ ဗိမ္မာန်တော်ကျောင်းဆောင် ကလေးထဲမှာ အမှန်တကယ် ကိန်းဝပ်လျှက် အစဉ်တည်ရှိနေတော်မူသော စစ်မှန်တဲ့ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ ပြောချင်သလိုပြောကြ၊ လုပ်ချင်သလိုလုပ်နေကြပြီး၊ ဘုရားသခင်ကို ယုံကြည်အားကိုးရမဲ့အစား ဗေဒင်၊ လက္ခဏာ၊ ယတြာချေတာတွေစတဲ့ မလုပ်သင့်တဲ့ လုပ်ရပ်တွေနဲ့ ဘုရားသခင်ကို တစ်နည်းတစ်ဖုံ စော်ကားနေကြတဲ့သူတွေပါ။


ဖာရိရှဲတွေဟာ သူတစ်ပါးကို အပြစ်တင်ရုံတင်မကပါဘူး။ ခရစ်တော်ဘုရားရှင်ကို တောင်မှ အပြစ်တင်ကြတယ်။ သူတို့ကတော့ အပြစ်မရှိတဲ့ သူတော်ကောင်းတွေပမာ ကိုယ့်ကိုကိုယ်ချီးမွမ်းကြပြီး ဘုရားသခင်ကို ပြစ်မှားကျူးလွန်ကြပါတယ်။ ကျွန်တော်တို့
တစ်တွေဟာလည်း သူတစ်ပါးကို အဆိုးမြင်ဝါဒနဲ့ ကြည့်ပြီး ဘုရားသခင်ကို အပြစ်တင် ပြောဆိုတဲ့နေရာမှာ ဖာရိရှဲတွေ ရှုံးလောက်အောင် ပြောဆိုပြစ်မှား ကျူးလွန်နေတဲ့သူတွေပါဘဲ။

ယုဒရှကာရုတ်ဟာ ခရစ်တော်ဘုရားရှင်ကို ငွေအသပြာသုံးဆယ်နဲ့ တစ်ကြိမ်သာ ရောင်းစားခဲ့တယ်။ ပေတရူးဟာ (၃)ကြိမ်ပဲ ငြင်းပယ်ခဲ့တယ်။ ရောမစစ်သားတွေဟာ ခရစ်တော်ဘုရားသခင်အတွက် သက်သေခံဘို့ ကားတိုင်လမ်းကို ကိုယ်တိုင်ထမ်းဆောင်ဖို့၊ မိမိရဲ့အသက်တာကို အစဉ်ပေးဆက်နေဖို့၊ သူတစ်ပါးကိုကူညီဖို့၊ ချစ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ နာခံခြင်း၊ ပေးဆပ်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကိုယ့်ကျိုးစွန့်အနစ်နာခံခြင်း၊ နှုတ်ကပတ်တရားတော်နဲ့အညီ လက်တွေ့ကျင့်ကြံနေထိုင်ခြင်းတွေမှာ ဟန်ဆောင်မှုသဘောမျိုးနဲ့သာ ရှိနေကြပြီး အနှစ်သာရ မရှိခြင်းကြောင့် ဘုရားသခင်ကို အကြိမ်ကြိမ်ငြင်းပယ်ပြီး ကားတိုင်းတင်သတ်နေကြတဲ့သူတွေပါပဲ။


