Wednesday, May 27, 2009

World Communications Day ကမ္ဘာ့ဆက်သွယ်ရေးနေ့


World Communications Day ကမ္ဘာ့ဆက်သွယ်ရေးနေ့



ကမ္ဘာဆက်သွယ်ရေးတနင်္ဂနွေကို ၁၉၆၇ ခုနှစ်တွင် ရဟန်းမင်းကြီး ဆဌမမြောက် ပေါလူးမှ စတင်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ပါသည်။ ထိုသို့ ကျင်းပခြင်းဖြင့် ပုံနှိပ်ထုတ်ဝေရေး၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အင်တာနက်စသော ခေတ်မီဆက်သွယ်ရေး နည်းလမ်းများဖြင့် ဧ၀ံဂေလိတရားတော် ပျံ့ပွားရေးအတွက် အသင်းတော်မှ အသုံးချနိုင်ကြောင်း ဆင်ခြင်နိုင် ကြရန်ဖြစ်ပါသည်။ ဆက်သွယ်ရေး နည်းလမ်းများ၏ အရေးပါမှု့နှင့် လူသားတို့၏လူနေမှု့ ယဉ်ကျေးမှု့ဓလေ့ စရိုက်များ အပေါ်တွင် လွှမ်းမိုးနိုင်မှု့များကို တွေ့မြင်နားလည် သဘောပေါက်ခဲ့သဖြင့် အသင်းတော်အနေဖြင့် ဆက်သွယ်ရေးနည်းလမ်းများကို အရေးပေးစဉ်းစားနိုငရန် အားထုတ်ခဲ့ခြင်းဖြစ်ပါသည်။
ပုပ်ရဟန်း မင်းကြီးဆဌမမြောက်ပေါလူးသည် ဆက်သွယ်ရေး နည်းလမ်းများမှလူထုအပေါ် အပြုသဘော လွှမ်းမိုးနိုင်သကဲ့သို့ အဖျက်သဘော ဦးဆောင်မှု့ များပေးနိုင်ကြောင်းသတိပေး သိမြင်စေခဲ့ပါသည်။ ၂၀၀၉ခုနှစ် မေလ (၂၄) ရက်နေ့တွင် ကျရောက်သော (၄၃)ကြိမ်မြောက် ကမ္ဘာ့ ဆက်သွယ်ရေးနေ့အတွက် ထုတ်ဝေသော ပုပ်ရဟန်းမင်းကြီး ဘက်နာဒက်(ဒ်)၏ သ၀ဏ်လွှာကို အကျဉ်းချုံးဖော်ပြအပ်ပါသည်။
ယခုနှစ်အတွက် ဆောင်ပုဒ်မှာ ““လူမှု့ ဆက်ဆံရေးး နည်းလမ်း
အသစ်အဆန်းများ“ဖြစ်သည်။ လူသားတို့၏ တစ်ဦးနှင့်တစ်ဦး ရိုသေအလေးပေးမှု့၊ ပြောဆို ဆက်ဆံမှု့နှင့် မိတ်ဆွေရင်းခြာ သဟာယဖွဲ့မှု့တို့အတွက် ဆက်ဆံမှု့နှင့် မိတ်ဆွေရင်းခြာ သဟာယဖွဲ့မှု့တို့အတွက် နည်းပညာအသစ်အဆန်းများနှင ဆက်ဆံရေးနည်းလမ်း အသစ်အဆန်းများ ဖြစ်ပါသည်။
ကျွန်ုပ်တို့နေထိုင်နေသော ယခု ခေတ်အခါသည် ခေတ်ဖြစ်ပါသည်။ နည်းပညာများ မြန်သော အင်တာနက်၊ ကျွန်ပျူတာနှင့် တယ်လီဖုန်းဆက်သွယ်ရေး တိုးတက်ထွန်းကားမှု့များသည် လူမှု့ဆက်ဆံရေး နယ်ပယ်ကို များစွာ ပြောင်းလဲစေခဲ့ပြီ ဖြစ်ပါသည်။ ယင်းနည်းပညာ တိုးတက်မI့၏ အသီး အပွငများကို လူသားတို့၏ကောင်းကျိုးအတွက် အသုံးချရန်မှာ ယနေ့ခေတ်လူသားများ၏ တာဝန် ဖြစ်ပါသည်။ အထူးသဖြင့် ခေတ်နောက်ကျ နေသေးသော အဖွဲ့အစည်းများ၊ ဆင်းရဲ နွမ်းပါးသော အဖွဲ့ အစည်းများအတွက် အကျိုးပြုစေရန် ဆောင်ရွက်ရန် အလွန်ပင်လိုအပ် လျက်ရှိပါသည်။ ““သင်နှင့် နီးစပ်သော သူကို ကိုယ်ရှင်ကဲ့သို့ချစ်လော့”” (မာ ၁၂း ၃၀-၃၁)ဟု ခရစ်တော် မိန့်တော်မူခဲ့သည်နှင့် အညီ နည်းပညာတိုးတက်မှု့သည် လူသားတစ်ဦးနှင့် တစ်ဦးရိုသေလေးစားစွာ ဆက်ဆံမှု့ မိတ်သဟာယပြု ကူညီရိုင်းပင်မှု့များ အတွက်ဖြစ်စေရန် ကြိုးစားကြဖို့ တိုက်တွန်းအပ်ပါသည်။

အင်တာနက် စာမျက်နှာများပေါ်တွင် မိတ်ဆွေဖွဲ့ခြင်း ကွန်ယက်များ (Friendship Network) ပေါ်တွင်သာ အချိန် ကုန်နေခြင်းဖြင့် လက်တွေ့ဘ၀ လူမှု့ဆက်ဆံ ပေါင်းသင်းရေးများမှ ဝေးကွာသွားခြင်းမျိုး မဖြစ်စေရန်လည်း ဆင်ခြင်ကြရန် သတိပေးအပ်ပါသည်။ နည်းပညာများ မည်မျှပင် တိုးတက်ထွန်းကားစေကာမူ လူသားတို့၏ နှလုံးသားများသည် ခံစားတတ်မြဲပင်ဖြစ်၏။ ချစ်ခြင်းမေတ္တာ၏ အသီးအပွင့်များ ဖြစ်သော တစ်ဦးကိ တစ်ဦးအသိအမှတ်ပြုမှု့ နားလည်မှု့ ရိုသေလေးစားမှု့များကိ လူသားတို့တောင့်တနေဆဲဖြစ်၏။ သို့ဖြစ် ရိုသေလေးစားစွာ ဆက်ဆံမှု့များ တိုးတက်ရေအတွက် နည်းပညာအသစ်များကို အသုံးပြုနိုင်ကြစေရန် ကျွန်ုပ် (ပုပ်ရဟန်းမင်းကြီး)နှင့် အတူ ဆုတောင်းကြပါရန် တိုက်တွန်းအပ်ပါသည်။

Read More...

Sunday, May 17, 2009

ဗာတီကန်မှ ဗုဒ္ဓမြတ်စွာ၏ မွေးနေ့တော် (ကဆုန်ညောင်ရေသွန်းပွဲတော်ကြီး) အထိမ်းအမှတ်ပေးပို့သော သ၀ဏ်လွှာ (၂၀၀၉)


ဗာတီကန်မှ ဗုဒ္ဓမြတ်စွာ၏ မွေးနေ့တော် (ကဆုန်ညောင်ရေသွန်းပွဲတော်ကြီး) အထိမ်းအမှတ်ပေးပို့သော သ၀ဏ်လွှာ (၂၀၀၉)

PONTIFICAL COUNCIL
FOR INTERRELIGIOUS DIALOGUE

MESSAGE TO BUDDHISTS
FOR THE FEAST OF VESAKH/HANAMASTURI 2009

Witnessing to a Spirit of Poverty,
Christians & Buddhists in Dialogue



Dear Buddhist friends,

1. The forthcoming feast of Vesakh/Hanamatsuri offers a welcome occasion to send you, on behalf of the Pontifical Council for Interreligious Dialogue, our sincere congratulations and cordial best wishes: may this feast once again bring joy and serenity to the hearts of all Buddhists throughout the world. This annual celebration offers Catholics an opportunity to exchange greetings with our Buddhist friends and neighbours, and in this way to strengthen the existing bonds of friendship and to create new ones. These ties of cordiality allow us to share with each other our joys, hopes and spiritual treasures.

2. While renewing our sense of closeness to you, Buddhists, in this period, it becomes clearer and clearer that together we are able not only to contribute, in fidelity to our respective spiritual traditions, to the well-being of our own communities, but also to the human community of the world. We keenly feel the challenge before us all represented, on the one hand, by the ever more extensive phenomenon of poverty in its various forms and, on the other hand, by the unbridled pursuit of material possessions and the pervasive shadow of consumerism.

