Wednesday, October 21, 2009

အချိန်မီပါသေးတယ်

အချိန်မီပါသေးတယ်

လွန်ခဲ့ပြီးသော (၂၀၀၂) ခုနှစ်မှာ ကျွန်တော်ဆိုတဲ့ လူငယ်တစ်ဦးဟာ ငွေဆိုတဲ့ ဂုဏ်ပကာသနကို မက်မောသောကြောင့် ကုမ္မဏီတစ်ခုမှာ ကျောက်တူးဖို့ အလုပ်ဝင်လုပ်တယ်။ သို့သော် အောင်မြင်မှု မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ ဒီအလုပ်နဲ့ အားမပေးခဲ့ဘူး။ ကျွန်တော်ဟာ ကက်သလစ် လူငယ် တစ်ဦးဆိုပေမယ့် ဘုရားတရားလည်း မလိုက်စားဘူး လူငယ်ကဏ္ဍမှာလည်း မပါဝင် စိတ်လည်းမ၀င်စားခဲ့ဘူး။ အဓိကတော့ သူငယ်ချင်း ပတ်ဝင်ကျင်နဲ့လည်း ဆိုင်သင့်သလောက်လည်း ဆိုင်တယ်။ မိတ်ဆွေတို့ မိဘတွေအတွက် အားပေးခဲ့ပေမယ့် ကျွန်တော် ကိုယ်တိုင်ကမှ စိတ်မှမ၀င်စားတာ ဘုရားနဲ့ ကျွန်တော် ဟာ အလှမ်းဝေးနေတယ်ဆိုပါတော့ တစ်ခါတစ်လေ အလှူပေးရင်တောင် (ဗီဒီယို) သွားကြည့်လိုက်တယ်။

ကျွန်တော်ဟာ အဲဒီအချိန်တုန်းက ဆေးလိပ်၊ ကွမ်းယာ၊ အရက်မှီဝဲ သုံးစွဲခဲ့ဖူးပါတယ်။ လူငယ်ဆိုတော့ စေလိုရာ စေသဘောပေါ့ လေတိုက်ရာကိုယိုင်ပြီး လတ်သလော အခြေအနေကို မသုံးသပ်ပဲ ပြုချင်ရာကိုပြု ညစ်ညမ်းတဲ့အရာကို သဘောတွေ့ မကောင်းမှု ဒုစရိုက်မှာ ကျင်လည်ကျက်စား နေတဲ့ လောကဓံတရားရဲ့ သားကောင်ပေါ့။ ဘုရားတရားနဲ့ ဆန့်ကျင်ဘက်လည်းပြီး အမှောင်ကမ္ဘာထဲမှာ ကြိတ်မိတ်ပြီး မျက်ကန်း ပမာ အဖြူအမဲ မသဲကွဲပြီး ရင်ဆိုင်နေရမရှာတဲ့ ဘုရားရဲ့ လူတွေဟာ ကိုယ့်ဘ၀ရဲ့ အနာဂတ်ကို မသိရှာပါဘူး။