ကျွန်တော်တို့ရဲ့ ခရစ်ယာန်ဘာသာဝင် တော်တော်များများဟာ သမ္မာကျမ်းစာတော်မြတ်နဲ့ ဘာသာရေးဆိုင်ရာ သမိုင်းရာဇ၀င်စာအုပ်၊ စာပေများကိုဖတ်ရှုပြီး ထိုပုဂ္ဂိုလ် တွေဟာ အင်မတန်မှ အပြစ်ကြီးပြုလုပ်ခဲ့တဲ့သူတွေပဲ၊ ကျွန်တော်တို့ကတော့ ထိုပုဂ္ဂိုလ်တွေလောက် အပြစ်ကြီးမရှိသေးတဲ့သူတွေလို့ ထင်မှတ်နေကြပါလိမ့်မယ်။ တကယ်တမ်း လေးလေးနက်နက်စဉ်းစားပြီး ဖတ်ရှုကြည့်လိုက်မယ်ဆိုရင် ထိုပုဂ္ဂိုလ်တွေထက် ပို၍ (ပို၍) အပြစ်ကြီးနေကြတဲ့ သူတွေဆိုတာကို စဉ်းစားမိတာနဲ့ ကျမ်းစာတော်မြတ်မှာပါရှိတဲ့ ပုဂ္ဂိုလ်အချို့နဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ ပြုမှုကျင့်ကြံနေကြတဲ့ စိတ်နေသဘောထားတွေကို နှိုင်းယှဉ်ပြီးတင်ပြ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ စာဖတ်မိတ်ဆွေများ ဒီထက် ပိုပြီး နက်ရှိုင်းစွာ ဆက်လက် စဉ်းစားနိုင်ကြမယ်လို့ မျှော်လင့်လျက်
-

(ပုဂ္ဂိုလ် (၃)ပါးတစ်ဆူဘုရားရဲ့ ချစ်မေတ္တာရိပ်အောက်၌)

ဇင်ယော်ငှက် (မြစ်ငယ်မြို့)

Read More...

Friday, April 2, 2010

ဆူးကြားနှင်းဆီ

ဆူးကြားနှင်းဆီ

"ပြုံးသူတို့သည်၊ ကျေးဇူးရှင်များဖြစ်၏" ဟူသည့် ပညာရှင်တစ်ဦး၏ အဆိုကို နှစ်သက်ခဲ့ဖူးပါသည်။ မှန်ကန်သည်ဟု ခံစားရသော အဖြစ်အပျက်ပေါင်းများစွာထဲမှ ကျွန်တော့် အာရုဏ်ထဲ ပူပူနွေးနွေး စွဲနေသော ကိုယ်တိုင်တွေ့ အဖြစ်အပျက်တစ်ခုကို ဝေငှလိုပါသည်။ ရတနာပုံ ရွှေမန်းမြို့တော်တစ်ဝန်း ဘုရားကျောင်း (၇)ကျောင်းမှ တစ်ကျောင်းဖြစ်သော စိန်ဇေးဗီးယားဘုရားကျောင်းသည် ဗေလန်ကန်နီ ကျန်းမာရေးမယ်တော် သခင်မပွဲကိုနှစ်စဉ် အခြားကျောင်းတော်များထက် ထူးစွာ၊ စည်စည်ကားကား၊ သိုက်သိုက် မြိုက်မြိုက် ကျင်းပလေ့ရှိကြောင်း သတိထားမိခဲ့ပါသည်။ ပို၍ သဘောကျစရာ အချက်မှာ နိုဗီနာ နောက်ဆုံးနေ့တွင် မကျန်းမာသူများအတွက် မစ္ဆားတစ်ခု သီးသန့် ဟောကြားပေးခြင်း ဖြစ်ရာ၊ ထိုမစ္ဆားသို့ အမျိုးမျိုးသော အနာရောဂါတို့၏ ချည်နှောင်ခံနေရသည့် လူနာများစွာလာ ရောက်ကြ၏၊ ရောက်လာကြသူများမှာလည်း အမျိုးမျိုးပင် တွဲ၍လာသူ၊ ချီမ၍လာသူ၊ သယ်၍လာသူ၊ လက်တွန်းလှည်းဖြင့် လာသူ၊ တုတ်ကောက်ဖြင့် လာသူ၊ ဤသို့ နည်းမျိုးစုံဖြင့် ရောက်လာသူများကို တဖန်ကြည့်ဦးမည် ဆိုပါက ပုံသဏ္ဍန်မှာ အမျိုးမျိုးပင၊် ပိန်ကွေးကွေး၊ ၀ဖေါဖေါ၊ စကားမပြောနိုင်အောင် မောသူ၊ ဆံပင်အကုန် ကျွတ်ထွက်၍ ကတုံးဖြစ်နေသူ၊ လှုပ်ရှားမှုတိုင်း တုန်ချိချိ ဖြစ်နေသူစုံပါသည်။ ကျွန်တော်ကတော့ တွဲထူ ချီမရန် မလိုဘဲ ရောက်လာသူ ဖြစ်သော်လည်း နာကျင်သော ဗိုက်ကိုပွတ်ကာ၊ ပွတ်ကာဖြင့် အပြုံးကင်းမဲ့သော မျက်နှာနှင့် ပါဝင်ခဲ့ပါသည်။