3. As recently stated by His Holiness Pope Benedict XVI, poverty can be of two very different types, namely, a poverty "to be chosen" and a poverty "to be fought" (Homily, 1st January 2009). For a Christian, the poverty to be chosen is that which allows one to tread in the footsteps of Jesus Christ. By doing so a Christian becomes disposed to receive the graces of Christ, who for our sake became poor although he was rich, so that by his poverty we might become rich (Cf. 2 Corinthians 8, 9). We understand this poverty to mean above all an emptying of self, but we also see it as an acceptance of ourselves as we are, with our talents and our limitations. Such poverty creates in us a willingness to listen to God and to our brothers and sisters, being open to them, and respecting them as individuals. We value all creation, including the accomplishments of human work, but we are directed to do so in freedom and with gratitude, care and respect, enjoining a spirit of detachment which allows us to use the goods of this world as though we had nothing and yet possessed all things (Cf. 2 Corinthians 6, 10).

4. At the same time, as Pope Benedict noted, "there is a poverty, a deprivation, which God does not desire and which should be fought; a poverty that prevents people and families from living as befits their dignity; a poverty that offends justice and equality and that, as such, threatens peaceful co-existence (l.c.)." Furthermore, "in advanced wealthy societies, there is evidence of marginalization, as well as affective, moral, and spiritual poverty, seen in people whose interior lives are disoriented and who experience various forms of malaise despite their economic prosperity" (Message for World Day of Peace 2009, n. 2).

5. Whereas we as Catholics reflect in this way on the meaning of poverty, we are also attentive to your spiritual experience, dear Buddhist friends. We wish to thank you for your inspiring witness of non-attachment and contentment. Monks, nuns, and many lay devotees among you embrace a poverty "to be chosen" that spiritually nourishes the human heart, substantially enriching life with a deeper insight into the meaning of existence, and sustaining commitment to promoting the goodwill of the whole human community. Once again allow us to express our heartfelt greetings and to wish all of you a Happy Feast of Vesakh/Hanamatsuri.

Jean-Louis Cardinal Tauran
President

Archbishop Pier Luigi Celata
Secretary





PDF file Download ရယူရင်္န http://www.fileden.com/files/2009/3/21/2373084/kasone.pdf


Read More...