ကျွန်တော်စာရေးရင်း တစ်ခုထောက်ရှု စဉ်းစားမိတယ်။ မကြာသေးတဲ့ အဖြစ် အပျက်တစ်ခုပေါ့ "ကျွန်တော်တို့ ဘုရားကျောင်းမှာ ပွဲတစ်ခုရှိတဲ့ ညမှာပေါ့။ ပွဲကတော့ ပြီးသွားပြီ ပစ္စည်းတွေ သိမ်းပြီး လူငယ်တွေအပြင်မှာ လက်ဖက်ရည်သွား သောက်တယ်။ သိပ်မကြာခင် ပြန်လာပြီး လူငယ်ရုံးခန်းမှာ အနားယူနေတဲ့အချိန် ဆရာတစ်ယောက်ရဲ့ အော်သံဟာ ကျွန်တော်တို့ရဲ့နားကို လွှမ်းမိုးသွားစေခဲ့တယ်။ ဘာလဲဆိုတော့ "ဟေ့ကောင်တွေ သူခိုး ...သူခိုး တဲ့အော်လိုက်ရော လူငယ်တွေက ချက်ချင်းလက်ငင်းပဲ အုန်း ကနဲထပြီး အကုန်ဝိုင်းဖမ်းပါလေရော။ ကြိုးတုတ်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းပြီး စစ်ဆေးပါလောရော။ ဘယ်ကလဲ၊ ဘယ်သူလဲ၊ မိဘက ဘယ်မှာလဲ၊ အလုပ်အကိုင်က ဘာလဲ စသည်ဖြင့် မေးခွန်းများစွာ မေးတယ်။ သို့သော် အဲဒီစောကရ ငတတ်ပြား က ဘာတစ်ခုမှ ဖြောင့်ချက်မပေးဘူး။ ၀န်မခံတော့ လူငယ်တွေဟာ ကျွဲမြီးတိုသွား တာပေါ့။ လက်သီးနဲ့ထိုးလိုက်၊ ခြေထောက်နဲ့ ဆောင့်ကန်လိုက်၊ သူခိုးခမျာ အလူး အလဲပဲ ရေတောင်းလည်းမပေးဘူး။ တမင်းတောင်းလည်း မကျွေးဘူး။ ဖြေရင်တော့ ကျွေးမယ်ပေါ့။ ဒါပေမယ့် နောက်ဆုံးတော့ ရဲဘော် စစ်ပြေး တစ်ယောက်ဆိုတာတော့ သေချာသွားတယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ သစ်တွေ ခဏခဏ ပျောက်နေတာ သူ့လက်ချက်နေမှာပဲ ဆိုပြီး ပုံအပ်လိုက်တာ မေးစေ့တောင် ပဲ့သွားတာ။ နောက်ဆုံးအဖြစ်တော့ ရဲစခန်းထဲသွားပို့ လိုက်တာပါပဲ။ ဒါကြောင့် ဒီအကြောင်းကို သုံးသပ်ကြည့်မိတာပေါ့။

ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာမြေပြင်မှာ နေစဉ်က မကောင်းမှုတွေ ကျူးလွန်ပြီး သေဆုံးသွား သောအခါ ငရဲပြည်ရောက်ပြီး လူ့လောကမှာနေစဉ်က ခိုးမှုတွေ၊ လိမ်ညာတာတွေဟာ ငရဲမင်းကြီးဆီမှာ အစီအရင်ခံပြီး အထိုးအနှက် အထုအထောင်း ဒယ်အိုးထဲမှာ မွှေနှောက်ခံရမှာတော့ မလွဲဧကန်ပဲ။ ကောင်းမှုလုပ်ရင် ကောင်းကင်ဘုံ ရောက်မယ်။ သို့သော်လည်း "ငါ့ကို အရှင်ဟု ခေါ် သူဟူသမျှသည် ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်သူသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်" ဟု (မာတေဦး-၇း၂၁) မှာ ယေဇူးသခင် မိန့်တော်မူခဲ့တယ်။ မကောင်းမှုကိုပြုသူ ကတော့ ငရဲပြည်ကိုရောက်မှာ သေချာပါတယ်။ ကျွန်တော်ငယ်စဉ် မိဘတွေက ကျွန်တော်ဆိုးလွန်းလို့ နောင်တရရန် အသိပေးခဲ့တယ်။ နောက်တော့လည်း ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး လူငယ်အစည်းအဝေးတွေတက်၊ ဘုရားဆိုတာ နားလည်လာတယ်။ လူငယ်သင်တန်းပို့ချခြင်းမှာ ဘုန်းကြီးတွေနဲ့ လိုက်ပြီးတော့ ဆက်ကပ်ခြင်းလုပ်တယ်။ အခုတော့လည်း ဘုရားရဲ့ အရိပ်အာဝါသအောက်မှာ အေးချမ်းစွာနဲ့ထမ်းဆောင်တော့မယ့် ဧ၀ံဂေလိတမန်တော် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါပြီ။ ဖြစ်အောင်လည်း ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချမိပါတယ်။ ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းခံရရင်လည်း ရွေးကောက်တော်မူခြင်း မခံရရင်တော့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ဆုတောင်းခြင်း ပြုလုပ်ဖို့၊ ကြိုးစားဖို့လိုတယ် မိတ်ဆွေ။