ဘ၀တူ လူနာများကို ကြည့်ပြန်တော့လည်း နာကျင်သောအသွင်၊ အချို့မှာ တစ်စုံတစ်ခုကို အလိုမကျသည့် အသွင်များစသဖြင့် တစ်ဦးစီ၏ မျက်နှာ၌ ဖတ်၍ရနေပေသည်။ ကျွန်တော်သည် အဖေါ်ညှိသည့်သဘောနှင့် (သို့) မိမိထက်ပိုဆိုးသည့် ဝေဒနာသည် ဘယ်သူတွေရှိလဲဟူသည့် သဘောဖြင့် မျက်လုံးကိုဝေ့၀ဲ၍ စုံစမ်းနေ၏။

အားလုံးထဲမှ ထူးခြားသော လူနာတစ်ဦးကို သတိပြုမိလိုက်သည်။ ထိုသူ၏ အသားအရေမှာ ၀ါဖျော့နေကာ၊ ဆံပင်များ ကြဲထောင်နေသေးသည်။ နာတာရှည် လူမမာမှန်း သိသာနေသည်။ အသက် ၅၀-ကျော်ခန့် ရှိမည်၊ ကျွန်တော့်အာရုံကို ဆွဲဆောင်နေသော အချက်မှာ ထိုသူ့မျက်နှာမှ အပြုံးများပင်။ သူ့လောက် အခြေအနေ မဆိုးသော ကျွန်တော် မပြုံးနိုင်ပါ။ ထိုသူမှာ ဘုရားကျောင်းထဲ ၀င်လာပြီးနောက် ကျွန်တော် သတိထား မိချိန်မှစ၍ နှစ်လိုတည်ငြိမ်စွာ ပြုံးနေသည်ကိုသာ မြင်နေရသည်။ သူ့နေရာ ထိုင်ခုံ ယူပြီးသော် ဘေးမှအဖေါ် လူနာများအား ပြုံးပြသည်။ အနည်းငယ် လှမ်းသော်လည်း ကျွန်တော်သည် ထိုသူကိုသာ ကြည့်နေမိတော့သည်။

လူနာများအတွက် အထူးရည်စူး ပူဇော်ပေးသော မစ္ဆားတရားအတွင်း ထိုသူသည် စိတ်အားထက်သန်သော အသွင်နှင့် ပါဝင်သည်၊။ ဘုန်းတော်ကြီး၏ ရှည်လျားသော သြ၀ါဒကို ငြီးငွေ့ဟန်မပြ၊ စိတ်ဝင်စားစွာ ကိုယ်ကိုကိုင်းညွတ်လျက် ခေါင်းကို လှည့်စောင်း နားစိုက်လျက် အေးဆေးသော မျက်နှာဖြင့် နားထောင်နေသည်။ ကျန်းမာရေးမယ်တော်ကို ကြည်ညိုကိုး စားကြသူချင်းအတူတူ၊ သခင်ဘုရား၏ ကုသခြင်း ကျေးဇူးတော်ကို မျှော်လင့်ယုံကြည်ကြသူခြင်း အတူတူ ထိုသူသည် ထူးခြားသည်တော့ အမှန်ဖြစ်၏။

လူနာများအတွက် မစ္ဆားတရားပြီး သွားပေပြီ။ ကျန်းမာရေးမယ်တော်ထံ နိုဗီနား ၉-ရက်လည်း ပြီးသွားပေပြီ။ ထိုအပြုံးပိုင်ရှင် ဖြူဖျော့ဖျော့ လူနာသည် သူ့ရောဂါချက်ခြင်း ပျောက်ကင်းသွားသော တန်ခိုးတော်မခံခဲ့ရပါ။ ကျွန်တော့် ဝေဒနာများလည်း ယူပစ်သလို ပျောက်မသွားခဲ့ပါ။