Friday, May 15, 2009

အတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့်


အတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့်


နိုင်ငံခြားသားတွေ ကျွန်တော်တို့ နိုင်ငံကိုလာလည်တာ သတိထားမိကြမှာပါ။ သူတို့လိုပဲ ကျွန်တော်တို့လည်း ကျောင်းပိတ်ရက်တွေ၊ ရုံးပိတ်ရက်တွေမှာ ငွေကုန်ခံ လူပင်ပန်းခံပြီး မရောက်ဖူးသေးတဲ့ တိုင်း နိုင်ငံတွေ လိုက်လည်ချင်ကြပါတယ်။ ဘာလုပ်ဖို့လဲဆိုတော့ အတွေ့အကြုံတွေ တိုးဖို့၊ တစ်ပါးသူရဲ့ အနေအထိုင်၊ အစား အသောက်၊ ၀တ်စားဆင်ယင်ပုံနဲ့ ယဉ်ကျေးမှုတွေကို လေ့လာဖို့ပါ။
ဒါဆိုရင် ယဉ်ကျေးမှုနဲ့ အဓိက ပတ်သက်နေတာ ဘယ်သူတွေလဲ။ အဲဒီ တိုင်းပြည်က လူထုကြီးပဲပေါ့။
အဲဒီလူထုကြီးရဲ့ ယဉ်ကျေးမှုအမွေ အနှစ်ကြီးကို ဘယ်အရာက ပုံသွင်းပေးနေတာပါလဲလို့ ထပ်မေးရမယ်။
အဖြေကတော့ "သူတို့ရဲ့ယုံကြည် သက်ဝင်ရာဘာသာ" ဖြစ်ပါတယ်။ တစ်နည်း ပြောရမယ်ဆိုရင် "သူတို့ ယုံကြည်သက်ဝင်ရာများနဲ့ အညီနေထိုင် ကျင့်ကြံကြခြင်းက" သူတို့ယဉ်ကျေးမှုကို ပုံသွင်းဆေးခြယ် ပေးနေပါတယ်။
ဒါကြောင့် တစ်ပါးသူများနဲ့အတူ ယှဉ်တွဲနေထိုင်လိုပါက သူတို့ရဲ့ယုံကြည် သက်ဝင်ရာများကို အသိအမှတ်ပြု လေ့လာဖို့ လိုအပ်ပါမယ်။ ပွင့်လင်းရိုးသားပြီး လေးစားနားလည်တတ်ခြင်းမှာ တစ်ဦးနဲ့ တစ်ဦးရဲ့ ဆက်ဆံရေးများ တိုးတက်လာပေလိမ့်မယ်။
ကမ္ဘာကြီးပေါ်မှာ စိတ်မကောင်းစရာကောင်းတဲ့ ဘာသာရေး အငြင်းပွါးမှုတွေ ကြားနေရပါတယ်။ မလုပ်သင့်တဲ့ ဝေဖန်ခြင်းတွေ လုပ်နေကြတယ်။ မဖြစ်သင့်တဲ့ ဘာသာရေး အယူသီးမှုတွေ မြင်တွေ့ နေကြရပါတယ်။ အကြောင်းအရာ အများကြီးထဲက တချို့ကိုကြည့်ကြရအောင်-
၁။ ဗဟုသုတ နည်းပါးမှုကြောင့် ဖြစ်ပါတယ်။ ဗဟုသုတနည်းပါးတာကြောင့် အသိပညာ နည်းပါးလာပါတယ်။ အသိပညာ ခေါင်းပါးမှု၊ နည်းပါးမှုကြောင့် နားလည်မှုတွေ ကွဲလွဲကြတယ်။ မိမိဘာသာနဲ့ ယုံကြည်မှုကိုလည်း သိပ်နားမလည်ဘူး။ တစ်ပါးသူရဲ့ ယုံကြည်ခြင်းနဲ့ ဘာသာအယူအဆတွေကိုလည်း သဘောမပေါက်ဘူး။ စိတ်မ၀င်စား၊ နားမလည်တာတင် မကပဲ နားလည်လွဲတာတွေ ( Misconceptions) ဖြစ်လာတယ်။
၂။ ဗဟုသုတ နည်းပါးမှုနဲ့အသိ ပညာနည်းပါးမှုကြောင့် လေးနက်မှုကင်းတဲ့ အပေါ်ယံ အချက်အလက်တွေ၊ အပေါ်ယံ အဓိပ္ပါယ်တွေ၊ အပေါ်ယံ ရှင်းဆိုမှုတွေ အပေါ်မှာပဲ စွဲထင်နေတတ် ကြပါတယ်။
၃။ အဲဒီ အပေါ်ယံအချက်အလက် အဓိပ္ပါယ်တွေကိုပဲ မူသေ စွဲကိုင်ထားတာကြောင့် အဓိက အချက်အလက်တွေ၊ အခြေခံကျတဲ့ အဓိပ္ပါယ်တွေဟာ မသဲကွဲတော့ဘူး။ အဲဒီတော့ အပေါ်ယံ အစိတ်အပိုင်းလောက်မှာပဲ အမှန်တရားကို ရှာဖွေတော့တယ်။
၎။ ရလဒ်ကတော့ တစ်ပါးသူရဲ့ ယုံကြည်သက်ဝင်ရာများကို နားလည်မှု ကင်းမဲ့လာတယ်။ အဲဒီ ပုဂ္ဂိုလ်မျိုးဟာ သုံးနှုန်းတဲ့ စကားလုံးတွေရဲ့ တစ်ဖက်ကိုကျော်ပြီး မမြင်တတ်ဘူး။ နားမလည်တတ်ဘူး။ စကားလုံးရဲ့ အဓိပ္ပါယ်ပဲ မြင်တယ်။ အဲဒီတော့ မိမိ ယုံကြည်ရာ အပြင် တစ်ပါးသူရဲ့ ယုံကြည်သက်ဝင်ရာတွေကို နားလည်မှု လွဲပါလေရော။
၅။ နောက်ဆုံးတော့ အဲဒီနားလည်လွဲမှုတွေက အငြင်းပွါးမှုတွေ၊ အယူသီးမှုတွေ၊ ဝေဖန် တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာစေပါတယ်။
ဒီအဖြစ်အပျက်တွေ အတိတ်မှာ ဖြစ်ပျက်ခဲ့ကြပါတယ်။ ပစ္စုပ္ပန်မှာလည်း ဖြစ်နေဆဲပဲ။ အနာဂါတ်မှာတော့ မဖြစ်စေချင် တော့ပါဘူး။ တကယ်ပဲ စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါ။ တစ်ဦးချင်း ကနေတစ်ဖွဲ့ချင်း၊ တစ်ဖွဲ့ချင်းကနေ လူမျိုးတစ်စုနဲ့တစ်စု၊ လူမျိုးတစ်စုနဲ့တစ်စုကနေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုးပြီးဖြစ်နေတယ်။ ဒီလို ဖြစ်ပျက်နေတာတွေကို မတားဆီးနိုင်ရင် တဖြည်းဖြည်းနဲ့လူသားထုတစ်ခုလုံးကို ဒုက္ခပေးလာနိုင်ပါတယ်။
အဲဒါကြောင့် အသိတရားအပြည့်နဲ့ အားစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ မိမိ ယုံကြည်သက်ဝင်ရာ ဘာသာများကို သေသေချာချာ နားလည်ဖို့ ကြိုးစားရမယ်။ အဲဒီလို သေသေချာချာဂဃဏန နားလည်မှုကနေ တစ်ပါးသူရဲ့ ယုံကြည်သက်ဝင်ရာများကို သဘောပေါက် နားလည်ဖို့ ကြိုးစားလာပေမယ်။
တစ်ပါးသူရဲ့ ယုံကြည်သက်ဝင်ရာကို ငါ့ဘာသာနဲ့ အတူတူပါပဲကွာလို့ပဲ သဘောမထားပဲ မိမိအတွက် ဗဟုသုတ ကြွယ်ဝပွါးများဖို့ လေ့လာဆည်းပူးရပါမယ်။
တစ်ပါးသူရဲ့ ယုံကြည်ခြင်းကို စိတ်မ၀င်စားခြင်းဟာ မိမိကို ထိုဘာသာ အဖွဲ့အစည်းကနေ ဝေးကွာစေပြီး အထီးကျန်စေတယ်။ သူ့ ယုံကြည်ရာဘာသာဟာ ငါနဲ့မဆိုင်ပါဘူးကွာလို့ သဘောပိုက်လာတယ်။ သူတို့ရဲ့ ဘာသာတရားက ငါတို့ကို ဘယ်လိုမှ မထိခိုက်ပါဘူး။ ငါတို့ ဘာလုပ်စရာလိုသလဲ စသည်ဖြင့် ခံယူလာကြတယ်။ အဲဒီလို စိတ်မ၀င်စားခြင်းများက အတူ ယှဉ်တွဲနေထိုင်ခြင်းကို ပျက်ပြားစေပါတယ်။ ဒီပြင် တစ်ပါးသူရဲ့ ဘာသာနဲ့ယုံကြည်ရာကို စိတ်မ၀င်စားခြင်း ကနေ အဲဒီ ဘာသာတရားကို ရွံရှာ မုန်းတီးခြင်းများ ပေါ်ပေါက် လာစေပါတယ်။ တခြား ဘာသာတရားများ ရှိနေခြင်းဟာ မိမိတို့ကို အန္တရာယ်ဖြစ်စေတယ်။ သူတို့ ယုံကြည်ရာ အဖွဲ့အစည်းများ တိုးပွါးနေရင် ခက်ရချည်ရဲ့။ တခြားဘာသာတွေဟာ အမှန်တရားကို မတွေ့ရသေးဘူး။ အဲဒီလို သူတို့ကို အမုန်းပွါးပြီး အငြိုးကြီး နေတတ်ကြတယ်။ ကိုယ်ရဲ့ ဘာသာတရားကသာလျှင် မှန်တယ်။ သာတယ်၊ ပိုကောင်းတယ်ဆိုတဲ့ စိတ်ထားများ ပွါးလာတတ်တယ်။ ကိုယ့် ဘာသာကသာတယ်၊ ပိုမြတ်တယ် စိတ်ထားကြောင့် ပြိုင်ချင်လာတယ်။ ယှဉ်ပြိုင်ချင်တော့ နိုင်ချင်လာပြန်ရော။ အနိုင်ရချင်လာမှတော့ တစ်ပါးသူရဲ့ ဘာသာကို နှိမ်ချင်လာတော့မယ်။ မင်းတို့ ဘာသာက မမှန်ဘူး။ မှန်တာက ငါ့ရဲ့ ဘာသာလို့ ဆိုချင်လာရော။ မင်းတို့ ငါတို့ပြည်၊ ငါ့ရွာမှာနေရင် ငါ့ဘာသာပဲ လက်ခံရမယ်။ တစ်ခြားဘာသာကို လက်ဝါးကြီး အုပ်ချင်လာမိတတ် ပါတယ်။ နိုင်ငံကို အပိုင်စီးချင် လာတတ်ပါတယ်။
ခုချိန်မှာ အဲဒီ စိတ်ထားများပယ် ဖျောက်သင့်တယ်။ ဘာသာတရားများ အချင်းချင်း အတူယှဉ်တွဲ နေထိုင်ခြင်းဟာ လူသားထုတစ်ခုလုံးကို အကျိုးပွါးစေတယ်။ ဘာသာတရားများ အချင်းချင်း အတူတူ ယှဉ်တွဲနေခြင်းအားဖြင့် ကမ္ဘာကြီးပေါ်မှာ မနှစ်မြို့ဖွယ် အနိဌာရုံများကို အောင်မြင်စေနိုင်ပါတယ်။
ကမ္ဘာလူထုကြီးကို အန္တရာယ်ဖြစ်စေတဲ့ ဘာသာရေး အငြင်းပွါးမှုများ ရပ်တန့်စေဖို့ စိတ်နှလုံးကောင်းရှိကြတဲ့ လူတိုင်းကို ကမ္ဘာ့လူထုကြီးက ကြိုဆိုနေပါတယ်။ ဆင်းရဲ ငတ်မွတ်ခြင်းတွေ၊ ရန်ငြိုးထား အမုန်းပွါးနေခြင်းတွေ၊ ခိုက်ရန် ဖြစ်ပွါးခြင်းတွေ၊ စစ်ပွဲတွေ၊ ယှဉ်ပြိုင် အနိုင်ယူခြင်းတွေ အဆုံးသတ်စေဖို့ ကမ္ဘာ့ဘာသာကြီးများ အချင်းချင်း အတူတကွ နားလည်သဘောပေါက်ကာ ယှဉ်တွဲမနေနိုင်သ၍ မဖြစ်နိုင်ပါ။
ကမ္ဘာ့ဘာသာကြီးများဟာ နိုင်ငံတိုင်းမှာ စွဲစွဲမြဲမြဲ အမြစ်တွယ်ပြီး ရှိနေတတ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ဘာသာကြီးများနဲ့ ယုံကြည်ရာများကို စာသင်ကျောင်းများ၊ တက္ကသိုလ်နဲ့ ကောလိပ်များမှာ သင်ခန်းစာတစ်ခု အဖြစ် သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို သင်ကြားလေ့လာစေခြင်း အားဖြင့် မိမိ အသိုက်အမြုံမှ လူတိုင်းရဲ့ ကြွယ်ဝလှတဲ့ ဘာသာရေး အမွေအနှစ်များကို နားလည် သဘောပေါက်ပြီး လေးစား စေလိမ့်မယ်။ အဲဒီလို နားလည် သဘောပေါက်ခြင်း အားဖြင့် သဘောကွဲလွဲခြင်းများ၊ ယှဉ်ပြိုင် အနိုင်ယူခြင်းများ၊ တစ်ဖက်သတ် ဘက်လိုက်ခြင်းများ ချုပ်ငြိမ်းပေမယ်။
တစ်ခါတစ်ရံ လူနည်းစု ဘာသာဝင်များဟာ တခြား အများစု ဘာသာဝင်များရဲ့ ၀ိုင်းပယ်ခြင်း ခံရတတ်ပါတယ်။ ရေဒီယို၊ တယ်လီဗေးရှင်းများမှာ မကြားရ မမြင်ရသလောက်ပင် ချိုးနှိမ် ခံရတတ်ပါတယ်။ အမှန်မှာတော့ အဲလိုမဖြစ်သင့်ပါ။ အပြုသဘောဆောင်တဲ့ ဆက်ဆံခြင်း၊ အလေးထားခြင်းများက ဘာသာဝင်များ အကြား ပွင့်လင်းသည့် စည်းလုံးမှုများ၊ ဖြစ်ပေါ်လာနိုင်ပါတယ်။
ယုံကြည်ရာနဲ့ ဘာသာမတူတဲ့ တိုင်းပြည်များသို့ အလည်အပတ်ပဲဖြစ်ဖြစ်၊ လေ့လာရေးခရီးပဲ ဖြစ်ဖြစ်၊ သွားရောက်တဲ့ ခရီးသွားဧည့်သည်များကို အဲဒီတိုင်းပြည်က လူများရဲ့ ယုံကြည်ချက်နဲ့ ထုံးတမ်းစဉ်လာများကို ပညာပေးသင့်ပါတယ်။ အဲဒီနည်းဖြင့်သာ အပြန်ခရီးတစ်လျှောက်မှာ သူတို့မြင်ခဲ့ရ၊ တွေ့ခဲ့ရချက်များနဲ့ ခံစားချက်များ သူတို့ရင်မှာ ထာဝရကိန်းအောင်း နေပါလိမ့်မယ်။
ဘာသာရေးအသင်းများမှ ကျွမ်းကျင်သော ဆရာများ၊ သိက္ခာရများ၊ ဘုန်းကြီးများကို ဖိတ်ကြားကာ မိမိတို့ ဘာသာဝင်များအား ဗဟုသုတအဖြစ် ဓမ္မတရားများကို ဟောကြားစေသင့်ပါတယ်။ တစ်ပါးသူရဲ့ ယုံကြည်ရာများကို သဘောပေါက်ခြင်းအားဖြင့် မိမိ ယုံကြည်ရာဘာသာများ ပိုမို စွဲမြဲစေပါတယ်။ အများစုထင်ကြတာက အဲဒီလို တစ်ပါးသူက ၀င်ရောက်တရားပြပါက မိမိဘာသာဝင်များ သူတို့ နောက်ပါသွားမယ်လို့ အထင်မှား နေတတ်ကြပါတယ်။
အထက်က ဆွေးနွေးတင်ပြခဲ့တဲ့ သဘောတရားများကြောင့် ဘာသာတရား အယူအဆမျိုးစုံကို လက်ခံ ယုံကြည်ကြတဲ့ လူများနဲ့ ဖွဲ့စည်းထားတဲ့ လူ့ အဖွဲ့အစည်းကြီးမှာ အားလုံး အတူတူ လေ့လာသင်ယူရင်း ဆွေးနွေး ဖလှယ်ကာ နေထိုင်သင့်ပါတယ်။