လူငယ်တစ်ဦးနှင့် တစ်ဦး စကား ပြောနေစဉ်မှာလည်း မုသားစကား မသုံးဘဲ၊ ချစ်ခင်ရင်းနှီးစွာ ပြုမူနေထိုင်ဖို့ အကြံပြုပါရစေ။ အဓိကကတော့ သန့်ရှင်းသော အသင်းတော်ရဲ့ လူငယ်တွေဟာ ပိုပြီး အရေးကြီးကြောင်း တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်တည်ထောင် ထားတဲ့အသင်းတော်ဟာ တစ်ခုတည်းသော ကက်သလစ်အသင်းတော် ဖြစ်ပါ တယ်။ တစ်ခါတစ်ရံ လူတွေဟာ ဒုက္ခ ရောက်စဉ်မှာတော့ ဘုရားကို သတိရ တက်ပြီး ပြန်လည်ပြီး အဆင်ပြေသွားရင် ငွေဂုဏ်တွေ ချမ်းသာလာသောအခါ ဘုရားကို မေ့လျော့တတ်သည်။ မမေ့လျော့အောင် အမြဲတမ်း ဦးနှောက်ထဲမှာရော၊ နှုတ်စကားထဲမှာရော၊ စိတ်နှလုံးထဲမှာပါ ကိန်းဝပ် နေစေချင်ပါတယ် ချစ်မိတ်ဆွေတို့။ ပြီးတော့လည်း အခုခေတ်မှာက ခေတ်လူငယ်၊ လူပျို၊ အပျိုတွေ ဘုရားတရားလုပ်လို့ ရှက်တတ်လာကြတယ်။ ခေတ်ရေစီး ကြောင်းမှာမျောပြီးတော့ စိတ်လွှင့်နေကြတယ်။

ဥာဏ်ပညာရှိပြီး လူမှုအစည်းအဝေးမှာ သိပ်ပါဝင်ခြင်း မရှိပေ။ အဓိကတော့ အလှတရားတွေ၊ ဂုဏ်ပကာသနတွေ ယှဉ်ပြိုင်မှုသာ အဓိကပင် ဖြစ်နေပေတော့သည် ဒီလိုမျိုး အပြုအမူတွေဟာ မှတ်သား လောက်ပါပေတယ်။ လောက စည်းစိမ်တွေကို မက်မောပြီး မခွဲနိုင်၊ မခွာနိုင် ဘုရားကို လစ်လျူရှုထားခြင်းဖြစ်သည်။ အလုပ်တစ်ခု လုပ်ရင်လည်း ဘုရားမှဖြစ်မည်။ ဘုရားဆို သည်မှာ အလုံးစုံကို တတ်နိုင်တော်မူသော တစ်ပါးတည်းသော သားတော်ဘုရားပင် ဖြစ်သည်။ စကားပုံတစ်ခုရှိသည်။ "သမား ဆိုအိုမှ၊ မယားဆိုပျိုမှ၊ သကြားဆိုချိုမှ၊ ဆားဆိုညိုမှ၊ တရားဆိုတိုမှ ကောင်းတဲ့ အလုပ်ကို ကောင်းတဲ့စိတ်ထားနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ကြပါတဲ့။" ဒါကြောင့် ပိုင်ရှင်စိတ်ထား၊ စေတနာ စိတ်ထားပြီးတော့ လုပ်ဆောင်ပေးပါ။ လူတွေ တစ်ဦးစီတိုင်းမှာ သိမ်မွေ့သော ကြင်နာမှုများ ရှိသင့်ပါတယ်။ အဖွဲ့အစည်း တိုင်းမှာလည်း အကြံဥာဏ်ရယူခြင်း လုပ်သင့်ပါတယ်။ ပြီးတော့ ကက်သလစ် လူငယ်တွေဟာ ဘုန်းကြီးတွေနှင့်
ဓမ္မဆရာ စသည့် ဘာသာရေးအမှုထမ်းများကို လေးစားသင့်ပါတယ်လို့ ဘာသာသူလူငယ်များနှင့် မိတ်ဆွေတို့ကို ဝေမျှလိုပါသည်။ ပုပ်ရဟန်းမင်းကြီး ဘေနေဒစ်ဆိုခဲ့ဖူးတယ်။ ကမ္ဘာမြေလောကကို အလှဖန်တီးပြီး တိုးတက်အောင် ဆောင်ရွက်ပေးတာဟာလည်း လူငယ်ပါပဲ။ အနာဂတ်ရဲ့ အသီး အပွင့်ဟာလည်း လူငယ်ပါပဲ။ စိတ်ဓာတ် မကျဘဲ တက်တက်ကြွကြွ ပါဝင်လုပ် ဆောင်သင့်ပါတယ်။

