Monday, December 1, 2008

ကြိုဆိုကြစို့


ကြိုဆိုကြစို့

ခရစ္စမတ်ဆိုတာ သားတော်ဘုရား လူ့အဖြစ်ကိုယူပြီး မွေးဖွားခြင်းခံတာဖြစ်ကြောင်း ကျွန်တော်တို့ အားလုံး သိထားကြပါတယ်။ ဒါကြောင့် ခုလို ခရစ္စမတ်အချိန်ကာလမှာ သားတော်ဘုရား လူ့အဖြစ်ကိုယူခြင်းရဲ့ ထူးခြားတဲ့ အချက် (၃) ခုကို တင်ပြလိုပါတယ်။

ပထမအချက်
ကတော့ သားတော်ဘုရားရဲ့ မွေးဖွားခြင်းက ကမ္ဘာ့သမိုင်းကို (၂) ပိုင်း ခွဲလိုက်ခြင်းပါပဲ။ ခရစ်တော် မမွေးဖွားမှီ အချိန်ကာလကို Before Christ (BC) အဖြစ် သတ်မှတ်ပြီး ခရစ်တော်ဖွားမြင်ပြီး ဒီဘက် ခေတ်ကိုတော့ Anno Domini (''AD'' Year of the Lord) နဲ့ သတ်မှတ်ဖော်ပြပါ တယ်။ ဘုရားကို မယုံကြည်၊ လက်မခံတဲ့ဒိဋ္ဌိတွေ၊ ကွန်မြူနစ်တွေတောင်မှ သူတို့ရဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်တဲ့အခါ သူတို့က မယုံကြည်၊ လက်မခံပါဘူးလို့ ငြင်းဆန်နေတဲ့ ဘုရားသခင်ကို ဗဟိုပြုပြီး သတ်မှတ်ထားတဲ့ ခရစ်သက္ကရာဇ်ကိုပဲ အသုံးပြုကြရပါတယ်။

ကမ္ဘာမှာ နိုင်ငံရေး ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ သမိုင်းဝင်ပုဂ္ဂိုလ် တွေရှိခဲ့ပေမယ့် သခင်ယေဇူးလောက် လူသိမများကြပါဘူး။ သူတို့ ဘယ်အချိန်မှာမွေးတယ်၊
ဘယ်အချိန်မှာ ဘာလုပ်တယ်၊ ဘယ်အချိန်မှာ သေတယ်ဆိုတာကို AD (သို့) BC နဲ့ တွက်ချက်ပြီး မှတ်တမ်းတင်ခံကြရပါတယ်။

ဒုတိယထူးခြားချက်ကတော့ သခင်ဘုရားရဲ့ မွေးဖွားခြင်းဟာ လူတွေက ဘုရားဘယ်မှာရှိသလဲလို့ လိုက်ရှာတာမျိုး မဟုတ်ဘဲ ဘုရားကလူတွေဆီ အရောက်ဆင်းကြွလာပြီး လူတွေကြားထဲမှာ လူလိုလာမွေးဖွားခြင်းခံတာ ဖြစ်ပါတယ်။ အောက်ကနေအပေါ်ကို တက်ဖို့ ကြိုးစားတာမဟုတ်ဘဲ အထက်ကနေ အောက်ကိုဆင်းလာတာဖြစ်ပါတယ်။ "နှုတ်ကပါတ်တော်သည် လူ့အဖြစ်ကို ယူတော်မူပြီ" လို့ သံယောဟန် ရေးသားခဲ့သလိုပဲ ဒုတိယပုဂ္ဂိုလ်သားတော်ဘုရားက လူ့အဖြစ်ကိုယူခြင်းဖြစ်ပါတယ်။ (သံယောဟန် ၃း၁၆)မှာ ပါသလို ခမည်းတော်ဘုရားက လောကီသားကိုချစ်တဲ့အတွက် အပြစ်ကနေ ကယ်တင်ဖို့ရာ တစ်ပါးတည်းသော သားတော်ကိုစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ (၃၃)နှစ်ပဲ လူ့လောကထဲမှာလာနေသွားတာ မဟုတ်ပါဘူး။ ဧမာနုအဲလ်လို့ခေါ်တဲ့ ကျွန်ုပ်တို့နဲ့အမြဲ အတူရှိတဲ့ ဘုရားဖြစ်ပါတယ်။ (သံမာတေဦး ၁း၂၃)