မာကု (ဒဿန)


Read More...

Tuesday, May 12, 2009

ထာဝရ အမွေ


ထာဝရ အမွေ

ယနေ့ လမ်းပေါ်မှာ လေလွင့်နေကြတဲ့ ကလေးသူငယ် (လူငယ်)တွေ အများကြီး ရှိနေပါတယ်။ အဲဒီ လူငယ်တွေကို ဘယ်လိုနည်းနဲ့ လမ်းမှန်ကိုရောက်အောင် ပြုပြင်ပေးကြမလဲ။ တော်တော်နဲ့ ပြုပြင်ပေးလို့ လွယ်မယ် မထင်ဘူး။ ငယ်စဉ်က အဲဒီလူငယ်တွေရဲ့ အမိအဘတွေက လူ့လောကထဲကို လွယ်လွယ်လေးနဲ့ ပို့ဆောင်ခဲ့တာကြောင့် ယနေ့ အဲဒီလူငယ်တွေ စာရိတ္တ ပျက်ဆိုးသွမ်းနေကြတယ်။
အကျင့်စာရိတ္တပျက်စီးနေတဲ့ လူငယ်တွေ ဖြစ်မလာအောင် ဦးစွာ ပထမမိဘတွေက ငယ်စဉ်ကစတင်ပြီး ကိုယ့်ရဲ့ ရင်သွေး (ကလေးသူငယ်)တွေကို လမ်းကောင်း လမ်းမှန် ပြသပေးဖို့လိုပါတယ်။ (Character begins in our infancy and continue untill death.) အကျင့်စာရိတ္တ ဆိုတာ ကျွန်ုပ်တို့ ငယ်စဉ်ကတည်းက စတင်ပြီး သေသည့်တိုင်အောင် ဆက်လက် တည်မြဲနေမယ့်အရာ ဖြစ်ပါတယ်။ ပြီးတော့ (Man's character is his fate) အဲဒီ အကျင့်စာရိတ္တဟာ ကျွန်ုပ်တို့အားလုံးရဲ့ ကံကြမ္မာပါပဲ။ ကျွန်ုပ်တို့အားလုံးရဲ့ အကြီးမားဆုံး လိုအပ်ချက်နဲ့ အကြီးမားဆုံး ကာကွယ် စောင့်ရှောက်မှုဟာ အဲဒီအကျင့် စာရိတ္တပဲ ဖြစ်ပါတယ်။ ဆိုရိုးလေးတစ်ခုကလည်း - ငွေဆုံးလျှင် နည်းနည်းရှုံးသည်။ ကျန်းမာရေးဆုံးလျှင် တချို့တစ်ဝက်ရှုံးသည်။ စာရိတ္တဆုံးလျှင် အားလုံး ရှုံးသည် တဲ့၊ ဒါကြောင့် - လူမှာ အရေးကြီးဆုံး အရာဟာ "အကျင့်စာရိတ္တ" ပါပဲ။ ဒါတွေကို ကျွန်တော်တို့ မိဘတွေ သိမြင်ဖို့၊ အလေးထားဖို့ သိပ်အရေးကြီးပါတယ်။
ကျွန်တော်တို့ မိဘတွေက ကျွန်တော်တို့ကို အိမ်တွေ၊ ခြံတွေ၊ ကားတွေ၊ စိန်၊ ရွှေ၊ ငွေတွေပေးမှ မိဘအမွေလို့ ယူဆကြမှာလား။ မဟုတ်ပါဘူး။ ဒီအရာပစ္စည်းတွေဟာ ခဏတဒင်္ဂမျှသာ တည်မြဲမယ့် အရာတွေပါ။ ထာဝရအမွေ မဟုတ်ပါဘူး။ အတိတ်က သမိုင်းထဲမှာ စံပြမိဘတွေ အများကြီးတွေ့နိုင်ပါတယ်။
ဟိုး- နှစ်ပေါင်း ၇၄-၇၅ ခုနှစ် လောက်ဆီက အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းနေစဉ် လွတ်လပ်ရေး လှုံ့ဆော် စည်းရှုံးမှုအတွက်နဲ့ အင်္ဂလိပ်နယ်ချဲ့ အစိုးရရဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ပန်ဒစ်ဂျဝါနေရူး၊ ဒီပုဂ္ဂိုလ်ကြီးက ၁၉၃၀ - ပြည့်နှစ်၊ အောက်တိုဘာလမှာ အသက် (၁၃) နှစ်ပြည့်မယ့် သမီးလေးထံ ဖခင် တစ်ဦးအနေနဲ့ မွေးနေ့လက်ဆောင်တစ်ခုခုတော့ ပေးချင်တာ၊ ထောင်ထဲကနေ ဘာမှ မတတ်နိုင်ပဲ ဖြစ်နေတယ်။ အဲဒီလို အခက်အခဲကြားထဲကနေ တတ်နိုင်သလောက် ဘ၀အတွက် မှတ်သားစရာ "ချစ်သမီးသို့" ဆိုပြီး စာရေးခဲ့ပါတယ်။
"ချစ်သမီးသည် သူတစ်ပါးမသိအောင် ပုန်းလျှိုး ကွယ်လျှိုး ကိစ္စတို့ကို ဘယ်သောအခါမှ မလုပ်မိစေရန်သတိရှိရမည်။ သူတစ်ပါး သိမည်စိုး၍ ဖုံးကွယ်လို သောကိစ္စမှာ သတ္တိမရှိသောစိတ်၊ ကြောက်ရွံ့သည့် စိတ်သာဖြစ်သည်။ ကြောက်ရွံ့သော စိတ်သည် ချစ်သမီးနှင့် မအပ်မတန်ချေ။ ချစ်သမီး သတ္တိရှိပါ။ သတ္တိရှိလျှင် ကိစ္စအားလုံး ပြီးသည်။ ချစ်သမီး သတ္တိရှိလျှင် ကြောက်တော့မည် မဟုတ်။ ချစ်သမီး ရှက်ရမည့် ကိစ္စကိုလည်း ပြုလုပ်တော့မည် မဟုတ်ချေ။" လို့ ထောင်ထဲကနေ ဒီစာလေးနဲ့ စိတ်ဓာတ်အမွေ ပေးခဲ့တယ်။ နောင်တစ် ချိန်မှာ သမီးအင်ဒီရာဟာ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
နောက် ... ဥာဏ်ထိုင်းတယ် ဆိုပြီး ကျောင်းကနေ ထုတ်ပယ်ခံရတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး သောမတ်စ်အယ်ဒီဆင် (Thomas Edison) ကို သူ့ရဲ့ အမေက ငါ့သား ဒီလောက်မညံ့ပါဘူး၊ ငါကိုယ်တိုင် သင်ပေးမယ်လို့ မခံချင်စိတ် (မေတ္တာ) လေးထားပြီး ပညာသင်ပေးခဲ့ရာ သူလေးသည် သိပ္ပံပညာမှာ သူမတူအောင် ကမ္ဘာကျော်ခဲ့တယ်။ ဒီလို မိဘကျေးဇူး (အမွေ) ကြောင့် ခေတ်တွေ နှောင်းခဲ့ပေမယ့် ဘယ်သူမှ သူ့ကို မမေ့ကြဘူး။ အဲဒါ ရင်ထဲ (နှလုံး သားထဲ) က စီးကျလာတဲ့ မိဘမေတ္တာ (အမွေ) ကြောင့်ပေပဲ။ မိမိတို့ရဲ့ သားသမီးတွေကို လူဘုံလယ်မှာ တင့်တယ်ထည်ဝါနိုင်အောင် ကျွန်တော်တို့ မိဘတွေက သောမတ်စ်အယ်ဒီဆင်ရဲ့ အမေလို မခံချင်စိတ် (မေတ္တာ) ရှေ့ထားကာ ကိုယ့်ရဲ့ သားသမီးတွေ ငယ်ရွယ်စဉ် အချိန်ကစပြီး ပညာ အမွေပေးသင့်ပါတယ်။ ယနေ့မှာ ခေတ်ကြီးက တိုးတက်နေပြီး ပညာမတတ်ရင် လူ့ အောက်ကျို့ရမယ်၊ လူဘုံလယ်မှာ မျက်နှာငယ် ကြရမယ်။ မိဘတွေက ဒီအချက်တွေကို လစ်လျူ မရှုသင့်ပါ။
အမေရိကန် သမ္မတသမိုင်းမှာ နာမည်ကျော်ပုဂ္ဂိုလ်ကြီး ဂျော့ဝါရှင်တန် ငယ်စဉ်က သူ့ရဲ့ မွေးနေ့လေးတစ်နေ့မှာ ဂျော့အင်မတန်မှ အလိုချင်ဆုံး ပုဆိန်လေးကို ဖခင်က လက်ဆောင်အဖြစ် ပေးခဲ့တယ်။ ဂျော့လည်း ကလးတို့ သဘာဝ လိုချင်တာလေးကို မွေးနေ့လက်ဆောင်အဖြစ် ရတာကြောင့် အရမ်း ပျော်သွားခဲ့တယ်။ အဲဒီ မွေးနေ့လက်ဆောင် ပုဆိန်ကို ကိုင် သူတို့ အိမ်ခြံထဲဆင်းသွားပြီး အပင်တွေကို ခုတ်ဖြတ် ကစားခဲ့တယ်။ ဂျော့ခုတ်ဖြတ် ကစားခဲ့တဲ့ သစ်ပင်တွေထဲမှာ သူ့ဖခင် အလွန် မြတ်မြတ်နိုးနိုး တန်ဘိုးထား ပြုစုထားတဲ့ သစ်ပင်လေးဟာ ပြတ်လုနီးပါး ဖြစ်သွားခဲ့တယ်။ ညနေနေ၀င်စ အချိန်လေးမှာ ဖခင် ခြံဝန်းထဲ လမ်းလျှောက်ဆင်း အပန်းဖြေချိန် သူအင်မတန် မြတ်နိုးတဲ့ သစ်ပင်လေးပြတ်လုနီးပါး ဖြစ်နေတာကို တွေ့ရလို့ တအားကို စိတ်ဆိုးသွားတယ်။ ဂျော့ကိုလှမ်းခေါ်ပြီး သည်သစ်ပင်ကို