Sunday, September 27, 2009

မေမေ့ထံသို့ တိတ်တခိုးရင်ဖွင့်သံ


မေမေ့ထံသို့ တိတ်တခိုးရင်ဖွင့်သံ


မနက်မိုးလင်းတာနဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံကို ကြားရပါတယ်။ ဒီနေ့ အသင်းတော်က သတ်မှတ် ပေးထားတဲ့ (တနင်္ဂနွေ) ဥပုသ်နေ့ပဲ မဟုတ်ပါလား။ စိတ်ထဲက တွေဝေမနေဘဲ အိပ်ယာက ထပြီး သွားတိုက်၊ မျက်နှာသစ်၊ အ၀တ်လဲပြီး ဘုရားကျောင်းကို သွားဖို့ ပြင်ဆင်ရပါတော့တယ်။ သမီးတို့ မိသားစုမှာ ဖေဖေဟာ ဘာသာခြား တစ်ဦးပါ။ ဖေဖေ့ကိုတော့ ဘုရားကျောင်းသွားဖို့ မခေါ်မိဘူး။ သမီးအာရုံထဲမှာ မေမေကို သတိရလိုက်မိတယ် ဆိုရင်ပဲ "မေမေရေ ဒီနေ့တနင်္ဂနွေနေ့လေ ဘုရားကျောင်းသွား ရအောင်နော်"လို့ မေမေ့ကို ပြောလိုက်တော့ "သမီးလေးပဲ သွားလိုက်ပါ။ မေမေ တို့က အရမ်းအလုပ်ရှုပ်တယ်။ သမီးက အလုပ်မရှိဘူး"တဲ့။ သမီးတို့ မိသားစုက မေမေ့သြဇာအောက်မှာ နေကြရတော့ နှစ်ခါမပြောရဲဘူး။ သမီး အရမ်းဝမ်းနည်း သွားမိတယ်။ "တနင်္ဂနွေနှင့် ဘာသာဝတ္တရားပွဲနေ့တို့၌ မစ္ဆားတရားတော်မြတ်ကို နာယူကုန်လော့" ဆိုတဲ့ အသင်းတော်ကျင့်ဝတ်ကို မေ့ကုန်ပြီထင်တယ်။ ဘုရားကို မေ့နေကြတယ်။ တွေးရင်းနဲ့ပဲ ဘုရားကျောင်းကို သွားရတော့တယ်။ ဒီလို တနင်္ဂနွေတွေများနေပြီနော် မေမေရေ။ ဘုရားကျောင်းရောက်တော့ သမီး သူငယ်ချင်းတွေက သူတို့မိဘတွေရဲ့ လက်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်လာ နေကြတယ်။ ဘုရားကျောင်း တက်တော့ အလှူငွေထည့်ဖို့ သူတို့မိဘတွေဆီမှာ တောင်းကြတယ်။ မိဘတွေက ပိုက်ဆံအိတ်ကြီး တွေဖွင့်ပြီး ပြုံးပြုံးပျော်ပျော် လှိုက်လှိုက် လှဲလှဲ ပေးနေကြတယ်။ သမီးကတော့ ဘယ်သူ့ဆီမှာ တောင်းပြီး အလှူငွေထည့် ၀င်ရမှာလဲ။ သူတို့လိုပဲ ချစ်မေမေနဲ့ လက်တွဲပြီး ဘုရားကျောင်းကို သွားချင် လိုက်တာ။ သြော်..... မေမေရယ်။

မိုင်အဲန်နီ (တောင်တွင်းကြီး)