သို့သော်...ဘုရားရှင်သည် ထိုအပြုံး ပိုင်ရှင်ဝေဒနာသည်အားဖြင့် ကျွန်တော့်ကို တရားပြပါသည်၊ ဆုံးမပါသည်။ မလွဲမရှောင်သာ သဘောတရားတစ်ခု ဘ၀မှာ ကြုံလာရသော် လက်ခံနိုင်အောင်၊ ခံယူတတ်သော စိတ်သဘောကို မြင်စေ၊ ရစေခဲ့ပါပြီ။ ပြုံးသူများသည် အမှန်ပင် ကျေးဇူးရှင်များ ဖြစ်ကြပါ၏။ မလွယ်ကူသော အခြေအနေ၌ ပြုံးနိုင်သူများသည် ဆူးကြားမှပွင့်လန်းသော နှင်းဆီပန်းကဲ့သို့ ပို၍ တင့်တယ် ဂုဏ်ရှိကြသည်ဟု ခံစားမိပါ သည်။

သို့သော် ထိုအပြုံး ပိုင်ရှင်လူနာသည် အလွန်အားနည်း ဖျော့တော့ပုံပေါ်နေ၍ သူလူ့လောကတွင် ကြာကြာနေရဖွယ်မရှိဟု ခန့်မှန်းခဲ့ပြီးနောက် ကျွန်တော်နေ့စဉ် ကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက် နှစ်မြုတ်သွားသည့်အခါ အချိန်ကြာသည်နှင့်အမျှ ထိုအပြုံးပိုင်ရှင်ကို ကျွန်တော်မေ့မေ့လျော့လျော့ ဖြစ်သွားပါတော့သည်။

၃-နှစ်ခန့်ကြာပြီး နောက်တစ်ရက်တွင်တော့ ကျွန်တော် မန္တလေးရွှေမြို့တော်ရှိ စိန်ဇေးဗီးယားဘုရားကျောင်း ပြန်တက်ခွင့် ကြုံခဲ့ရသောအခါ လုံးဝ မမျှော်လင့်သော လူတစ်ယောက်ကို ဘုရားကျောင်း၌ တွေ့လိုက်ရပါသည်။ အခြားသူမဟုတ်ပါ။ နောက်ထပ် သုံးလခန့်ပင် အသက်ရှင်တော့မည် မဟုတ်ဟု တစ်ချိန်က ကျွန်တော် အတည်ပေါက် ခန့်မှန်းခဲ့သော အပြုံးပိုင်ရှင် ဖြူဖျော့ဖျော့ လူမမာကြီးပင် ဖြစ်ပါသည်။ ကျွန်တော်အံ့သြ၍ တကယ် မဆုံးနိုင်ပါ။ ကျွန်တော်ထင်ပါသည် ထိုသူသည် ဘုရားအလိုတော်ကို အပြုံးမပျက် လက်ခံနိုင်ခြင်း၊ သည်းခံစိတ်ရှည်စွာ ဝေဒနာကို ခံထမ်းခြင်း၊ ပတ်ဝန်းကျင် လူသားများကို ချစ်ခင် စိတ်ဝင်စားခြင်းနှင့် အခြေအနေတိုင်း၌ ပြုံးနိုင်ခြင်းတို့က ထိုသူကို ဘုရားထံမှ ကောင်းချီးအသက်တာ ထပ်မံရရှိစေ၍ ယခုကဲ့သို့ သေးမျှင်လှသည်ဟု ထင်ရသော အသက်တာ ရှည်လျားနေခြင်းပင် ဖြစ်မည်ဟု ကျွန်တော်တစ်ယောက် အတွေးများစွာနှင့် ကောက်ချက်ချကာ ပြုံးသူများ၏ အသက်တာကို အားကျ မဆုံးဖြစ်၍သာ နေပါတော့သည်။

ကျွန်တော်လည်း အခြေအနေတိုင်း၌ ပြုံးနိုင်ရန် ကြိုးစားပါဦးမည်။

အင်ဝိုင်းပန် (SJA)

Read More...