ဘယ်သူခုတ်သွားသလဲ၊ ဘယ်သူဘဲဖြစ်ဖြစ် ဒီသစ်ပင်လေးကို ခုတ်ဖြတ်ခဲ့တဲ့သူကို ကောင်းကောင်းဆုံးမမယ် လို့ပြောလိုက်တယ်။ ဒီတော့ ဂျော့လေးခင်မျာ အလွန်ကြောက်ရွံ့သွားပြီး မျက်ရည်များ ၀ဲလာကာ "ဖေဖေ သားသည် သစ်ပင်လေးကို ခုတ်ဖြတ် ခဲ့မိပါတယ်" လို့ ၀န်ခံ ခဲ့ပါတယ်။ ဂျော့ရဲ့ ဖခင်က ကြောက်ရွံ့ပြီး မျက်ရည်ဝဲနေတဲ့ သားငယ်ကို "သား မင်း သည်သစ်ပင်လေးကို ခုတ်ဖြတ်တဲ့အတွက် ဖေဖေ စိတ်ဆိုးမိတာ အမှန်ပဲ၊ ဒါပေမဲ့ မင်းအမှန်ကို ပြောရဲတဲ့အတွက် ဖေဖေ၀မ်းသာတယ်၊ မင်း ဒီတစ်ခြံလုံးမှာရှိတဲ့ သစ်ပင်တွေကို ခုတ်ဖြတ်ပစ်လိုက်တာထက် လိမ်လည် ပြောဆိုမှာကို ဖေဖေ ပိုပြီး စိုးရိမ်ပါတယ်" လို့ဆိုရင်း ပွေ့ဖက်လိုက်ပါတော့တယ်။ ဒီလို ဖခင်ရဲ့ဆုံးမမှု (မေတ္တာ)ကြောင့် အမေရိကန် သမ္မတသမိုင်းမှာ ဂျော့ဝါရှင်တန်ဟာ ရိုးသားဖြောင့်မတ်သော သမ္မတကြီးအဖြစ် သမိုင်းတွင်ကျန်ခဲ့ရပါတယ်။ (ဂျော့ဝါရှင်တန်လည်း သူသမ္မတရာထူးရပြီးတဲ့အချိန်မှာ သူရဲ့ငယ်စဉ်က အကြောင်းလေးကို ပြန်ပြောင်း အောက်မေ့ရင်း ပြည်သူတွေကို မိန့် ခွန်းပေးလေ့ရှိပါတယ်။)
ကလေးသူငယ်တွေကို ငယ်စဉ်အချိန်ကစပြီး စာရိတ္တအမွေတွေ၊ ပညာ အမွေတွေပေးဘို့ လိုအပ်ပါတယ်။ ကလေး (လူငယ်) တွေဟာ နောင်တစ်ချိန် (အနာဂတ်) မှာ တက်လူ (လူကြီး) တွေ ဖြစ်လာကြအုံးမယ်။ အဲဒီအချိန်မှာ စိတ်ဓာတ်တွေ ယုတ်ညံ့၊ အမျှော်အမြင် (ပညာ) မရှိဘူး ဆိုရင် လူသားထုကြီးတစ်ခုလုံး တက်လမ်း မရှိပါ။
တစ်ခါက ပညာရှင်သုခမိန်ကြီး ဖရန်စစ်ဝေဟင်ပါထံ အမျိုးသမီးကြီးတစ်ဦးက "ဆရာကြီးရှင့် ကျွန်မကလေးလေးကို ဘယ်ချိန်မှာ ပညာစသင်ပေးရမလဲ" လို့ မေးလိုက်တော့ ဆရာကြီးက ခင်ဗျား ကလေးက မွေးပြီလားလို့ ပြန်မေးတယ်။ အမျိုးသမီးကြီးက မွေးပြီးလို့ အသက်ငါးနှစ်တောင် ရောက်ပါပြီလို့ ပြန်ဖြေလိုက်တော့ ဆရာကြီးက "ဟာ ... ဒါဆိုရင် မဖြစ်တော့ဘူး၊ အမြန်ဆုံးပြန်ပြီး ပညာသင် ပေးတော့၊ အခုလို စကားပြောနေဖို့တောင် အချိန်မရှိဘူး။ ကလေးကိုပညာသင်ပေးဘို့ အချိန် (၅) နှစ်တောင် လွန်သွားပြီ" လို့ ဆရာကြီး ဝေဟင်ပါ ပြန်ပြောခဲ့ပါတယ်။ ဒီအဖြစ်အပျက်က ကလေးတွေကို ငယ် ရွယ်စဉ်အချိန်က စတင်ပြီး ပညာသင်ပေးဖို့ရန် မီးမောင်း ထိုးပြနေပါတယ်။ မိမိတို့ရဲ့ သားသမီးတွေကို မိမိတို့က ဆင်းရဲသား လယ်သမား၊ ထန်းသမား၊ လက်လုပ်လက်စားမို့ ကိုယ့်သားသမီးတွေလည်း ဒီလိုဖြစ် စေကြမှာလား။ မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ ဒီပုံစံကြီးအတိုင်းပဲ ဖြစ်စေကြမှာလား။ ဆင်းရဲသားရဲ့ သားသမီးတွေက ဆရာဝန်ကြီးတွေ၊ ပညာတတ်ကြီးတွေ၊ နိုင်ငံတော်အတွက် အကျိုးပြုမယ့်သူတွေ၊ သာသနာကြီးအတွက် အထောက်အကူ အကျိုးပြုမယ့်သူတွေ မဖြစ်နိုင်ကြတော့ဘူးလား။ ဟင်နရီဝါ့(ဒ်) ဘီးချားကပြောခဲ့ ပါတယ်... "စာအုပ်စာပေ မရှိတဲ့အိမ်ဟာ ပြတင်းပေါက်မရှိတဲ့ အိမ်တစ်လုံးနဲ့တူပါတယ်။ ဒီလိုပါပဲ စာပေကို လေ့လာဖတ်ရှုခြင်း မရှိတဲ့ ဘယ်လူမျိုးမှ ရင်သွေးငယ်လေးတွေကို မှန်မှန်ကန်ကန် ပြုစု ပျိုးထောင်ပေးနိုင်မှာ မဟုတ်ပါဘူးတဲ့။" ဒီမိန့်ဆိုချက်လေး အရ မိဘတွေ ကိုယ်တိုင် စာပေအသိရှိပြီး မိမိတို့ သားသမီးတွေ နောင်ရေးအတွက် စာရိတ္တ အမွေတွေ၊ ပညာအမွေတွေ ငယ်စဉ်အချိန်က စပေးကြမယ်ဆိုရင် လူသားအားလုံးအတွက် ကောင်းကျိုးဖြစ်မယ်၊ သားသမီးတွေလည်း ဘ၀မှာနေထိုင် ရတာ အောင်မြင်ပျော်ရွှင် နိုင်ကြမယ်။
အကျဉ်းချုပ်ပြီး ပြောချင်တာကတော့ မိဘတွေက သားသမီးတွေကို ချစ်တာမှန်ရင် အိမ်တွေ၊ ခြံတွေ၊ ကားတွေ၊ စိန်၊ ရွှေ၊ ငွေတွေ ပေးစရာမလိုပါဘူး။ မိမိတို့ရဲ့ သားသမီးလေးတွေ လျှောက်လှမ်းကြရအုံးမယ့် ဘ၀ခရီးအတွက် စိတ်ထားမှန်ကန်စွာ မေတ္တာတရား ရှေ့ထားပြီး လျှောက်လှမ်းနိုင်အောင် သားသမီးတွေကို မိမိတို့ရဲ့ လုပ်ပုံ ကိုင်ပုံ အမူအရာ ကောင်းလေးတွေနဲ့ ပြသသင့်ပါတယ်။ ပန်ဒစ်ဂျဝါနေရူးလို၊ ဂျော့ဝါ ရှင်တန်ရဲ့ ဖခင်ကြီးလို ပေးပုံချင်းတော့ တူချင်မှ တူမယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့တော့ အမွေကောင်း (ထာဝရ အမွေ) ပေးခဲ့ကြရပါမယ်။ လူမှုဆက်ဆံရေးရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ဟာလည်း လူတစ်ဦးချင်းစီရဲ့ အကျင့် စာရိတ္တပဲ ဖြစ်ပါတယ်။ "လူတစ်ဦး အနေဖြင့် သူနေထိုင်ရာ အဖွဲ့အစည်းအတွက် ရုပ်ပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်း ဆိုင်ရာ၊ ကိုယ်ကျင့်တရား ဆိုင်ရာများ၌ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်သည် ဆိုပါက သူ့ကို မည်သည့်အရာကမှ အသိအမှတ် မပြုဘဲနေလိမ့်မည် မဟုတ်။" လို့ ဒေါက်တာဘွတ်ကာတီဝါ ရှင်တန်က ဆိုထားခဲ့ဘူး ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ၀န်စတန်ချာချီ ငယ်စဉ်ကလေးဘ၀က သူ့သူငယ်ချင်းတွေကို "တို့အားလုံးဟာ ပိုးကောင်လေးတွေ ဖြစ်ကြတယ်။ ဒါပေမယ့် ငါကတော့ ပိုးစုန်းကြူးကွ" လို့ပြောခဲ့သလို ကျွန်တော်တို့ မိဘတွေကလည်း ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေ ငယ်ရွယ်စဉ်အချိန်ကစပြီး ရုပ်ပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားတို့မှာ အမြဲတမ်း ပိုးစုန်းကြူးလေးလို တောက်ပအောင် လမ်းပြပေး သင့်ပါတယ်။ မိမိတို့နဲ့အမျှ ချစ်ရတဲ့ မိမိရဲ့ သားသမီးကို ထာဝရအမွေပေးနိုင်ကြပါစေ၊

