Tuesday, June 10, 2008

သဘောတူလား


သဘောတူလား

ယနေ့ကမ္ဘာမှာ၊၀ိရောဓိတွေများလာတယ်

လမ်းတံတားတွေရှည်လျားလာပေမဲ့၊ စိတ်ထားတွေတိုဝင်နေတယ်

မြင်ကွင်းတွေကျယ်လာပေမဲ့ အမြင်တွေကျဉ်းနေတုန်းပဲ

ပိုင်ဆိုင်မှုတွေများလာပေမဲ့တန်ဘိုးတွေကျဆင်းနေတယ်

စကားတွေအများကြီးပြောကြပေမဲ့၊ မေတ္တာတရားခေါင်းပါးလာတယ်

လကမ္ဘာကပြန်ခဲ့ပေမဲ့၊ အိမ်နီးချင်းဆီမသွားမိဘူး

စားစရာတွေပေါများလာပေမဲ့၊ အဟာရတွေနည်းပါးနေတယ်


ဝင်ငွေမြင့်တက်လာပေမဲ့၊ စာရိတ္တနိမ့်ကျလာတယ်


တိုက်ကြီးတွေဆောက်ကြပေမဲ့၊ မိသားစုတွေပြိုကွဲနေတယ်


ကမ္ဘာ့ငြိမ်းချမ်းရေကြိုးပမ်းရင်း၊ အိမ်တွင်းမှာတိုက်ပွဲဖြစ်နေတယ်


ဒြပ်စင်တွေကိုခွဲစိတ်ကြပေမဲ့၊ အစွဲတွေကိုမပယ်နိုင်နေသေးဘူး


အရည်အတွက်များလာပေမဲ့၊ အရည်အချင်းနည်းသွားတယ်


အာကာသကိုအစိုးရပေမဲ့၊ ရင်ထဲမှာမငြိမ်သက်ဘူး


လေထုသန့်စင်အောင်ကြိုးပမ်းနေပေမဲ့၊ ၀ိညာဉ်ဟာညစ်နွမ်းနေတယ်


ဘ၀ထဲကိုသက္ကရာဇ်တွေပေါင်းထည့်ခဲ့ပေမဲ့၊ အခုသက္ကရာဇ်မှာဘ၀မရှိဘူး။



ကဲ...ဒီထဲမပါအောင်
သင်နဲ့ကျွန်ုပ်၊ တစ်ခုခုတော့လုပ်မှဖြစ်မယ်
သဘောတူလား...



Read More...

Monday, June 9, 2008

အတ္တ၀ါဒ

အတ္တ၀ါဒ

ငါလိုချင်တာ ... အချစ်
ငါပေးဆပ်တာ ... အမုန်း
ငါနှစ်သက်တာ ... အပြုံး
ငါတုန့်ပြန်တာ ... အမဲ့
ပိုင်ဆိုင်ချင်တာ ... နှစ်သိမ့်မှု
ပြန်ရက်ရောတာဖြင့် ... သောက
မျှော်ကိုးနေတာ ... စေတနာ
ပေးလိုက်တော့ ... ဝေဒနာ
စားချင်တာက ... ဆီအိမ့်အိမ့်
ကြွေးတုန်းဖြင့် ... ခါးတားတား
သောက်ချင်တာက ... ချိုမြိန်မြိန်
သူ့တိုက်တုန်းက ... ချဉ်စုတ်စုတ်
ပြန်လိုချင်လိုက်တာက ...တစ်သိန်း
ပေးလိုက်တာက ... တစ်ပြား
ပြည့်စုံချင်လိုက်တာ ...သုစရိုက်
ကျင့်ကြံနေတာ ... ဒုစရိုက်
ရောင်းချင်တာက ...ခုလက်ငင်း
ဝယ်ချင်တာက ... နောင်ကြွေး
ရစရာရှိတော့ ... ငမ်းတမ်းတမ်း
ပေးစရာရှိတော့ ... နှေးတေးတေး
သူပြောလိုက်တော့ ... အမှန်တရား
သူလုပ်တာဖြင့် ... မဟာအမှား
ကြောက်စရာဝါဒ မဟာအတ္တသမား။

- တောဆိတ် -

Read More...

Thursday, June 5, 2008

မြန်မာ့ယဉ်ကျေးမှု့စတိုင်နှင့် ဘုရားကားများ


မြန်မာ့ယဉ်ကျေးမှု့စတိုင်နှင့် ဘုရားကားများ


တလောက အင်တာနက်ဆိုဒ်တစ်ခုမှာ မနလေး သာသနာရုံးခန်းတွင် ထားရှိသော မြန်မာ့ယဉ်ကျေးမှု့ပုံစံနှင့် အညီ ဆွဲသားထားသော ဘုရားကားများအား ဓါတ်ပုံရိုက်ပြီး ပြန်လည်ရောင်းစားနေတာတွေ့တော့ နည်းနည်းဒေါသဖြစ်သွားတယ်။ ကိုဘုန်းကြီးတွေတောင် ဒီလို လုပ်နေတာကို သိချင်မှသိမယ်။ စီးပွားရေးသမားတွေကတော့ ခွင်တွေ့သွားတယ်။
ဟိုတလောက ဘုရားပစည်းတွေရောင်းတဲ့ဆိုင်မှာ တရုပ်ယဉ်ကျေးမှု့ပုံစံ ဘုရားကားတွေတွေ့တယ်။ မယ်တော်က ကွန်အင်မယ်တော်လို ပုံစံပေါက်နေတယ်။ ဒီလိုပါဘဲ အခုဆို မိမိတို့ရိုးရာနဲ့အညီ ဘုရားပုံတော်တွေ ဆွဲကြ၊ ဆင်းထုတော်တွေကို လည်း ပန်းပုထုကြနဲ့ တွေ့လာရပါပြီ။ လက်မခံနိုင်စရာတော့မရှိပါဘူး (ကျွန်တော့အနေဖြင့်)။ ခုဒီမှာလည်း မယ်တော်ပုံ၊ သန့်ရှင်သော မိသားစုပုံနဲ့ သခင်ယေဇူးဖွားတော်မူခြင်း ပုံတော်တွေကို တင်ပေးလိုက်ပါတယ်။ သူများဆိုဒ်က ယူထားတာပါ။ ကြည့်ဘူးတယ်ရှိအောင်လို့ပါ။



Read More...