ဒီနေရာမှာ ဘုရားကလူ့အဖြစ်ကို ဘာလို့ယူရသလဲ၊ စေတစ်လုံးနဲ့လူတွေကို
ကယ်တင်လို့မရဘူးလား...လို့ မေးစရာရှိပါတယ်၊ ကျွန်တော်တို့စဉ်းစားရလွယ်အောင် ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ တစ်ခါတုံးက မင်းသားလေးတစ်ပါးဟာ ကျေးတောသူမလေးတစ်ဦးနဲ့ မေတ္တာမျှမိပါသတဲ့။ ဒါပေမဲ့တော်ဝင်သွေး မပါတဲ့ဒီကလေးမကို တောင်ညာစံဒေ၀ီ အရာထားလို့မရဘူးဖြစ်နေတာပေါ့။ မင်းသားလေး အတွက် ရွေးစရာနှစ် လမ်းရှိပါတယ်။ တောသူမလေးကို မေ့ပြစ်၊ မင်းသမီး တစ်ပါး နဲ့ လက်ဆက်ပြီး ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံမလား ဒါမှမဟုတ် ထီးနန်းကို စွန့်လွှတ်ပြီး အညတရ ကျေးတောသားဘ၀ကို ခံယူမလား ဆိုတာပါပဲ။ မေတ္တာရှင် မင်းသားလေးကတော့ ထီးနန်းကို စွန့်လွှတ်ပြီး ကျေးတောသားဘ၀ကို ခံယူခဲ့ပါသတဲ့။ သာမာန်အားဖြင့်ကြည့်ရင် မင်းသားလေးရဲ့ဘ၀ဟာ နိမ့်ကျတဲ့ အညတရဘ၀ကို ရောက်သွားတယ်ဆိုပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ ရှင်ဘုရင်နဲ့မိဘုရားတို့ရဲ့ ရင်ကဖြစ်တဲ့တော်ဝင် ထီးသွေးနန်း သွေးတွေ လှည့်ပတ်စီးဆင်း လျှက်ရှိနေပါတယ်။ သားတော်ဘုရားလူ့အဖြစ်ကို ယူတော်မူတာကလည်း ဒီသဘောပါပဲ။ ဘုရားတန်ခိုးတော်နဲ့ လာရင် ဘုန်းဂုဏ်ရှိန်ဝါတွေကို ကြောက်ကြမယ်။ ကြောက်လို့ ကိုးကွယ်ပူဇော် ပသကြတာမျိုးကို ဘုရားသခင်မလိုလားပါဘူး။ ဒါကြောင့် ချစ်ခြင်းကို စွန့်လွှတ်ခြင်းနဲ့ သက်သေပြခဲ့ပါတယ်။ အဆင်အတန်းခြင်းတူသွားတဲ့အခါမှ သူ့ရဲ့ မေတ္တာနဲ့စွန့်လွှတ်မှုကို ပိုမိုနာလည်းတန်ဖိုး ထားစေချင်တာ ဖြစ်ပါတယ်။