ရှန်ပိန်

Read More...

Thursday, May 7, 2009

ရှေးခေတ်ကအမျိုးသမီးများအပေါ် အမျိုးသားများ၏ပြုမူဆက်ဆံမှုများ


ရှေးခေတ်ကအမျိုးသမီးများအပေါ် အမျိုးသားများ၏ပြုမူဆက်ဆံမှုများ

မြန်မာစကားပုံတစ်ခုဖြစ်တဲ့ ဆူးပေါ်ကျဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက် ဆိုတဲ့အတိုင် အမျိုးသမီးများရဲ့ ဘ၀ဟာ ဖက်ပုံသဏ္ဍာန်ဆောင်လျှက် ရှိပါတယ်။ အထူးသဖြင့် ရှေးခေတ်က အမျိုးသမီးများဘ၀မှာ အလွန်ပင် သနားစရာ ကောင်းလှပါတယ်။ ရှေးခေတ်များတွင် အမျိုးသားများက အမျိုးသမီးများအပေါ် ပြုမူ ဆက်ဆံပုံများမှာလည်း အံ့သြစရာကောင်းလှပါတယ်။

ဘီစီ-၁၇၀၀က ဘာဘီလုံနှင့် နေရာတ၀န်း ကွာရှင်းပြတ်စဲခြင်းမှာ အမျိုးသားများရဲ့ လိုအင် ဆန္ဒပေါ်တွင် မူတည်ပါတယ်။ မိုးဇယ်မဖွါးမီ ခေတ်ကာလများက ဆိုရင် ခင်ပွန်းသည် အမျိုးသားများဟာ သူတို့ရဲ့မိတ်ဆွေများကို သက်သေအဖြစ် ဖိတ်ကြားကာ ၎င်းင်းတို့၏ ရှေ့တွင်ပင် အမျိုးသမီးများအား ၎င်းင်း၏ဇနီးတစ်ဦး မဟုတ်တော့ကြောင်း ပြောကြားကာ အမျိုးသမီးကို စွန့်ပစ်နိုင်သည် အထိ တန်ခိုးအာဏာ ရှိပါတယ်။ ထိုသို့၎င်းင်း၏ ဇနီးအား ဇနီးအဖြစ်မှစွန့်ပစ်လိုက်ပြီဟု ပြောဆိုပြီးသည်နှင့် တပြိုင်နက် ဇနီးဖြစ်သူမှာ ၎င်းင်းသယ်နိုင်သလောက် ၎င်းင်း၏ ကိုယ်ပိုင်ပစ္စည်းများကို သယ်ဆောင်ပြီး မိသားစုနေအိမ်မှ ထွက်ခွါ သွားရပါတယ်။

ထိုကာလများဆိုလျှင် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအနေနှင့် ယုံကြည်သည်မှာ အမျိုးသားတစ်ဦး အနေနှင့် ၎င်းင်း၏ ဘ၀အသက်တာ ကာလတစ်လျှောက်တွင် အမျိုးသမီးတစ်ဦးမက လိုအပ်သည်ဟု ယုံ ကြည်ကြကြောင်း၊ သို့ရာတွင် အမျိုးသမီးတစ်ဦးအနေနှင့် ကတော့ ၎င်းင်း၏ဘ၀အသက်တာ ကာလတစ်လျောက်တွင် အမျိုးသားတစ်ဦးသာ ထားရှိရန် ကန့်သတ်ထားပါတယ်။ ထို့အပြင် အမျိုးသမီး ဇနီးသည်တစ်ဦးသည် ခင်ပွန်းသည် အမျိုးသား၏ ကိုယ်ပိုင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။

ရှေးရောမခေတ် အခါကဆိုလျှင် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ရည်မှန်းချက် မြင့်မားသော အမျိုးသားတစ်ဦးအနေနှင့် အကြိမ်ပေါင်းများစွာ လက်ထပ်နိုင်ပြီး အကြိမ်ပေါင်းများစွာ ကွာရှင်းပြတ်စဲ နိုင်ပါတယ်။ အမျိုးသမီးတစ်ဦးအနေနှင့် ၎င်းင်း၏ ခင်ပွန်းသည် ပိုင်ပစ္စည်းဖြစ်သည်သာမက ၎င်းင်း၏ ဖခင်ပိုင် ပစ္စည်းလည်း ဖြစ်ပါတယ်။ အဆိုးဆုံးမှာ ၎င်းင်း၏ ရင်သွေးငယ်များအား ခင်ပွန်းသည် အနေနှင့် ပိုက်ဆံလိုအပ်ပါက ရောင်းစားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ရောမအင်ပါယာ ပြိုကွဲသွားသည့် အခါတွင်တော့ အနိုင်ရရှိသွားသည့် ဥရောပရှိ ဂျာမန်လူမျိုးစုခေါ် Barbariansများ ယုံကြည်သည်မှာ အမျိုးသမီးများအနေနှင့် လက်ထပ်မည့် ခင်ပွန်းသည်ကို ရွေးချယ်ရန် အခွင့်အရေးမရှိကြောင်း၊ ၎င်းင်း၏ ဆွေမျိုးသားချင်း အမျိုးသားများက ရွေးချယ်သော သူကိုသာ လက်ခံပြီး လက်ထပ်ရကြောင်း သိရပြီး သတို့သားပေးသည့် သတို့သမီးအတွက် မင်္ဂလာကြေးများ အားလုံးကိုလည်း ဆွေမျိုး သားချင်းများကသာ ခွဲဝေယူကြပါတယ်။