သခင်ယေဇူးမပါဘဲ ဘ၀အသက်တာကို လျှောက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ စကားပုံတစ်ခုပြော ပြအုံးမယ်။ "ကျွန်ုပ်တို့ ကက်သလစ် လူငယ်တွေဟာ ကြိုးစားရင် ဘုရားမဖြစ် နိုင်ပေမယ့် ရဟန္တာတော့ ဖြစ်နိုင်တယ်တဲ့။ ပြီးတော့လည်း သင်တို့လူသားတွေအတွက် ကောင်းကင်နိုင်ငံရောက်ရင် ကောင်းကင် တံခါးဝမှာ စာသားတစ်ခု တွေ့ရလိမ့်မည်။ သင်ကြားဖူးလည်း ကြားဖူးမှာပါ။ အချစ် မရှိမ၀င်ရတဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကတော့ ချစ်ခြင်းတရားရှိသော အရာခပ်သိမ်း ဟူသမျှကို မိမိကိုယ်နဲ့အမျှ ချစ်တတ်မှ ၀င်ခွင့်ပေးခြင်းဖြစ်သည်။ ငရဲတံခါးဝတွင် လည်း "အပြစ်မရှိ မ၀င်ရတဲ့" ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ အပြစ်ရှိသူကိုသာ လက်ခံတယ်ဆိုလိုတာပါပဲ။ ကမ္ဘာလောက သားတွေဟာ အပြစ်တွေကို ကျူးလွန်နေပါတယ်။

ထို့ကြောင့်မို့လည်း သေဆုံးလျှင် ငရဲသို့တိုက်ရိုက်သွားခြင်း ဖြစ်သည်။ သူများမယား၊ သမီးပျိုတွေကို စိတ်နဲ့ တောင်မပြစ်မှားပါနဲ့ မိတ်ဆွေ။ အသင်းတော်မှာ ဥပဒေပုဒ်မ မရှိပါဘူး။ အပြစ်ရှိရင်ငရဲ၊ မရှိရင်ေ ကာင်းကင်ဘုံ ဒါပါပဲ မိတ်ဆွေတို့။ တစ်နာရီလောက်သာ စဉ်းစားကြည့်ပါ။ မိတ်ဆွေ နားလည်လာပါ လိမ့်မယ်။ မမှားဘူးတဲ့ လူဆိုတာ မရှိပါဘူး။ သို့သော် အပြစ်ငယ်လည်း များလာလျှင် အပြစ်ကြီးနှင့်ညီမျှပါတယ်။ သင်တို့ လုပ်သမျှကို ဘုရားသခင်သိတော်မူခြင်း ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဘာသာတူ လူငယ်မောင်မယ်များ သိုးကောင်းထဲတွင် မပါဝင်သေးသော သိုးကလေးများ၊ ဘုရားရှင်ရဲ့ အလင်းတော်ကို ရရှိဖို့ တစ်နေ့တာကို အလာဟသ မဖြစ်စေဘဲ ဘုရားရှင်ရှေ့မှောက်မှာ မမေ့မလျော့ဘဲ စိတ်ငြိမ်စွာ ဆုတောင်းရင်း သင်၏ ဘ၀အသက်တာကို ဆက်ကပ်ပုံအပ်ကြ ပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။


သောမတ်(စ်) ခါးလီ(မြစ်ကြီးနား)