တတိယထူးခြားချက်ကတော့ သားတော်ဘုရားရဲ့ ကြွလာခြင်းဟာ ပါရှားလူမျိုး၊ ရောမလူမျိုးတွေရဲ့ ဒဏ္ဍာရီမှာရော ဓမ္မဟောင်းကျမ်းမှာပါ ကမ္ဘာလောကသားတွေကို ကယ်တင်မယ့်ကယ်တင်ရှင် မက်ဆီးယားကြွလာမယ်ဆိုတာကို ကြိုတင်ကြေငြာ အသိပေးထားတဲ့အတိုင်း ဖြစ်ပျက်လာခြင်းပါပဲ။ ဥပမာအားဖြင့် ဘာသာတူရွာတစ်ရွာကို သူစိမ်း ဧည့်သည်တစ်ဦး ရောက်လာပြီး ကျွန်တော့်ကို ဆရာတော်ကို လွှတ်လိုက်တာပါလို့ပြောရင် အလွယ်တကူ လက်ခံကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာတော်က မင်းတို့ရွာကို ငါရဲ့ဧည့်သည် တစ်ယောက်ရောက်လာလိမ့်မယ်၊ လိုအပ်တာ ကူညီ ပေးလိုက်ပါလို့ ကြိုမှာ ထားခဲ့ရင်တော့အလွယ်တကူလက်ခံကြမှာ အမှန် ပါပဲ။

ကယ်တင်ရှင် မက်ဆီးယား ကြွလာမယ်ဆိုတာ ကြိုမှာထားပြီးသား ဖြစ်ပါတယ်။ ကညာစင်ကနေဖွားမြင်မယ်။ ဧမာနုအဲလ် အမည်ဖြင့် မည့်ခေါ် ရမယ် ဆိုတာ ပရောဖက် ဟေရှာယက နှစ်ပေါင်း ၇၀၀၊(အခန်းကြီး ၇း၁၄)။ ဒါဝိတ်အမျိုး အနွယ်က ဖွားမြင်မယ်ဆိုတာကို ပရောဖက် ယေရမိက နှစ်ပေါင်း၆၀၀-ကြိုပြီး ဟောခဲ့ (၂၃း၁၅) ခဲ့သလို ဗက်သလင်ဟင်မြို့မှာ ဖွားမြင်မယ်ဆိုတာ ပရောဖက် မိက္ခာကနှစ်ပေါင်း ၅၀၀- ကြိုပြီး (၅း၂) ဟောခဲ့ပါတယ်။ ဘာတရားဟောမယ်၊ ဘာတွေလုပ်မယ် ဆိုတာကို (ဟေရှယ-၁၁း၁၊ ၄၀း၁၁၊ ၄၂း၃၊ ၆၁း၁) တို့မှာတွေ့ရပြီး အငြင်းပယ်ခံရမယ်ဆိုတာကို (ဆာလံ ၁၁၈း၂) မှာတွေ့ရပါတယ်။(ဟေရှယ-၅၃)နဲ့ (ဆာလံ၂၂) တို့မှာ သူခံထမ်းရမယ့် ဒုက္ခစရိယာ အသေးစိတ်ကို ဖော်ပြထား ပါတယ်။ ဂျေရုဆလင်ကို မြည်းကလေးစီးပြီးဝင်မယ် (ဇာခရိ ၉း၉)၊ အသပြာသုံးဆယ်နဲ့ရောင်းစားခံရမယ် (ဇာခရိ ၁၁း၁၂)၊ သူသေတဲ့အခါ သူအရိုးကို မချိုးရဘူး (ထွက်၁၂း၄၆)၊ (ဆာလံ ၃၄း၂၀) ဆိုတာအထိ အသေးစိတ်ပါပဲ။ ဒါတင်မကသေးပါဘူး အသားရေမပုတ်စပ်ပဲ ရှင်ပြန်ထမြောက်လိမ့်မယ် (ဆာလံ - ၁၆း၁၀)၊ ကောင်းကင်ဘုံ ကို တက်ကြွလိမ့်မယ်၊ (ဆာလံ၆၈း၁၈)၊ ခမည်းတော်၏ လက်ယာဘက်မှာစံနေတော် မူမယ် (ဆာလံ၁၁၀း၁)၊ သူ့ရဲ့ နိုင်ငံတော် အဆုံးမရှိ တည်နေမယ်(ဆာလံ၇၂း၈၊ ဒံယေလ ၇း၁၄၊ ဟေရှယ ၉း၇) ဆိုတာထိ အတိကျကြိုတင် ပြောထားပြီးသားဖြစ်ပါတယ်။ ဒါဟာရိုးရိုး သာမန်တိုက်ဆိုင်မှု တစ်ခုမဟုတ်ပါဘူး။ ဘုရားသခင်ကတိထားတော်မူရာကာနန်ပြည်ကို အိဇရာအဲလ်လူမျိုးတွေ စတင်ဝင်ရောက်ပြီး အခြေချနေထိုင်ရာကနေ ကယ်တင်ရှင် မက်ဆီးယားကြွလာတဲ့အထိ နှစ်ပေါင်း(၉၀၀)အတွင်းမှာ ပရောဖက်များကို တစ်ပါးပြီးတစ်ပါး စေလွှတ်ပြီး ကြိုတင်ဟောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအတန်တန် ကြိုတင်အသိပေးထားပါလျှက်နဲ့ ပထမဦးဆုံးခရစ္စမတ်မှာ အိဇရာအဲလ်လူမျိုးတွေ သူငယ်တော် ယေဇူးလေး မွေးဖွားလာတာကို ဘာကြောင့်မသိလိုက်ရသလဲ။ ဘာကြောင့်မဖူးလိုက်ရသလဲ။ အနှစ်နှစ်အလလ၊ ခေတ်အဆက်ဆက်က မျှော်လင့်နေကြပါလျှက်နဲ့ ဘာကြောင့်လွဲခဲ့ရသလဲ။