ထိုအချိန်အခါက လူမှုရေးဖောက် ပြန်သည့် အမျိုးသမီး ဇနီးသည်များအား ၎င်းင်းတို့ ခင်ပွန်းသည် ယောင်္ကျားများက အကြမ်းတမ်းဆုံး အခက်ထန်ဆုံး အပြစ်ဒဏ်များကို ပေးခွင့်ရှိပါတယ်။ ခင်ပွန်းသည် အနေနှင့် ပြစ်မှုကျူးလွန်သည့် ဇနီးသည်၏ ဆံပင်ကိုဖြတ်ခွင့်ရှိပြီး မိသားစု၏ရှေ့တွင် အင်္ကျီဆုတ်ဖြဲကာ ရပ်ရွာ တစ်လျှောက်လမ်း လျှောက်စေပြီး တစ်ချိန်တည်းမှာပင် ကြိမ်ဒဏ်ပေးမှု ပြုပါတယ်။ ထိုသို့ အပြစ်ပေးရုံဖြင့် မကျေနပ်သေးပါက မိမိ၏ဇနီးသည်ကို သတ်ခွင့်ရှိသည်ထိ ဥပဒေက လိုက်လျောထားပါတယ်။

၆ရာစုနှင့် ၇ရာစုများက ဆိုလျှင် ချမ်းသာကြွယ်ဝသည့် အမျိုးသားများသည် ၎င်းင်းတို့ တတ်နိုင်သလောက် မိန်းမများယူခွင့် ရှိပါတယ်။ အမျိုးသားတစ်ဦး ၎င်းင်း၏ ဇနီးသည်(သို့) ဇနီးသည်များအပေါ် စိတ်ကုန်သွားပါက ထိုဇနီးသည် အားလုံးကို တချိန်တည်း ကွာရှင်းပြတ်စဲ နိုင်ပါတယ်။ ၁၈ရာစု အင်္ဂလန်နိုင်ငံတွင် အမျိုးသားတစ်ဦး အနေနှင့် ၎င်းင်း၏ ဇနီးသည်အား အခြားအမျိုးသား တစ်ဦးထံ ရောင်းချခြင်းဖြင့်စွန့်ပစ်နိုင်ကြောင်း ၁၇၇၂ ခုနှစ်က အင်္ဂလိပ်စာရေးဆရာ Thomas Handy ၏ ရေးသားချက်တွင် ခင်ပွန်းသည် ဇနီးအမျိုးသမီး၏ လည်ပင်းတွင် ခါးပတ်ကြိုးချည်၍ ၎င်းင်းအား ဈေးထဲသို့ ခေါ်ဆောင်သွားပြီး ကျွဲ နွား တိရိစ္ဆာန် တစ်ကောင်ကဲ့သို့ လေလံတင်၍ ရောင်းချနိုင်ကြောင်း တွေ့ရှိရပါတယ်။

၁၈၀၄ခုနှစ် ပြင်သစ်ဘုရင် နပိုလီယံ၏ ဥပဒေအရ အမျိုးသားတစ်ဦး အနေနှင့် ၎င်းင်း၏ ဇနီးအား ကွာရှင်း ပြတ်စဲလိုက်သော်လည်း ကလေးများ၊ အိမ်နှင့်ငွေ အားလုံးကို ယူထားနိုင်ကြောင်း၊ ထိုခေတ်အခါက ဇနီးသည် အမျိုးသမီးသည် သစ္စာ မရှိပါက ထောင်ဒဏ် နှစ်နှစ်ကျနိုင်ကြောင်း၊ သို့ရာတွင် အမျိုးသားသည် သစ္စာမရှိပါက အပြစ်ဒဏ်ခံယူရန် မလိုကြောင်း တွေ့ရပါတယ်။

၁၈၅၀ ခုနှစ်များတွင် အမေရိကန် အမျိုးသမီးများ၏ ဘ၀မှာလည်း တခြား ကမ္ဘာတ၀န်းမှ အမျိုးသမီးများ၏ ဘ၀ထက်မသာ၊ အတူတူပင်ဖြစ်ပါတယ်။ အမျိုးသမီးများမှာ ကျွန်များ၊ စိတ်မနှံ့သူများ၊ ဥာဏ် ရည်အဆင့်မမှီသူများ၊ ကလေးများနှင့် တတန်းစားတည်း ထားခြင်းခံရပါတယ်။ ၎င်းင်း၏ ခင်ပွန်းသည် ၎င်းင်းပိုင်သည့် ပိုက်ဆံသာမက ပစ္စည်းအားလုံးကိုလည်း ပိုင်ဆိုင်ပါတယ်။ ကွာရှင်းပြတ်စဲနိုင်ပါတယ်။ ၁၈ ရာစု အင်္ဂလန်နိုင်ငံတွင် တရားစီရင်သူ Sr.Willian Blackstire က ထုတ်ပြန်ကြေညာမှု ပြုသည်မှာ ခင်ပွန်းသည်နှင့် ဇနီးသည်မှာ တစ်ဦးတည်းဖြစ်သည် ဟုဆိုခဲ့ပါတယ်။ အထက်ပါတင်ပြခဲ့သည့်အကြောင်း အရာများကို ကြည့်မယ်ဆိုလျှင် ရှေးခေတ်များက အားနွဲ့သူ အမျိုးသမီးများ၏ဘ၀မှာ မသက်သာလှကြောင်း အမျိုးသားများ ပြုသမျှ နုရမည့်ဘ၀၌သာ ရှိကြောင်း တင်ပြလိုက်ရပါတယ်။

မမာလာ(RVA)

Read More...

Saturday, May 2, 2009

အရှုံးရေစီးထဲတော့ အမျောမခံပါ


အရှုံးရေစီးထဲတော့ အမျောမခံပါ


လူ့ဘ၀မှာ အကြောင်းမသင့် အဆင်မပြေမှုတွေ ကြုံရတတ်တယ်။ ဒီလို ကြုံတွေ့ခဲ့ရရင် သတိတရားမရှိတဲ့လူက "ငါတော့သွားပြီ၊ ဖြစ်မှဖြစ်ရလေခြင်း၊ ငါ တော့ ဒုက္ခကြုံပြီ" ဆိုပြီး ရင်ဘတ်စည်တီး ပြုလုပ်တတ်ကြပါတယ်။ ပညာရှိသတိရှိတဲ့ လူဆိုရင်တာ့ "ငါတော့ ဒုက္ခကြုံပြီ။ ဒီ အခက်အခဲကနေ ဘယ်လိုသင်ခန်းစာယူ ရမလဲ၊ ငါ့အခြေအနေကို ဘယ်လိုနည်းနဲ့ ကောင်းမွန်အောင်ပြုပြင်နိုင်မလဲ။ ငါဟာ ဒီကံဆိုးခြင်းအရာကို ကံကောင်းခြင်းအရာ ဖြစ်အောင် ဘယ်လိုကြိုးစားပြီးလုပ်ရမလဲ" လို့ ပြောဆိုမှာဖြစ်တယ်။ အသိတရားမရှိ တဲ့သူက ကံကိုအပြစ်တင်ကာ လောကကြီးကို မကျေမနပ်ဖြစ်နေပေမဲ့ ပညာသတိရှိတဲ့ သူကတော့ အဆိုးကအကောင်းဖြစ်အောင် လုပ်ဆောင်ဖို့ ကြိုးစားလမ်းရှာနေမှာဖြစ်တယ်။ လူတိုင်းမှာ ဒုက္ခတမျိုးစီ ကြုံရစမြဲပဲ။ ဒီလိုကြုံရတဲ့အခက်အခဲများတွေထဲက အောင်မြင်မှုရအောင် ကြိုးစားနိုင်ရမှာဖြစ်တယ်။

လူ့ဘ၀မှာ အရှုံးကိုအမြတ်ဖြစ် အောင်လုပ်နိုင်တဲ့သူ တစ်ယောက်ရှိခဲ့ပါတယ်။ ထိုသူကတော့ နယူးယောက်မြို့သူ အဲလ်မာတော်မဆင်ပဲ ဖြစ်ပါတယ်။ စစ်တွင်းက သူမရဲ့ခင်ပွန်းဟာ မြောက်အမေရိကတိုက် တောင်ဖက်အဖျားမှာ ရှိတဲ့ မက္ကဆီကိုနယ်က မိုးယေးသဲကန္တာရကြီးထဲမှာ စစ်ရေးလေ့ကျင့် သင်တန်းကို ပို့ခံရတာနဲ့ သူမပါလိုက်သွားတယ်။