တည်းခိုခန်းဆိုတာ လုပ်ငန်းရှင်ကြီးတွေ၊ အာဏာရှိသူတွေ၊ ကုန်သည်ပွဲစားတွေစတဲ့ လူကုန်ထံ အသိုင်းအ၀ိုင်းတွေစည်းစိမ် ယူတဲ့နေရာဖြစ်ပါတယ်။ မြို့ပြင်ကနွားတင်းကုပ်ဆိုတာကတော့ ခြေသလုံး အိမ်တိုင် ခိုကိုးရာမဲ့ အခြေအနေမရှိ တဲ့ သူတွေ၊ တစ်ကောင်ကြွက်တွေ ခဏတဖြုတ် နားနေ အိပ်စက်တတ်တဲ့ နေရာမျိုးပါ။ ဘုရားသခင်ကွလာတယ်ဆိုရင် နန်းတော် ကြီးထဲက မင်းမျိုးမင်းနွယ်မှာ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး မွေးဖွားလိမ့်မယ်လို့ သူသူကိုယ်ကိုယ် မျှော်လင့်မိ မှာပါပဲ။ နွားစားခွက်မှာ မွေးလိမ့်မယ်လို့ စိတ်ကူးထဲ ယောင်လို့တောင် တွေးမိမှာ မဟုတ်ပါဘူး တကယ်တော့ ဘုရားသခင်ဟာလူတွေ မထင်မ်မှတှတ်တ်တဲ့ နေရာမှာာ ရှိတိတတ်ပ်ပါတယ်။ နေကို ဖန်ဆင်းပြီး အလင်း ရောင် နဲ့အနွေးဓာတ်ပေးခဲ့တဲ့ ဘုရားသခင်ဟာ သိုးတွေ၊ နွားတွေရဲ့ ကိုယ်ငွေ့ကြားမှာ အနွေးဓာတ်ကို ရှာနေရတယ်။ ကမ္ဘာမြေ မျက်နှာပြင်ကို သစ်ပင်ပန်းမာလ် တွေနဲ့ ဖုံးလွှမ်းခဲ့တဲ့သူဟာ အနှီးလေးတစ်ထည်သာ ပိုင်ဆိုင်ပါတယ်။ စင်္ကြ၀ဠာကို ဖန်ဆင်းခဲ့တဲ့သူဟာ အခုချိန်မှာ အချမ်းဒဏ်ကြောင့် လူးလွန့်နေရရှာတယ်။ ထာဝရ နှုတ်ကပါတ်တော်လို့ အခေါ်ခံရသူရဲ့ နှုတ်က ငိုသံကိုပဲကြားနေရတယ်။ ဘာနဲ့တူသလဲ ဆိုတော့ အသိုက်ကို ကိုယ်တိုင်ဆောက်ထားတဲ့ ငှက်ဟာ အကောင်ပေါက်လာအောင် အဲဒီ အသိုက်ထဲမှာပဲ ပြန်ပြီး အ၀ပ်ခံ နေရ သလိုပါပဲ။ ဘုရားသခင်ဟာ ဒီလောက်အားကိုး ရာမဲ့ နုံချာတဲ့ ဘ၀နဲ့ကြွလာလိမ့်မယ်လို့ ဘယ်သူထင်မလဲနော်။ တကယ်တော့ ဘုရားသခင်ဟ်ဟာ လူတွေ မမျှော်လ်လင့်တ့တဲ့ အခြေအနေမှာ ရှိတတ်ပါတယ်။

ပန်းချီဆရာတစ်ယောက်ဟာ သူဆွဲထားတဲ့ ပန်းချီကားတွေ၊ သူဆွဲလက်စ ပန်းချီကားတွေကြားမှာ ရှိနေမယ်၊
လယ်သမားတစ်ဦးဟာ သူ့လယ်ထဲမှာ ရှိနေမယ်၊ ဖခင်တစ်ယောက်ဟာ သူ့ရဲ့ သားသမီးတွေ ကြားမှာ ရှိနေမယ်ဆိုရင် ဒါဟာ သဘာဝကျပါယတ်။ ဒီလောကကို ဖန်ဆင်းတဲ့ ဘုရားရှင် ဒီကမ္ဘာလောက သားတွေကြားကို ဆင်းကြွလာတယ် ဆိုတာလည်း အင်မတန် ဆီလျာ်တဲ့၊ ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့အိမ်ဦးခန်းမှာ အဖေတစ်ယောက်လုံး ငုတ်တုတ်ထိုင်နေ ပါလျက်နဲ့ သူ့ကလေးတွေကို အုတ်ကြားမြက်ပေါက်လို့ ခေါ်လိုက်ရင် အဖေကို အဖေလို့ အသိအမှတ် မပြုလို့ပေါ့။ ဒီလိုပဲ ဘုရားသခင်ကြွလာပါလျက်နဲ့ သူ့ကို မကြိုဆိုဘူး၊ လက်မခံဘူး၊ လစ်လျူရှုထားမယ်ဆိုရင် ဒီသူငယ်တော်ကို ဘုရား မဟုတ်ဘူးလို့ ငြင်းလိုက်တာနဲ့ အတူတူပါပဲ။ တကယ်တော့ဘုရားသခင်ဟာ မထင်မရှား နဲ့လူတွေကြားမှာ ရှိနေတတ်ပါတယ်။ အီဇရာအဲလ် လူမျိုးတွေရဲ့ ဘ၀ ကနေကျွန်တော်တို့ဘ၀အတွက်သင်ခန်းစာ ယူပြီး
  • လူတွေ မထင်မှတ်တဲ့နေရာ
  • လူတွေ မမျှော်လင့်တဲ့ အခြေအနေ
  • လူတွေကြားမှာ မထင်မရှားနဲ့
ရှိနေတဲ့ သူငယ်တော်ယေဇူးကို ဖူးတွေ့နိုင်ဖို့ ကြိုးစားကြပါစို့။

- Fulton J.Sheen ၏ LIFE OF CHRIST မှ The only Person Ever Preannounced ကို တန်ဆာ ဆင်ပါသည်။

-ခံပွင့် -