သဲကန္တာရကြီးထဲမှာ နေရတာ ဘယ်လောက် ဆင်းရဲသလဲဆိုတာ ပြောမပြနိုင်အောင်ပါ။ သူမဟာ ဒီသဲကန္တာရကြီးကို ရွံ့မုန်းကြီး ဖြစ်ခဲ့ရပါတယ်။ ပူလိုက်တာလဲ လွန်ရော၊ သစ်ပင်ဆိုတာလည်း ရှားဇောင်း ပင်တွေပဲရှိတော့ အရိပ်လည်း ကောင်းကောင်းမရနိုင်ပါ။ မက္ကဆီကိုက လူတွေက အင်္ဂလိပ်စကား မပြောတတ်ကြပါ။ နေ့လည်မှာ သူမရဲ့ခင်ပွန်းအလုပ်ဆင်းရင် သူမဟာ တဲလေးထဲမှာတစ်ယောက်တည်း စကားပြောစရာ အဖော်လည်းမရှိနဲ့ အထီးကျန်၊ ပျင်းရိခြောက်သွေ့စွာ နေနေရပါတယ်။

လေကလဲ တနေကုန် တိုက်တယ်။ စားသမျှ အစာတွေထဲမှာ သဲမှုံနဲ့၊ အသက်ရှူရင်လည်း သဲတွေ နှာခေါင်းထဲဝင်သွားတယ်။ နေရာတကာမှာ သဲတွေချည်းပဲဖြစ် နေပါတယ်။ အဲလ်မာတော်မဆင်ဟာ အလွန်ပဲ စိတ်ဆင်းရဲ မိတာပေါ့။ ဒါနဲ့ သူမရဲ့ မိဘတွေဆီစာရေးလိုက်တယ်။ ဒီသဲကန္တာရ ကြီးထဲမှာ တစ်မိနစ်တောင် မနေချင်တော့ဘူး၊ ထောင်ထဲမှာတောင် ကောင်းကောင်း နေရအုံးမယ်။ ပြန်လာတော့မယ်လို့ ရေးလိုက်တယ်။ သူမရဲ့အဖေက စာပြန်ရေး လိုက်တယ်။ ပြန်စာက စာလေးနှစ်ကြောင်း ထဲပါ။ ဒါပေမဲ့ စာကြောင်းလေး နှစ် ကြောင်းကို သူမတသက်မမေ့နိုင်တော့ဘူး။
"လူနှစ်ယောက်သည် ထောင်တံခါးမှ အပြင် ဖက်ကို မျှော်ကြည့်ကြ၏။ တစ်ယာက်က ရွှံ့ကိုမြင်ပြီး တစ်ယောက်က ကြယ်တာရာကိုမြင်သည်" တဲ့။ အဲလ်မာတော်မဆင်ဟာ ဒီစာကြောင်းကို ထပ်ခါထပ်ခါဖတ်ပြီး အဓိပ္ပာယ် ပေါက်လာတဲ့အခါမှာ အရမ်းက ရှက်သွားပါတယ်။

မိမိဘာသာချထားတဲ့ ထောင်ခန်းထဲက အပြင်ကိုလှမ်းကြည့်တာ အနိဌာန်ရုံဖြစ်တဲ့ ရွှံ့ကို မြင်မနေတော့ဘဲ လှပကြည်နူးစရာ ကြယ်တာရာတွေကို ကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်ကစပြီး သူမဟာ နယ်သူနယ်သားတွေနဲ့ အသိဖွဲ့တော့တာပါပဲ။ သူတို့တွေက ဒီလိုမိတ်ဆွေဖွဲ့ရင် သိပ်ကို ဖော်ရွေတတ်ကြ တာကို အံ့သြမိခဲ့တယ်။ သူတို့လုပ်တဲ့ အိုးလုပ်ငန်းနဲ့ရက်ကန်းလုပ်ငန်းတွေကို ဂရုစိုက်လိုက်တယ် ဆိုရင်ပဲ သူတို့ လက်ရာတွေကို လာပြီး လက်ဆာင်ပေးကြတယ်။ ဒီလက်ဆောင်ကောင်းတွေဟာ နယ်လှည့် ခရီးသည်တွေ လာပြီး ဈေးကောင်းကောင်းပေးဝယ်တောင် ရောင်းတာမဟုတ်ဘူး။ သူမကို ခင်လွန်းလို့ လက်ဆောင်ပေးကြတာ ဖြစ်တယ်။ သူမဟာ အဲဒီဒေသမှာပေါက်တဲ့ ရှားဇောင်းပင် အမျိုးမျိုးကို သေချာစွာ ကြည့်ပြီး ပညာတစ်ရပ်အဖြစ် လေ့လာတယ်။ သဲကန္တာရမှာရှိတဲ့ ခွေးတွေ အကြောင်းစုံစမ်းတယ်။ နေ၀င်ချိန်ကို
သေသေချာချာ ကြည့်တယ်။ သဲကန္တာရမှာ နေ၀င်ချိန်ဟာ အရမ်းကိုလှတာ မြင်တွေ့ခဲ့ရတယ်။ သဲကန္တာရထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း မရေမတွက်နိုင်လောက်တဲ့ အချိန်တုန်းက ပင်လယ်အောက် ကျန်ရစ်ခဲ့တဲ့ ခရုခွံတွေကို အရောင်စုံပုံစံ အမျိုးမျိုးနဲ့ တွေ့ရတယ်။

ဒီလိုလုပ်လိုက်တာ့ သူမရဲ့ အခြေအနေဟာ ပြောင်းသွားတယ်။ အဲဒါ ဘာကြောင့် ပြောင်းလဲတာလဲ။ သဲကန္တရကြီးက ပြောင်းသွားတာလား၊ နယ်သူနယ်သားတွေ ပြောင်းလဲသွားတာလား။ မဟုတ်ပါဘူး။ ပြောင်းသွားတာက သူမရဲ့ စိတ်သဘောထားပါ။ အစက ရွှံ့မုန်းပေမယ့် ခုတော့ ဒီဒေသမှာ အလိုအလျောက် ပျော်စရာကြီးပါလားလို့ သဘောထားမိလာတယ်။ နေရာသစ်ကို ရောက်တဲ့အခါ စိတ်တက်ကြွပြီး မြင်မြင်သမျှဟာ အထူးအဆန်းချည်း ဖြစ်နေတော့တယ်။ စိတ်ဝင်စားစရာ တွေများလွန်းလို့ (Bright Ramparts) "တောက်ပသော မြေကတုတ်" ဆိုတဲ့ အမည်နဲ့ဝတ္ထု စာအုပ်တစ်အုပ်တောင် ရေးဖြစ်ခဲ့တယ်။ အဲဒီတော့မှ သူမအဖေ ရေးပေးလိုက်တဲ့ ကဗျာကောက်နှုတ်ချက်ထဲကလို ထောင်ခန်းထဲက နေကြယ်တာရာကို မြင်တဲ့သူနဲ့ တူလာပါတော့တယ်။


အခက်အခဲကို အောင်မြင်လိုက်ရာမှ ရရှိလာတဲ့ စိတ်ချမ်းမြေ့မှုက အလွန်ပဲ ကြီးမားလှပါတယ်။ လူ့ဘ၀မှာ အခက်အခဲ မရှိရင် အောင်မြင်မှုဆိုတာ မရှိနိုင်ပါ။ ဒါကြောင့် နယူးယောက်မြို့သူ အဲလ်မာတော်မဆင်လို လက်တွေ့ဘ၀မှာကြုံရတဲ့ အရှုံးအခက်အခဲမှ အမြတ်၊ အောင်မြင်မှုရအောင် ကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူမဆို အခက်အခဲနဲ့ မတွေ့ကြုံရတဲ့ သူဆိုတာမရှိပါ။ ကြုံရတဲ့ အခက်အခဲတွေထဲမှာ ညည်းညူ အရှုံးပေးမနေဘဲ ကြိုးစား လုပ်ဆောင်သွားမှသာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်တယ်။ ကံဆိုး သံပုရာကို ကံကောင်း ဖျော်ရည်ဖြစ်အောင် လုပ်နိုင်တဲ့အချက်က စိတ်ကျေနပ် ပျော်ရွှင်စရာပင်။ အကြောင်းမသင့်လို့ အခက်အခဲကြုံခဲ့ရင်တောင် ပညာသတိ ရှိစွာနဲ့အရာရာကို ကျော်လွှားနိုင်အောင်၊ ကြုံရတဲ့ အခက်အခဲတွေ ထဲမှာ အညံ့မခံဘဲ အောင်မြင်မှုကမ်းဆီသို့ အရောက် ကူးခပ်သွားဖို့ ကြိုးစားကြရမှာ လူသားတွေရဲ့ တာဝန်ပင် ဖြစ်ပါတော့တယ်။


မနော

Read More...